
#POINTYouthPlatform #POINT
၂၁ရာစုရဲ့ စာမတတ်ပေမတတ်ဆိုတာ စာမဖတ်နိုင်၊ မရေးနိုင်တဲ့သူကို မဆိုလိုဘဲ ပြန်လည်သင်ယူနိုင်စွမ်းမရှိသူကို ဆိုလိုပါတယ်။
မှန်ကန်တဲ့ဗဟုသုတ၊ အသိပညာတွေကို ဘယ်လိုလေ့လာမလဲ၊ အဲ့ဒိဗဟုသုတတွေကို ကိုယ့်အတွက် ပြန်လည်အသုံးချနိုင်ပါ့မလားဆိုတာကို အောက်ပါမေးခွန်း၆ခုနဲ့ ကိုယ်တိုင်ဆန်းစစ်ကြည့်နိုင်ပါတယ်။
(၁) ရှာမှီးထားတဲ့ဗဟုသုတတွေကို အခွင့်အခါသင့်တိုင်း အသုံးချပါ။
အသိပညာတစ်ခုဟာအသုံးချတဲ့ပေါ်မူတည်ပြီးတန်ဖိုးရှိမရှိကွဲပြားပါတယ်။နည်းပညာအသစ်တွေတိုးတက်လာတာနဲ့အမျှ tရည်အချင်းရှိသူတွေ ပိုလိုအပ်လာပါတယ်။ လူများများကိုအလုပ်ခွင်မှာအမြန်သင်ကြားပေးနိုင်ရင်တော့ပျမ်းမျှလုပ်အားလိုအပ်မှုတွေလည်းလျော့နည်းသွားပါမယ်။
(၂) အသိပညာအသစ်တစ်ခု လေ့လာပြီးပါက ချက်ချင်းပြန်လည်အသုံးချပါ။
အခွင့်အရေးဆိုတာ နှစ်ခါမလာပါဘူး။ ဗဟုသုတကိုရှာဖွေရုံအဆင့်မှာမရပ်ဘဲ လက်တွေ့အသုံးချနိုင်ဖို့အလိုအပ်ဆုံးအရည်အချင်းဖြစ်ပါတယ်။ အခြေခံဗဟုသုတရှိမှ ပိုမိုလျင်မြန်စွာ သင်ယူနိင်ပြီး နယ်ပယ်တစ်ခုထဲကို ခုန်ဝင်နိုင်မှာဖြစ်ပါတယ်။
(၃) ကိုယ့်မှာရှိတဲ့အရည်အချင်းကိုအသုံးချတတ်ပါစေ။
အရည်အချင်းတူရင်တောင် သူတို့ရဲ့အသုံးချနိုင်စွမ်းပေါ် မူတည်ပြီး မတူညီတဲ့ရာထူးလစာတွေ ရရှိနိုင်ပါတယ်။ လူတွေနဲ့အပေးအယူမျှမယ်၊တစ်ဖက်သားကိုလိုရာဆွဲဆောင်နိ်ုင်မယ်ဆို ဆပွားအရည်အချင်းရှိတယ်လို့ ဆိုနိုင်ပါတယ်။
(၄) သင့်မှာရှိတဲ့ ဗဟုသုတကို အောင်မြင်မှုအဖြစ်ပြောင်းလဲပါ။
သင့်မှာရှိတဲ့ ဉာဏ်ပညာကို အသုံးချပြီး အလုပ်ကောင်း၊ အိမ်ကောင်းရမယ်၊ စီးပွားရေးတစ်ခုထူထောင်နိုင်မယ် ဆိုရင် ဗဟုသုတကို ငွေ၊အောင်မြင်မှုအဖြစ် ပြောင်းလဲလိုက်ခြင်းပဲ ဖြစ်ပါတယ်။
(၅) အောင်မြင်မှုရရှိအောင်ငွေကြေးနည်းနည်းနဲ့ဘယ်လိုရင်းနှီးမြှုပ်နှံမလဲ။သင်တန်းတွေတက်၊ စာအုပ်တွေဝယ်ပြီး ရည်မှန်းချက်ရောက်ရှိအောင်ကြိုးစားရပါမယ်။
(၆) သင်က အချိန်ဘယ်လောက်မြန်မြန်အတွင်း သင်ယူလေ့လာနိုင်သူလဲ ဆန်းစစ်ပါ။
တစ်ပတ်အတွင်းစာအုပ်တစ်အုပ်ပြီးအောင်ဖတ်နိုင်သူနဲ့၁၀ရက်အတွင်းဖတ်နိုင်သူနဲ့ဟာသင်တန်းတစ်ခုပြီးတဲ့အခါလေ့လာနိ်ုင်စွမ်း၃၀ရာခိုင်နှုန်းကွာခြားသွားပါတယ်။ ငွေကြေးကုန်ကျမှုကိုဦးမတည်ပဲလက်တွေ့ကျတာကိုစဉ်းစားပါမယ်။လူတွေဟာ၅နှစ်မှ၂၂နှစ်အထိပဲသင်ယူပြီးကျန်တဲ့အချိန်မှာအလုပ်လုပ်ကြမယ်လို့တွေးပါတယ်။အမှန်တော့သင်ယူလေ့လာခြင်းဟာအဆုံးမရှိပါဘူး။အလုပ်ကြိုးစားလုပ်ခြင်းဟာရှေ့ပိုရောက်စေပြီးကြိုးစားသင်ယူရင်တော့စီးပွားရေးအမြင်ရှိလာမှာဖြစ်ပါတယ်။ဗီတာမင်ကိုခန္ဓာကိုယ်အတွက်နေ့စဉ်သောက်သုံးရုံသာမကကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုရပါတယ်။ထိုကဲ့သို့ပင်မိမိမှာရှိသည့်ဗဟုသုတနှင့်ပင်ကျေနပ်အားရနေ၍မရပေ။ သင်ယူမှုကိုရပ်တန့်ပစ်သူဟာ အအိပ်အစား လေ့ကျင့်ခန်း မှန်မှန်မလုပ်သူနဲ့တူပါတယ်။ တစ်ပတ်ကို အနည်းဆုံးငါးနာရီ သင်ယူခြင်းမရှိသူဟာ ပျက်စီးခြင်းကိုဦးတည်သူလို့ ဒီဆောင်းပါးကတော့ သတိပေးထားပါတယ်။
Writer & Translator : Su Myat
*** Unicode ***
#POINTYouthPlatform #POINT
၂၁ရာစုရဲ့ စာမတတ်ပေမတတ်ဆိုတာ စာမဖတ်နိုင်၊ မရေးနိုင်တဲ့သူကို မဆိုလိုဘဲ ပြန်လည်သင်ယူနိုင်စွမ်းမရှိသူကို ဆိုလိုပါတယ်။မှန်ကန်တဲ့ဗဟုသုတ၊ အသိပညာတွေကို ဘယ်လိုလေ့လာမလဲ၊ အဲ့ဒိဗဟုသုတတွေကို ကိုယ့်အတွက် ပြန်လည်အသုံးချနိုင်ပါ့မလားဆိုတာကို အောက်ပါမေးခွန်း၆ခုနဲ့ ကိုယ်တိုင်ဆန်းစစ်ကြည့်နိုင်ပါတယ်။
(၁) ရှာမှီးထားတဲ့ဗဟုသုတတွေကို အခွင့်အခါသင့်တိုင်း အသုံးချပါ။
အသိပညာတစ်ခုဟာအသုံးချတဲ့ပေါ်မူတည်ပြီးတန်ဖိုးရှိမရှိကွဲပြားပါတယ်။နည်းပညာအသစ်တွေတိုးတက်လာတာနဲ့အမျှ tရည်အချင်းရှိသူတွေ ပိုလိုအပ်လာပါတယ်။ လူများများကိုအလုပ်ခွင်မှာအမြန်သင်ကြားပေးနိုင်ရင်တော့ပျမ်းမျှလုပ်အားလိုအပ်မှုတွေလည်းလျော့နည်းသွားပါမယ်။
(၂) အသိပညာအသစ်တစ်ခု လေ့လာပြီးပါက ချက်ချင်းပြန်လည်အသုံးချပါ။
အခွင့်အရေးဆိုတာ နှစ်ခါမလာပါဘူး။ ဗဟုသုတကိုရှာဖွေရုံအဆင့်မှာမရပ်ဘဲ လက်တွေ့အသုံးချနိုင်ဖို့အလိုအပ်ဆုံးအရည်အချင်းဖြစ်ပါတယ်။ အခြေခံဗဟုသုတရှိမှ ပိုမိုလျင်မြန်စွာ သင်ယူနိင်ပြီး နယ်ပယ်တစ်ခုထဲကို ခုန်ဝင်နိုင်မှာဖြစ်ပါတယ်။
(၃) ကိုယ့်မှာရှိတဲ့အရည်အချင်းကိုအသုံးချတတ်ပါစေ။
အရည်အချင်းတူရင်တောင် သူတို့ရဲ့အသုံးချနိုင်စွမ်းပေါ် မူတည်ပြီး မတူညီတဲ့ရာထူးလစာတွေ ရရှိနိုင်ပါတယ်။ လူတွေနဲ့အပေးအယူမျှမယ်၊တစ်ဖက်သားကိုလိုရာဆွဲဆောင်နို်င်မယ်ဆို ဆပွားအရည်အချင်းရှိတယ်လို့ ဆိုနိုင်ပါတယ်။
(၄) သင့်မှာရှိတဲ့ ဗဟုသုတကို အောင်မြင်မှုအဖြစ်ပြောင်းလဲပါ။
သင့်မှာရှိတဲ့ ဉာဏ်ပညာကို အသုံးချပြီး အလုပ်ကောင်း၊ အိမ်ကောင်းရမယ်၊ စီးပွားရေးတစ်ခုထူထောင်နိုင်မယ် ဆိုရင် ဗဟုသုတကို ငွေ၊အောင်မြင်မှုအဖြစ် ပြောင်းလဲလိုက်ခြင်းပဲ ဖြစ်ပါတယ်။
(၅) အောင်မြင်မှုရရှိအောင်ငွေကြေးနည်းနည်းနဲ့ဘယ်လိုရင်းနှီးမြှုပ်နှံမလဲ။
သင်တန်းတွေတက်၊ စာအုပ်တွေဝယ်ပြီး ရည်မှန်းချက်ရောက်ရှိအောင်ကြိုးစားရပါမယ်။
(၆) သင်က အချိန်ဘယ်လောက်မြန်မြန်အတွင်း သင်ယူလေ့လာနိုင်သူလဲ ဆန်းစစ်ပါ။
တစ်ပတ်အတွင်းစာအုပ်တစ်အုပ်ပြီးအောင်ဖတ်နိုင်သူနဲ့၁ဝရက်အတွင်းဖတ်နိုင်သူနဲ့ဟာသင်တန်းတစ်ခုပြီးတဲ့အခါလေ့လာနို်င်စွမ်း၃ဝရာခိုင်နှုန်းကွာခြားသွားပါတယ်။
ငွေကြေးကုန်ကျမှုကိုဦးမတည်ပဲလက်တွေ့ကျတာကိုစဉ်းစားပါမယ်။လူတွေဟာ၅နှစ်မှ၂၂နှစ်အထိပဲသင်ယူပြီးကျန်တဲ့အချိန်မှာအလုပ်လုပ်ကြမယ်လို့တွေးပါတယ်။
အမှန်တော့သင်ယူလေ့လာခြင်းဟာအဆုံးမရှိပါဘူး။အလုပ်ကြိုးစားလုပ်ခြင်းဟာရှေ့ပိုရောက်စေပြီးကြိုးစားသင်ယူရင်တော့စီးပွားရေးအမြင်ရှိလာမှာဖြစ်ပါတယ်။
ဗီတာမင်ကိုခန္ဓာကိုယ်အတွက်နေ့စဉ်သောက်သုံးရုံသာမကကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုရပါတယ်။ထိုကဲ့သို့ပင်မိမိမှာရှိသည့်ဗဟုသုတနှင့်ပင်ကျေနပ်အားရနေ၍မရပေ။ သင်ယူမှုကိုရပ်တန့်ပစ်သူဟာ အအိပ်အစား လေ့ကျင့်ခန်း မှန်မှန်မလုပ်သူနဲ့တူပါတယ်။
တစ်ပတ်ကို အနည်းဆုံးငါးနာရီ သင်ယူခြင်းမရှိသူဟာ ပျက်စီးခြင်းကိုဦးတည်သူလို့ ဒီဆောင်းပါးကတော့ သတိပေးထားပါတယ်။
Writer & Translator : Su Myat