
*** Unicode ***
#POINT #POINTYouthPlatform
အရောင်တွေက လုပ်ငန်းတွေအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို သိကြရဲ့လား။ ရလဒ်ကောင်းတွေထွက်ပေါ်လာအောင် ဘယ်လိုအသုံးပြုကြမှာလဲ။ လုပ်ငန်းပန်းတိုင်ကို ပိုတိုးတက်လာစေဖို့ ဖောက်သည်တွေနဲ့ အလုပ်သမားတွေရဲ့တုန့်ပြန်မှုတွေ တိုးတက်ကောင်းမွန်လာစေဖို့ ကုမ္ပဏီတွေမှာ အရောင်တွေကို အသုံးပြုလာခဲ့တာ နှစ်ပေါင်းများစွာကြာနေကြပါပြီ။မင်းလုပ်ငန်းအတွက် အကောင်းဆုံးအရောင်က ဘာအရောင်လဲဆိုတာကို ဆုံးဖြတ်ပြီးပြီလား။
အနီရောင်
အနီရောင်က ကျွန်တော်တို့ရဲ့အာရုံကို ဆွဲဆောင်နေပါတယ်။ ဒါကြောင့်ပဲ ကမ္ဘာတစ်ဝှမ်းမှာ အချက်ပြတွေ မီးပွိုင့်တွေမှာ ဒါကိုပဲအသုံးပြုနေကြတာပါ။ နှလုံးခုန်နှုန်းမြင့်တက်စေပြီး သွေးပေါင်လဲတိုးစေပါတယ်။
ဒါ့အပြင် အစားစားချင်စိတ်လဲ တိုးလာစေပါတယ်။အားသုံးပြီးတော့ လုပ်ရတဲ့အလုပ်တွေမှာ အနီရောင်က အသင့်တော်ဆုံးပါပဲ။ ဝက်ဆိုဒ်တွေမှာ ဖုန်းခေါ်ရန် ဆိုတဲ့စာလုံးတွေနေရာတွေမှာ စာလုံးကိုထင်းနေအောင် ရေးသားချင်တယ်ဆိုရင် အနီရောင်ကိုအသုံးပြုလိုက်ပါ။ သတိထားစေချင်တဲ့အချက်အလက်တွေမှာလဲ အနီရောင်မျဉ်းသားပေးတာက ပိုကောင်းမွန်ပါတယ်။
အစားအသောက်လုပ်ငန်းလုပ်ကိုင်မယ်ဆိုရင် အနီရောင်က စားသုံးသူတွေကို စားသောက်ချင်စိတ်တိုးပွားလာအောင်လုပ်ဆောင်ပေးနိုင်တဲ့အတွက် အသင့်တော်ဆုံးပါပဲ။
အပြာရောင်
အပြာရောင်က စိတ်ကြည်လင်စေပြီး အာရုံစူးစိုက်မှုအားကောင်းစေပါတယ်။ အလုပ်ကိုတည်တည်ငြိမ်ငြိမ်နဲ့လုပ်ဆောင်ပေးနိုင်တာကိုလဲ တွေ့ရနိုင်ပါတယ်။
အပြာရောင်အခန်းတွေက ကျောင်းသားတွေကို စာလေ့လာနိုင်စွမ်းပိုတိုးမြင့်ပေးပြီး အစားစားချင်စိတ်ကိုတော့လျော့ကျစေပါတယ်။အပြာရောင်ကယုံကြည်အားထားမှုကိုလဲ ဖြစ်ပေါ်စေနိုင်တဲ့အရောင်ဖြစ်ပါတယ်။အာရုံစူးစိုက်အားကောင်းကောင်းနဲ့အလုပ်လုပ်နိုင်ဖို့ ရုံးခန်းကိုအပြာရောင်ခြယ်ထားပါ။
အစားအသောက်ရောင်းချမှုလုပ်တဲ့အခါမှာတော့ အပြာရောင်ကိုမရွေးချယ်သင့်ပါဘူး။ အဝစားဘူးဖေးလိုမျိုးဆိုရင်တော့ စားသောက်ချင်စိတ်ကိုလျော့ချပေးတဲ့အတွက် သင့်တော်ပါတယ်။
အဝါရောင်
အဝါရောင်ကအကောင်းမြင်စိတ်တွေ ယုံကြည်မှုတွေ ပျော်စရာတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။အဝါရောင်အခန်းထဲမှာ စာမေးပွဲဖြေဆိုတဲ့ကျောင်းသားတွေက ၁၅ရာခိုင်နှုန်းလောက် ပိုကောင်းကောင်းဖြေဆိုနိုင်တာကိုတွေ့ရပါတယ်။
အဝါရောင်ကတီထွင်ဖန်တီးမှုတွေ ကောင်းလာစေတဲ့အတွက်ကြောင့် ဒီဇိုင်းရေးဆွဲသူတွေအတွက် အထူးသင့်တော်ပါတယ်။ ထုတ်ကုန်တွေအတွက်ဆိုရင်လဲ ဝယ်ယူသူတွေနွေးထွေးမှုကိုခံစားလာရစေပြီး ပျော်ရွှင်မှုကိုယူဆောင်ပေးနိုင်ပါတယ်။
အစိမ်းရောင်
အစိမ်းရောင်က အနောက်နိုင်ငံတွေမှာ ငွေကြေးဆိုတဲ့အဓိပ္ပာယ်ပါပဲ။ စိတ်လှုပ်ရှားမှုတွေကိုယူဆောင်ပေးနိုင်တဲ့အတွက်ကြောင့် ပစ္စည်းကိုတံဆိပ်ခတ်တဲ့အချိန်မှာ အစိမ်းရောင်ကိုအသုံးပြုခြင်းက အသင့်တော်ဆုံးဖြစ်ပါတယ်။
Writer & Translator : Su Mon
——————————————————————————————————————————
#POINT #POINTYouthPlatform
အရောင်တွေက လုပ်ငန်းတွေအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို သိကြရဲ့လား။ ရလဒ်ကောင်းတွေထွက်ပေါ်လာအောင် ဘယ်လိုအသုံးပြုကြမှာလဲ။ လုပ်ငန်းပန်းတိုင်ကို ပိုတိုးတက်လာစေဖို့ ဖောက်သည်တွေနဲ့ အလုပ်သမားတွေရဲ့တုန့်ပြန်မှုတွေ တိုးတက်ကောင်းမွန်လာစေဖို့ ကုမ္ပဏီတွေမှာ အရောင်တွေကို အသုံးပြုလာခဲ့တာ နှစ်ပေါင်းများစွာကြာနေကြပါပြီ။
မင်းလုပ်ငန်းအတွက် အကောင်းဆုံးအရောင်က ဘာအရောင်လဲဆိုတာကို ဆုံးဖြတ်ပြီးပြီလား။
အနီရောင်
အနီရောင်က ကျွန်တော်တို့ရဲ့အာရုံကို ဆွဲဆောင်နေပါတယ်။ ဒါကြောင့်ပဲ ကမ္ဘာတစ်ဝှမ်းမှာ အချက်ပြတွေ မီးပွိုင့်တွေမှာ ဒါကိုပဲအသုံးပြုနေကြတာပါ။ နှလုံးခုန်နှုန်းမြင့်တက်စေပြီး သွေးပေါင်လဲတိုးစေပါတယ်။ ဒါ့အပြင် အစားစားချင်စိတ်လဲ တိုးလာစေပါတယ်။
အားသုံးပြီးတော့ လုပ်ရတဲ့အလုပ်တွေမှာ အနီရောင်က အသင့်တော်ဆုံးပါပဲ။ ဝက်ဆိုဒ်တွေမှာ ဖုန်းခေါ်ရန် ဆိုတဲ့စာလုံးတွေနေရာတွေမှာ စာလုံးကိုထင်းနေအောင် ရေးသားချင်တယ်ဆိုရင် အနီရောင်ကိုအသုံးပြုလိုက်ပါ။ သတိထားစေချင်တဲ့အချက်အလက်တွေမှာလဲ အနီရောင်မျဉ်းသားပေးတာက ပိုကောင်းမွန်ပါတယ်။ အစားအသောက်လုပ်ငန်းလုပ်ကိုင်မယ်ဆိုရင် အနီရောင်က စားသုံးသူတွေကို စားသောက်ချင်စိတ်တိုးပွားလာအောင်လုပ်ဆောင်ပေးနိုင်တဲ့အတွက် အသင့်တော်ဆုံးပါပဲ။
အပြာရောင်
အပြာရောင်က စိတ်ကြည်လင်စေပြီး အာရုံစူးစိုက်မှုအားကောင်းစေပါတယ်။ အလုပ်ကိုတည်တည်ငြိမ်ငြိမ်နဲ့လုပ်ဆောင်ပေးနိုင်တာကိုလဲ တွေ့ရနိုင်ပါတယ်။ အပြာရောင်အခန်းတွေက ကျောင်းသားတွေကို စာလေ့လာနိုင်စွမ်းပိုတိုးမြင့်ပေးပြီး အစားစားချင်စိတ်ကိုတော့လျော့ကျစေပါတယ်။အပြာရောင်ကယုံကြည်အားထားမှုကိုလဲ ဖြစ်ပေါ်စေနိုင်တဲ့အရောင်ဖြစ်ပါတယ်။
အာရုံစူးစိုက်အားကောင်းကောင်းနဲ့အလုပ်လုပ်နိုင်ဖို့ ရုံးခန်းကိုအပြာရောင်ခြယ်ထားပါ။ အစားအသောက်ရောင်းချမှုလုပ်တဲ့အခါမှာတော့ အပြာရောင်ကိုမရွေးချယ်သင့်ပါဘူး။ အဝစားဘူးဖေးလိုမျိုးဆိုရင်တော့ စားသောက်ချင်စိတ်ကိုလျော့ချပေးတဲ့အတွက် သင့်တော်ပါတယ်။
အဝါရောင်
အဝါရောင်ကအကောင်းမြင်စိတ်တွေ ယုံကြည်မှုတွေ ပျော်စရာတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အဝါရောင်အခန်းထဲမှာ စာမေးပွဲဖြေဆိုတဲ့ကျောင်းသားတွေက ၁၅ရာခိုင်နှုန်းလောက် ပိုကောင်းကောင်းဖြေဆိုနိုင်တာကိုတွေ့ရပါတယ်။
အဝါရောင်ကတီထွင်ဖန်တီးမှုတွေ ကောင်းလာစေတဲ့အတွက်ကြောင့် ဒီဇိုင်းရေးဆွဲသူတွေအတွက် အထူးသင့်တော်ပါတယ်။ ထုတ်ကုန်တွေအတွက်ဆိုရင်လဲ ဝယ်ယူသူတွေနွေးထွေးမှုကိုခံစားလာရစေပြီး ပျော်ရွှင်မှုကိုယူဆောင်ပေးနိုင်ပါတယ်။
အစိမ်းရောင်
အစိမ်းရောင်က အနောက်နိုင်ငံတွေမှာ ငွေကြေးဆိုတဲ့အဓိပ္ပာယ်ပါပဲ။ စိတ်လှုပ်ရှားမှုတွေကိုယူဆောင်ပေးနိုင်တဲ့အတွက်ကြောင့် ပစ္စည်းကိုတံဆိပ်ခတ်တဲ့အချိန်မှာ အစိမ်းရောင်ကိုအသုံးပြုခြင်းက အသင့်တော်ဆုံးဖြစ်ပါတယ်။
Writer & Translator : Su Mon