
တိုးတက်မှုလမ်းစ ရှာဖွေလိုသူ လူငယ်တွေအတွက် ပလက်ဖောင်းတစ်ခုဖြစ်တဲ့ POINT Youth Platform က ငါးကြိမ်မြောက် အလုပ်သင် (Interns Opportunity) တွေကို ပြန်လည်ခေါ်ယူလိုက်ပါပြီ။
သုတဆိုင်ရာ စာပေအနုပညာ ရေးသားဖန်တီးခြင်းကို ဝါသနာပါသူ လူငယ်များအတွက် ယခု Internship Program မှာ ဘာသာပြန်ဆိုခြင်း၊ Content Writing ရေးသားခြင်း နှင့် Research ပြုလုပ်ခြင်းများကို လေ့လာ နိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် အလုပ်သင်ကာလ (၃)လအတွင်းမှာ အဖွဲ့အစည်းနဲ့ အလုပ်လုပ်ကိုင်တတ်ဖို့၊ ဦးဆောင်တတ်ဖို့၊ တာဝန်ယူလုပ်ကိုင်နိုင်စွမ်း ပြည့်၀စေဖို့များကိုပါ လေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။
လျှောက်ထားသူများကတော့
– အလုပ်ကို စိတ်ပါ၀င်စားသူဖြစ်ပြီး သွက်လက်တက်ကြွသူ ဖြစ်ရမည်။
– အသက် ၁၈ နှစ်မှ ၂၈ နှစ်ကြား ဘွဲ့ရ/ဘွဲ့ကြို လူငယ်ဖြစ်ရမည်။
– နိုင်ငံတကာ စာပေ နှင့် ဗဟုသုတများကို လေ့လာလိုက်စားရန် စိတ်ဝင်စားသူ ဖြစ်ရမည်။
– အင်္ဂလိပ်၊ မြန်မာ ဘာသာစကားနှစ်မျိုးလုံး အထိုက်အလျောက်တက်မြောက်ပြီး ပိုမိုကျွမ်းကျင်လိုသူ ဖြစ်ရမည်။
– တစ်ပတ်လျှင် (၅) ရက် ရုံးချိန်အတိုင်း အလုပ်လုပ်နိုင်သူဖြစ်ရမည်။
(စနေ၊ တနင်္ဂနွေ နှင့် အစိုးရ ရုံးပိတ်ရက်များ ပိတ်သည်။)
– ဖေဖော်ဝါရီ မှ ဧပြီလ ထိ အလုပ်လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
အခွင့်အရေး
=========
အလုပ်သင်ခွင့် ရရှိသူများသည် POINT Youth Magazine ၏ ညီနောင်ကုမ္ပဏီ ဖြစ်သော Peak Point Academy မှ ဖွင့်လှစ်သောသင်တန်းများကို အခမဲ့ တက်ရောက်ခွင့်ရှိမှာ ဖြစ်ပါတယ်။
အလုပ်သင်ကာလ ပြီးမြောက်ပါက အရည်အချင်းပြည့်မီသူများ POINT Youth Platform တွင် သင့်လျော်သောအလုပ်အကိုင်များ ဖန်တီးပေးမှာ ဖြစ်တဲ့အပြင် အခြားအလုပ်အကိုင် အခွင့်အလမ်းများကို လျှောက်လိုပါကလည်း လိုအပ်သော ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။
လျှောက်ထားလိုသူများသည် ဇန်နဝါရီလ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး အောက်ပါ Link မှတစ်ဆင့်သာ လျှောက်ထားရမှာ ဖြစ်ပါတယ်။