အတော်များများအသုံးပြုနေကြတဲ့ Social media ကို အချိန်ကုန် ငွေကုန်သက်သာအောင် အသုံးချနိုင်မယ့်နည်း လမ်းလေးတွေကို လေ့လာလိုက်ရအောင်။
(၁) Social Media တွေကို လူအများစုက မိတ်ဆွေအပေါင်းအသင်းတိုးဖို့ပဲ အသုံးပြုကြပါတယ်။ စီးပွားရေးလုပ်ငန်းရှင် ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းလုပ်မယ်ဆိုရင် ကိုယ့်ရဲ့လုပ်ငန်းအတွက် အကျိုးများအောင် အသုံးပြုလိုက်ပါ။
(၂) လှုမှုဆက်ဆံရေးကျွမ်းကျင်သူတွေက Social Media ဆိုတာ ဆက်သွယ်မှု အခန်းကဏ္ဍတစ်ခုလို့ နားလည်ထားကြပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်တစ်ယောက်လို ဈေးကွက်ကိုဦးဆောင်ချင်ရင် ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုလုံးကို Medai တွေမှာချပြဖို့လိုပါတယ်။
(၃) Social Media ဆိုတာ အများစု သဘောကျတဲ့ နေရာတစ်ခုဖြစ်တာကြောင့် လုပ်ငန်းရည်ရွယ်ချက်အောင်မြင်ဖို့ အကျိုးရှိရှိ အသုံးချသင့်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ အောင်မြင်နေတဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ချို့က သူတို့ရဲ့အောင်မြင်မှုတွေဟာ Social Media နဲ့ မသက်ဆိုင်ဘူးလို့ ခံယူတတ်ကြပါတယ်။ ဒါကလည်း Social Media တွေကို ဘယ်လိုအသုံးပြုရမလဲဆိုတဲ့ ဗဟုသုတ မရှိသေးလို့ပါ။
(၄) Social Media Account တစ်ခုရှိခြင်းက မရေတွက်နိုင်တဲ့ အကျိုးအမြတ်တွေရှိတဲ့အပြင် နောက်ထပ်ကောင်းကျိုးနှစ်ခုလည်းရှိပါတယ်။ ပထမတစ်ခုအနေနဲ့ သင့်ရဲ့စီးပွားရေးကို လူသိများလာပြီး သင့်စီးပွားရေးကို တခြားသူတွေပိုမိုစိတ်ဝင်စားလာစေမှာပါ။
(၅) စီးပွားရေးလုပ်ငန်းနဲ့အတူ ရင်နှီးကျွမ်းဝင်လာတာဟာ ကိုယ့်လုပ်ငန်းရဲ့ Channels နဲ့ Media တွေပေါ်မူတည်ပါတယ်။ ကိုယ့်လုပ်ငန်းကို Social Media မှာ မဖော်ပြရင် ဘယ်သူမှယုံကြည်မှုရှိလာမှာမဟုတ်ပါဘူး
(၆) Social Media ပေါ်က ကိုယ့်ရဲ့ account ဟာ အမြဲ active ဖြစ်အောင်ဖန်တီးထားရင် ကိုယ့်လုပ်ငန်းနဲ့ဖောက်သည်ကြားမှာ အထိအတွေ့အမြဲရှိနေလို့ ယုံကြည်မှုပိုရလာမှာပါ။
(၇) ကျောင်းသူကျောင်းသားတွေဟာလည်း Social Media တွေကို အသုံးပြုပြီး မသိသေးတဲ့ အကြောင်းအရာတွေ ဘာသာစကားတွေ တိုးတက်မှုလမ်းကြောင် ဖြစ်တဲ့ Scholarship လျှောက်ထားမှုတွေနဲ့ အလုပ်လျှောက်တာတွေကို လုပ်နိုင်ပါတယ်။
#Point Cherry
Unicode
အတော်များများအသုံးပြုနေကြတဲ့ Social media ကို အချိန်ကုန် ငွေကုန်သက်သာအောင် အသုံးချနိုင်မယ့်နည်း လမ်းလေးတွေကို လေ့လာလိုက်ရအောင်။
(၁) Social Media တွေကို လူအများစုက မိတ်ဆွေအပေါင်းအသင်းတိုးဖို့ပဲ အသုံးပြုကြပါတယ်။ စီးပွားရေးလုပ်ငန်းရှင် ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းလုပ်မယ်ဆိုရင် ကိုယ့်ရဲ့လုပ်ငန်းအတွက် အကျိုးများအောင် အသုံးပြုလိုက်ပါ။
(၂) လှုမှုဆက်ဆံရေးကျွမ်းကျင်သူတွေက Social Media ဆိုတာ ဆက်သွယ်မှု အခန်းကဏ္ဍဍတစ်ခုလို့ နားလည်ထားကြပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်တစ်ယောက်လို ဈေးကွက်ကိုဦးဆောင်ချင်ရင် ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုလုံးကို Medai တွေမှာချပြဖို့လိုပါတယ်။