#POINTYouthPlatform #POINT
Yaleတက္ကသိုလ်ရဲ့ဘွဲ့ကြိုကျောင်းသားလေးပုံတစ်ပုံလောက်ဟာ Happiness Course ကို တက်ဖို့ စာရင်းပေးသွင်းခဲ့ကြပါတယ်။
စိတ်ပညာပါမောက္ခLaurie Santosနဲ့ Yaleမြို့ရပ်ကွက်ကောလိပ်ဦးစီးသောဆရာတို့ဦးစီးပြီး ပျော်ရွှင်မှုရှာဖွေခြင်းအမည်ရှိ ထိုသင်တန်းကို တစ်ပတ်နှစ်ခါပို့ချပေးခဲ့ပါတယ်။
Dr. Santosက ဒီသင်တန်းကတစ်ဆင့် ကျောင်းသားလေးယောက်မှာတစ်ယောက်က အကျင့်ကောင်း တွေဖြစ်တဲ့ ကျေးဇူးတရားသိတတ်မယ်၊ အချိန်ဆွဲတဲ့အကျင့်တွေဖျောက်မယ်၊ ပေါင်းသင်းဆက်ဆံရေး တိုးတက်အောင်လုပ်မယ်ဆိုရင် ကျွန်တော်တို့ဟာ ပြောင်းလဲမှုတွေကိုမျိုးစေ့ချနေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ဒီသင်တန်းကိုကျောင်းသားတွေစိတ်ဝင်စားတာကတော့သူတို့ဟာ အထက်တန်းကျောင်းတွေမှာ ပျော်ရွှင်မှုကို ဦးစားပေးနိုင်ဖို့ ဝေးခဲ့ကြပြီး ဘွဲ့ကြိုကျောင်းသားတစ်ဝက်လောက်ဟာ ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။
လက်တွေ့ဘဝမှာ ဘယ်လောက်မွန်းကြပ်ပြီး စိတ်ဖိစီးဖို့ ကောင်းတယ်ဆိုတာ ဒီလိုသင်တန်းမျိုး ပေါ်ပေါက်လာခြင်းက သက်သေပြနေပါတယ်လို့သင်တန်းတက်ခါစကျောင်းသားတစ်ဦးကပြောခဲ့ပါတယ်။
လူတစ်ယောက်ရဲ့ စွမ်းဆောင်ရည်နှုန်းနဲ့ အားသာချက်တွေကိုလေ့လာတဲ့ positive psychology ကိုလည်း သင်ယူဖို့ ကျောင်းသားတွေက တောင်းဆိုကြပါတယ်။
Psychologyနဲ့ဥပဒေပညာအစရှိသောသင်တန်းတွေကတော့Yaleတက္ကသိုလ်မှာ အရင်ကတည်းက လူသိအများဆုံးသင်တန်းတွေ ဖြစ်ပါတယ်။
ဒီလိုသင်တန်းတွေပို့ချဖို့ အခက်အခဲတွေရှိပါတယ်။သင်ဖို့အခန်းကအစ သင်ပြဖို့ ဆရာမ၂၄ယောက်ငှားတာ အဆုံး စိန်ခေါ်မှုတွေရှိပါတယ်။
စိတ်ပညာဌာနမှာ လူအင်အားနည်းတဲ့အတွက် Yaleအများပြည်သူဆိုင်ရာ ဆေးကျောင်းတို့၊ ဥပဒေကျောင်းတို့က ဝန်ထမ်းတွေခေါ်ယူရပါတယ်။
စာသင်နှစ်အစမှာ သင်တန်းကိုခုံ ၈၄၄ခုံပါဝင်တဲ့ဝတ်ပြုဆုတောင်းနေရာကို စာသင်ခန်းအနေနဲ့ သင်ကြားပို့ချခန်းနဲ့ Dr.Santos ရဲ့သင်ကြားမှုကို တိုက်ရိုက်ကြည့်ရှုနိုင်တဲ့ ကျောင်းသားရာကျော်ဆန့် ကဇာတ်ရုံဟူ၍ခွဲခြားထားပါတယ်။
ရက်သတ္တပတ်အနည်းငယ်အကြာမှာတော့ စာသင်ခန်းကို သူ့ထက်ပိုကျယ်တဲ့ Woolseyခန်းမကိုရွှေ့ဖို့ မဖြစ်မနေ ဆုံးဖြတ်လိုက်ကြပါတယ်။
သင်တန်းကပို့ချတဲ့ နေထိူင်မှုလမ်းစဉ်တွေကို လက်တွေ့ဘဝမှာ ပျော်ရွှင်အောင် ဘယ်လိုအသုံးချမလဲဆိုတာ ရည်ရွယ်ပြီး positive psychology ကိုဦးစားပေးသင်ကြားမယ်လို့Dr Santos ကပြောပါတယ်။
သင်တန်းမှာ ကျောင်းသားတွေဟာ ‘hack yo’self’ လို့ခေါ်တဲ့ မိမိကိုယ်ကို ဘာတွေလိုအပ်လဲသိမြင်အောင် ကြိုးစားမယ်ဆိုတဲ့ projectတွေ၊ quizzတွေ နှစ်ဝက်စာမေးပွဲတွေနဲ့ ကျောင်းသားတစ်ယောက်ချင်းစီ တိုးတက်အောင် သင်ကြားပေးတယ်လို့ Dr Santosကဆိုပါတယ်။
Writer & Translator : Su Myat
*** Unicode ***
#POINTYouthPlatform #POINT
Yaleတက္ကသိုလ်ရဲ့ဘွဲ့ကြိုကျောင်းသားလေးပုံတစ်ပုံလောက်ဟာ Happiness Course ကို တက်ဖို့ စာရင်းပေးသွင်းခဲ့ကြပါတယ်။
စိတ်ပညာပါမောက္ခLaurie Santosနဲ့ Yaleမြို့ရပ်ကွက်ကောလိပ်ဦးစီးသောဆရာတို့ဦးစီးပြီး ပျော်ရှွင်မှုရှာဖွေခြင်းအမည်ရှိ ထိုသင်တန်းကို တစ်ပတ်နှစ်ခါပို့ချပေးခဲ့ပါတယ်။
Dr. Santosက ဒီသင်တန်းကတစ်ဆင့် ကျောင်းသားလေးယောက်မှာတစ်ယောက်က အကျင့်ကောင်း တွေဖြစ်တဲ့ ကျေးဇူးတရားသိတတ်မယ်၊ အချိန်ဆွဲတဲ့အကျင့်တွေဖျောက်မယ်၊ ပေါင်းသင်းဆက်ဆံရေး တိုးတက်အောင်လုပ်မယ်ဆိုရင် ကျွန်တော်တို့ဟာ ပြောင်းလဲမှုတွေကိုမျိုးစေ့ချနေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ဒီသင်တန်းကိုကျောင်းသားတွေစိတ်ဝင်စားတာကတော့သူတို့ဟာ အထက်တန်းကျောင်းတွေမှာ ပျော်ရှွင်မှုကို ဦးစားပေးနိုင်ဖို့ ဝေးခဲ့ကြပြီး ဘွဲ့ကြိုကျောင်းသားတစ်ဝက်လောက်ဟာ ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။လက်တွေ့ဘဝမှာ ဘယ်လောက်မွန်းကြပ်ပြီး စိတ်ဖိစီးဖို့ ကောင်းတယ်ဆိုတာ ဒီလိုသင်တန်းမျိုး ပေါ်ပေါက်လာခြင်းက သက်သေပြနေပါတယ်လို့သင်တန်းတက်ခါစကျောင်းသားတစ်ဦးကပြောခဲ့ပါတယ်။
လူတစ်ယောက်ရဲ့ စွမ်းဆောင်ရည်နှုန်းနဲ့ အားသာချက်တွေကိုလေ့လာတဲ့ positive psychology ကိုလည်း သင်ယူဖို့ ကျောင်းသားတွေက တောင်းဆိုကြပါတယ်။
Psychologyနဲ့ဥပဒေပညာအစရှိသောသင်တန်းတွေကတော့Yaleတက္ကသိုလ်မှာ အရင်ကတည်းက လူသိအများဆုံးသင်တန်းတွေ ဖြစ်ပါတယ်။
ဒီလိုသင်တန်းတွေပို့ချဖို့ အခက်အခဲတွေရှိပါတယ်။သင်ဖို့အခန်းကအစ သင်ပြဖို့ ဆရာမ၂၄ယောက်ငှားတာ အဆုံး စိန်ခေါ်မှုတွေရှိပါတယ်။စိတ်ပညာဌာနမှာ လူအင်အားနည်းတဲ့အတွက် Yaleအများပြည်သူဆိုင်ရာ ဆေးကျောင်းတို့၊ ဥပဒေကျောင်းတို့က ဝန်ထမ်းတွေခေါ်ယူရပါတယ်။
စာသင်နှစ်အစမှာ သင်တန်းကိုခုံ ၈၄၄ခုံပါဝင်တဲ့ဝတ်ပြုဆုတောင်းနေရာကို စာသင်ခန်းအနေနဲ့ သင်ကြားပို့ချခန်းနဲ့ Dr.Santos ရဲ့သင်ကြားမှုကို တိုက်ရိုက်ကြည့်ရှုနိုင်တဲ့ ကျောင်းသားရာကျော်ဆန့် ကဇာတ်ရုံဟူ၍ခွဲခြားထားပါတယ်။ရက်သတ္တပတ်အနည်းငယ်အကြာမှာတော့ စာသင်ခန်းကို သူ့ထက်ပိုကျယ်တဲ့ Woolseyခန်းမကိုရွှေ့ဖို့ မဖြစ်မနေ ဆုံးဖြတ်လိုက်ကြပါတယ်။
သင်တန်းကပို့ချတဲ့ နေထိူင်မှုလမ်းစဉ်တွေကို လက်တွေ့ဘဝမှာ ပျော်ရှွင်အောင် ဘယ်လိုအသုံးချမလဲဆိုတာ ရည်ရွယ်ပြီး positive psychology ကိုဦးစားပေးသင်ကြားမယ်လို့Dr Santos ကပြောပါတယ်။