*** Unicode ***
ကျွန်တော် အခုပြောပြမယ့်သူကတော့ အမေရိကစီးပွားရေးလုပ်ငန်းရှင်နဲ့ ရင်းနှီးမြှုပ်နှံသူတစ်ဦး ဖြစ်ရုံသာမက ပရဟိတသမားတစ်ဦးလည်း ဖြစ်ပါတယ်။ သူကတော့ ဒေါ်လာ ၃၇.၅ ဘီလီယံ ပိုင်ဆိုင်ထားတဲ့ Sheldon Adelson ပဲဖြစ်ပါတယ်။
သူက စင်္ကာပူက Marina Bay Sands ကိုပိုင်ဆိုင်တဲ့ Las Vegas Sands Corporation ရဲ့တည်ထောင်သူ ဥက္ကဌတစ်ဦး ဖြစ်ပါတယ်။ Sheldon ကမကြာသေးခင်က ကမ္ဘာ့အချမ်းသာဆုံးလူ အယောက်(၂၀) မှာ ပါဝင်ခဲ့ပါတယ်။ ၂၀၁၈မှာ သူရဲ့ခန့်မှန်းခြေငွေကြေးပိုင်ဆိုင်မှုတန်ကြေးက ၄၀.၁ ဘီလီယံထိရှိခဲ့ပြီး ၂၀၁၉ မှာတော့ ၃၇.၅ ဘီလီယံ အထိ ကျဆင်းသွားပါတယ်။
နောက်ပြီး သူက ရီပတ်ပလစ်ကန်ပါတီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၁၂ ၊ ၂၀၁၆ ခုနှစ်တွေမှာ ကျင်းပတဲ့ သမ္မတမဲဆွယ်ပွဲတွေမှာ အများဆုံးထောက်ပံ့မှုပြူခဲ့သူလည်းဖြစ်တယ်။ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၃ ရက်နှစ်က ကျင်းပတဲ့ သမ္မတမဲဆွယ်စည်းရုံးရေးပွဲတွေ ဒေါ်လာ ၂၅ မီလီယံ ကို လက်ရှိသမ္မတဖြစ်နေတဲ့ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့ထဲသို့ လှူဒါန်းခဲ့ကြောင်းသိရတယ်။ ထရမ့်အစိုးရအဖွဲ့ကနေ အများဆုံးလှူဒါန်းသူတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပြီး သမ္မတရွေးကောက်ပွဲမှာ အများဆုံးလှူဒါန်းခဲ့သူတစ်ဦးလည်းဖြစ်တယ်။
သူစီးပွားရေး စလုပ်ပုံလေးက အစမ်းဗျ။ သူ့ ဦးလေးဆီကနေ ဒေါ်လာ ၂ဝဝ ချေးကာ ဗော်စတိုမြို့မှာ သတင်းစာရောင်းဖို့ လိုင်စင်တစ်ခုကို စတင်ဝယ်ယူခဲ့တယ်။ သူဟာ အသက် ၁၂ နှစ်သားအရွယ်ကနေ စတင်ပြီး အသက်မွေးဝမ်းကြောင်းစီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့တယ်။
၁၉၄၈ ခုနှစ် အသက် ၁၆ နှစ်တွင် သူ့ဦးလေးမှ ထပ်မံကာ ဒေါ်လာ ၁၀,ဝဝဝ ချေးခဲ့ပြန်တယ်။ ဘာကြောင့်ဆို Candy-Vending-machine ဆိုတဲ့ စီးပွားရေးလေးတစ်ခု စတင်လုပ်ကိုင်ဖို့အတွက်ဖြစ်တယ်။ အဲ့လို လုပ်ငန်းသေးသေးလေးတွေကနေ အချမ်းသာဆုံးစာရင်းဝင်တစ်ယောက်ဖြစ်အောင် ကြိုးစားအားထုတ်ခဲ့တဲ့ သူ့ကိုတော့ လေးစားအတုယူမိတယ်ဗျာ ။
နောက်ပြီး သူဟာ စာတော်တဲ့သူတစ်ယောက်လည်း မဟုတ်သလို၊ ဘွဲ့ရသူတစ်ယောက်လည်း မဟုတ်ပါ ဘူး။ မွေးကတည်းကနေ ရှွေဇွန်းကိုက်ပြီး မွေးလာသူတစ်ယောက်လည်း မဟုတ်ပါဘူး။ ကျွန်တော်တို့လိုသာမန် လူတန်းစား အောက်ခြေဘဝကနေ တက်လာခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။ သူပြောပြောနေတဲ့ အားပေးစကားလေးတစ်ခွန်းရှိတယ်ဗျ။ ဘာကြောင့်များ ပြီးပြည့်စုံတဲ့ အစီအစဉ်တွေကို ကျွန်တော်တို့လိုအပ်ရမှာလဲတဲ့။
ကျွန်တော်က တက်ကြွသူတစ်ဦး နောက်ပြီး အားမာန်ပြည့်ဝသူတစ်ဦးလည်းဖြစ်တယ်။ ဒါကြောင့် ဘယ်တော့မှ အနားယူသွားမှာလည်း မဟုတ်ဘူး ဆိုတဲ့ စကားလေးပဲ ဖြစ်ပါတယ်။
အခုဆို သူဟာ အသက် ၈၅ နှစ်ရှိပြီဖြစ်တယ်။ ဦးပေါင်ကျားနဲ့ မြင်းကျားရှင်ထဲကလို ငါမအိုသေးဆိုတဲ့အတိုင်း စီးပွားရေးနယ်ပယ်ထဲမှာ အခုချိန်ထိ တွေ့မြင်နေရတုန်းပါပဲ။ ဒါကြောင့် လူငယ်တွေအနေနဲ့ အတုယူလေးစားနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။
—————————————————————————————————————————–
ကျွန်တော် အခုပြောပြမယ့်သူကတော့ အမေရိကစီးပွားရေးလုပ်ငန်းရှင်နဲ့ ရင်းနှီးမြှုပ်နှံသူတစ်ဦး ဖြစ်ရုံသာမက ပရဟိတသမားတစ်ဦးလည်း ဖြစ်ပါတယ်။ သူကတော့ ဒေါ်လာ ၃၇.၅ ဘီလီယံ ပိုင်ဆိုင်ထားတဲ့ Sheldon Adelson ပဲဖြစ်ပါတယ်။
သူက စင်္ကာပူက Marina Bay Sands ကိုပိုင်ဆိုင်တဲ့ Las Vegas Sands Corporation ရဲ့တည်ထောင်သူ ဥက္ကဌတစ်ဦး ဖြစ်ပါတယ်။
Sheldon ကမကြာသေးခင်က ကမ္ဘာ့အချမ်းသာဆုံးလူ အယောက်(၂၀) မှာ ပါဝင်ခဲ့ပါတယ်။ ၂၀၁၈မှာ သူရဲ့ခန့်မှန်းခြေငွေကြေးပိုင်ဆိုင်မှုတန်ကြေးက ၄၀.၁ ဘီလီယံထိရှိခဲ့ပြီး ၂၀၁၉ မှာတော့ ၃၇.၅ ဘီလီယံ အထိ ကျဆင်းသွားပါတယ်။
နောက်ပြီး သူက ရီပတ်ပလစ်ကန်ပါတီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၁၂ ၊ ၂၀၁၆ ခုနှစ်တွေမှာ ကျင်းပတဲ့ သမ္မတမဲဆွယ်ပွဲတွေမှာ အများဆုံးထောက်ပံ့မှုပြူခဲ့သူလည်းဖြစ်တယ်။ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၃ ရက်နှစ်က ကျင်းပတဲ့ သမ္မတမဲဆွယ်စည်းရုံးရေးပွဲတွေ ဒေါ်လာ ၂၅ မီလီယံ ကို လက်ရှိသမ္မတဖြစ်နေတဲ့ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့ထဲသို့ လှူဒါန်းခဲ့ကြောင်းသိရတယ်။ ထရမ့်အစိုးရအဖွဲ့ကနေ အများဆုံးလှူဒါန်းသူတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပြီး သမ္မတရွေးကောက်ပွဲမှာ အများဆုံးလှူဒါန်းခဲ့သူတစ်ဦးလည်းဖြစ်တယ်။
သူစီးပွားရေး စလုပ်ပုံလေးက အစမ်းဗျ။ သူ့ ဦးလေးဆီကနေ ဒေါ်လာ ၂၀ဝ ချေးကာ ဗော်စတိုမြို့မှာ သတင်းစာရောင်းဖို့ လိုင်စင်တစ်ခုကို စတင်ဝယ်ယူခဲ့တယ်။ သူဟာ အသက် ၁၂ နှစ်သားအရွယ်ကနေ စတင်ပြီး အသက်မွေးဝမ်းကြောင်းစီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့တယ်။
၁၉၄၈ ခုနှစ် အသက် ၁၆ နှစ်တွင် သူ့ဦးလေးမှ ထပ်မံကာ ဒေါ်လာ ၁၀,ဝ၀ဝ ချေးခဲ့ပြန်တယ်။ ဘာကြောင့်ဆို Candy-Vending-machine ဆိုတဲ့ စီးပွားရေးလေးတစ်ခု စတင်လုပ်ကိုင်ဖို့အတွက်ဖြစ်တယ်။ အဲ့လို လုပ်ငန်းသေးသေးလေးတွေကနေ အချမ်းသာဆုံးစာရင်းဝင်တစ်ယောက်ဖြစ်အောင် ကြိုးစားအားထုတ်ခဲ့တဲ့ သူ့ကိုတော့ လေးစားအတုယူမိတယ်ဗျာ ။
နောက်ပြီး သူဟာ စာတော်တဲ့သူတစ်ယောက်လည်း မဟုတ်သလို၊ ဘွဲ့ရသူတစ်ယောက်လည်း မဟုတ်ပါ ဘူး။ မွေးကတည်းကနေ ရွှေဇွန်းကိုက်ပြီး မွေးလာသူတစ်ယောက်လည်း မဟုတ်ပါဘူး။ ကျွန်တော်တို့လိုသာမန် လူတန်းစား အောက်ခြေဘဝကနေ တက်လာခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။
သူပြောပြောနေတဲ့ အားပေးစကားလေးတစ်ခွန်းရှိတယ်ဗျ။ ဘာကြောင့်များ ပြီးပြည့်စုံတဲ့ အစီအစဉ်တွေကို ကျွန်တော်တို့လိုအပ်ရမှာလဲတဲ့