
*** Unicode ***
#POINT #PointYouthPlatform
ကျွန်တော်တို့က တာဝန်အများအပြားယူတာက ပိုပြီး လုပ်ဆောင်နိုင်မယ်လို့ ထင်တတ်ကြပါတယ်။ဒါပေမယ့် ကျွန်တော်တို့ မသိတာက လူသားတွေရဲ့ ဦးနှောက်က တစ်ခါတည်းမှာ တစ်ခုထက်ပိုပြီး အာရုံမစိုက်နိုင်တာပါပဲ။ Web pageတွေ၊ အီးမေးလ်၊ မက်ဆေ့ချ်တွေနဲ့ လှွဲပြောင်းလုပ်နေပေမဲ့၊ ဘာတစ်ခုမှ မပြီးဘူးဆိုတာကို အံ့သြနေပါလိမ့်မယ်။
တစ်ခုတည်းကိုပဲ စ လုပ်ရမယ့် အချိန်ပါပဲ။အလုပ်တစ်ခုတည်းလုပ်တယ်ဆိုတာ ကိုယ်ပြီးမြောက်ရမယ့်အလုပ်ပေါ်မှာပဲ အာရုံစိုက်တာဖြစ်ပါတယ်။ ကိုယ့်ရဲ့တာဝန်တွေ အများကြီးယူလုပ်ချင်တဲ့အကျင့်ကို ဖျောက်ရပါမယ်။ ကျွန်တော်တို့က အချိတ်အဆက်များတဲ့ လောကကြီးမှာ နေတဲ့အတွက် အလုပ်တိုင်းကို ပြီးမြောက်အောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
အလုပ်တစ်ခုထဲကိုပဲ စိတ်နှစ်ပြီးလုပ်ဆောင်တာက တကယ်အရေးကြီးတဲ့အလုပ်တွေကို ပြီးမြောက်စေနိုင်ပါတယ်။တစ်နေ့ကို နှစ်နာရီကနေ လေးနာရီအထိ တစ်ခုခုကို အာရုံစိုက်နေချိန်မှာအာရုံ မပြောင်းမိအောင် လုပ်ဆောင်ပါ။ ဒီစွမ်းရည် တိုးတက်ဖို့ အချိန်ခဏပဲ ကြာပါတယ်။ သင့်ရဲ့ လုပ်ငန်းပေါ်မှာ သက်ရောက်နေတဲ့ အံ့သြဖို့ ကောင်းလှတဲ့ အခက်အခဲတွေကို ထိုးဖောက်စေဖို့ ကိုယ့်ဦးနှောက် နှစ်ခြမ်းလုံးကို တစ်ဖြည်းဖြည်း ချိတ်ဆက်မိစေနိုင်ပါတယ်။
Translator : Hsu Mi San
—————————————————————————————————————————–
#POINT #PointYouthPlatform
ကျွန်တော်တို့က တာဝန်အများအပြားယူတာက ပိုပြီး လုပ်ဆောင်နိုင်မယ်လို့ ထင်တတ်ကြပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ မသိတာက လူသားတွေရဲ့ ဦးနှောက်က တစ်ခါတည်းမှာ တစ်ခုထက်ပိုပြီး အာရုံမစိုက်နိုင်တာပါပဲ။ Web pageတွေ၊ အီးမေးလ်၊ မက်ဆေ့ချ်တွေနဲ့ လွှဲပြောင်းလုပ်နေပေမဲ့၊ ဘာတစ်ခုမှ မပြီးဘူးဆိုတာကို အံ့သြနေပါလိမ့်မယ်။ တစ်ခုတည်းကိုပဲ စ လုပ်ရမယ့် အချိန်ပါပဲ။
အလုပ်တစ်ခုတည်းလုပ်တယ်ဆိုတာ ကိုယ်ပြီးမြောက်ရမယ့်အလုပ်ပေါ်မှာပဲ အာရုံစိုက်တာဖြစ်ပါတယ်။ ကိုယ့်ရဲ့တာဝန်တွေ အများကြီးယူလုပ်ချင်တဲ့အကျင့်ကို ဖျောက်ရပါမယ်။ ကျွန်တော်တို့က အချိတ်အဆက်များတဲ့ လောကကြီးမှာ နေတဲ့အတွက် အလုပ်တိုင်းကို ပြီးမြောက်အောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အလုပ်တစ်ခုထဲကိုပဲ စိတ်နှစ်ပြီးလုပ်ဆောင်တာက တကယ်အရေးကြီးတဲ့အလုပ်တွေကို ပြီးမြောက်စေနိုင်ပါတယ်။
တစ်နေ့ကို နှစ်နာရီကနေ လေးနာရီအထိ တစ်ခုခုကို အာရုံစိုက်နေချိန်မှာ
အာရုံ မပြောင်းမိအောင် လုပ်ဆောင်ပါ။ ဒီစွမ်းရည် တိုးတက်ဖို့ အချိန်ခဏပဲ ကြာပါတယ်။ သင့်ရဲ့ လုပ်ငန်းပေါ်မှာ သက်ရောက်နေတဲ့ အံ့သြဖို့ ကောင်းလှတဲ့ အခက်အခဲတွေကို ထိုးဖောက်စေဖို့ ကိုယ့်ဦးနှောက် နှစ်ခြမ်းလုံးကို တစ်ဖြည်းဖြည်း ချိတ်ဆက်မိစေနိုင်ပါတယ်။
Translator : Hsu Mi San