
*** Unicode ***
မိုးရာသီဟာ စိုထိုင်းထိုင်း အုံ့မှိုင်းမှိုင်းနဲ့ အိမ်မှာစောင်ခြုံကွေးသူတွေ အတွက်တော့ တကယ်ကောင်းမွန်တဲ့ရာသီဥတု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ကြိုးစားရုန်းကန်နေသူတွေ၊ ရုံးဝန်ထမ်းသမားတွေ အတွက်ကတော့ စိတ်ညစ်စရာရာသီဥတုပါ။
ရုံးဝန်ထမ်းသမားတစ်ယောက်ရဲ့ ဘဝကို တွေးကြည့်ဖူးလား။ မိုးလေးကောင်းပြီဆိုမှ အိပ်ယာထရတဲ့ဘဝ။ မိုးရေချမ်းတော့မှ ရေထချိုးရတဲ့ ဘဝ။ အိမ်ကနေ စထွက်လာပြီဆိုတာနဲ့ ထမင်းချိုင့်တစ်ဖက်၊ ထီးတစ်ဖက်၊ အိတ်တစ်ဖက် နဲ့ ရှုပ်ယှက်ကိုခက်နေတော့တာပါပဲ။ ကိုယ့်ထီးကြောင့် စိတ်ညစ်ရတာတစ်မျိုး အခြားသူထီးကြောင့် စိတ်ညစ်ရတာတစ်မျိုးနဲ့ စုံနေတာပဲ။
ဘတ်စ်ကားကျပ်တာနဲ့ တော့ ပြီးပါလေရောလေ။အခုဆို YBS လို ကမ္ဘာ့အဆင်မီဘတ်စ်ကားများပေါ်တွင် လေအေးပေးစက်နဲ့ ရာသီဥတုက အေးတာနဲ့တော့ လိုက်ဖက်ကိုညီလို့။ နေနဲ့လ ရှွေနဲ့မြလို့ပဲ။သေချာပါတယ်။ ရုံးရောက်တာနဲ့ အဝတ်အစားလဲရတော့မယ်ဆိုတာပဲ။ နေမပူလို့ အဝတ်တွေမခြောက်ရတဲ့ကြားထဲ အဝတ်တွေကပုံနေပြီ။ ဟော ရုံးပိတ်ပြီဆိုတာနဲ့ ရှော်ဖို့သာပြင်ပေတော့။
ကူးစက်ရောဂါဖြစ်လို့ ဖျားနာ အလုပ်က ပျက်။ လစာက ဖြတ်ခံရ။ ပျော်နေပါပြီပေါ့နော်။တစ်နေ့လုံး မိုးအသံမကြားရဘဲ ရုံးဆင်းခါနီးမှ မိုးသံပေးပြီလေ။ ဘယ်လောက် ရင်ခုန်စရာကောင်းလိုက်လဲ။ နောက်ပြီး အိမ်နားရောက်ခါနီးမှ ရွာချတာကတစ်မျိုး။ ရုံးဆင်းချိန်ဆိုတော့ လူက တော်တော်လည်းပန်းနေပြီလေ။
အဲ့ဒီအချိန်မှာ မိုးရွာလို့ဆိုပြီး ကားတွေကို အမိုးအကာတွေကာ လူတွေရဲ့ချွေးနံ့တွေ လေလည်နံ့တွေ နဲ့ ခေါင်းကိုမူးလို့။ အိမ်လို့ ပြန်ရောက်ရော မီးလည်းပျက်ရော။ ဇာတ်လမ်းက ဆုံးပြီလေ။ မိုးရာသီက အဲ့လို ရင်ခုန်စိတ်လှုပ်ရှားဖွယ်အတိ။
—————————————————————————————————————————-
မိုးရာသီဟာ စိုထိုင်းထိုင်း အုံ့မှိုင်းမှိုင်းနဲ့ အိမ်မှာစောင်ခြုံကွေးသူတွေ အတွက်တော့ တကယ်ကောင်းမွန်တဲ့ရာသီဥတု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ကြိုးစားရုန်းကန်နေသူတွေ၊ ရုံးဝန်ထမ်းသမားတွေ အတွက်ကတော့ စိတ်ညစ်စရာရာသီဥတုပါ။
ရုံးုဝန်ထမ်းသမားတစ်ယောက်ရဲ့ ဘဝကို တွေးကြည့်ဖူးလား။ မိုးလေးကောင်းပြီဆိုမှ အိပ်ယာထရတဲ့ဘဝ။ မိုးရေချမ်းတော့မှ ရေထချိုးရတဲ့ ဘဝ။ အိမ်ကနေ စထွက်လာပြီဆိုတာနဲ့ ထမင်းချိုင့်တစ်ဖက်၊ ထီးတစ်ဖက်၊ အိတ်တစ်ဖက် နဲ့ ရှုပ်ယှက်ကိုခက်နေတော့တာပါပဲ။ ကိုယ့်ထီးကြောင့် စိတ်ညစ်ရတာတစ်မျိုး အခြားသူထီးကြောင့် စိတ်ညစ်ရတာတစ်မျိုးနဲ့ စုံနေတာပဲ။ ဘတ်စ်ကားကျပ်တာနဲ့ တော့ ပြီးပါလေရောလေ။
အခုဆို YBS လို ကမ္ဘာ့အဆင်မီဘတ်စ်ကားများပေါ်တွင် လေအေးပေးစက်နဲ့ ရာသီဥတုက အေးတာနဲ့တော့ လိုက်ဖက်ကိုညီလို့။ နေနဲ့လ ရွှေနဲ့မြလို့ပဲ။
သေချာပါတယ်။ ရုံးရောက်တာနဲ့ အဝတ်အစားလဲရတော့မယ်ဆိုတာပဲ။ နေမပူလို့ အဝတ်တွေမခြောက်ရတဲ့ကြားထဲ အဝတ်တွေကပုံနေပြီ။ ဟော ရုံးပိတ်ပြီဆိုတာနဲ့ ရှော်ဖို့သာပြင်ပေတော့။ ကူးစက်ရောဂါဖြစ်လို့ ဖျားနာ အလုပ်က ပျက်။ လစာက ဖြတ်ခံရ။ ပျော်နေပါပြီပေါ့နော်။
တစ်နေ့လုံး မိုးအသံမကြားရဘဲ ရုံးဆင်းခါနီးမှ မိုးသံပေးပြီလေ။ ဘယ်လောက် ရင်ခုန်စရာကောင်းလိုက်လဲ။ နောက်ပြီး အိမ်နားရောက်ခါနီးမှ ရွာချတာကတစ်မျိုး။ ရုံးဆင်းချိန်ဆိုတော့ လူက တော်တော်လည်းပန်းနေပြီလေ။ အဲ့ဒီအချိန်မှာ မိုးရွာလို့ဆိုပြီး ကားတွေကို အမိုးအကာတွေကာ လူတွေရဲ့ချွေးနံ့တွေ လေလည်နံ့တွေ နဲ့ ခေါင်းကိုမူးလို့။ အိမ်လို့ ပြန်ရောက်ရော မီးလည်းပျက်ရော။ ဇာတ်လမ်းက ဆုံးပြီလေ။ မိုးရာသီက အဲ့လို ရင်ခုန်စိတ်လှုပ်ရှားဖွယ်အတိ။