
*** Unicode ***
#POINTYouthPlatform #POINT
စီးပွားရေးသင်တန်းတွေဟာ အောင်မြင်တဲ့ ကုမ္မဏီတစ်ခု ဘယ်လိုလည်ပတ်လဲ ဆိုတာတွေပဲ သင်ကြားပေးနိုင်ပါတယ်။ လက်တွေ့အလုပ်မှာ အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းတွေ ကြုံလာတဲ့အခါ အနိုင်မခံ အရှုံးမပေး စိတ်ရှိဖို့ လိုအပ်ပါတယ်။ ဘယ်စာအုပ်ထဲမှာမှ မတွေ့နိုင်တဲ့ သင့်ရဲ့လုပ်ငန်းတွေကို စီးပွားရေးလောကမှာ ရှင်သန်ရပ်တည်နိုင်အောင် ကူညီပေးနို်င်တဲ့ အချက်တွေကို အောက်မှာလေ့လာနိုင်ပါတယ်။
(၁) ကိုယ့်ရဲ့ဦးတည်ချက်ကဘာလဲဆိုတာရှာဖွေပါ။
စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်တွေမှာ အာရုံထွေပြားမှုတွေ၊ စီးပွားရေး လုပ်ငန်းတစ်ခုအပေါ် အာရုံ အလုံအလောက် မပေးနိုင်မှုတွေ ဖြစ်တတ်ကြပါတယ်။
သူတို့က တီထွင်ဖန်တီးနိုင်စွမ်း ကောင်းတဲ့အတွက် နေရာမရွေး နယ်ပယ်မရွေးမှာ ထူးချွန် ပြောင်မြောက်ချင်တဲ့ စိတ်တွေ ရှိကြပါတယ်။သူတို့ဟာ အမြော်အမြင်ရှိပေမယ့် သူတို့လိုအပ်နေတဲ့ အချက်ကတော့ အလုပ်တစ်ခုကို ဆုံးခန်းတိုင်အောင် မပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။
အကယ်၍ သင်ဟာ မုန့်တိုက်တစ်ခုကို ဦးစီးမယ်၊ လက်ဝတ်ရတနာဆိုင်လည်း တည်ထောင်မယ်ဆို သင်တကယ်စိတ်ဝင်စားတာ ဘယ်နယ်ပယ်မှာပါလဲ။ဘယ်နယ်ပယ်မှာ အတွင်းကျကျ နက်နက်နဲနဲ လေ့လာပြီး အကောင်းဆုံးရလဒ်တွေရအောင် ပြုလုပ်မလဲ စဉ်းစားပါ။
သင့်ဘဝတစ်လျှောက်မှာ စီးပွားရေးတစ်ခုထက်ပိုပြီး တည်ထောင်နိုင်ပါတယ်။ ဒါပေမယ့် တစ်ပြိုင်နက်လုပ်ဆောင်မယ်ဆိုရင်တော့ ဘယ်လုပ်ငန်းမှာမှ ပေါက်မြောက်မှာ မဟုတ်ပါဘူး။
(၂) မဖြစ်နိုင်ဘူးဆိုတဲ့အဖြေကိုငြင်းပါ။
ကြီးကြီးမားမား အကြံအစည်တစ်ခုကို စီမံကိန်းချမယ်ဆိုရင် ဝေဖန်မှုတွေကို ခံနိုင်ရည်ရှိဖို့လည်း လိုအပ်ပါတယ်။လူတွေကတော့ သင့်အတွေးအခေါ်တွေက ဘယ်တော့မှ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ ငြင်းပယ်ကြပါလိမ့်မယ်။
သင့်အတွေးအခေါ်တွေကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားပါ။ မဖြစ်နိုင်ဘူးဆိုတာတွေကို ငြင်းပယ်ပါ။လူတွေက သင့်အတွေးအခေါ်တွေကို မဖြစ်နိုင်ဘူးပြောတဲ့အခါ သင်စတင်ခဲ့တဲ့ လမ်းကြောင်းက လူတွေရဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းပေးလဲ ဆိုတာ မှတ်ထားပါ။
ကိုယ့်ရဲ့ဦးတည်ချက်ကို ဆက်ထိန်းထားပြီး ရှေ့ကို ဆက်လက်လုပ်ဆောင်နိုင်ဖို့ နည်းလမ်းသစ်တွေ ရှာပါ။သင့်ရဲ့ ထုတ်ကုန်အတွက် လုပ်သားအင်အား လိုအပ်နေတာလည်း ဖြစ်နိုင်ပါတယ်။
မှားယွင်းတဲ့ဈေးကွက်ကို ချဲ့ထွင်မိတာလည်း ဖြစ်နိုင်ပါတယ်။ ထုတ်ပိုးပုံ မမှန်ကန်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေအားလုံးကြောင့် မအောင်မြင်ဘူးလို့ မပြောနိုင်ပါဘူး။ခြေတစ်လှမ်းဆုတ်၊ လိုအပ်နေတဲ့အရာတွေ ဖြည့်စွက်ပြီး ဖြစ်နိုင်တယ်ဆိုတဲ့ အဖြေရအောင် လုပ်ပါ။
(၃) ခြေစုံပစ်ဝင်ပါ
စွန့်ဦးတီထွင်သူတွေ အတွက်တော့ အခြားသူတွေ မလုပ်ဖူးသေးတဲ့ မလုပ်နိုင်လောက်တဲ့ နယ်မြေသစ်တွေမှာ လုပ်ငန်းထူထောင်ဖို့ စိတ်အားထက်သန်လေ့ ရှိပါတယ်။
လူသားသဘာဝ ပြောင်းလဲမှုတွေကို ကြောက်ကြပါတယ်။ ကသိကအောက်ဖြစ်စေတဲ့ အရာတစ်ခုခုနဲ့ ကြုံတွေ့တဲ့အခါ ကာကွယ်ဖို့ fight-or-flight response လို့ခေါ်တဲ့ ပြန်လည်တုံ့ပြန်မှုတွေကို ဦးနှောက်က ပြုလုပ်ပေးပါတယ်။
ဘဝနဲ့ စီးပွားရေးမှာ အောင်မြင်မှု ဆုလာဘ်တွေ ရရှိဖို ့စွန့်စားရဲရပါမယ်။ စွန့်စားမှုကြီးလေလေ၊ ဆုလာဘ်ပိုကြီးလေလေ ပါပဲ။ရေအတိမ်အနက်ကို စမ်းသပ်ရုံ မစမ်းသပ်ပါနဲ့။ ခြေစုံ ခုန်ချကြည့်ပါ။ဒိုင်ဗင်ပြားကနေ ရိုးရိုးတန်းတန်း ခုန်ချရင် ဗိုက်နဲ့အရင်ကျသလိုပါပဲ။
လိုအပ်တဲ့ အထောက်အပံ့ အကူအညီတွေဟာ သင့်ဆီ ရောက်လာနိုင်ပေမယ့် ဦးစွာ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်အပေါ် ဇွဲဇွဲရှိရှိနဲ့လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
Writer & Translator : Su Myat
————————————————————————————————————————–
#POINTYouthPlatform #POINT
စီးပွားရေးသင်တန်းတွေဟာ အောင်မြင်တဲ့ ကုမ္မဏီတစ်ခု ဘယ်လိုလည်ပတ်လဲ ဆိုတာတွေပဲ သင်ကြားပေးနိုင်ပါတယ်။ လက်တွေ့အလုပ်မှာ အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းတွေ ကြုံလာတဲ့အခါ အနိုင်မခံ အရှုံးမပေး စိတ်ရှိဖို့ လိုအပ်ပါတယ်။ ဘယ်စာအုပ်ထဲမှာမှ မတွေ့နိုင်တဲ့ သင့်ရဲ့လုပ်ငန်းတွေကို စီးပွားရေးလောကမှာ ရှင်သန်ရပ်တည်နိုင်အောင် ကူညီပေးနိ်ုင်တဲ့ အချက်တွေကို အောက်မှာလေ့လာနိုင်ပါတယ်။
(၁) ကိုယ့်ရဲ့ဦးတည်ချက်ကဘာလဲဆိုတာရှာဖွေပါ။
စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်တွေမှာ အာရုံထွေပြားမှုတွေ၊ စီးပွားရေး လုပ်ငန်းတစ်ခုအပေါ် အာရုံ အလုံအလောက် မပေးနိုင်မှုတွေ ဖြစ်တတ်ကြပါတယ်။
သူတို့က တီထွင်ဖန်တီးနိုင်စွမ်း ကောင်းတဲ့အတွက် နေရာမရွေး နယ်ပယ်မရွေးမှာ ထူးချွန် ပြောင်မြောက်ချင်တဲ့ စိတ်တွေ ရှိကြပါတယ်။
သူတို့ဟာ အမြော်အမြင်ရှိပေမယ့် သူတို့လိုအပ်နေတဲ့ အချက်ကတော့ အလုပ်တစ်ခုကို ဆုံးခန်းတိုင်အောင် မပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။
အကယ်၍ သင်ဟာ မုန့်တိုက်တစ်ခုကို ဦးစီးမယ်၊ လက်ဝတ်ရတနာဆိုင်လည်း တည်ထောင်မယ်ဆို သင်တကယ်စိတ်ဝင်စားတာ ဘယ်နယ်ပယ်မှာပါလဲ။
ဘယ်နယ်ပယ်မှာ အတွင်းကျကျ နက်နက်နဲနဲ လေ့လာပြီး အကောင်းဆုံးရလဒ်တွေရအောင် ပြုလုပ်မလဲ စဉ်းစားပါ။
သင့်ဘဝတစ်လျှောက်မှာ စီးပွားရေးတစ်ခုထက်ပိုပြီး တည်ထောင်နိုင်ပါတယ်။ ဒါပေမယ့် တစ်ပြိုင်နက်လုပ်ဆောင်မယ်ဆိုရင်တော့ ဘယ်လုပ်ငန်းမှာမှ ပေါက်မြောက်မှာ မဟုတ်ပါဘူး။
(၂) မဖြစ်နိုင်ဘူးဆိုတဲ့အဖြေကိုငြင်းပါ။
ကြီးကြီးမားမား အကြံအစည်တစ်ခုကို စီမံကိန်းချမယ်ဆိုရင် ဝေဖန်မှုတွေကို ခံနိုင်ရည်ရှိဖို့လည်း လိုအပ်ပါတယ်။
လူတွေကတော့ သင့်အတွေးအခေါ်တွေက ဘယ်တော့မှ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ ငြင်းပယ်ကြပါလိမ့်မယ်။
သင့်အတွေးအခေါ်တွေကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားပါ။ မဖြစ်နိုင်ဘူးဆိုတာတွေကို ငြင်းပယ်ပါ။
လူတွေက သင့်အတွေးအခေါ်တွေကို မဖြစ်နိုင်ဘူးပြောတဲ့အခါ သင်စတင်ခဲ့တဲ့ လမ်းကြောင်းက လူတွေရဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းပေးလဲ ဆိုတာ မှတ်ထားပါ။
ကိုယ့်ရဲ့ဦးတည်ချက်ကို ဆက်ထိန်းထားပြီး ရှေ့ကို ဆက်လက်လုပ်ဆောင်နိုင်ဖို့ နည်းလမ်းသစ်တွေ ရှာပါ။
သင့်ရဲ့ ထုတ်ကုန်အတွက် လုပ်သားအင်အား လိုအပ်နေတာလည်း ဖြစ်နိုင်ပါတယ်။
မှားယွင်းတဲ့ဈေးကွက်ကို ချဲ့ထွင်မိတာလည်း ဖြစ်နိုင်ပါတယ်။ ထုတ်ပိုးပုံ မမှန်ကန်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေအားလုံးကြောင့် မအောင်မြင်ဘူးလို့ မပြောနိုင်ပါဘူး။
ခြေတစ်လှမ်းဆုတ်၊ လိုအပ်နေတဲ့အရာတွေ ဖြည့်စွက်ပြီး ဖြစ်နိုင်တယ်ဆိုတဲ့ အဖြေရအောင် လုပ်ပါ။
(၃) ခြေစုံပစ်ဝင်ပါ
စွန့်ဦးတီထွင်သူတွေ အတွက်တော့ အခြားသူတွေ မလုပ်ဖူးသေးတဲ့ မလုပ်နိုင်လောက်တဲ့ နယ်မြေသစ်တွေမှာ လုပ်ငန်းထူထောင်ဖို့ စိတ်အားထက်သန်လေ့ ရှိပါတယ်။
လူသားသဘာဝ ပြောင်းလဲမှုတွေကို ကြောက်ကြပါတယ်။ ကသိကအောက်ဖြစ်စေတဲ့ အရာတစ်ခုခုနဲ့ ကြုံတွေ့တဲ့အခါ ကာကွယ်ဖို့ fight-or-flight response လို့ခေါ်တဲ့ ပြန်လည်တုံ့ပြန်မှုတွေကို ဦးနှောက်က ပြုလုပ်ပေးပါတယ်။
ဘဝနဲ့ စီးပွားရေးမှာ အောင်မြင်မှု ဆုလာဘ်တွေ ရရှိဖို ့စွန့်စားရဲရပါမယ်။ စွန့်စားမှုကြီးလေလေ၊ ဆုလာဘ်ပိုကြီးလေလေ ပါပဲ။
ရေအတိမ်အနက်ကို စမ်းသပ်ရုံ မစမ်းသပ်ပါနဲ့။ ခြေစုံ ခုန်ချကြည့်ပါ။
ဒိုင်ဗင်ပြားကနေ ရိုးရိုးတန်းတန်း ခုန်ချရင် ဗိုက်နဲ့အရင်ကျသလိုပါပဲ။ လိုအပ်တဲ့ အထောက်အပံ့ အကူအညီတွေဟာ သင့်ဆီ ရောက်လာနိုင်ပေမယ့် ဦးစွာ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်အပေါ် ဇွဲဇွဲရှိရှိနဲ့လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
Writer & Translator : Su Myat