
#POINTYouthPlatform #POINT
စွန့်စားသွားရတဲ့ခရီးတွေက ထက်မြက်တဲ့စွန့်ဦးတီထွင်သူဖြစ်ဖို့ အထောက်အကူဖြစ်စေနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တွေက ပြောပါတယ်။ နေရာသစ်တွေ သွားလာပြီး စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရခြင်းက ပင်ပန်းမှုဒဏ်ခံနိုင်စေပြီး မိမိကိုယ်ကို ယုံကြည်မှုတွေလည်းတိုးစေပါတယ်။
(၁) လှုံ့ဆော်မှုတွေပေးမယ်
သင်မသိသေးတဲ့နေရာတစ်ခု၊ ယဉ်ကျေးမှုတစ်ခုကို သွားရောက်လေ့လာတဲ့အခါ ကမ္ဘာကြီးကို ရှုထောင့်အမျိုးမျိူးကနေ ကြည့်ရှုခွင့်ရပါတယ်။
ပြဿနာတွေနဲ့ စိန်ခေါ်မှုတွေကို ရှုထောင့်အမျိုးမျိူးကနေ ခွဲခြမ်းစိတ်ဖြာတတ်လာပါတယ်။
ပြည်ပစီးပွားရေးခရီးတွေ သွားလာတဲ့အခါ မကြာခဏ ပြဿနာတွေ ကြုံတွေ့ရတဲ့အတွက် ပြဿနာဖြေရှင်းနိုင်စွမ်းရည်တွေ တိုးတက်လာစေပါတယ်။
ဒါကြောင့် အပန်းဖြေခရီးတွေပဲ ဖြစ်ဖြစ် စွန့်စားသွားရတဲ့ ခရီးတွေပဲဖြစ်ဖြစ် သွားပေးခြင်းကေ အာင်မြင်မှုတွေ ပိုမိုရရှိစေပါတယ်။
(၂) စိတ်ဖိစီးမှုဒဏ် ကြံကြံခံနိုင်စေပါတယ်။
မတတ်ကျွမ်းသေးတဲ့ အကြောင်းအရာတွေနဲ့ ထိတွေ့ရတဲ့အခါမှာ အမှားတွေ မကြာခဏ ပြုလုပ်မိလေ့ရှိပါတယ်။
စွန့်စားရတဲ့ ခရီးသွားလာမှုတွေဟာ ကျရှုံးမှုတွေကနေ သင်ယူနိုင်တဲ့စွမ်းရည်တွေရရှိစေပါတယ်။
စီးပွားရေးလုပ်ငန်းမှာတွေ့ကြုံရမဲ့ ငြင်းပယ်ခံရမှုတွေ၊ ကျရှုံးမှုတွေကနေ ပြန်လည် ရှင်သန် နိုင်အောင်လိုအပ်တဲ့ သတ္တိတွေလည်းရရှိစေပါတယ်။
(၃) လူတွေရဲ့စိတ်ကိုဖတ်နိုင်ပါတယ်။
စီးပွားရေးလုပ်တဲ့နေရာမှာ နားလည်မှုမလွဲဖို့ အရေးကြီးပါတယ်။
ခရီးသွားလာမှုတွေဟာ ကျွန်ုပ်တို့ကို မတူညီတဲ့ ဘာသာစကားတွေ၊ ဒေသိယစကားတွေ၊ ပြောဆိုဆက်ဆံပုံတွေနဲ့ ထိတွေ့စေတဲ့အပြင် လူတစ်ဦးနဲ့တစ်ဦး ပိုမိုသဘောပေါက် နားလည်စေပါတယ်။
ကမ္ဘာ့ဈေးကွက်မှာ ရပ်တည်နိုင်ဖို့အတွက် ကွဲပြားတဲ့ယဉ်ကျေးမှုတွေကိုလည်းသိရှိ်စေပါတယ်။
လူတွေကိုလွမ်းမိုးနိုင်ဖို့အတွက် နေရာသစ်တွေကို ခရီးသွားရင်းသွားရောက်လေ့လာရပါမယ်။
(၄) စီမံမဲ့အစား ဦးဆောင်ပါ
စီးပွားရေးကို ဦးဆောင်ချင်တယ်ဆိုရင် ကြီးမားတဲ့ အကြံဉာဏ်သစ်တွေနဲ့ လုပ်ဆောင်ရပါမယ်။
အကြံဉာဏ်သစ်တွေကို နေရာတစ်ခုတည်းကနေ မမြင်တွေ့နိုင်ပါဘူး။
ခေါင်းဆောင်တွေက အလုပ်ခရီးထွက်တဲ့အခါ မှီခိုနေတဲ့ အလုပ်သမားတွေကိုလည်း ဦးဆောင်နိုင်စေပါတယ်။
(၅) မိမိကိုယ်ကို အကြွင်းမဲ့ယုံကြည်မှုရှိလာစေပါတယ်။
သူများမစွမ်းဆောင်နိုင်တဲ့အရာတွေပြုလုပ်တဲ့အခါ လေးစားခြင်းကိုခံရပါတယ်။
အလုပ်နဲ့ မသက်ဆိုင်တဲ့ ခရီးသွားလာမှုတွေမှာတောင် ဦးဆောင်ဦးရွက်ပြုခြင်းကို လေးစားတတ်ကြပါတယ်။
အောင်မြင်တဲ့စီးပွားရေးပညာရှင်တွေရဲ့လက်သုံးစကားကတော့ သူများလုပ်နိုင်ရင် ကိုယ်လည်း လုပ်နိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။
ထိုစကားဟာအလုပ်လုပ်ဖို့ စိတ်ခွန်အားတက်ကြွစေတဲ့ ဆောင်ပုဒ်ဖြစ်တဲ့အတွက် လူတိုင်းသတိပြုသင့်ပါတယ်။
Writer & Translator : Su Myat
*** Unicode ***
#POINTYouthPlatform #POINT
စွန့်စားသွားရတဲ့ခရီးတွေက ထက်မြက်တဲ့စွန့်ဦးတီထွင်သူဖြစ်ဖို့ အထောက်အကူဖြစ်စေနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တွေက ပြောပါတယ်။ နေရာသစ်တွေ သွားလာပြီး စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရခြင်းက ပင်ပန်းမှုဒဏ်ခံနိုင်စေပြီး မိမိကိုယ်ကို ယုံကြည်မှုတွေလည်းတိုးစေပါတယ်။
(၁) လှုံ့ဆော်မှုတွေပေးမယ်
သင်မသိသေးတဲ့နေရာတစ်ခု၊ ယဉ်ကျေးမှုတစ်ခုကို သွားရောက်လေ့လာတဲ့အခါ ကမ္ဘာကြီးကို ရှုထောင့်အမျိုးမျိူးကနေ ကြည့်ရှုခွင့်ရပါတယ်။ပြဿနာတွေနဲ့ စိန်ခေါ်မှုတွေကို ရှုထောင့်အမျိုးမျိူးကနေ ခွဲခြမ်းစိတ်ဖြာတတ်လာပါတယ်။
ပြည်ပစီးပွားရေးခရီးတွေ သွားလာတဲ့အခါ မကြာခဏ ပြဿနာတွေ ကြုံတွေ့ရတဲ့အတွက် ပြဿနာဖြေရှင်းနိုင်စွမ်းရည်တွေ တိုးတက်လာစေပါတယ်။ဒါကြောင့် အပန်းဖြေခရီးတွေပဲ ဖြစ်ဖြစ် စွန့်စားသွားရတဲ့ ခရီးတွေပဲဖြစ်ဖြစ် သွားပေးခြင်းကေ အာင်မြင်မှုတွေ ပိုမိုရရှိစေပါတယ်။
(၂) စိတ်ဖိစီးမှုဒဏ် ကြံကြံခံနိုင်စေပါတယ်။
မတတ်ကျွမ်းသေးတဲ့ အကြောင်းအရာတွေနဲ့ ထိတွေ့ရတဲ့အခါမှာ အမှားတွေ မကြာခဏ ပြုလုပ်မိလေ့ရှိပါတယ်။စွန့်စားရတဲ့ ခရီးသွားလာမှုတွေဟာ ကျရှုံးမှုတွေကနေ သင်ယူနိုင်တဲ့စွမ်းရည်တွေရရှိစေပါတယ်။
စီးပွားရေးလုပ်ငန်းမှာတွေ့ကြုံရမဲ့ ငြင်းပယ်ခံရမှုတွေ၊ ကျရှုံးမှုတွေကနေ ပြန်လည် ရှင်သန် နိုင်အောင်လိုအပ်တဲ့ သတ္တိတွေလည်းရရှိစေပါတယ်။
(၃) လူတွေရဲ့စိတ်ကိုဖတ်နိုင်ပါတယ်။
စီးပွားရေးလုပ်တဲ့နေရာမှာ နားလည်မှုမလွဲဖို့ အရေးကြီးပါတယ်။ခရီးသွားလာမှုတွေဟာ ကျွနု်ပ်တို့ကို မတူညီတဲ့ ဘာသာစကားတွေ၊ ဒေသိယစကားတွေ၊ ပြောဆိုဆက်ဆံပုံတွေနဲ့ ထိတွေ့စေတဲ့အပြင် လူတစ်ဦးနဲ့တစ်ဦး ပိုမိုသဘောပေါက် နားလည်စေပါတယ်။
ကမ္ဘာ့ဈေးကွက်မှာ ရပ်တည်နိုင်ဖို့အတွက် ကွဲပြားတဲ့ယဉ်ကျေးမှုတွေကိုလည်းသိရှိ်စေပါတယ်။လူတွေကိုလွမ်းမိုးနိုင်ဖို့အတွက် နေရာသစ်တွေကို ခရီးသွားရင်းသွားရောက်လေ့လာရပါမယ်။
(၄) စီမံမဲ့အစား ဦးဆောင်ပါ
စီးပွားရေးကို ဦးဆောင်ချင်တယ်ဆိုရင် ကြီးမားတဲ့ အကြံဉာဏ်သစ်တွေနဲ့ လုပ်ဆောင်ရပါမယ်။
အကြံဉာဏ်သစ်တွေကို နေရာတစ်ခုတည်းကနေ မမြင်တွေ့နိုင်ပါဘူး။ခေါင်းဆောင်တွေက အလုပ်ခရီးထွက်တဲ့အခါ မှီခိုနေတဲ့ အလုပ်သမားတွေကိုလည်း ဦးဆောင်နိုင်စေပါတယ်။
(၅) မိမိကိုယ်ကို အကြွင်းမဲ့ယုံကြည်မှုရှိလာစေပါတယ်။
သူများမစွမ်းဆောင်နိုင်တဲ့အရာတွေပြုလုပ်တဲ့အခါ လေးစားခြင်းကိုခံရပါတယ်။အလုပ်နဲ့ မသက်ဆိုင်တဲ့ ခရီးသွားလာမှုတွေမှာတောင် ဦးဆောင်ဦးရွက်ပြုခြင်းကို လေးစားတတ်ကြပါတယ်။
အောင်မြင်တဲ့စီးပွားရေးပညာရှင်တွေရဲ့လက်သုံးစကားကတော့ သူများလုပ်နိုင်ရင် ကိုယ်လည်း လုပ်နိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ထိုစကားဟာအလုပ်လုပ်ဖို့ စိတ်ခွန်အားတက်ကြွစေတဲ့ ဆောင်ပုဒ်ဖြစ်တဲ့အတွက် လူတိုင်းသတိပြုသင့်ပါတယ်။
Writer & Translator : Su Myat