*** Unicode ***
#POINT #PointYouthPlatform
အာဆီယံ ဒေသအတွင်းရှိ တီထွင်ဖန်တီးမှုကောင်းသည့် လုပ်ငန်းစတင်သူများသည် ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းတွင် စက်တင်ဘာလတွင် ကျင်းပမည့် World Economic Forum (WEF) ကို တက်ရောက်ရန် လျှောက်ထားနိုင်သည်။
Forum ၏ လုပ်ငန်းစတင်သူများတွေ့ဆုံပွဲသည် ကုမ္ပဏီအချင်းချင်း ရင်းနှီးဆက်သွယ်မှုရရှိစေရန်၊ အခွင့်အရေးကောင်းများနှင့် နည်းပညာဆိုင်ရာ တိုးတက်မှုများဖြစ်စေကာ သက်ဆိုင်ရာ ဒေသ၏ အပြင်ကိုထွက်ပြီး အာဆီယံအနှံ့ ဈေးကွက် ဖြန့်ဝေနိုင်စေရန်ဖြစ်သည်။
ကုမ္ပဏီသက်တမ်း (၁၀) နှစ်အောက်ရှိသော Funding အနည်းဆုံးတစ်ခု ရရှိထားပြီး လက်ရှိတီထွင်မှုနှင့် ဝန်ဆောင်မှုများကို ပြုလုပ်နေသည့် ကုမ္ပဏီများ လျှောက်ထားနိုင်ပါသည်။
လျှောက်လွှာများကို wef.ch/aseanstartup2018 တွင် စာရင်းပေးသွင်းနိုင်ပြီး အရွေးချယ်ခံရသောသူသည် Forum မှာကျင်းပမည့် အစီစဉ်ဖြစ်သော Innovation Hub တွင် ကိုယ့်လုပ်ငန်း၏ ဖြစ်ပေါ်လာပုံနှင့် လုပ်ငန်းအကြောင်းကို မျှဝေတင်ပြခွင့်ရမည်ဖြစ်ကာ ပွဲပြီးဆုံးသည့်အခါတွင်လည်း ဒေသအတွင်းရှိ တခြားသော စွန့်ဦးတီထွင်သူတွေနှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း ချိတ်ဆက်လုပ်ကိုင်နိုင်သော အခွင့်အရေး ရရှိမည်ဖြစ်သည်။
အာဆီယံအစိုးရ ခေါင်းဆောင် ၇၀ နှင့် စီးပွားရေးလုပ်ငန်းရှင် ၅၅၀ ကျော်အပါအဝင် လူပေါင်း ၈၅၀ လောက် ရှိမည်ဖြစ်သော တွေ့ဆုံပွဲဖြစ်သည့်အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံက စီးပွားရေးဖန်တီးလုပ်ကိုင်နေကြသည့် လူတွေလည်း ထိုအခွင့်အရေးကောင်းကို လက်လွတ်မခံရအောင် အခုပဲ စာရင်းပေးသွင်းကြလိုက်ရအောင်ခင်ဗျာ။
Writer & Translator : Thiha Aung
—————————————————————————————————————————