လူငယ်တွေအနေနဲ့ဖတ်သင့်တဲ့စာအုပ် (၃) အုပ်

ဘဝက စာအုပ်ဆိုရင် ကိုယ်ကစာဖတ်သူပါ။ စာအုပ်တစ်အုပ်ဖတ်ရတာက လူတွေရဲ့ ဘဝတွေကို ဖတ်ရသလိုပါပဲ။

ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်း၊စွန့်လွှတ်အနစ်နာခံခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း အစရှိတဲ့ တကယ့်လက်တွေ့ လူတွေရဲ့ ဘဝမျိုးစုံကို သိမြင်လိုက်နိုင်ပါတယ်။

ဒီတစ်ခါမှာ ပြည့်က လူငယ်တွေ ဖတ်သင့်ဖတ်ထိုက်တဲ့ စာအုပ်လေးတွေကို ရေးသားဖော်ပြလိုက်ပါတယ်။

ပထမဆုံး အနေနဲ့ What I wish I knew when I was 20 ဆိုတဲ့စာအုပ်လေးကို ဖတ်ရှုဖို့ ညွှန်းချင်ပါတယ်။ ဒီစာအုပ်ထဲမှာဆို စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ဆောင်ပုဒ်များစွာကနေ  အလုပ်ကို ခက်ခက်ခဲခဲကြိုးစားပြီး ကိုယ်ပိုင်ထုတ်ကုန်တစ်ခု ဘယ်လိုထုတ်လုပ်ရမလဲဆိုတာပြောပြခဲ့တယ်။စာအုပ်ထဲကနေ ပထမဆုံးရမယ့် သင်ခန်းစာကတော့ မင်းလုပ်ငန်းတစ်ခု လုပ်ဆောင်ဖို့အတွက် ပိုက်ဆံများစွာမလိုဘူး ဆိုတာကို ပြောပြထားပါတယ်။ ခေတ်ပေါ် စီးပွားရေးလုပ်ငန်းများအတွက် အသုံးဝင်မယ့်  နည်းဗျူဟာတွေ ဖော်ပြထားပါတယ်။စာအုပ်ထဲက အကြိုက်ဆုံးဆောင်ပုဒ်ကတော့ “ကြီးမားတဲ့အောင်မြင်မှုတွေ ရစေဖို့ အခွင့်အလမ်းတွေကို မလွဲချော်စေပါနဲ့” ဆိုတဲ့ ဆောင်ပုဒ်ပဲဖြစ်တယ်။ ဒီဆောင်ပုဒ်ကနေ ကျွန်တော်တို့ ဘဝကို ခွန်အားတွေ ပေးပါတယ်။ စီးပွားရေးကို စိတ်ဝင်စားတဲ့လူငယ်တွေအတွက် လက်မလွှတ်သင့်တဲ့စာအုပ်လေးပဲဖြစ်ပါတယ်။

နောက်တစ်အုပ်ကတော့ Educated ဆိုတဲ့ စာအုပ်ပဲဖြစ်တယ်။ ထိုစာအုပ်ဟာ အတ္ထုပ္ပတိ စာအုပ် အမျိုးအစား ဖြစ်ပြီး Bill Gates တင်မက Barack Obama ပါ မဖြစ်မနေ ဖတ်သင်တယ်လို့ ပညာရှင်တွေက ညွှန်းဆိုကြပါ တယ်။ တောတောင်၊ကျေးလက်ဒေသမှာ မွေးဖွားသူက အိမ်ကထွက်ပြေးပြီး (၁၇) နှစ် အရွယ်ရောက်မှ စာသင်ဖူးတဲ့ သူမအနေနဲ့  အခက်အခဲတွေရင်ဆိုင်ခဲ့ရပုံတွေနဲ့ နောက်ဆုံး ထိပ်တန်းတက္ကသိုလ်ကြီး ဖြစ်တဲ့ University of Cambridge မှာတောင် ပါရဂူ (Ph.D) ဘွဲ့ကို ခက်ခဲစွာကြိုးစားခဲ့ရပုံကို အသေးစိတ်ရေးသားထားတဲ့စာအုပ်ဖြစ်ပါတယ်။ လူသားတွေအနေနဲ့ ပညာရေးဟာ ဘယ်လောက်ထိအရေးကြီးကြောင်းဖော်ပြခဲ့ပါတယ်။

တတိယ တစ်အုပ်အနေနဲ့ Holes by Louis Sachar စာအုပ်ဟာ Young Adult စာပေအမျိုးအစားဖြစ်တယ်။ ပြစ်မှုကျုးလွန်တဲ့လူငယ်လေးတွေကို ပြန်လည်ပြုပြင်ပေးတဲ့ Camp တစ်ခုကို ဇာတ်လမ်းကျောရိုး တည်ထားပါတယ်။ အဲ့ဒီကို ရောက်သွားတဲ့ လူငယ်တွေဟာ နေ့တိုင်း ၅ပေနက်ပြီး ၅ ပေကျယ်တဲ့ တွင်းတစ်တွင်းတူးရပါတယ်။ အဲ့ဒီလိုတူးခြင်းဖြင့် လူငယ်တွေဟာ သူတို့ရဲ့ အကျင့်ဆိုးတွေပြင်လာလိမ့်မယ်လို့ စခန်းအကြီးအကဲတွေက ပြောပါတယ်။ ဒီတွင်းတွေတူးရတဲ့အကြောင်းပြချက်ဘာလဲ။လူငယ်တွေ တကယ်ပဲ လိမ္မာသွားမှာလား ဆိုတာကိုတော့ . . .စာအုပ်လေးကို ဖတ်ကြည့်ပြီး ရှာဖွေဖို့ တိုက်တွန်းလိုက်ပါတယ်။စာအုပ်စာပေ လူ့မိတ်ဆွေဆိုတဲ့အတိုင်း စာဖတ်ခြင်းဖြင့် အသိဗဟုသုတကြွယ်ဝပါစေလို့ ပြည့်က ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

Career, Education, Uncategories

Leave a Reply

Your email address will not be published. Required fields are marked *