
#PIONTYouthPlatform #POINT
လုပ်ငန်းခွင်ဝန်ထမ်းအများစုဟာ အနားယူချိန်မရှိလို့ မျက်လုံးညောင်း၊ ဇက်ကြောတက်တတ်ကြပါတယ်။ ဒီကိစ္စလေးတွေဟာ မပြောပလောက်လို့ ယူဆတာကြောင့် အလုပ်ဇောကြောင့် အရေးတယူ သိပ်မလုပ်ကြဘဲ မေ့မေ့ပျောက်ပျောက် နေလိုက်ကြပါတယ်။ ဒါပေမယ့် ရေရှည်မှာတော့ ကျန်းမာရေးအတွက် မကောင်းသလို အလုပ်လုပ်နိုင်စွမ်းရည်လည်း ကျလာနိုင်ပါတယ်။ ဝန်ထမ်းအများစုနဲ့ သက်ဆိုင်နေတာကြောင့် ဒီကိစ္စကို ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေ စေမျှလိုက်ပါတယ်။
…
၁။ ရုံးတွင်း လုပ်ဖော်ကိုင်ဘက်တွေကို အီးမေးလ်နဲ့ မဆက်သွယ်ပါနဲ့
အလုပ်ကိစ္စအတွက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ဆက်ဆံရင် email၊ messenger တွေ အတတ်နိုင်ဆုံး မသုံးဘဲ ထသွားပြီး စကားပြောပါ။ ဒါဆိုရင် ကွန်ပြူတာသုံးတာကို ခဏဖြစ်ဖြစ် ရပ်တဲ့အလေ့အထ ရလာပါမယ်။ email ပို့မှဖြစ်မယ့် အရေကြီးကိစ္စဆိုရင်တော့ emailသုံးနိုင်ပါတယ်။
…
၂။ အလုပ်စားပွဲက မကြာခဏ ထတဲ့အလေ့ကို လုပ်ပေးပါ
ကွန်ပြူတာသုံးနေစဉ် ကျန်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေက လှုပ်ရှားမှုမရှိတာကြောင့် ရေရှည်မှာ ကျန်းမာရေးထိခိုက်ပါတယ်။ ဒါကြောင့် ထိုင်ရာက မကြာခဏ ထပေးပါ။ ကိုယ်လက်လှုပ်ရှားမှုလည်း လုပ်ပြီးသားဖြစ်ပါလိမ့်မယ်။ ဖြစ်နိုင်ရင် ခဏတဖြုတ် ခြေဆန့် လက်ဆန့်နဲ့ ခါးလေ့ကျင့်ခန်း လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။
…
၃။ ပေါ့ပါးလွတ်လပ်တဲ့ အဝတ်အစားတွေ ဝတ်ပါ
ရုံးဝတ်စုံ တိတိကျကျသတ်မှတ်မထားရင် ချောင်ချောင်ချိချိနဲ့ ပေါ့ပါးတဲ့အဝတ်အစားတွေဝတ်ပြီး အလုပ်လုပ်ပါ။ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်တာကြောင့် စိတ်လက်ပေါ့ပါးပြီး လန်းဆန်းနေမှာပါ။
…
၄။ ကျန်းမာရေးနဲ့မသင့်တော်တဲ့သရေစာမုန့်တွေ အပျင်းပြေ မစားပါနဲ့
သူများကျွေးတဲ့ ချောကလက်၊ သကြားလုံးနဲ့ အစာပြေမုန့်တွေ မသိမသာစားတတ်တဲ့အကျင့်ကို မလုပ်ပါနဲ့။ ဒီအလေ့အထက ရေရှည်မှာ ကိုယ်အလေးချိန်တိုးနိုင်ပါတယ်။ အလွယ်တကူစားလို့ရတဲ့ ကွတ်ကီး (Cookie)လိုမုန့်တွေကို အံဆွဲထဲမှာ ဆောင်ထားတာလည်း မလုပ်ပါနဲ့။ ဒါတွေကိုအစားများရင် ပုံမှန်စားတဲ့ နေ့လည်စာတောင် ခံတွင်းမတွေ့တော့ပါဘူး။ အကျိုးဆက်က ညစာကို ခုံခုံမင်မင် စားတတ် တာကြောင့် အဝလွန်လာတတ်ပါတယ်။
…
၅။ ပြတင်းပေါက်နားက စားပွဲမှာထိုင်ပါ
သဘာဝအလင်းရောင် ကောင်းကောင်းမရတဲ့နေရာမှာ ရေရှည်အလုပ် လုပ်ရင် အလွယ်တကူ ပင်ပန်းနွမ်းနယ်တတ်ပါတယ်။ ဒါကြောင့် စိတ်ကြည် လင်ပြီး အလုပ်ကောင်းကောင်းလုပ်နိုင်အောင် နေ့အလင်းရောင်ရတဲ့နေရာ မှာ အလုပ်လုပ်ပါ။ ခက်ခဲကောင်း ခက်ခဲပေမယ့် ကြိုးစားကြည့်ပါ။
…
၆။ အလုပ်စားပွဲကို ရှင်းရှင်းလင်းလင်းထားပါ
အလုပ်စားပွဲ ရှုပ်ပွနေရင် အများအမြင်လည်း မကောင်းသလို ကိုယ်တိုင် လည်း စိတ်မကြည်လင်နိုင်ပါဘူး။ စိတ်မရွှင်ရင် လူလည်း ပင်ပန်းသလို အလုပ်ကောင်းကောင်မလုပ်နိုင်ဘဲ ရှုပ်ပွတဲ့ အလုပ်စားပွဲကြောင့် သူများလည်း အထင်သေးပါတယ်။ ဒါကြောင့် အလုပ်စားပွဲကို အမြဲရှင်း နေအောင် ရှင်းတတ်တဲ့အလေ့အကျင့်ကို မွေးယူပါ။
Writer & Translator : Su Myat
*** Unicode ***
#PIONTYouthPlatform #
POINTလုပ်ငန်းခွင်ဝန်ထမ်းအများစုဟာ အနားယူချိန်မရှိလို့ မျက်လုံးညောင်း၊ ဇက်ကြောတက်တတ်ကြပါတယ်။ ဒီကိစ္စလေးတွေဟာ မပြောပလောက်လို့ ယူဆတာကြောင့် အလုပ်ဇောကြောင့် အရေးတယူ သိပ်မလုပ်ကြဘဲ မေ့မေ့ပျောက်ပျောက် နေလိုက်ကြပါတယ်။ ဒါပေမယ့် ရေရှည်မှာတော့ ကျန်းမာရေးအတွက် မကောင်းသလို အလုပ်လုပ်နိုင်စွမ်းရည်လည်း ကျလာနိုင်ပါတယ်။ ဝန်ထမ်းအများစုနဲ့ သက်ဆိုင်နေတာကြောင့် ဒီကိစ္စကို ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေ စေမျှလိုက်ပါတယ်။…
၁။ ရုံးတွင်း လုပ်ဖော်ကိုင်ဘက်တွေကို အီးမေးလ်နဲ့ မဆက်သွယ်ပါနဲ့
အလုပ်ကိစ္စအတွက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ဆက်ဆံရင် email၊ messenger တွေ အတတ်နိုင်ဆုံး မသုံးဘဲ ထသွားပြီး စကားပြောပါ။ ဒါဆိုရင် ကွန်ပြူတာသုံးတာကို ခဏဖြစ်ဖြစ် ရပ်တဲ့အလေ့အထ ရလာပါမယ်။ email ပို့မှဖြစ်မယ့် အရေကြီးကိစ္စဆိုရင်တော့ emailသုံးနိုင်ပါတယ်။…
၂။ အလုပ်စားပွဲက မကြာခဏ ထတဲ့အလေ့ကို လုပ်ပေးပါ
ကွန်ပြူတာသုံးနေစဉ် ကျန်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေက လှုပ်ရှားမှုမရှိတာကြောင့် ရေရှည်မှာ ကျန်းမာရေးထိခိုက်ပါတယ်။ ဒါကြောင့် ထိုင်ရာက မကြာခဏ ထပေးပါ။ ကိုယ်လက်လှုပ်ရှားမှုလည်း လုပ်ပြီးသားဖြစ်ပါလိမ့်မယ်။ ဖြစ်နိုင်ရင် ခဏတဖြုတ် ခြေဆန့် လက်ဆန့်နဲ့ ခါးလေ့ကျင့်ခန်း လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။…
၃။ ပေါ့ပါးလွတ်လပ်တဲ့ အဝတ်အစားတွေ ဝတ်ပါ
ရုံးဝတ်စုံ တိတိကျကျသတ်မှတ်မထားရင် ချောင်ချောင်ချိချိနဲ့ ပေါ့ပါးတဲ့အဝတ်အစားတွေဝတ်ပြီး အလုပ်လုပ်ပါ။ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်တာကြောင့် စိတ်လက်ပေါ့ပါးပြီး လန်းဆန်းနေမှာပါ။…
၄။ ကျန်းမာရေးနဲ့မသင့်တော်တဲ့သရေစာမုန့်တွေ အပျင်းပြေ မစားပါနဲ့
သူများကျွေးတဲ့ ချောကလက်၊ သကြားလုံးနဲ့ အစာပြေမုန့်တွေ မသိမသာစားတတ်တဲ့အကျင့်ကို မလုပ်ပါနဲ့။ ဒီအလေ့အထက ရေရှည်မှာ ကိုယ်အလေးချိန်တိုးနိုင်ပါတယ်။ အလွယ်တကူစားလို့ရတဲ့ ကွတ်ကီး (Cookie)လိုမုန့်တွေကို အံဆွဲထဲမှာ ဆောင်ထားတာလည်း မလုပ်ပါနဲ့။ ဒါတွေကိုအစားများရင် ပုံမှန်စားတဲ့ နေ့လည်စာတောင် ခံတွင်းမတွေ့တော့ပါဘူး။ အကျိုးဆက်က ညစာကို ခုံခုံမင်မင် စားတတ် တာကြောင့် အဝလွန်လာတတ်ပါတယ်။…
၅။ ပြတင်းပေါက်နားက စားပွဲမှာထိုင်ပါ
သဘာဝအလင်းရောင် ကောင်းကောင်းမရတဲ့နေရာမှာ ရေရှည်အလုပ် လုပ်ရင် အလွယ်တကူ ပင်ပန်းနွမ်းနယ်တတ်ပါတယ်။ ဒါကြောင့် စိတ်ကြည် လင်ပြီး အလုပ်ကောင်းကောင်းလုပ်နိုင်အောင် နေ့အလင်းရောင်ရတဲ့နေရာ မှာ အလုပ်လုပ်ပါ။ ခက်ခဲကောင်း ခက်ခဲပေမယ့် ကြိုးစားကြည့်ပါ။…
၆။ အလုပ်စားပွဲကို ရှင်းရှင်းလင်းလင်းထားပါ
အလုပ်စားပွဲ ရှုပ်ပွနေရင် အများအမြင်လည်း မကောင်းသလို ကိုယ်တိုင် လည်း စိတ်မကြည်လင်နိုင်ပါဘူး။ စိတ်မရှွင်ရင် လူလည်း ပင်ပန်းသလို အလုပ်ကောင်းကောင်မလုပ်နိုင်ဘဲ ရှုပ်ပွတဲ့ အလုပ်စားပွဲကြောင့် သူများလည်း အထင်သေးပါတယ်။ ဒါကြောင့် အလုပ်စားပွဲကို အမြဲရှင်း နေအောင် ရှင်းတတ်တဲ့အလေ့အကျင့်ကို မွေးယူပါ။
Writer & Translator : Su Myat