
#POINT#PointYouthPlatform
၂၀၁၂မှ ၂၀၁၇ခုနှစ်အတွင်း မြန်မာလူမျိုးတွေရဲ့ လူနေမှုအဆင့်အတန်း မြင့်မားလာခဲ့ရာ ၂၀၁၈ခုနှစ်တွင် သိသိသာသာ ပြောင်းလဲလာပြီး ပိုမိုကောင်းမွန်တဲ့ ကုန်ပစ္စည်းတွေ သုံးစွဲလာကြတယ်လို့ ထိုင်းအခြေစိုက် Envirosell ကုမ္ပဏီရဲ့ သုတေသနပြုချက်အရ သိရပါတယ်။
Envirosell(Thailand)ရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ Index Creative Village Public Company PLC ရဲ့ သုတေသနပိုင်းအတိုင်ပင်ခံဖြစ်သူ Ms. Sirinporn Jiwanun က မြန်မာ့စီးပွားရေးအချက်အချာ မြို့ကြီးသုံးခုဖြစ်တဲ့ ရန်ကုန်၊မန္တလေးနဲ့ နေပြည်တော်မြို့ကြီးတွေကို လေ့လာသုတေသနပြုခဲ့ပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
“မြန်မာနိုင်ငံလူနေမှုပုံစံအရ မြန်မာလူမျိုးတွေဟာ အခြေခံလိုအပ်ချက်တွေအပြင် ပိုမိုကောင်းမွန်တဲ့ ကုန်ပစ္စည်းတွေကို ပြောင်းလဲသုံးစွဲလာနေပါတယ်။ မြန်မာ့စီးပွားရေးက ၂၀၁၆ခုနှစ်မှာ နိုင်ငံရဲ့ GDP ၇ ဒသမ ၇ရာခိုင်နှုန်းမှ ၂၀၁၈ခုနှစ်မှာ ၈ရာခိုင်နှုန်းထိ တိုးတက်ရန် မျှော်မှန်းထားတယ်” လို့ သူက ဆိုပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ ကုန်ပစ္စည်းသုံးစွဲသူတွေ အခြေအနေနဲ့ အမူအကျင့်များပေါ်မူတည်ပြီး စီးပွားရေးဆိုင်ရာ နည်းဗျူဟာ၃မျိုးကို လေ့လာတွေ့ရှိထားကြောင်း သိရပါတယ်။
ပထမအချက်အနေနဲ့ ကုန်စည်လက်လီဖြန့်ချီမှုဈေးကွက်မြင့်တက်လာကြောင်း ဖော်ပြခဲ့ပြီး နာမည်ကြီးအမှတ်တံဆိပ် ဖက်ရှင်လုပ်ငန်းများလည်း တစ်နှစ်လျှင် ၂၈ရာခိုင်နှုန်းခန့်တိုးတက်လျက် ရှိလာကြောင်း ဆိုပါတယ်။
ထို့အပြင် ရန်ကုန်မြို့သာမက မန္တလေးနဲ့ နေပြည်တော်တို့မှာလည်း Grab and Go ကဲ့သို့ ၂၄နာရီစတိုးဆိုင်များ ဆိုင်ပေါင်း၂၀ဝ ကျော်ခန့်ရှိလာခဲ့ပြီး လက်လီလက်ကားဝယ်ယူမှုများ သိသိသာသာမြင့်တက်လာကြောင်း သူက ဆိုပါတယ်။
ဒုတိယအချက်အနေနဲ့ အခြေခံလိုအပ်ချက်တွေထက် လူနေမှုပုံစံပြောင်းလဲလာသည့်အတွက် ကုန်ပစ္စည်းများကိုပိုမိုဝယ်ယူလာကြောင်း ဆိုပါတယ်။
မြန်မာလူမျိုးတွေရဲ့ ကုန်ပစ္စည်းဝယ်ယူမှုမှာ နေ့စဉ်လိုအပ်ချက်ကြောင့်ဝယ်ယူနေခြင်းထက် ကိုယ်ပိုင်လူနေမှုပုံစံအတွက် ဝယ်ယူခြင်းက တစ်နှစ်လျှင် ၁၄ရာခိုင်နှုန်း ပိုများနေကြောင်း၊ သက်တောင့်သက်သာရှိစေတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့ ဝယ်လိုအားက နှစ်စဉ် မြင့်တက်လာနေကြောင်း သိရပါတယ်။
နေ့စဉ်သုံးကုန်ပစ္စည်းတွေကို အမှန်တကယ်လိုအပ်တဲ့ သုံးကုန်အဖြစ် ကြေညာခြင်းက စီးပွားရေးဆိုင်ရာ နည်းဗျုဟာတစ်ခုဖြစ်ပါတယ်လို့ Ms. Sirinporn Jiwanun က ဆိုပါတယ်။
လူငယ်များ ကော်ဖီဆိုင်မှာ ကော်ဖီထိုင်သောက်ရတာကို နှစ်သက်လာတဲ့အတွက် Gloria Jean’s, True Coffee, Black Canyon, The Coffee Bean and Tea Leaf ကဲ့သို့ နာမည်ကြီးကော်ဖီဆိုင်များ မြန်မာနိုင်ငံဈေးကွက်ကို ရောက်ရှိလာပြီး Myanmar Build & Décor, House Decoration ပြပွဲကျင်းပခြင်းများက လူနေမှုပုံစံကို အခြေခံတဲ့ စီးပွားရေးနယ်ပယ် တိုးချဲ့လာခြင်းပင် ဖြစ်ပါတယ်။
နောက်ဆုံးအချက်ကတော့ ဒေသအတွင်းနိုင်ငံခြားကုမ္ပဏီများဝင်ရောက်လာခြင်း၊ခရီးသွားလုပ်ငန်းများပြားလာခြင်းဖြစ်ပါတယ်။ မြန်မာလူမျိုးတွေက သွင်ပြင်လက္ခဏာနှင့် လူနေမှုအဆင့်အတန်း ပြယုဂ်အတွက် ငွေကြေးသုံးစွဲကြကြောင်း သွင်းကုန်ပစ္စည်းများဖြစ်သည့် Food & Beverage ပွဲများတက်ရောက်ရခြင်းကိုနှစ်သက်တယ်လို့ ဆိုပါတယ်။
အင်တာနက်နဲ့ ဗီဒီယိုကြည့်ရှုသူ၈၀ရာခိုင်နှုန်းထိရှိလာတဲ့အတွက် Netflix ကဲ့သို့ဖျော်ဖြေရေးကုမ္ပဏီများ၊ Ooredoo နဲ့ပူးပေါင်းထားသော Iflixကုမ္ပဏီများ မြန်မာနိုင်ငံဈေးကွက်ထဲသို့ ဝင်ရောက်လာခဲ့ပါတယ်။၂၀၁၇ခုနှစ်မှာ မြန်မာလူဦးရေသုံးသန်းကျော် နိုင်ငံရပ်ခြားသို့ခရီးထွက်ကြတဲ့အတွက် မြန်မာနိုင်ငံက အာဆီယံဒေသအတွင်းမှာ နိုင်ငံရပ်ခြားသို့သွားရောက်လည်ပတ်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။
မြန်မာလူမျိုးတွေရဲ့ လူနေမှုပုံစံအသစ်ရှာဖွေတာတွေ၊ ကိုယ်ပိုင်စိတ်ပျော်ရွင်မှုရှာဖွေတာတွေက စီးပွားရေးအခွင့်လမ်းတွေ အများကြီးပေါ်ပေါက်လာစေပါတယ်။ ဈေးကွက်လေ့လာဆန်းစစ်မှုတွေ၊ သုတေသနပြုတာတွေ၊ သုံးစွဲသူအတွက်မှန်ကန်တဲ့လိုအပ်ချက်တွေ အတွက် ဈေးကွက်မဟာဗျုဟာတွေ ရှာဖွေရင်း ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်နိုင်ပါတယ်လို့ Ms.SirinpornJiwanun က ဆိုပါတယ်။
Writer & Translator : Shwe Yi & Su Myat
*** Unicode ***
#POINT#PointYouthPlatform
၂၀၁၂မှ ၂၀၁ရခုနှစ်အတွင်း မြန်မာလူမျိုးတွေရဲ့ လူနေမှုအဆင့်အတန်း မြင့်မားလာခဲ့ရာ ၂၀၁၈ခုနှစ်တွင် သိသိသာသာ ပြောင်းလဲလာပြီး ပိုမိုကောင်းမွန်တဲ့ ကုန်ပစ္စည်းတွေ သုံးစွဲလာကြတယ်လို့ ထိုင်းအခြေစိုက် Envirosell ကုမ္ပဏီရဲ့ သုတေသနပြုချက်အရ သိရပါတယ်။
Envirosell(Thailand)ရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ Index Creative Village Public Company PLC ရဲ့ သုတေသနပိုင်းအတိုင်ပင်ခံဖြစ်သူ Ms. Sirinporn Jiwanun က မြန်မာ့စီးပွားရေးအချက်အချာ မြို့ကြီးသုံးခုဖြစ်တဲ့ ရန်ကုန်၊မန္တလေးနဲ့ နေပြည်တော်မြို့ကြီးတွေကို လေ့လာသုတေသနပြုခဲ့ပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
“မြန်မာနိုင်ငံလူနေမှုပုံစံအရ မြန်မာလူမျိုးတွေဟာ အခြေခံလိုအပ်ချက်တွေအပြင် ပိုမိုကောင်းမွန်တဲ့ ကုန်ပစ္စည်းတွေကို ပြောင်းလဲသုံးစွဲလာနေပါတယ်။ မြန်မာ့စီးပွားရေးက ၂၀၁၆ခုနှစ်မှာ နိုင်ငံရဲ့ GDP ၇ ဒသမ ရရာခိုင်နှုန်းမှ ၂၀၁၈ခုနှစ်မှာ ၈ရာခိုင်နှုန်းထိ တိုးတက်ရန် မျှော်မှန်းထားတယ်” လို့ သူက ဆိုပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ ကုန်ပစ္စည်းသုံးစွဲသူတွေ အခြေအနေနဲ့ အမူအကျင့်များပေါ်မူတည်ပြီး စီးပွားရေးဆိုင်ရာ နည်းဗျူဟာ၃မျိုးကို လေ့လာတွေ့ရှိထားကြောင်း သိရပါတယ်။
ပထမအချက်အနေနဲ့ ကုန်စည်လက်လီဖြန့်ချီမှုဈေးကွက်မြင့်တက်လာကြောင်း ဖော်ပြခဲ့ပြီး နာမည်ကြီးအမှတ်တံဆိပ် ဖက်ရှင်လုပ်ငန်းများလည်း တစ်နှစ်လျှင် ၂၈ရာခိုင်နှုန်းခန့်တိုးတက်လျက် ရှိလာကြောင်း ဆိုပါတယ်။
ထို့အပြင် ရန်ကုန်မြို့သာမက မန္တလေးနဲ့ နေပြည်တော်တို့မှာလည်း Grab and Go ကဲ့သို့ ၂၄နာရီစတိုးဆိုင်များ ဆိုင်ပေါင်း၂ဝဝ ကျော်ခန့်ရှိလာခဲ့ပြီး လက်လီလက်ကားဝယ်ယူမှုများ သိသိသာသာမြင့်တက်လာကြောင်း သူက ဆိုပါတယ်။
ဒုတိယအချက်အနေနဲ့ အခြေခံလိုအပ်ချက်တွေထက် လူနေမှုပုံစံပြောင်းလဲလာသည့်အတွက် ကုန်ပစ္စည်းများကိုပိုမိုဝယ်ယူလာကြောင်း ဆိုပါတယ်။
မြန်မာလူမျိုးတွေရဲ့ ကုန်ပစ္စည်းဝယ်ယူမှုမှာ နေ့စဉ်လိုအပ်ချက်ကြောင့်ဝယ်ယူနေခြင်းထက် ကိုယ်ပိုင်လူနေမှုပုံစံအတွက် ဝယ်ယူခြင်းက တစ်နှစ်လျှင် ၁၄ရာခိုင်နှုန်း ပိုများနေကြောင်း၊ သက်တောင့်သက်သာရှိစေတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့ ဝယ်လိုအားက နှစ်စဉ် မြင့်တက်လာနေကြောင်း သိရပါတယ်။
နေ့စဉ်သုံးကုန်ပစ္စည်းတွေကို အမှန်တကယ်လိုအပ်တဲ့ သုံးကုန်အဖြစ် ကြေညာခြင်းက စီးပွားရေးဆိုင်ရာ နည်းဗျုဟာတစ်ခုဖြစ်ပါတယ်လို့ Ms. Sirinporn Jiwanun က ဆိုပါတယ်။
လူငယ်များ ကော်ဖီဆိုင်မှာ ကော်ဖီထိုင်သောက်ရတာကို နှစ်သက်လာတဲ့အတွက် Gloria Jean’s, True Coffee, Black Canyon, The Coffee Bean and Tea Leaf ကဲ့သို့ နာမည်ကြီးကော်ဖီဆိုင်များ မြန်မာနိုင်ငံဈေးကွက်ကို ရောက်ရှိလာပြီး Myanmar Build & Décor, House Decoration ပြပွဲကျင်းပခြင်းများက လူနေမှုပုံစံကို အခြေခံတဲ့ စီးပွားရေးနယ်ပယ် တိုးချဲ့လာခြင်းပင် ဖြစ်ပါတယ်။
နောက်ဆုံးအချက်ကတော့ ဒေသအတွင်းနိုင်ငံခြားကုမ္ပဏီများဝင်ရောက်လာခြင်း၊ခရီးသွားလုပ်ငန်းများပြားလာခြင်းဖြစ်ပါတယ်။ မြန်မာလူမျိုးတွေက သွင်ပြင်လက္ခဏာနှင့် လူနေမှုအဆင့်အတန်း ပြယုဂ်အတွက် ငွေကြေးသုံးစွဲကြကြောင်း သွင်းကုန်ပစ္စည်းများဖြစ်သည့် Food & Beverage ပွဲများတက်ရောက်ရခြင်းကိုနှစ်သက်တယ်လို့ ဆိုပါတယ်။
အင်တာနက်နဲ့ ဗီဒီယိုကြည့်ရှုသူ၈ဝရာခိုင်နှုန်းထိရှိလာတဲ့အတွက် Netflix ကဲ့သို့ဖျော်ဖြေရေးကုမ္ပဏီများ၊ Ooredoo နဲ့ပူးပေါင်းထားသော Iflixကုမ္ပဏီများ မြန်မာနိုင်ငံဈေးကွက်ထဲသို့ ဝင်ရောက်လာခဲ့ပါတယ်။
၂၀၁ရခုနှစ်မှာ မြန်မာလူဦးရေသုံးသန်းကျော် နိုင်ငံရပ်ခြားသို့ခရီးထွက်ကြတဲ့အတွက် မြန်မာနိုင်ငံက အာဆီယံဒေသအတွင်းမှာ နိုင်ငံရပ်ခြားသို့သွားရောက်လည်ပတ်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။
မြန်မာလူမျိုးတွေရဲ့ လူနေမှုပုံစံအသစ်ရှာဖွေတာတွေ၊ ကိုယ်ပိုင်စိတ်ပျော်ရွင်မှုရှာဖွေတာတွေက စီးပွားရေးအခွင့်လမ်းတွေ အများကြီးပေါ်ပေါက်လာစေပါတယ်။
ဈေးကွက်လေ့လာဆန်းစစ်မှုတွေ၊ သုတေသနပြုတာတွေ၊ သုံးစွဲသူအတွက်မှန်ကန်တဲ့လိုအပ်ချက်တွေ အတွက် ဈေးကွက်မဟာဗျုဟာတွေ ရှာဖွေရင်း ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်နိုင်ပါတယ်လို့ Ms.SirinpornJiwanun က ဆိုပါတယ်။
Writer & Translator : Shwe Yi & Su Myat