
*** Unicode ***
#POINT #PointYouthPlatform
သိပ္ပံပညာရှင်တွေကတော့ လူတွေရဲ့ ဗီဇမှာသော စွန့်ဦးတီထွင်သူအရည်အသွေး (Potential Role Genes Plays) ကိုလေ့လာခဲ့ကြပါတယ်။
အဲ့နေရာမှာတွေ့ရတဲ့ ရလာဒ်တွေနှင့် တချို့သောစွန့်ဦးတီထွင်သူတွေမှာ တွေ့ရတတ်သော အရည်အချင်းတွေက ကိုက်ညီမှုရှိတယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ အဲ့ဒါဆို စွန့်ဦးတီထွင်သူတစ်ယောက်က ဘယ်လိုအရည်အချင်းတွေလိုအပ်သလဲဆိုတာကို လေ့လာကြည့်ကြရအောင်။
၁။ စိတ်အားထက်သန်မှုနှင့် လုံ့လ
စွန့်ဦးတီထွင်သူတစ်ယောက်အတွက်တော့ အလုပ်တစ်ခုတင်မကဘဲ စီးပွားရေးတစ်ခုကို စတင်နိုင်ရန်လိုအပ်ပါတယ်။ အဲ့ဒါတွေက ကျွန်တော်တို့ကို စိန်ခေါ်မှာပါ။
အဲ့လိုစီးပွားရေးတွေ လုပ်ငန်းအသစ်တွေကို စတင်တည်ထောင်ချင်သော စိတ်အားထက်သန်မှုလိုအပ်ပါတယ်။နောက်တစ်ခုကတော့ လုံ့လပါ။တကယ်လို့ တစ်ခုခုမှားသွားတယ်၊ ကိုယ့်လုပ်ငန်းစီးပွားရေးက မအောင်မြင်ဘဲ ရှုံးနိမ့်သွားတယ်ဆိုရင် သည်းခံနိုင်မှုနှင့် ဆက်လက်လုပ်ကိုင်သော လုံ့လပါ။
အစပိုင်းမှာတော့ အားလုံးကခက်ခဲပါတယ်။ ရင်းနှီးမြှပ်နှံ့သူတွေက စိတ်မဝင်စားခြင်း စသော တခြားစိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်ရနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ချစ်မြတ်နိးသောအလုပ်ကို ဇွဲမလျှော့ဘဲဆက်လက်လုပ်ကိုင်နိုင်သော လုံ့လရှိရန်လိုအပ်ပါတယ်။
၂။ အနည်းငယ်ရူးသွပ်ခြင်း
ကိုယ်အထိုင်ကျနေတဲ့ အနာဂါတ်သေချာနေတဲ့ အလုပ် ကုမ္ပဏီကနေထွက်ပြီး တခြားသော စီးပွားရေးစတင်ခြင်းဟာ ပုံမှန်အတိုင်းတွေးမယ်ဆိုရင်တော့ လုပ်ဖြစ်မှာမဟုတ်ပါဘူး။ အဲ့အစား ကိုယ်ဝါသနာပါရာကို စတင်ဖို့ အနည်းငယ်ရူးသွပ်ရန်လိုအပ်ပါတယ်။
ပြီးတော့ စွန့်ဦးတီထွင်သူအများစုက အရှုံးပေါ်ခြင်း စသည့် တခြားသော ကိစ္စတွေကိုလည်း တွေးမိနိုင်ပါသေးတယ်။အဲ့လို အချက်တွေက ထွက်ပြီး စွန့်ဦးတီထွင်သူတစ်ယောက်အဖြစ် စီးပွားရေးကို စတင်လုပ်ဆောင်မယ်ဆိုရင်တော့ ကျွန်တော်တို့အနည်းငယ်ရူးသွပ်ရန်လိုပါတယ်။
တချို့ညတွေဆို အိပ်မပျော်ခြင်း ၊ အနာဂါတ်ကိုတွေးပူတာမျိုးလည်းရှိမှာပါ။ အောင်မြင်ရန်အတွက်တော့ ဒါတွေကို ကျော်ဖြတ်ရန်လိုအပ်ပါတယ်။
၃။ မနက်ဖြန်ကို အာရုံစိုက်ခြင်း
အများစုရဲ့ ပုံစံတွေမှာတော့ နောင် ၁ နှစ်၊ ၂ နှစ် ဒါမှမဟုတ်လည်း နောင် ၁၀ နှစ်မှာ ဘယ်လိုတွေလုပ်ကိုင်မလဲ ဆိုတကို တွေးထားကြမှာပါ။ ဒါပေမယ့် စွန့်ဦးတီထွင်သူတစ်ယောက်အတွက်ဆိုရင်တော့ မနက်ဖြန် ဘာဖြစ်မလဲဆိုတာက ပိုအရေးကြီးပါတယ်။
ဒါ့ကြောင့် ရေရှည်အစီအစဉ်အတွက်စဉ်းစားပြီး မနက်ဖြန်အတွက် အာရုံစိုက်တာက အကောင်းဆုံးဖြစ်မှာပါ။
အလုပ်သမားအခြေအနေမှာတော့ နောင် ၁၀ နှစ်မှာ မန်နေဂျာဖြစ်ရမယ် စသည့်အစီအစဉ်တွေရှိပေမယ့်လည်း စွန့်ဦးတီထွင်သူတွေကတော့ “ကျွန်တော်တည်ထောင်ထားတဲ့ သည်စီးပွားရေး မနက်ဖြန်အထိ ကြာရှည်ခံပါစေ” ဆိုပြီးပဲ တွေးမှာပါ။
၄။ အကောင်းဆုံးလား ဒါမှမဟုတ် အဆိုးဆုံးလား
စွန့်ဦးတီထွင်သူတွေအတော်များများတွေးဖြစ်တာကတော့ ကိုယ်အဲ့ဘဝကို ရွေးချယ်လိုက်တာက နောင်တရသလား၊ သံသယဖြစ်မိသလားဆိုတာကိုပါပဲ။ ရိုလာကိုစတာစီးသလိုပါပဲ။ အမြင့်ဆုံးလည်းရောက်နိုင်သလို အနိမ့်ဆုံးလည်းဖြစ်သွားနိုင်ပါတယ်။
သင်တစ်ခါမှ မတွေးဘူးသော အောင်မြင်မှုကို ဆောင်ကျဉ်းပေးနိုင်သလို သင့်ကို အောက်ဆုံးအဆိုးဆုံး အခြေအနေအထိ ဆွဲချသွားနိုင်ပါတယ်။
ဒါပေမယ့် သင်က စွန့်ဦးတီထွင်သူတစ်ယောက်အဖြစ်ရွေးချယ်လိုက်ပြီဆိုရင်တော့ ဘယ်လိုဘဲဖြစ်လာဖြစ်လာ ဆက်လက်လုပ်ကိုင်သွားဖို့လိုအပ်ပါတယ်။အဲ့လိုလုပ်ကိုင်ခြင်းကပဲ စွန့်ဦးတီထွင်သူတွေ အောင်မြင်သည့် အကြောင်းတရားဖြစ်လို့ပါပဲ။
Writer & Translator : Thiha Aung
—————————————————————————————————————————-
#POINT #PointYouthPlatform
သိပ္ပံပညာရှင်တွေကတော့ လူတွေရဲ့ ဗီဇမှာသော စွန့်ဦးတီထွင်သူအရည်အသွေး (Potential Role Genes Plays) ကိုလေ့လာခဲ့ကြပါတယ်။ အဲ့နေရာမှာတွေ့ရတဲ့ ရလာဒ်တွေနှင့် တချို့သောစွန့်ဦးတီထွင်သူတွေမှာ တွေ့ရတတ်သော အရည်အချင်းတွေက ကိုက်ညီမှုရှိတယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ အဲ့ဒါဆို စွန့်ဦးတီထွင်သူတစ်ယောက်က ဘယ်လိုအရည်အချင်းတွေလိုအပ်သလဲဆိုတာကို လေ့လာကြည့်ကြရအောင်။
၁။ စိတ်အားထက်သန်မှုနှင့် လုံ့လ
စွန့်ဦးတီထွင်သူတစ်ယောက်အတွက်တော့ အလုပ်တစ်ခုတင်မကဘဲ စီးပွားရေးတစ်ခုကို စတင်နိုင်ရန်လိုအပ်ပါတယ်။ အဲ့ဒါတွေက ကျွန်တော်တို့ကို စိန်ခေါ်မှာပါ။ အဲ့လိုစီးပွားရေးတွေ လုပ်ငန်းအသစ်တွေကို စတင်တည်ထောင်ချင်သော စိတ်အားထက်သန်မှုလိုအပ်ပါတယ်။
နောက်တစ်ခုကတော့ လုံ့လပါ။တကယ်လို့ တစ်ခုခုမှားသွားတယ်၊ ကိုယ့်လုပ်ငန်းစီးပွားရေးက မအောင်မြင်ဘဲ ရှုံးနိမ့်သွားတယ်ဆိုရင် သည်းခံနိုင်မှုနှင့် ဆက်လက်လုပ်ကိုင်သော လုံ့လပါ။ အစပိုင်းမှာတော့ အားလုံးကခက်ခဲပါတယ်။ ရင်းနှီးမြှပ်နှံ့သူတွေက စိတ်မဝင်စားခြင်း စသော တခြားစိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်ရနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ချစ်မြတ်နိးသောအလုပ်ကို ဇွဲမလျှော့ဘဲဆက်လက်လုပ်ကိုင်နိုင်သော လုံ့လရှိရန်လိုအပ်ပါတယ်။
၂။ အနည်းငယ်ရူးသွပ်ခြင်း
ကိုယ်အထိုင်ကျနေတဲ့ အနာဂါတ်သေချာနေတဲ့ အလုပ် ကုမ္ပဏီကနေထွက်ပြီး တခြားသော စီးပွားရေးစတင်ခြင်းဟာ ပုံမှန်အတိုင်းတွေးမယ်ဆိုရင်တော့ လုပ်ဖြစ်မှာမဟုတ်ပါဘူး။ အဲ့အစား ကိုယ်ဝါသနာပါရာကို စတင်ဖို့ အနည်းငယ်ရူးသွပ်ရန်လိုအပ်ပါတယ်။ ပြီးတော့ စွန့်ဦးတီထွင်သူအများစုက အရှုံးပေါ်ခြင်း စသည့် တခြားသော ကိစ္စတွေကိုလည်း တွေးမိနိုင်ပါသေးတယ်။
အဲ့လို အချက်တွေက ထွက်ပြီး စွန့်ဦးတီထွင်သူတစ်ယောက်အဖြစ် စီးပွားရေးကို စတင်လုပ်ဆောင်မယ်ဆိုရင်တော့ ကျွန်တော်တို့အနည်းငယ်ရူးသွပ်ရန်လိုပါတယ်။ တချို့ညတွေဆို အိပ်မပျော်ခြင်း ၊ အနာဂါတ်ကိုတွေးပူတာမျိုးလည်းရှိမှာပါ။ အောင်မြင်ရန်အတွက်တော့ ဒါတွေကို ကျော်ဖြတ်ရန်လိုအပ်ပါတယ်။
၃။ မနက်ဖြန်ကို အာရုံစိုက်ခြင်း
အများစုရဲ့ ပုံစံတွေမှာတော့ နောင် ၁ နှစ်၊ ၂ နှစ် ဒါမှမဟုတ်လည်း နောင် ၁၀ နှစ်မှာ ဘယ်လိုတွေလုပ်ကိုင်မလဲ ဆိုတကို တွေးထားကြမှာပါ။ ဒါပေမယ့် စွန့်ဦးတီထွင်သူတစ်ယောက်အတွက်ဆိုရင်တော့ မနက်ဖြန် ဘာဖြစ်မလဲဆိုတာက ပိုအရေးကြီးပါတယ်။ ဒါ့ကြောင့် ရေရှည်အစီအစဉ်အတွက်စဉ်းစားပြီး မနက်ဖြန်အတွက် အာရုံစိုက်တာက အကောင်းဆုံးဖြစ်မှာပါ။
အလုပ်သမားအခြေအနေမှာတော့ နောင် ၁၀ နှစ်မှာ မန်နေဂျာဖြစ်ရမယ် စသည့်အစီအစဉ်တွေရှိပေမယ့်လည်း စွန့်ဦးတီထွင်သူတွေကတော့ “ကျွန်တော်တည်ထောင်ထားတဲ့ သည်စီးပွားရေး မနက်ဖြန်အထိ ကြာရှည်ခံပါစေ” ဆိုပြီးပဲ တွေးမှာပါ။
၄။ အကောင်းဆုံးလား ဒါမှမဟုတ် အဆိုးဆုံးလား
စွန့်ဦးတီထွင်သူတွေအတော်များများတွေးဖြစ်တာကတော့ ကိုယ်အဲ့ဘဝကို ရွေးချယ်လိုက်တာက နောင်တရသလား၊ သံသယဖြစ်မိသလားဆိုတာကိုပါပဲ။ ရိုလာကိုစတာစီးသလိုပါပဲ။ အမြင့်ဆုံးလည်းရောက်နိုင်သလို အနိမ့်ဆုံးလည်းဖြစ်သွားနိုင်ပါတယ်။ သင်တစ်ခါမှ မတွေးဘူးသော အောင်မြင်မှုကို ဆောင်ကျဉ်းပေးနိုင်သလို သင့်ကို အောက်ဆုံးအဆိုးဆုံး အခြေအနေအထိ ဆွဲချသွားနိုင်ပါတယ်။
ဒါပေမယ့် သင်က စွန့်ဦးတီထွင်သူတစ်ယောက်အဖြစ်ရွေးချယ်လိုက်ပြီဆိုရင်တော့ ဘယ်လိုဘဲဖြစ်လာဖြစ်လာ ဆက်လက်လုပ်ကိုင်သွားဖို့လိုအပ်ပါတယ်။
အဲ့လိုလုပ်ကိုင်ခြင်းကပဲ စွန့်ဦးတီထွင်သူတွေ အောင်မြင်သည့် အကြောင်းတရားဖြစ်လို့ပါပဲ။
Writer & Translator : Thiha Aung