Kylie Jenner Profile

Kylie Kristen Jenner ကို မိဘများဖြစ်သည့် Kris နဲ့ အိုလံပစ်ရွှေတံဆိပ်ပိုင်ရှင် Bruce Jenner တို့မှ ကယ်လီဖိုးနီးယား၊ လော့အိန်ဂျလိစ်မှာ ၁၉၉၇ သြဂုတ်လ ၁၀ ရက်နေ့တွင် မွေးဖွားခဲ့ပါတယ်။ Jenner က Sierra Canyon ပုဂ္ဂလိကကျောင်းတွင် တက်ရောက်ခဲ့ပြီး Lauren Springs အထက်တန်းကျောင်းမှ ဒီပလိုမာဘွဲ့ကို ရရှိခဲ့လေသည်။ သူသည် ကယ်လီဖိုးနီးယားပြည်နယ် Calabasas ကို သူရဲ့မွေးရပ်မြေအဖြစ် ယူဆထားပါတယ်။

Jenner က Keeping Up With The Kardashians ဆိုတဲ့ Reality ရှိုးမှာ နာမည်ကျော်မောင်နှမတွေကြားမှာ အာရုံစိုက်ခံရပြီး ကြီးပြင်းလာခဲ့ရပါတယ်။ အောင်မြင်နေတဲ့ အလှကုန်လုပ်ငန်း Kylie အလှကုန်အပါအဝင် သူ့ရဲ့ ကိုယ်ပိုင်လုပ်ငန်းစွန့်ဦးတီထွင်မှုတွေကို စတင်ရာမှာ သူက သူ့မိသားစုရဲ့နာမည်ကျော်ကြားမှုကို အသုံးချလာခဲ့ပါတယ်။

Kylie Lip Kit တစ်ခုကနေ အရောင်းဝင်ငွေ သန်းချီပြီးတော့ ဝင်ငွေရခဲ့ပါတယ်။ အဲ့တာအပြင် သူကတော့ မီဒီယာတွေကိုလည်း စုစည်းထားခဲ့ပါတယ်။ ၂၀၁၅မှာ တိုင်းမ်မဂ္ဂဇင်းရဲ့ အလွှမ်းမိုးနိုင်ဆုံးဆယ်ကျော်သက်များတစ်ယောက်အဖြစ် နာမည်ကျော်ကြားခဲ့ပါတယ်။ ၂၀၁၉မှာ သူ့ကို Forbes မဂ္ဂဇင်းတွင် အသက်အငယ်ဆုံးဘီလျံနာတစ်ယောက်အဖြစ် ဖော်ပြခြင်းခံခဲ့ရပါတယ်။

အသက် ၂၁နှစ်မှာ Kylie Jenner က အသက်အငယ်ဆုံး ဘီလျံနာတစ်ဦးဖြစ်လာခဲ့ပါတယ်။ Jenner ကတော့ ၂၀၁၅မှာ ၂၉ဒေါ်လာ နှုတ်ခမ်းနီများကို စတင်ရောင်းချခဲ့ပြီး ၂၀၁၈မှာ Kylie Cosmetics မှာ ဒေါ်လာ ၃၆၀ သန်းနီးပါး ရောင်းချခဲ့ရပါတယ်။ ၂၀၁၈ နိုဝင်ဘာမှာ Jenner က အလှကုန်ဖြန့်ချီမှုတစ်ခုကို စတင်ခဲ့ပြီး ခြောက်ပတ်အတွင်း ဒေါ်လာ ၅၅သန်းတင် ထုတ်ကုန်များကို ရောင်းချခဲ့ရပါတယ်။

၂၀၁၉ မေလမှာ တိရိစ္ဆာန်အသက်နှင့် လွတ်ကင်းသည့် Kylie အရေပြားထုတ်ကုန်များစတင်မှုကို ကြေညာခဲ့ပါတယ်။ မကြာခင်မှာ ကလေးဈေးကွက်မှာ ကုန်သွယ်မှုတစ်ခု ရလာခဲ့ပါတယ်။ နည်းပါးတဲ့ကုန်ကျစရိတ်များနဲ့ များပြားတဲ့အရောင်းများရဲ့ကျေးဇူးကြောင့် ကုမ္ပဏီကတော့ အနည်းဆုံး ဒေါ်လာသန်းကိုးရာကျော်တန်ကြေးရှိလာခဲ့ပါတယ်။ Jenner က ရှယာ် ၁၀ဝ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပါတယ်။ Jenner က နှုတ်ခမ်းဆိုးဆေး ၁၅၀ဝ၀ကို ပထမဆုံးအနေနဲ့ ထုတ်လုပ်ဖို့ရန် ပြင်ပကုမ္ပဏီတစ်ခုကို ပေးဖို့ မော်ဒယ်လုပ်ခြင်းကနေ သူ့ရဲ့ဝင်ငွေ ဒေါ်လာ နှစ်သိန်းခွဲကို အသုံးပြုခဲ့ပါတယ်။

၂၀၁၉ မတ်လမှာ Jenner က ကမ္ဘာ့အချမ်းသာဆုံးလူတွေမှာ ပါဝင်သူအဖြစ် Forbes မဂ္ဂဇင်းတွင် ဖော်ပြခြင်းခံရပါတယ်။ ဒေါ်လာသန်းတစ်ထောင်နဲ့ ၂၁ နှစ်အရွယ် အသက်အငယ်ဆုံး ဘီလျံနာလေးက ၂၃ နှစ်အရွယ် Mark Zuckerberg ချမှတ်ခဲ့ဖူးသည့် အမှတ်ကို ကျော်လွန်သွားခဲ့ပါပြီ။ နှေးကွေးသွားနိုင်မည့် အရိပ်အယောင်မရှိဘဲ မေလမှာ Kylie အရေပြားထိန်းသိမ်းမှုထုတ်ကုန်များကို စတင်လုပ်ဆောင်ခဲ့ပါတယ်။

Uncategories

Leave a Reply

Your email address will not be published. Required fields are marked *