
*** Unicode ***
#POINT #PointYouthPlatform
Scenario Planning ဆိုတာ နောင်တစ်ချိန် သင့်စီးပွားရေးရဲ ့မသေချာမှုတွေကို တိတိကျကျသိရှိအောင်လုပ်ပြီး အဲ့ဖြစ်လာနိုင်ခြေတစ်ခုစီရဲ ့အကျိုးသက်ရောက်မှုနှင့် ဖြေရှင်းနည်းတွေကိုတွက်ဆနိုင်တဲ့ မှန်ကန်သော ခန့်မှန်းမှုကို ဆောင်ရွက်ခြင်း ဖြစ်စဉ်ပါ။နောင်တစ်ချိန်ဘာဖြစ်လာမလည်းဆိုတာကို သင်သတိထားမိတယ်ဆိုရင် အဲ့ဒါတကယ်ဖြစ်လာတယ်ဆို သင်ကောင်းမွန်စွာ ဖြေရှင်းနိုင်မှာပါပဲ။
ခန့်မှန်းမှုပြုလုပ်တဲ့နေရာမှာ စဉ်းစားစရာနယ်ပယ်ကတော့ အများအပြားရှိနေပေမဲ့လည်း တကယ့်တကယ် ကိစ္စအတွက် နယ်ပယ် (၄) ခုလောက်ကို အာရုံစိုက်မယ်ဆိုရင်တောင် လုံလောက်ပါတယ်။
ကောင်းမွန်သော ကိုယ်ပိုင် Scenario Planning တစ်ခုကို ချမှတ်နိုင်ဖို့အတွက် အခု အဲ့နယ်ပယ် (၄) ခုကို အတူတူလေ့လာကြည့်ရအောင်။
၁။ လက်ရှိအခြေအနေကို ဘာတွေက မောင်းနှင်နေတာလည်းဆိုတာ ခွဲခြမ်းကြည့်ခြင်း (Identify our driving forces)
ပထမဦးဆုံးအနေနှင့်တော့ နောင်အနာဂါတ်ရဲ ့နိုင်ငံရေး၊လူမှုရေး၊ နည်းပညာနှင့် စီးပွားရေးတို့မှာ ဘယ်အရာက ကြီးကြီးမားမားပြောင်းလဲသွားနိုင်တယ်ဆိုတာနှင့် သင့်ရဲ ့လုပ်ငန်းကို ဘယ်လိုမျိုးအကျိုးသက်ရောက်စေနိုင်သလည်းဆိုတာကို လေ့လောကြည့်ပါ။
၂။ အရေးကြီးသော နယ်ပယ်တွေကို ခွဲခြားခြင်း (Identify our critical uncertainties)
နောင်မှာ ပြောင်းလဲသွားနိုင်တဲ့အရာတွေကို လေ့လာပြီးပြီဆိုရင် သင့်စီးပွားရေးကို ပြောင်းလဲသွားနိုင်တဲ့ အရေးကြီးဆုံး နယ်ပယ် ၂ ခုကို ရွေးချယ်ကြည့်လိုက်ပါ.။ဥပမာပြောရရင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း စီးပွားရေးအတွက် အရေးကြီးဆုံးအရာ (၂) ခုဆို အစားအစားဈေးနှုန်းနှင့် ဝယ်ယူလိုသူတွေရဲ ့အရေအတွက်ဖြစ်မှာပါပဲ။
၃။ မှန်ကန်နိုင်သော ကြိုတင်ခန့်မှန်းမှုတွေဖြစ်အောင် ဆောင်ရွက်ခြင်း (Develop a range of plausible scenarios)
အခုအဆင့်မှာတော့ သင့်စီးပွားရေးကို အဆုံးအဖြတ်ပေးနိုင်တဲ့ အရာနှစ်ခုအပေါ်မူတည်ပြီး ခန့်မှန်းမှုတွက်ချက်ခြင်းဖြစ်စဉ်ဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ အဆုံးအဖြတ်ပေးနိုင်တဲ့ အရေးကြီးဆုံး (၂) ခုကို X ဝန်ရိုးနဲ ့Y ဝန်ရိုးပေါ်မှာထားပြီး တွက်ချက်ခြင်းကိုဆိုလိုတာပါ။ ဥပမာပေးခဲ့တဲ့ စိုက်မျိုးမွေးမြူရေးလုပ်ငန်းအရဆိုရင် အစားအစာ ဈေးနှုန်းနှင့် ဝယ်ယူလိုသူ အရေအတွက်အပေါ်အခြေခံပြီး တွက်ချက်တဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ကြိုတင်ခန့်မှန်းမှု (Scenarios) တွေကတော့
• အစားအစာဈေးလည်း မြင့်မယ် ၊ ဝယ်ယူသူ အရေအတွက်လည်းများမယ်ပေါ့
• အစားအစာဈေးက မြင့်ပြီး ဝယ်ယူသူအရေအတွက် နည်းမယ်
• အစားအစာဈေးက နိမ့်ပြီး ဝယ်ယူသူအရေအတွက်များမယ်
• အစားအစာဈေးက နိမ့်သလို ဝယ်ယူသူအရေအတွက်လည်း နည်းမယ်စသည့် ဖြစ်နိုင်ချေ (၄) ခုကို ရရှိပါတယ်။
၄။ နောက်ဆက်တွဲဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားခြင်း (Discuss the Implication)
နောက်ဆုံးအဆင့်မှာတော့ ဖြစ်နိုင်တဲ့အခြေအနေတစ်ခုခြင်းစီကနေ သူတို့ရဲ ့အမျိုးမျိုးသော အကျိုးသက်ရောက်မှုနှင့် နောက်ဆက်တွဲရလာဒ်တွေကို စဉ်းစားကာ မိမိစီးပွားရေး၏ နည်းဗျူဟာ အခြေအနေကို သုံးသပ်စဉ်းစားခြင်းပဲဖြစ်ပါတယ်။ ဖြစ်နိုင်ချေတစ်ခုခြင်းစီတိုင်းအတွက် ကိုယ့်ရဲ ့ရည်မှန်းချက် လုပ်ဆောင်မှုတွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။
နိဂုံးအနေနဲ့ပြောရရင် ကြိုတင်အစီအစဉ်ချမှတ်ခြင်း (Scenario Planning) ဆိုတာက သင့်ရဲ ့အစီအစဉ်တွေကို ပိုပြီးကောင်းမွန်အောင်လုပ်ပေးနိုင်ရုံသာမက နောင်ပိုင်းဖြစ်ပေါ်လာနိုင်တဲ့ အလားအလာတွေအတွက် ပြင်ဆင်ပေးနိုင်သည့်အပြင် အခက်အခဲနှင့် စိန်ခေါ်မှုတွေ ကြုံတွေ ့လာရင်လည်း သင့်စီးပွားရေးကို အရှုံးနည်းနိုင်သမျှဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်တွေကို ချမှတ်နိုင်လာစေမှာပါ။ကြိုတင်ပြင်ဆင်ခြင်းနှင့် မှန်ကန်သော ခန့်မှန်းမှုတွေအတွက် Scenario Planning က သင့်ကို ဆောင်ရွက်လာစေနိုင်မှာပါပဲ။
—————————————————————————————————————————
#POINT #PointYouthPlatform
Scenario Planning ဆိုတာ နောင်တစ်ချိန် သင့်စီးပွားရေးရဲ ့မသေချာမှုတွေကို တိတိကျကျသိရှိအောင်လုပ်ပြီး အဲ့ဖြစ်လာနိုင်ခြေတစ်ခုစီရဲ ့အကျိုးသက်ရောက်မှုနှင့် ဖြေရှင်းနည်းတွေကိုတွက်ဆနိုင်တဲ့ မှန်ကန်သော ခန့်မှန်းမှုကို ဆောင်ရွက်ခြင်း ဖြစ်စဉ်ပါ။
နောင်တစ်ချိန်ဘာဖြစ်လာမလည်းဆိုတာကို သင်သတိထားမိတယ်ဆိုရင် အဲ့ဒါတကယ်ဖြစ်လာတယ်ဆို သင်ကောင်းမွန်စွာ ဖြေရှင်းနိုင်မှာပါပဲ။
ခန့်မှန်းမှုပြုလုပ်တဲ့နေရာမှာ စဉ်းစားစရာနယ်ပယ်ကတော့ အများအပြားရှိနေပေမဲ့လည်း တကယ့်တကယ် ကိစ္စအတွက် နယ်ပယ် (၄) ခုလောက်ကို အာရုံစိုက်မယ်ဆိုရင်တောင် လုံလောက်ပါတယ်။
ကောင်းမွန်သော ကိုယ်ပိုင် Scenario Planning တစ်ခုကို ချမှတ်နိုင်ဖို့အတွက် အခု အဲ့နယ်ပယ် (၄) ခုကို အတူတူလေ့လာကြည့်ရအောင်။
၁။ လက်ရှိအခြေအနေကို ဘာတွေက မောင်းနှင်နေတာလည်းဆိုတာ ခွဲခြမ်းကြည့်ခြင်း (Identify our driving forces)
ပထမဦးဆုံးအနေနှင့်တော့ နောင်အနာဂါတ်ရဲ ့နိုင်ငံရေး၊လူမှုရေး၊ နည်းပညာနှင့် စီးပွားရေးတို့မှာ ဘယ်အရာက ကြီးကြီးမားမားပြောင်းလဲသွားနိုင်တယ်ဆိုတာနှင့် သင့်ရဲ ့လုပ်ငန်းကို ဘယ်လိုမျိုးအကျိုးသက်ရောက်စေနိုင်သလည်းဆိုတာကို လေ့လောကြည့်ပါ။
၂။ အရေးကြီးသော နယ်ပယ်တွေကို ခွဲခြားခြင်း (Identify our critical uncertainties)
နောင်မှာ ပြောင်းလဲသွားနိုင်တဲ့အရာတွေကို လေ့လာပြီးပြီဆိုရင် သင့်စီးပွားရေးကို ပြောင်းလဲသွားနိုင်တဲ့ အရေးကြီးဆုံး နယ်ပယ် ၂ ခုကို ရွေးချယ်ကြည့်လိုက်ပါ.။
ဥပမာပြောရရင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း စီးပွားရေးအတွက် အရေးကြီးဆုံးအရာ (၂) ခုဆို အစားအစားဈေးနှုန်းနှင့် ဝယ်ယူလိုသူတွေရဲ ့အရေအတွက်ဖြစ်မှာပါပဲ။
၃။ မှန်ကန်နိုင်သော ကြိုတင်ခန့်မှန်းမှုတွေဖြစ်အောင် ဆောင်ရွက်ခြင်း (Develop a range of plausible scenarios)
အခုအဆင့်မှာတော့ သင့်စီးပွားရေးကို အဆုံးအဖြတ်ပေးနိုင်တဲ့ အရာနှစ်ခုအပေါ်မူတည်ပြီး ခန့်မှန်းမှုတွက်ချက်ခြင်းဖြစ်စဉ်ဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ အဆုံးအဖြတ်ပေးနိုင်တဲ့ အရေးကြီးဆုံး (၂) ခုကို X ဝန်ရိုးနဲ ့Y ဝန်ရိုးပေါ်မှာထားပြီး တွက်ချက်ခြင်းကိုဆိုလိုတာပါ။ ဥပမာပေးခဲ့တဲ့ စိုက်မျိုးမွေးမြူရေးလုပ်ငန်းအရဆိုရင် အစားအစာ ဈေးနှုန်းနှင့် ဝယ်ယူလိုသူ အရေအတွက်အပေါ်အခြေခံပြီး တွက်ချက်တဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ကြိုတင်ခန့်မှန်းမှု (Scenarios) တွေကတော့
• အစားအစာဈေးလည်း မြင့်မယ် ၊ ဝယ်ယူသူ အရေအတွက်လည်းများမယ်ပေါ့
• အစားအစာဈေးက မြင့်ပြီး ဝယ်ယူသူအရေအတွက် နည်းမယ်
• အစားအစာဈေးက နိမ့်ပြီး ဝယ်ယူသူအရေအတွက်များမယ်
• အစားအစာဈေးက နိမ့်သလို ဝယ်ယူသူအရေအတွက်လည်း နည်းမယ်
စသည့် ဖြစ်နိုင်ချေ (၄) ခုကို ရရှိပါတယ်။
၄။ နောက်ဆက်တွဲဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားခြင်း (Discuss the Implication)
နောက်ဆုံးအဆင့်မှာတော့ ဖြစ်နိုင်တဲ့အခြေအနေတစ်ခုခြင်းစီကနေ သူတို့ရဲ ့အမျိုးမျိုးသော အကျိုးသက်ရောက်မှုနှင့် နောက်ဆက်တွဲရလာဒ်တွေကို စဉ်းစားကာ မိမိစီးပွားရေး၏ နည်းဗျူဟာ အခြေအနေကို သုံးသပ်စဉ်းစားခြင်းပဲဖြစ်ပါတယ်။ ဖြစ်နိုင်ချေတစ်ခုခြင်းစီတိုင်းအတွက် ကိုယ့်ရဲ ့ရည်မှန်းချက် လုပ်ဆောင်မှုတွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။
နိဂုံးအနေနဲ့ပြောရရင် ကြိုတင်အစီအစဉ်ချမှတ်ခြင်း (Scenario Planning) ဆိုတာက သင့်ရဲ ့အစီအစဉ်တွေကို ပိုပြီးကောင်းမွန်အောင်လုပ်ပေးနိုင်ရုံသာမက နောင်ပိုင်းဖြစ်ပေါ်လာနိုင်တဲ့ အလားအလာတွေအတွက် ပြင်ဆင်ပေးနိုင်သည့်အပြင် အခက်အခဲနှင့် စိန်ခေါ်မှုတွေ ကြုံတွေ ့လာရင်လည်း သင့်စီးပွားရေးကို အရှုံးနည်းနိုင်သမျှဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်တွေကို ချမှတ်နိုင်လာစေမှာပါ။
ကြိုတင်ပြင်ဆင်ခြင်းနှင့် မှန်ကန်သော ခန့်မှန်းမှုတွေအတွက် Scenario Planning က သင့်ကို ဆောင်ရွက်လာစေနိုင်မှာပါပဲ။