
အခုခေတ်ဟာ ဘာသာစကားအသစ်တစ်ခုသင်ယူဖို့ အကောင်းဆုံးပါ။ ဒါကြောင့် ထိရောက်တဲ့ ဘာသာစကား သင်ယူမှုနည်းလမ်းတွေကို ဝေမျှလိုက်ပါတယ်။
…
၁။ အဓိကကျတဲ့အရာက စတင်လေ့လာပါ
ဘာသာစကားပညာရှင် Judith Matz က ဘာသာစကားတစ်ခုရဲ့ အခြေခံစကားလုံး ၅၀ နဲ့ သဒ္ဒါနည်းလမ်းတွေ ကို စတင်လေ့လာရင် အလွယ်တကူတတ်မြောက်နိုင်တယ်လို့ ပြောပါတယ်။
…
၂။ သင်ယူရင်း နေထိုင်မှုပုံစံကိုပြောင်းလဲပါ
ပင်ပန်းနေချိန်၊ စိတ်ကစားနေချိန်နဲ့ ဖျားနေချိန်မှာတောင် စိတ်ခံစားချက်အတိုင်းမနေဘဲ ဘာသာစကားတစ်ခု သင်ယူရင် စိတ်အပြောင်းအလဲဖြစ်တာကြောင့် ဒီပုံစံအတိုင်း လေ့လာသင်ယူလိုက်ပါ။
…
၃။ ဘာသာစကားနဲ့ ရင်းနှီးကျွမ်းဝင်အောင်လုပ်ပါ
နေ့စဉ်ဘဝမှာ ဘာသာစကားတစ်ခုခုနဲ့ အကျွမ်းဝင်အောင် နေပေးရင် ဦးနှောက်က စဉ်းစားတတ်လာပါလိမ့် မယ်။ ပတ်ဝန်းကျင်ကအရာ ဝတ္ထုတွေကို လေ့လာနေတဲ့ဘာသာစကားနဲ့ ခေါ်ဝေါ်ကြည့်ပါ။ ပြီးရင် တစ်ယောက်ယောက်ကို ပြောပြနေသလို လေ့ကျင့်ကြည့်ပါ။
…
၄။ နည်းပညာအကူအညီနဲ့ သင်ယူပါ
လက်ကိုင်ဖုန်းမှာ ဘာသာစကားအသစ်တစ်ခု Application ထည့်ပြီးလေ့လာရင် ထိရောက်တဲ့လေ့လာနည်းပါ။ ဒီလိုနည်းလမ်းတွေကိုလည်း Online မှာရှာဖွေနိုင်ပါတယ်။
…
၅။ ဘာသာစကားသင်ယူတာ အတွေ့အကြုံအသစ်ရတယ်လို့ ခံယူပါ
စိတ်ဝင်စားတဲ့အရာကို သင်ယူနေတဲ့ဘာသာစကားနဲ့တွဲပြီး လေ့လာပါ။ ဥပမာ မုန့်လုပ်နည်း တစ်ခုကို လေ့လာရင် သင်ယူနေတဲ့ဘာသာစကား နဲ့ရှင်းပြထားတဲ့ သရုပ်ပြဗီဒီယိုဖိုင်ကို ကြည့်ပါ။ နှစ်ခုလုံး တတ်လာပါလိမ့် မယ်။
…
၆။ မိတ်သစ်ဖွဲ့ပေးပါ
တတ်နိုင်သမျှ မိတ်သစ်ဖွဲ့ပေးပါ။ မိတ်သစ်တွေထဲမှာ ကိုယ်လေ့ လာနေတဲ့ဘာသာစကားပြောတဲ့သူရရင် ပိုကောင်းပါတယ်။ မိတ်သစ်ဖွဲ့တာကိုလည်း social media တွေကို အသုံးပြုပါ။
…
၇။ အမှားလုပ်မိမှာ မစိုးရိမ်ပါနဲ့
ဘာသာစကားအသစ်တစ်ခုသင်ယူရင် အမှားလုပ်မိမှာကြောက်တဲ့စိတ်က အတားအဆီးတစ်ခုပါ။ ဒါကို ကျော်လွှားဖို့က ရဲရဲပြော၊ ရဲရဲရေးဖို့ပါ။ ဘယ်သူနဲ့မဆို ပြောဆိုဆက်ဆံရဲတဲ့စိတ်ကို မွေးပါ။ များများပြောရင် မြန်မြန်တတ်လာမှာဖြစ်သလို ယုံကြည်မှုလည်း တိုးလာမှာပါ။
# Point Cherry
*** Unicode ***
အခုခေတ်ဟာ ဘာသာစကားအသစ်တစ်ခုသင်ယူဖို့ အကောင်းဆုံးပါ။ ဒါကြောင့် ထိရောက်တဲ့ ဘာသာစကား သင်ယူမှုနည်းလမ်းတွေကို ဝေမျှလိုက်ပါတယ်။…
၁။ အဓိကကျတဲ့အရာက စတင်လေ့လာပါ
ဘာသာစကားပညာရှင် Judith Matz က ဘာသာစကားတစ်ခုရဲ့ အခြေခံစကားလုံး ၅၀ နဲ့ သဒ္ဒါနည်းလမ်းတွေ ကို စတင်လေ့လာရင် အလွယ်တကူတတ်မြောက်နိုင်တယ်လို့ ပြောပါတယ်။…
၂။ သင်ယူရင်း နေထိုင်မှုပုံစံကိုပြောင်းလဲပါ
ပင်ပန်းနေချိန်၊ စိတ်ကစားနေချိန်နဲ့ ဖျားနေချိန်မှာတောင် စိတ်ခံစားချက်အတိုင်းမနေဘဲ ဘာသာစကားတစ်ခု သင်ယူရင် စိတ်အပြောင်းအလဲဖြစ်တာကြောင့် ဒီပုံစံအတိုင်း လေ့လာသင်ယူလိုက်ပါ။…
၃။ ဘာသာစကားနဲ့ ရင်းနှီးကျွမ်းဝင်အောင်လုပ်ပါ
နေ့စဉ်ဘဝမှာ ဘာသာစကားတစ်ခုခုနဲ့ အကျွမ်းဝင်အောင် နေပေးရင် ဦးနှောက်က စဉ်းစားတတ်လာပါလိမ့် မယ်။ ပတ်ဝန်းကျင်ကအရာ ဝတ္ထုတွေကို လေ့လာနေတဲ့ဘာသာစကားနဲ့ ခေါ်ဝေါ်ကြည့်ပါ။ ပြီးရင် တစ်ယောက်ယောက်ကို ပြောပြနေသလို လေ့ကျင့်ကြည့်ပါ။…
၄။ နည်းပညာအကူအညီနဲ့ သင်ယူပါ
လက်ကိုင်ဖုန်းမှာ ဘာသာစကားအသစ်တစ်ခု Application ထည့်ပြီးလေ့လာရင် ထိရောက်တဲ့လေ့လာနည်းပါ။ ဒီလိုနည်းလမ်းတွေကိုလည်း Online မှာရှာဖွေနိုင်ပါတယ်။…
၅။ ဘာသာစကားသင်ယူတာ အတွေ့အကြုံအသစ်ရတယ်လို့ ခံယူပါ
စိတ်ဝင်စားတဲ့အရာကို သင်ယူနေတဲ့ဘာသာစကားနဲ့တွဲပြီး လေ့လာပါ။ ဥပမာ မုန့်လုပ်နည်း တစ်ခုကို လေ့လာရင် သင်ယူနေတဲ့ဘာသာစကား နဲ့ရှင်းပြထားတဲ့ သရုပ်ပြဗီဒီယိုဖိုင်ကို ကြည့်ပါ။ နှစ်ခုလုံး တတ်လာပါလိမ့် မယ်။…
၆။ မိတ်သစ်ဖွဲ့ပေးပါတတ်နိုင်သမျှ မိတ်သစ်ဖွဲ့ပေးပါ။
မိတ်သစ်တွေထဲမှာ ကိုယ်လေ့ လာနေတဲ့ဘာသာစကားပြောတဲ့သူရရင် ပိုကောင်းပါတယ်။ မိတ်သစ်ဖွဲ့တာကိုလည်း social media တွေကို အသုံးပြုပါ။…
၇။ အမှားလုပ်မိမှာ မစိုးရိမ်ပါနဲ့
ဘာသာစကားအသစ်တစ်ခုသင်ယူရင် အမှားလုပ်မိမှာကြောက်တဲ့စိတ်က အတားအဆီးတစ်ခုပါ။ ဒါကို ကျော်လှွားဖို့က ရဲရဲပြော၊ ရဲရဲရေးဖို့ပါ။ ဘယ်သူနဲ့မဆို ပြောဆိုဆက်ဆံရဲတဲ့စိတ်ကို မွေးပါ။ များများပြောရင် မြန်မြန်တတ်လာမှာဖြစ်သလို ယုံကြည်မှုလည်း တိုးလာမှာပါ။
# Point Cherry