*** Unicode ***
#POINT #PointYouthPlatform
လူတစ်ယောက်ကိုစတွေ့ရင် အဝတ်အစားကိုကြည့်ပြီးအကဲဖြတ်တတ်ကြတယ်။ ဒါကြောင့် ကျော့ကျော့မောမော့ဝတ်ဆင်သင့်တယ်လို့ CoCo Chanelက အကြံပြုထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး Bright sight ရဲ့အမြင်တင့်တယ်စေမယ့်ဝတ်စားဆင်ယင်နည်း၁၄မျိုးကို လေ့လာကြည့်ရအောင်။
၁။ အပေါ်ထပ်အကျီဝတ်မယ်ဆိုရင် အလယ်ကြယ်သီးတပ်ဖို့တော့ မမေ့ပါနဲ့။
၂။ ရှပ်အကျီပဲဝတ်ဝတ်၊ ဘလောက်စ်အကျီပဲဝတ်ဝတ် ကြယ်သီးနှစ်လုံးထက်ပိုမဖြုတ်သင့်ပါဘူး။
၃။ လက်ဝတ်ရတနာတွေ အများကြီးဝတ်တိုင်းလည်းမကောင်းပါဘူး။ ဝတ်ရင်လည်းတစ်ခုနဲ့တစ်ခုလိုက်ဖက်မှုရှိပါစေ။
၄။ နက်ခ်တိုင်စီးရင်လည်းခါးနားလောက်ဆိုရင် လုံလောက်ပါပြီ။ ရှည်ရင်လည်းနည်းနည်းပဲရှည်ပါ။
၅။ အမြင်ရိုင်းစေတဲ့ စကပ်အတိုနဲ့ရင်ဟိုက်အကျီကိုတွဲမဝတ်သင့်ပါဘူး။
၆။ ရှပ်အကျီပဲဝတ်ရင် နက်ခ်တိုင်စီးစရာမလိုပါဘူး။
၇။ ညှပ်ရိုးကနေ၄လက်မထက်ပိုဟိုက်တဲ့ရုံးတက်ရှပ်အကျီကိုတော့မဝတ်ဆင်သင့်ပါဘူး။
၈။ ဘောင်းဘီထဲအကျီထည့်ဝတ်မယ်ဆိုရင် ခါးပတ် ပတ်သင့်ပါတယ်။
၉။ ခါးမပေါ်အောင် အောက်ခံအကျီဝတ်သင့်ပါတယ်။
၁၀။ ခါးပတ်နဲ့ရူးဖိနပ် အရောင်တူသင့်ပါတယ်။
၁၁။ ထင်သာမြင်သာရှိတဲ့တံဆိပ်တွေကို ဖြုတ်ပြီးဝတ်သင့်ပါတယ်။
၁၂။ ကြောင်ကြောင်ကြားကြားအဝတ်စားတွေ မဝတ်ပါနဲ့။ ဝတ်ရင်လည်း အရောင်တူအဆင်ကွဲဖြစ်ဖြစ်၊ အကွက်တူဆိုဒ်ကွဲဝတ်စုံဖြစ်ဖြစ် ဝတ်သင့်ပါ တယ်။
၁၃။ ထိုင်ရင် ခြေသလုံးသားမပေါ်အောင်ခြေအိတ်ရှည်ဝတ်သင့်ပါတယ်။
၁၄။ ရုံးတက်ဝတ်စုံကိုလက်ပြတ်အကျီဝတ်ဆင်နိုင်ပေမဲ့ ပခုံးသာတော့မပေါ်ပါစေနဲ့။ ကြိုးတစ်ချောင်းအကျီတွေဝတ်ဆင်တာက လုပ်ငန်းခွင်နဲ့ မသင့်တော်ပါဘူး။
Translator : Su Myat
—————————————————————————————————————————-
#POINT #PointYouthPlatform
လူတစ်ယောက်ကိုစတွေ့ရင် အဝတ်အစားကိုကြည့်ပြီးအကဲဖြတ်တတ်ကြတယ်။ ဒါကြောင့် ကျော့ကျော့မောမော့ဝတ်ဆင်သင့်တယ်လို့ CoCo Chanelက အကြံပြုထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး Bright sight ရဲ့အမြင်တင့်တယ်စေမယ့်ဝတ်စားဆင်ယင်နည်း၁၄မျိုးကို လေ့လာကြည့်ရအောင်။