*** Unicode ***
#POINT #PointYouthPlatform
ဘယ်လိုပဲလုပ်ဆောင်ပါစေ စွန့်ဦးတီထွင်သူ ဒါမှမဟုတ်လည်း ခေါင်းဆောင်တစ်ယောက်ဖြစ်အောင် ကြိုးစားမယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်ဆိုရင်တော့ ငြင်းပယ်မှုတွေ၊ ရှုံးနိမ့်မှုတွေကို ရင်ဆိုင်ရမယ်ဆိုတာ အသေအချာပါပဲ။
အရေးကြီးတာက ကိုယ်ဘယ်လိုကြောင့် ရှုံးနိမ့်တယ်ဆိုတာနဲ့ ငြင်းပယ်မှုတွေကို ဘယ်လိုလက်ခံသလဲ ဆိုတာပါပဲ။ရှုံးနိမ့်မှုတွေ၊ ငြင်းပယ်မှုတွေကြုံတွေ့ခဲ့ပေမယ့် အခုလက်ရှိအခြေအနေတွေမှာ အအောင်မြင်ဆုံးလို့ သတ်မှတ်ထားကြတဲ့ စွန့်ဦးတီထွင်သူတွေ၏ ဇာတ်လမ်းတွေကို လေ့လာကြည့်ကြရအောင်။
၁။ Steve Jobs
နည်းပညာရဲ့ ပြယုဒ်တစ်ခုဆိုပြီး Steve Jobs ကိုတင်စားကြပေမယ့် သူလိုလူတစ်ယောက်တောင် ငြင်းပယ်မှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။၁၉၈၅ ခုနှစ်မှာ သူ၏ မှားယွင်းသော ခေါင်းဆောင်မှုတွေကြောင့် Apple အမှုဆောင်အရာရှိတွေမှ ထုတ်ပယ်ခဲ့ပါတယ်။
ဒါ့ကြောင့် Steve Jobs ဟာ တခြားသောစီးပွားရေးဖြစ်သည့် Software ကုမ္ပဏီ NeXT ကို လုပ်ကိုင်ခဲ့ရပြီး ၁၉၉၇ ခုနှစ်ရောက်မှသာ Apple နှင့် ပြန်လည်ပူးပေါင်းလုပ်ကိုင်နိုင်ခဲ့ပါတယ်။
၂ဝဝ၅ ခုနှစ် Stanford တက္ကသိုလ်မှာ ပြောခဲ့သော သူ၏မိန့်ခွန်းမှာတော့ Apple က အလုပ်ထုတ်ခံခဲ့ရတာက သူ့အတွက် အကျိုးရှိစေခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။
“Apple ကနေ အထုတ်ခံခဲ့ရတာက ကျွန်တော့်ရဲ့ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေထဲက အကောင်းဆုံးအဖြစ်အပျက်တစ်ခုပါပဲ။ အောင်မြင်နေတဲ့အခြေအနေက အမြင်တွေဟာ အစအဆုံးတစ်ခုကနေပြန်စရမယ်ဆိုပြီး ခံစားမိစေတယ်။အရာရာနဲ့ ပက်သက်ပြီး အာမခံချက်ဘာတစ်ခုမှမရှိတော့ဘူး။ အဲ့လိုအခြေအနေတွေကပဲ ကျွန်တော့်ရဲ့ တီထွင်ဖန်တီးနိုင်မှုကို အကောင်းဆုံး အခြေအနေကို ရောက်ရှိလာစေတာပါ” ဆိုပြီး Steve Jobs ကပြောကြားခဲ့တယ်။
၂။ J.K. Rowling
၂၀၁၆ မှာ Harry Potter ကိုမထုတ်ဝေနိုင်ခင် ခက်ခဲသောအခြေအနေတွေ၊ ငြင်းပယ်ခံရမှုတွေနဲ့ပက်သက်ပြီး J.K.Rowling ပြောကြားခဲ့တာတစ်ခုရှိပါတယ်။ဒါကတော့ ပထမဆုံး Harry Potter စာအုပ်ဆိုပြီးမထွက်ခင် J.K.Rowling ရဲ့စာမူကြမ်းဟာ ၁၂ ကြိမ်တိုင်တိုင်ကို အငြင်းပယ်ခံခဲ့ရတယ်ဆိုတာပါပဲ။
ဒါပေမယ့် သူမဆက်ပြီး ကြိုးစားလုပ်ကိုင်ခဲ့ပါတယ်။ထုတ်ဝေသူတွေလက်ခံတဲ့အထိ ရအောင်ကြိုးစားရင်းနဲ့ပဲ Harry Pottery ကထွက်လာခဲ့ပါတယ်။ ပြီးတော့ ဒါဟာ ကမ္ဘာမှာ နာမည်အကြီးဆုံးစာအုပ်တစ်အုပ်ဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
၃။ Elon Musk
ကျွန်တော်တို့ သေသေချာချာကြည့်ရင်တော့ Musk ရဲ့ ဘဝအစဟာ ငြင်းပယ်မှုတွေ အရှုံးတွေနဲ့ပဲ ပြည့်နက်နေတယ်ဆိုတာ တွေ့ကြရမှာပါ။ သူ၏ ပထမဆုံးကြိုးစားသော လေယာဉ်တည်ဆောက်သည့် စီးပွားရေးကို စတင်မှုမှာလည်း လေယာဉ်တွေကို ရောင်းချဖို့ငြင်းပယ်ခံခဲ့ရသလို နောက်ထပ်ဆောင်ရွက်သော အလုပ်တွေမှာလည်း ငြင်းပယ်မှုအများအပြားကို ရင်ဆိုင်ခဲ့ရပါတယ်။
ဒါပေမယ့် အဲ့လိုငြင်းပယ်မှုတွေအပြီးမှာတော့ သူအသစ်တစ်ခုကို ဖန်တီးနိုင်ဖို့ကြိုးစားခဲ့တယ်။ သူရဲ့စီးပွားရေးကို Netscape နှင့်အတူပြန်လည်စတင်နိုင်ခဲ့ပြီး နောက်ပိုင်းမှာ Tesla, Space X, Neuralink နဲ့ The Boring စသည့်ကုမ္ပဏီတွေ၏ တွဲဘက်တည်ထောင်သူ တစ်ယောက် ဖြစ်လာခဲ့တယ်။
လုပ်ငန်းအစမှာ ငြင်းပယ်မှုတွေအများအပြားကြုံတွေ့ခဲ့တဲ့သူတစ်ယောက်ဟာ နောက်ပိုင်းမှာ သူ၏တီထွင်မှုတွေကြောင့် ကြယ်တာရာတွေအထိ လူတွေစူးစမ်းလေ့လာနိုင်ခဲ့တယ်။
၄။ Oprah Winfrey
အခုလက်ရှိမှာတော့ Oprah Winfrey က အအောင်မြင်ဆုံးလူတစ်ယောက်ဖြစ်နေသော်လည်း အစောပိုင်းအခြေအနေတွေမှာတော့ သူအောင်မြင်အောင် တော်တော်လေး ကြိုးစားခဲ့ရပါတယ်။(၇)လလောက် တွဲဘက်အစီအစဉ်ကြေညာသူအနေနဲ့ အလုပ်လုပ်ခဲ့ပြီးနောက်မှာ Winfrey က သူမ၏ အလုပ်မှနေ ထုတ်ပယ်ခံခဲ့ရပါတယ်။
အဲ့နောက်ပိုင်းမှာတော့ “People Are Talking” ဆိုသော နာမည်သိပ်မကြီး သည့်အစီအစဉ်မှာ အစီအစဉ်တင်ဆက်သူ လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။Winfrey ၏ အင်တာဗျူးတွေမှာဆို အခက်အခဲတွေနဲ့ ကြိုးစားမှုတွေအကြောင်းကို ပြောဆိုလေ့ရှိပါတယ်။
“အတွေ့အကြုံမရှိသော၊ မကျွမ်းကျင်သော၊ စီးပွားရေးကို လုံးဝမတတ်သော အမျိုးသမီးတစ်ယောက်အနေနဲ့ ကျွန်မရောက်လာခဲ့ပြီး အခက်အခဲတွေ၊ ငြင်းပယ်မှုတွေက ကျွန်မကို ပိုမိုရင့်ကျက်ကောင်းမွန်သော အမျိုးသမီးတစ်ယောက်ဖြစ်လာစေခဲ့ပါတယ်။”
၅။ Warren Buffet
ကမ္ဘာ့အချမ်းသာဆုံးတစ်ယောက်အဖြစ် သတ်မှတ်ကြတဲ့ Warren Buffet က ကမ္ဘာ့စီးပွားရေးအများအပြားကို လည်ပတ်နေသူတစ်ဦးဖြစ်ပါတယ်။သူက အသက် ၁၁ နှစ်သားလောက်မှာတင် ရင်းနှီးမြှပ်နှံ့မှုတွေကို စတင်ပြုလုပ်ခဲ့ပါတယ်။
ကျွန်တော်တို့ကတော့ သူ့ဘဝလမ်းကြောင်းဟာ သိပ်ကိုချော့မွေ့မယ်လို့ထင်ကြမှာပါ။ဒါပေမယ့်လည်း သူရင်းနှီးမြှပ်နှံ့သော ကုမ္ပဏီ၏ ငြင်းပယ်မှုကို ခံခဲ့ရသလို အသက် ၁၉ နှစ်မှာလည်း သူ Harvard အတွက် ကျောင်းလျှောက်ထားမှုမှာလည်း ငြင်းပယ်ခံရပါတယ်။
ဒါ့ကြောင့်ပဲ သူ ကိုလံဘီယာကို ရောက်ရှိသွားခဲ့ပြီး အဲ့နေရာမှာပဲ သူ၏ တီထွင်နိုင်မှုနှင့် စီးပွားရေးလုပ်ဆောင်နိုင်မှုတွေကို တိုးတက်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ငြင်းပယ်ခံရမှုတွေကြုံတွေ့ခဲ့ရပေမယ့်လည်း သန်းကြွယ်သူဋ္ဌေဌးတစ်ယောက်အနေဖြင့် ပြန်လာနိုင်ခဲ့ကာ Harvard မှားကြောင်းကို သူတို့ပြနိုင်ခဲ့ပါတယ်။
ကျွန်တော်တို့လည်း ငြင်းပယ်ခံရမှုတွေရှိလာနိုင်ပါတယ်။ အရှုံးပေးမလား ဒါမှမဟုတ်လည်း ဆက်ကြိုးစားမလားဆိုတဲ့ ကျွန်တော်တို့ ဆုံးဖြတ်ချက်တွေအပေါ်လိုက်ပြီး ကျွန်တော်တို့ အပြောင်းအလဲတွေကြုံတွေ့ရမှာပါ။
Translator : Thiha Aung
——————————————————————————————————————————
#POINT #PointYouthPlatform
ဘယ်လိုပဲလုပ်ဆောင်ပါစေ စွန့်ဦးတီထွင်သူ ဒါမှမဟုတ်လည်း ခေါင်းဆောင်တစ်ယောက်ဖြစ်အောင် ကြိုးစားမယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်ဆိုရင်တော့ ငြင်းပယ်မှုတွေ၊ ရှုံးနိမ့်မှုတွေကို ရင်ဆိုင်ရမယ်ဆိုတာ အသေအချာပါပဲ။
အရေးကြီးတာက ကိုယ်ဘယ်လိုကြောင့် ရှုံးနိမ့်တယ်ဆိုတာနဲ့ ငြင်းပယ်မှုတွေကို ဘယ်လိုလက်ခံသလဲ ဆိုတာပါပဲ။
ရှုံးနိမ့်မှုတွေ၊ ငြင်းပယ်မှုတွေကြုံတွေ့ခဲ့ပေမယ့် အခုလက်ရှိအခြေအနေတွေမှာ အအောင်မြင်ဆုံးလို့ သတ်မှတ်ထားကြတဲ့ စွန့်ဦးတီထွင်သူတွေ၏ ဇာတ်လမ်းတွေကို လေ့လာကြည့်ကြရအောင်။
၁။ Steve Jobs
နည်းပညာရဲ့ ပြယုဒ်တစ်ခုဆိုပြီး Steve Jobs ကိုတင်စားကြပေမယ့် သူလိုလူတစ်ယောက်တောင် ငြင်းပယ်မှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။
၁၉၈၅ ခုနှစ်မှာ သူ၏ မှားယွင်းသော ခေါင်းဆောင်မှုတွေကြောင့် Apple အမှုဆောင်အရာရှိတွေမှ ထုတ်ပယ်ခဲ့ပါတယ်။
ဒါ့ကြောင့် Steve Jobs ဟာ တခြားသောစီးပွားရေးဖြစ်သည့် Software ကုမ္ပဏီ NeXT ကို လုပ်ကိုင်ခဲ့ရပြီး ၁၉၉၇ ခုနှစ်ရောက်မှသာ Apple နှင့် ပြန်လည်ပူးပေါင်းလုပ်ကိုင်နိုင်ခဲ့ပါတယ်။၂၀ဝ၅ ခုနှစ် Stanford တက္ကသိုလ်မှာ ပြောခဲ့သော သူ၏မိန့်ခွန်းမှာတော့ Apple က အလုပ်ထုတ်ခံခဲ့ရတာက သူ့အတွက် အကျိုးရှိစေခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။
“Apple ကနေ အထုတ်ခံခဲ့ရတာက ကျွန်တော့်ရဲ့ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေထဲက အကောင်းဆုံးအဖြစ်အပျက်တစ်ခုပါပဲ။ အောင်မြင်နေတဲ့အခြေအနေက အမြင်တွေဟာ အစအဆုံးတစ်ခုကနေပြန်စရမယ်ဆိုပြီး ခံစားမိစေတယ်။အရာရာနဲ့ ပက်သက်ပြီး အာမခံချက်ဘာတစ်ခုမှမရှိတော့ဘူး။ အဲ့လိုအခြေအနေတွေကပဲ ကျွန်တော့်ရဲ့ တီထွင်ဖန်တိီးနိုင်မှုကို အကောင်းဆုံး အခြေအနေကို ရောက်ရှိလာစေတာပါ” ဆိုပြီး Steve Jobs ကပြောကြားခဲ့တယ်။
၂။ J.K. Rowling
၂၀၁၆ မှာ Harry Potter ကိုမထုတ်ဝေနိုင်ခင် ခက်ခဲသောအခြေအနေတွေ၊ ငြင်းပယ်ခံရမှုတွေနဲ့ပက်သက်ပြီး J.K.Rowling ပြောကြားခဲ့တာတစ်ခုရှိပါတယ်။
ဒါကတော့ ပထမဆုံး Harry Potter စာအုပ်ဆိုပြီးမထွက်ခင် J.K.Rowling ရဲ့စာမူကြမ်းဟာ ၁၂ ကြိမ်တိုင်တိုင်ကို အငြင်းပယ်ခံခဲ့ရတယ်ဆိုတာပါပဲ။ ဒါပေမယ့် သူမဆက်ပြီး ကြိုးစားလုပ်ကိုင်ခဲ့ပါတယ်။
ထုတ်ဝေသူတွေလက်ခံတဲ့အထိ ရအောင်ကြိုးစားရင်းနဲ့ပဲ Harry Pottery ကထွက်လာခဲ့ပါတယ်။ ပြီးတော့ ဒါဟာ ကမ္ဘာမှာ နာမည်အကြီးဆုံးစာအုပ်တစ်အုပ်ဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
၃။ Elon Musk
ကျွန်တော်တို့ သေသေချာချာကြည့်ရင်တော့ Musk ရဲ့ ဘဝအစဟာ ငြင်းပယ်မှုတွေ အရှုံးတွေနဲ့ပဲ ပြည့်နက်နေတယ်ဆိုတာ တွေ့ကြရမှာပါ။ သူ၏ ပထမဆုံးကြိုးစားသော လေယာဉ်တည်ဆောက်သည့် စီးပွားရေးကို စတင်မှုမှာလည်း လေယာဉ်တွေကို ရောင်းချဖို့ငြင်းပယ်ခံခဲ့ရသလို နောက်ထပ်ဆောင်ရွက်သော အလုပ်တွေမှာလည်း ငြင်းပယ်မှုအများအပြားကို ရင်ဆိုင်ခဲ့ရပါတယ်။
ဒါပေမယ့် အဲ့လိုငြင်းပယ်မှုတွေအပြီးမှာတော့ သူအသစ်တစ်ခုကို ဖန်တီးနိုင်ဖို့ကြိုးစားခဲ့တယ်။ သူရဲ့စီးပွားရေးကို Netscape နှင့်အတူပြန်လည်စတင်နိုင်ခဲ့ပြီး နောက်ပိုင်းမှာ Tesla, Space X, Neuralink နဲ့ The Boring စသည့်ကုမ္ပဏီတွေ၏ တွဲဘက်တည်ထောင်သူ တစ်ယောက် ဖြစ်လာခဲ့တယ်။
လုပ်ငန်းအစမှာ ငြင်းပယ်မှုတွေအများအပြားကြုံတွေ့ခဲ့တဲ့သူတစ်ယောက်ဟာ နောက်ပိုင်းမှာ သူ၏တီထွင်မှုတွေကြောင့် ကြယ်တာရာတွေအထိ လူတွေစူးစမ်းလေ့လာနိုင်ခဲ့တယ်။
၄။ Oprah Winfrey
အခုလက်ရှိမှာတော့ Oprah Winfrey က အအောင်မြင်ဆုံးလူတစ်ယောက်ဖြစ်နေသော်လည်း အစောပိုင်းအခြေအနေတွေမှာတော့ သူအောင်မြင်အောင် တော်တော်လေး ကြိုးစားခဲ့ရပါတယ်။
(၇)လလောက် တွဲဘက်အစီအစဉ်ကြေညာသူအနေနဲ့ အလုပ်လုပ်ခဲ့ပြီးနောက်မှာ Winfrey က သူမ၏ အလုပ်မှနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ အဲ့နောက်ပိုင်းမှာတော့ “People Are Talking” ဆိုသော နာမည်သိပ်မကြီး သည့်အစီအစဉ်မှာ အစီအစဉ်တင်ဆက်သူ လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။
Winfrey ၏ အင်တာဗျူးတွေမှာဆို အခက်အခဲတွေနဲ့ ကြိုးစားမှုတွေအကြောင်းကို ပြောဆိုလေ့ရှိပါတယ်။
“အတွေ့အကြုံမရှိသော၊ မကျွမ်းကျင်သော၊ စီးပွားရေးကို လုံးဝမတတ်သော အမျိုးသမီးတစ်ယောက်အနေနဲ့ ကျွန်မရောက်လာခဲ့ပြီး အခက်အခဲတွေ၊ ငြင်းပယ်မှုတွေက ကျွန်မကို ပိုမိုရင့်ကျက်ကောင်းမွန်သော အမျိုးသမီးတစ်ယောက်ဖြစ်လာစေခဲ့ပါတယ်။”
၅။ Warren Buffet
ကမ္ဘာ့အချမ်းသာဆုံးတစ်ယောက်အဖြစ် သတ်မှတ်ကြတဲ့ Warren Buffet က ကမ္ဘာ့စီးပွားရေးအများအပြားကို လည်ပတ်နေသူတစ်ဦးဖြစ်ပါတယ်။
သူက အသက် ၁၁ နှစ်သားလောက်မှာတင် ရင်းနှီးမြှပ်နှံ့မှုတွေကို စတင်ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ သူ့ဘဝလမ်းကြောင်းဟာ သိပ်ကိုချော့မွေ့မယ်လို့ထင်ကြမှာပါ။
ဒါပေမယ့်လည်း သူရင်းနှီးမြှပ်နှံ့သော ကုမ္ပဏီ၏ ငြင်းပယ်မှုကို ခံခဲ့ရသလို အသက် ၁၉ နှစ်မှာလည်း သူ Harvard အတွက် ကျောင်းလျှောက်ထားမှုမှာလည်း ငြင်းပယ်ခံရပါတယ်။
ဒါ့ကြောင့်ပဲ သူ ကိုလံဘီယာကို ရောက်ရှိသွားခဲ့ပြီး အဲ့နေရာမှာပဲ သူ၏ တီထွင်နိုင်မှုနှင့် စီးပွားရေးလုပ်ဆောင်နိုင်မှုတွေကို တိုးတက်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ငြင်းပယ်ခံရမှုတွေကြုံတွေ့ခဲ့ရပေမယ့်လည်း သန်းကြွယ်သူဋ္ဌေးတစ်ယောက်အနေဖြင့် ပြန်လာနိုင်ခဲ့ကာ Harvard မှားကြောင်းကို သူတို့ပြနိုင်ခဲ့ပါတယ်။