
#POINTYouthMagazine #POINT
လုပ်ငန်းခွင်က ပညာရှင်အတော်များများဟာ ကိုယ့်အသက်မွေးမှု လမ်းကြောင်း ချောချောမွေ့မွေ့ဖြစ်အောင် စီမံခန့်ခွဲနိုင်ဖို့ ကိုယ့်ရဲ့မန်နေဂျာတွေကို မျှော်လင့်တကြီး အားကိုးမိကြပါတယ်။ တကယ်တော့ ဒါတွေဟာ ကိုယ့်အရေးဖြစ်လို့ ကိုယ်တိုင် စီမံရမယ့်အရာတွေပါ။ ဒါကြောင့် အခုဖော်ပြတဲ့ နည်းလမ်း (၇) ခုနဲ့ စီမံခန့်ခွဲကြည့်လိုက်ပါ။
…
၁။ တိကျပြတ်သားတဲ့ ရည်မှန်းချက်တွေ ပြင်ဆင်ထားပါ
လိုချင်တာရအောင်ယူဖို့ ကိ်ုယ်တိုင်ဘာလိုချင်လဲဆိုတာကို သိဖို့က အဓိကကျတဲ့ အချက်ပါ။ ကိ်ုယ့်အသက်မွေးဝမ်းကျောင်းကနေ ဘာကိုလိုချင်လိုဆိုတာကို အသေအချာသိမှသာ ဒီအချက်ကို ကိ်ုယ့်ရဲ့မန်နေဂျာ ဒါမှမဟုတ် လမ်းညွှန်သူတွေ သိအောင် ပွင့်ပွင့်လင်းလင်း တိုင်ပင်ထားပါ။ ဒီရည်မှန်း ချက်တွေက နှစ်စဉ်ပုံမှန် လုပ်ငန်းစွမ်းဆောင်ရည်အကဲဖြတ်မှုမှာ ကိုယ့်လုပ်ရည်ကိုင်ရည် ဘယ်လောက်တိုး တက်မှုရှိတယ်ဆိုတာကို ချိန်ထိုးကြည့်နိုင်တဲ့ နည်းလမ်းကောင်းတွေပါ။
…
၂။ အကြံပြုချက်တွေအတွက် စိတ်ထားပြည့်ပါစေ
ပွင့်လင်းတဲ့ အကြံပြုချက်တွေကို နားထောင်ပါ။ ဒီလိုုလုပ်ရတာ မလွယ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အမြဲတမ်း အကောင်းတွေချည်း မကြားရလို့ပါ။ ဒါပေမဲ့လည်း အကြံပြုချက်တိုင်းကို နားထောင်နိုင်စွမ်းရှိ တာက လိုက်လျောညီထွေအောင် ပြုပြင်နိုင်ပြီး ကိ်ုယ့်အလုပ်ကိုလည်း ချိန်ညှိနိုင်ပါတယ်။ ကောင်းတာ၊ ဆိုးတာနဲ့ မနစ်မြို့စရာ အကြံပြုချက်တိုင်းကို လက်ခံနိုင်စွမ်းရှိမှလည်း အလုပ်နဲ့ ရည်မှန်းချက်တွေကို ကိုက်ညီအောင် လုပ်နိုင်မှာပါ။
…
၃။ ကိုယ်ရဲ့ အပြီးသတ်လုပ်ဆောင်ချက်တွေကို မတူတဲ့ရှုထောင့်ကနေ သုံးသပ်ရှုမြင်ပါ
NEAR ဆိုတဲ့ Numbers (ကိန်းဂဏန်းတွေ)၊ Examples (နမူနာတွေ)၊ Achievements (အောင်မြင်မှုတွေ)၊ Results (ရလာဒ်တွေ)နဲ့ ဆန်းစစ်ပါ။ လုပ်ဆောင်ချက်တိုင်းအတွက် အားလုံးမှာ တာဝန်ကိုယ်စီ ရှိကြပါတယ်။ ဒါပေမယ့် တာဝန်ယူမှုအပိုင်းကို ပြောဆိုကြသူတွေဟာ ကိန်းဂဏန်းတွေ၊ အောင်မြင်မှုတွေနဲ့ ရလာဒ်တွေအရ ပြောတတ်ကြပြီး ဒါတွေကို အထောက်အပံ့ဖြစ်မယ့် ဥပမာတွေနဲ့ပါ ထောက်ပြကြပါတယ်။ ဒီနှစ်မှာ ကိုယ်ဘယ်လောက်အထိ လုပ်ဆောင်ခဲ့တယ်ဆိုတာကို အဲ့ဒါတွေနဲ့ တိုင်းတာကြည့်ပါ။
၄။ ကိုယ့်ရဲ့ စံပြုလောက်တဲ့လုပ်ရပ်တွေကို ပြန်လည်ဆန်းစစ်ပေးပါ
အပေါ်ကလေးချက်ရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ စီမံကိန်းကောင်းတစ်ခု သုံးလအတွင်း တစ်ကြိမ် လောက် လုပ်ကောင်းလုပ်နိုင်ခဲ့တယ်ဆိုရင် ဒါဟာ ကိုယ့်ကြောင့်ရတဲ့ ကုမ္ပဏီရဲ့အောင်မြင်မှုလို့ ဂုဏ်ယူဝံ့ကြွား ရတဲ့အချက် ဖြစ်ပါတယ်။ ဒါဆိုရင် ဒီလုပ်ဆောင်ချက်ကို ကိုယ့်ကွန်ပြူတာထဲမှာ မှတ်မှတ်ရရ သိမ်းထားပြီး ပျောက်ပျက်မသွားအောင် ဆန်းစစ်ကြည့်ရှုပေးပါ။
…
၅။ လုပ်ငန်းကိစ္စတွေမှာ ပြောဆိုဆွေးနွေးပေးပါ
ကိုယ့်လုပ်ငန်းနဲ့သက်ဆိုင်တဲ့ သတင်း၊ website နဲ့ blog တွေကို ဝင်ဖတ်ပြီး အကောင်းဆုံးဆောင်းပါးတွေ တွေ့ရင် ကိုယ့်အမြင်နဲ့ယှဉ်ပြီး လုပ်ဖော်ကိုင်ဘက်တွေသိအောင် ပြောပြဆွေးနွေးပေးပါ။ ဒီလိုပြော တဲ့နေရာမှာ လုပ်ငန်းနဲ့သက်ဆိုင်တဲ့အမြင် ကိုယ့်အလုပ်အကိုင်အသိုင်း အဝိုင်းအတွက် အရေးပါတဲ့ အချက်လို့ အားလုံးက လက်ခံလာနိုင်ပါစေ။ ကောင်းတဲ့ အကြံဉာဏ်တွေ့ရင်လည်း စေ့စပ်သေချာတဲ့ ထင်မြင်ချက်ပေး ပြီး ကိုယ့်လုပ်ငန်းလောကထဲက အရေးပါသူတွေနဲ့ ဆက်သွယ်ဆွေးနွေးပေးပါ။
…
၆။ အခွင့်အရေးကို အရယူပါ
စီမံကိန်းအသစ်တစ်ခု ရှိလာလို့ ကိ်ုယ့်ရဲ့မျှော်မှန်းချက်တွေနဲ့ ကိုက်ညီရင် ဒီအခွင့်အရေးကို အရယူပါ။ ပြီးရင် ဒီအလုပ်ကနေ ကျွမ်းကျင်မှုအသစ်တွေ သင်ယူလိုကြောင်းနဲ့ ပိုကောင်းတဲ့ အတွေ့အကြုံသစ်တွေ ရနိုင်ကြောင်းကိုလည်း ကိုယ့်ရဲ့မန်နေဂျာ ဒါမှမဟုတ်လည်း လူသားအရင်းအမြစ်ဌာနကလူတွေ သိပါစေ။
…
၇။ ကိုယ့်အသက်မွေးဝမ်းကျောင်းမှာ ရေရှည်ရပ်တည်နိုင်အောင် အချိန်ယူ ထိန်းသိမ်းပါ
လုပ်စရာအလုပ်တွေနဲ့ မအားလပ်တဲ့ကြားက လုပ်ငန်းခွင်ကသူတွေနဲ့ စကားစမြည်ပြောတာ၊ လူသစ် တွေနဲ့တွေ့ဆုံတာတွေဟာ အပိုအလုပ် ဖြစ်ကောင်းဖြစ်ပေမယ့်လည်း ကိုယ့်အသက်မွေးဝမ်းကျောင်း အလုပ်အတွက်တော့ အကျိုးရှိပါတယ်။
Writer & Translator : Thiha Aung
*** Unicode ***
#POINTYouthMagazine #POINT
လုပ်ငန်းခွင်က ပညာရှင်အတော်များများဟာ ကိုယ့်အသက်မွေးမှု လမ်းကြောင်း ချောချောမွေ့မွေ့ဖြစ်အောင် စီမံခန့်ခွဲနိုင်ဖို့ ကိုယ့်ရဲ့မန်နေဂျာတွေကို မျှော်လင့်တကြီး အားကိုးမိကြပါတယ်။ တကယ်တော့ ဒါတွေဟာ ကိုယ့်အရေးဖြစ်လို့ ကိုယ်တိုင် စီမံရမယ့်အရာတွေပါ။ ဒါကြောင့် အခုဖော်ပြတဲ့ နည်းလမ်း (၇) ခုနဲ့ စီမံခန့်ခွဲကြည့်လိုက်ပါ။…
၁။ တိကျပြတ်သားတဲ့ ရည်မှန်းချက်တွေ ပြင်ဆင်ထားပါ
လိုချင်တာရအောင်ယူဖို့ ကို်ယ်တိုင်ဘာလိုချင်လဲဆိုတာကို သိဖို့က အဓိကကျတဲ့ အချက်ပါ။ ကို်ယ့်အသက်မွေးဝမ်းကျောင်းကနေ ဘာကိုလိုချင်လိုဆိုတာကို အသေအချာသိမှသာ ဒီအချက်ကို ကို်ယ့်ရဲ့မန်နေဂျာ ဒါမှမဟုတ် လမ်းညှွန်သူတွေ သိအောင် ပွင့်ပွင့်လင်းလင်း တိုင်ပင်ထားပါ။ ဒီရည်မှန်း ချက်တွေက နှစ်စဉ်ပုံမှန် လုပ်ငန်းစွမ်းဆောင်ရည်အကဲဖြတ်မှုမှာ ကိုယ့်လုပ်ရည်ကိုင်ရည် ဘယ်လောက်တိုး တက်မှုရှိတယ်ဆိုတာကို ချိန်ထိုးကြည့်နိုင်တဲ့ နည်းလမ်းကောင်းတွေပါ။…
၂။ အကြံပြုချက်တွေအတွက် စိတ်ထားပြည့်ပါစေ
ပွင့်လင်းတဲ့ အကြံပြုချက်တွေကို နားထောင်ပါ။ ဒီလိုလုပ်ရတာ မလွယ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အမြဲတမ်း အကောင်းတွေချည်း မကြားရလို့ပါ။ ဒါပေမဲ့လည်း အကြံပြုချက်တိုင်းကို နားထောင်နိုင်စွမ်းရှိ တာက လိုက်လျောညီထွေအောင် ပြုပြင်နိုင်ပြီး ကို်ယ့်အလုပ်ကိုလည်း ချိန်ညှိနိုင်ပါတယ်။ ကောင်းတာ၊ ဆိုးတာနဲ့ မနစ်မြို့စရာ အကြံပြုချက်တိုင်းကို လက်ခံနိုင်စွမ်းရှိမှလည်း အလုပ်နဲ့ ရည်မှန်းချက်တွေကို ကိုက်ညီအောင် လုပ်နိုင်မှာပါ။…
၃။ ကိုယ်ရဲ့ အပြီးသတ်လုပ်ဆောင်ချက်တွေကို မတူတဲ့ရှုထောင့်ကနေ သုံးသပ်ရှုမြင်ပါ
NEAR ဆိုတဲ့ Numbers (ကိန်းဂဏန်းတွေ)၊ Examples (နမူနာတွေ)၊ Achievements (အောင်မြင်မှုတွေ)၊ Results (ရလာဒ်တွေ)နဲ့ ဆန်းစစ်ပါ။ လုပ်ဆောင်ချက်တိုင်းအတွက် အားလုံးမှာ တာဝန်ကိုယ်စီ ရှိကြပါတယ်။ ဒါပေမယ့် တာဝန်ယူမှုအပိုင်းကို ပြောဆိုကြသူတွေဟာ ကိန်းဂဏန်းတွေ၊ အောင်မြင်မှုတွေနဲ့ ရလာဒ်တွေအရ ပြောတတ်ကြပြီး ဒါတွေကို အထောက်အပံ့ဖြစ်မယ့် ဥပမာတွေနဲ့ပါ ထောက်ပြကြပါတယ်။ ဒီနှစ်မှာ ကိုယ်ဘယ်လောက်အထိ လုပ်ဆောင်ခဲ့တယ်ဆိုတာကို အဲ့ဒါတွေနဲ့ တိုင်းတာကြည့်ပါ။
၄။ ကိုယ့်ရဲ့ စံပြုလောက်တဲ့လုပ်ရပ်တွေကို ပြန်လည်ဆန်းစစ်ပေးပါ
အပေါ်ကလေးချက်ရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ စီမံကိန်းကောင်းတစ်ခု သုံးလအတွင်း တစ်ကြိမ် လောက် လုပ်ကောင်းလုပ်နိုင်ခဲ့တယ်ဆိုရင် ဒါဟာ ကိုယ့်ကြောင့်ရတဲ့ ကုမ္ပဏီရဲ့အောင်မြင်မှုလို့ ဂုဏ်ယူဝံ့ကြွား ရတဲ့အချက် ဖြစ်ပါတယ်။ ဒါဆိုရင် ဒီလုပ်ဆောင်ချက်ကို ကိုယ့်ကွန်ပြူတာထဲမှာ မှတ်မှတ်ရရ သိမ်းထားပြီး ပျောက်ပျက်မသွားအောင် ဆန်းစစ်ကြည့်ရှုပေးပါ။…
၅။ လုပ်ငန်းကိစ္စတွေမှာ ပြောဆိုဆွေးနွေးပေးပါ
ကိုယ့်လုပ်ငန်းနဲ့သက်ဆိုင်တဲ့ သတင်း၊ website နဲ့ blog တွေကို ဝင်ဖတ်ပြီး အကောင်းဆုံးဆောင်းပါးတွေ တွေ့ရင် ကိုယ့်အမြင်နဲ့ယှဉ်ပြီး လုပ်ဖော်ကိုင်ဘက်တွေသိအောင် ပြောပြဆွေးနွေးပေးပါ။ ဒီလိုပြော တဲ့နေရာမှာ လုပ်ငန်းနဲ့သက်ဆိုင်တဲ့အမြင် ကိုယ့်အလုပ်အကိုင်အသိုင်း အဝိုင်းအတွက် အရေးပါတဲ့ အချက်လို့ အားလုံးက လက်ခံလာနိုင်ပါစေ။
ကောင်းတဲ့ အကြံဉာဏ်တွေ့ရင်လည်း စေ့စပ်သေချာတဲ့ ထင်မြင်ချက်ပေး ပြီး ကိုယ့်လုပ်ငန်းလောကထဲက အရေးပါသူတွေနဲ့ ဆက်သွယ်ဆွေးနွေးပေးပါ။…
၆။ အခွင့်အရေးကို အရယူပါ
စီမံကိန်းအသစ်တစ်ခု ရှိလာလို့ ကို်ယ့်ရဲ့မျှော်မှန်းချက်တွေနဲ့ ကိုက်ညီရင် ဒီအခွင့်အရေးကို အရယူပါ။ ပြီးရင် ဒီအလုပ်ကနေ ကျွမ်းကျင်မှုအသစ်တွေ သင်ယူလိုကြောင်းနဲ့ ပိုကောင်းတဲ့ အတွေ့အကြုံသစ်တွေ ရနိုင်ကြောင်းကိုလည်း ကိုယ့်ရဲ့မန်နေဂျာ ဒါမှမဟုတ်လည်း လူသားအရင်းအမြစ်ဌာနကလူတွေ သိပါစေ။…
၇။ ကိုယ့်အသက်မွေးဝမ်းကျောင်းမှာ ရေရှည်ရပ်တည်နိုင်အောင် အချိန်ယူ ထိန်းသိမ်းပါ
လုပ်စရာအလုပ်တွေနဲ့ မအားလပ်တဲ့ကြားက လုပ်ငန်းခွင်ကသူတွေနဲ့ စကားစမြည်ပြောတာ၊ လူသစ် တွေနဲ့တွေ့ဆုံတာတွေဟာ အပိုအလုပ် ဖြစ်ကောင်းဖြစ်ပေမယ့်လည်း ကိုယ့်အသက်မွေးဝမ်းကျောင်း အလုပ်အတွက်တော့ အကျိုးရှိပါတယ်။
Writer & Translator : Thiha Aung