
*** Unicode ***
#Point #PointYouthPlatform
အစားကိုသတိနဲ့စားသုံးဖို့ သတိပေးချက်တွေ ယနေ့ခေတ်မှာ အမြောက်အများ တွေ့ရှိနေပါတယ်။
အစာကိုဖြည်းဖြည်းစားမယ်၊ ကျန်းမာရေးအတွက် ရည်ရွယ်ချက်နဲ့ စားမယ်၊ အစာစားရင်း တီဗီလည်း မကြည့်ဘူးဆိုရင် သင့်ခန္ဓာကိုယ် အလေးချိန်အတွက် ပိုကောင်းနိုင်ပါတယ်။
BMJ ဆေးစာစောင်မှ လေ့လာချက်အရ အစားအမြန်စားသူတွေထက် ဖြည်းဖြည်းစားသူတွေဟာ ဝိတ်ကျနိုင်ချေပိုရှိတယ်လို့ ဆိုပါတယ်။
နှစ်ပေါင်းများစွာ သူတို့ရဲ့နှေးကွေးစွာ စားသောက်နှုန်းက ဝိတ်ကျသွားစေအောင် ကူညီဟန်တူပါတယ်။
၆နှစ်တာအတွင်း ဆီးချိုရောဂါသည် ၆ဝဝဝရဲ့ အချက်အလက်တွေကို လေ့လာတဲ့အခါ သူတို့ရဲ့ နေထိုင်ပုံ၊ ဘယ်လောက်မြန်မြန်စားလဲ၊ အရက်သောက်သုံးလား ဆိုတာတွေနဲ့ အိပ်ချိန်တွေကို လေ့လာစမ်းစစ်ခဲ့ပါတယ်။
ညမအိပ်ခင်၂နာရီအတွင်း ညစာစားလား ဆိုတာရယ်၊ ညစားစားပြီး သရေစာစားလား၊ မနက်စာ စားဖြစ်လားစတဲ့ မေးခွန်းတွေလည်း မေးမြန်းခဲ့ပါတယ်။
အဝလွန်ခြင်းကတော့ စားသောက်ပုံစနစ်တွေနဲ့လည်း သက်ဆိုင်ပါတယ်။ အစာစားတဲ့နှုန်းဟာလည်း အသင့်အတင့် သက်ရောက်မှု ရှိပါတယ်။
ပုံမှန်စားသောက်နှုန်းနဲ့ စားသူတွေဟာ အမြန်စားသူတွေထက် ၂၉% ပိုပြီး အဝလွန်ခြင်းကို ရှောင်ရှားနို်င်ပါတယ်။
ဖြည်းဖြည်းစားသူတွေကတော့ အဝလွန်ရောဂါ ၄၂% ဖြစ်နိုင်ချေလျော့ကျပါတယ်။
အစားအမြန်စားသူဟာ အလေးချိန်ပိုတက်တယ်ဆိုတဲ့ ရလဒ်ဟာ အခြားလေ့လာချက်တွေနဲ့လည်း ကိုက်ညီမှုရှိပါတယ်။
စားသုံးလိုက်တဲ့ ပမာဏပေါ်သာ မမူတည်ပဲ ဝအီစိတ်ကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းနဲ့လည်း သက်ဆိုင်ပါတယ်။ရေခဲမုန့်ကို ဖြည်းဖြည်းစားဖို့ ပြောတဲ့အခါ အူအတွင်းမှ ဟော်မုန်းတွေကြောင့် ဖြည်းဖြည်းစားသုံးသူတွေဟာ မြန်မြန်စားသူတွေထက် ပိုဗိုက်ပြည့်အင်ကြကြောင်း လေ့လာချက်တစ်ခုက ဆိုပါတယ်။
အစာစားချိန်ချိန်ကိုက်ထားခြင်းဟာ နောက်ထပ် လေ့လာဆန်းစစ်မှုတစ်ခု ဖြစ်ပါတယ်။
အစာစားချိန်ဟာလည်း စားတဲ့အစာနီးပါး အရေးကြီးပါတယ်။ညဉ်နက်ချိန်မှာ အစာစားတဲ့သူနဲ့ မအိပ်ခင် နာရီပေါင်းများစွာ မစားပဲနေသူတို့ဟာ ဇီဝကမ္မရောဂါတွေနဲ့ အဝလွန်ရောဂါဖြစ်နိုင်ချေ ပိုများတယ်လို့ သိရှိရပါတယ်။
မနက်စာစားခြင်းနဲ့ ပက်သက်ပြီးတော့လည်း မနက်စာမစားခြင်းဟာ အလေးချိန်များခြင်းနဲ့ အဝလွန်ခြင်း စတဲ့ဇီဝကမ္မရောဂါတွေကို ဖြစ်စေနိုင်တယ်ဆိုတဲ့ အချက်နဲ့ အငြင်းပွားဖွယ်မေးခွန်းတွေကို ဖြေရှင်းခဲ့ပါတယ်။
စာရေးသူကတော့ မနက်စာစားခြင်းဟာ အဝလွန်ခြင်းကို လျော့ချနိုင်ကြောင်း ဆိုပါတယ်။ ဒါကြောင့် မနက်စာအနည်းငယ်လောက်ပဲဖြစ်ဖြစ် စားခြင်းက ကိုယ်ခန္ဓာအလေးချိန်အတွက် ကောင်းစေတယ်ပါတယ်။
လေ့လာတွေ့ရှိချက်အရ အစားကို သတိနဲ့စားမယ်၊ ဖြည်းဖြည်းစားမယ်၊ စောစောစားခြင်းတွေ လျော့ချမယ်၊ မနက်စာစားမယ် အစရှိတဲ့ အလေ့အကျင့်တွေဟာ ကိုယ်ခန္ဓာအလေးချိန်အတွက် ကောင်းစေသလို ရေရျည်မှာ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်ပါတယ်။
စားတဲ့အစာဟာ ကျိန်းသေပေါက် အရေးကြီးသလို စားသုံးတဲ့ အစားအစာနဲ့ စားသောက်ပုံစနစ်တွေဟာလည်း ညီတူညီမျှ အရေးကြီးပါတယ်။
Writer & Translator : Su Myat
——————————————————————————————————————————
#Point #PointYouthPlatform
အစားကိုသတိနဲ့စားသုံးဖို့ သတိပေးချက်တွေ ယနေ့ခေတ်မှာ အမြောက်အများ တွေ့ရှိနေပါတယ်။
အစာကိုဖြည်းဖြည်းစားမယ်၊ ကျန်းမာရေးအတွက် ရည်ရွယ်ချက်နဲ့ စားမယ်၊ အစာစားရင်း တီဗီလည်း မကြည့်ဘူးဆိုရင် သင့်ခန္ဓာကိုယ် အလေးချိန်အတွက် ပိုကောင်းနိုင်ပါတယ်။
BMJ ဆေးစာစောင်မှ လေ့လာချက်အရ အစားအမြန်စားသူတွေထက် ဖြည်းဖြည်းစားသူတွေဟာ ဝိတ်ကျနိုင်ချေပိုရှိတယ်လို့ ဆိုပါတယ်။
နှစ်ပေါင်းများစွာ သူတို့ရဲ့နှေးကွေးစွာ စားသောက်နှုန်းက ဝိတ်ကျသွားစေအောင် ကူညီဟန်တူပါတယ်။
၆နှစ်တာအတွင်း ဆီးချိုရောဂါသည် ၆၀ဝ၀ရဲ့ အချက်အလက်တွေကို လေ့လာတဲ့အခါ သူတို့ရဲ့ နေထိုင်ပုံ၊ ဘယ်လောက်မြန်မြန်စားလဲ၊ အရက်သောက်သုံးလား ဆိုတာတွေနဲ့ အိပ်ချိန်တွေကို လေ့လာစမ်းစစ်ခဲ့ပါတယ်။
ညမအိပ်ခင်၂နာရီအတွင်း ညစာစားလား ဆိုတာရယ်၊ ညစားစားပြီး သရေစာစားလား၊ မနက်စာ စားဖြစ်လားစတဲ့ မေးခွန်းတွေလည်း မေးမြန်းခဲ့ပါတယ်။
အဝလွန်ခြင်းကတော့ စားသောက်ပုံစနစ်တွေနဲ့လည်း သက်ဆိုင်ပါတယ်။ အစာစားတဲ့နှုန်းဟာလည်း အသင့်အတင့် သက်ရောက်မှု ရှိပါတယ်။
ပုံမှန်စားသောက်နှုန်းနဲ့ စားသူတွေဟာ အမြန်စားသူတွေထက် ၂၉% ပိုပြီး အဝလွန်ခြင်းကို ရှောင်ရှားနိ်ုင်ပါတယ်။
ဖြည်းဖြည်းစားသူတွေကတော့ အဝလွန်ရောဂါ ၄၂% ဖြစ်နိုင်ချေလျော့ကျပါတယ်။
အစားအမြန်စားသူဟာ အလေးချိန်ပိုတက်တယ်ဆိုတဲ့ ရလဒ်ဟာ အခြားလေ့လာချက်တွေနဲ့လည်း ကိုက်ညီမှုရှိပါတယ်။ စားသုံးလိုက်တဲ့ ပမာဏပေါ်သာ မမူတည်ပဲ ဝအီစိတ်ကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းနဲ့လည်း သက်ဆိုင်ပါတယ်။
ရေခဲမုန့်ကို ဖြည်းဖြည်းစားဖို့ ပြောတဲ့အခါ အူအတွင်းမှ ဟော်မုန်းတွေကြောင့် ဖြည်းဖြည်းစားသုံးသူတွေဟာ မြန်မြန်စားသူတွေထက် ပိုဗိုက်ပြည့်အင်ကြကြောင်း လေ့လာချက်တစ်ခုက ဆိုပါတယ်။
အစာစားချိန်ချိန်ကိုက်ထားခြင်းဟာ နောက်ထပ် လေ့လာဆန်းစစ်မှုတစ်ခု ဖြစ်ပါတယ်။ အစာစားချိန်ဟာလည်း စားတဲ့အစာနီးပါး အရေးကြီးပါတယ်။
ညဉ့်နက်ချိန်မှာ အစာစားတဲ့သူနဲ့ မအိပ်ခင် နာရီပေါင်းများစွာ မစားပဲနေသူတို့ဟာ ဇီဝကမ္မရောဂါတွေနဲ့ အဝလွန်ရောဂါဖြစ်နိုင်ချေ ပိုများတယ်လို့ သိရှိရပါတယ်။
မနက်စာစားခြင်းနဲ့ ပက်သက်ပြီးတော့လည်း မနက်စာမစားခြင်းဟာ အလေးချိန်များခြင်းနဲ့ အဝလွန်ခြင်း စတဲ့ဇီဝကမ္မရောဂါတွေကို ဖြစ်စေနိုင်တယ်ဆိုတဲ့ အချက်နဲ့ အငြင်းပွားဖွယ်မေးခွန်းတွေကို ဖြေရှင်းခဲ့ပါတယ်။
စာရေးသူကတော့ မနက်စာစားခြင်းဟာ အဝလွန်ခြင်းကို လျော့ချနိုင်ကြောင်း ဆိုပါတယ်။ ဒါကြောင့် မနက်စာအနည်းငယ်လောက်ပဲဖြစ်ဖြစ် စားခြင်းက ကိုယ်ခန္ဓာအလေးချိန်အတွက် ကောင်းစေတယ်ပါတယ်။
လေ့လာတွေ့ရှိချက်အရ အစားကို သတိနဲ့စားမယ်၊ ဖြည်းဖြည်းစားမယ်၊ စောစောစားခြင်းတွေ လျော့ချမယ်၊ မနက်စာစားမယ် အစရှိတဲ့ အလေ့အကျင့်တွေဟာ ကိုယ်ခန္ဓာအလေးချိန်အတွက် ကောင်းစေသလို ရေရျည်မှာ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်ပါတယ်။ စားတဲ့အစာဟာ ကျိန်းသေပေါက် အရေးကြီးသလို စားသုံးတဲ့ အစားအစာနဲ့ စားသောက်ပုံစနစ်တွေဟာလည်း ညီတူညီမျှ အရေးကြီးပါတယ်။
Writer & Translator : Su Myat