နေ့တိုင်းမှာ ဦးစားပေးလုပ်ဆောင်ရမယ့် အလုပ်ကို သတ်မှတ်ပါ

“တစ်နေ့ကို အလုပ်ကိစ္စတစ်ခုပဲလုပ်မယ်ဆိုရင် ဘယ်အရာကိုလုပ်မလဲ”

ထိုမေးခွန်းကိုပဲမေးခြင်းဖြင့် သင့်အတွက်အရေးကြီးဆုံးတစ်ခုကို တွေ့လာမှာပါ။

အရေးအကြီးဆုံးတစ်ခုကို သိပြီးသွားရင်တော့ ကိုယ်နေ့တိုင်းနေ့တိုင်း အလုပ်ရဲ့တိုးတက်မှုနှုန်းကိုပြန်ကြည့်ပြီး ကိုယ်ရည်ရွယ်ထားတဲ့အတိုင်း အလုပ်ဖော်ဆောင်နိုင်သလားဆိုတာလည်း သတိထားသင့်ပါတယ်။

ကိုယ်အချိ်န်လုံလုံလောက်လောက်၊ အကျိုးရှိရှိ အာရုံစူးစိုက်မှုအပြည့်သုံးပြီး အလုပ်လုပ်ရဲ့လားဆိုတာ ပြန်မေးကြည့်သင့်ပါတယ်။

အဲ့မေးခွန်းတွေဟာ သင်လုပ်နေသောအလုပ်ရဲ့တိုးတက်မှုကို အလွယ်တကူသိမြင်စေနိုင်ပြီး သင်ဟာ အရေးကြီးသောအလုပ်ကို နည်းမှန်လမ်းမှန်လုပ်ဆောင်နေသလားဆိုတာကိုလည်း ကိုယ့်ကိုယ်ကိုယ် သတိပြုမိစေပါတယ်။

ပြီးတော့ နောက်နေ့တွေအတွက်လည်း ပိုကောင်းတဲ့ အစီအစဉ်တွေကို ဆောင်ရွက်လာနိုင်စေမှာဖြစ်ပါတယ်။

အဲ့လိုမျိုးစတင်ဖို့အတွက်တော့ အလုပ်ကိစ္စတွေကို အရင်ခွဲခြားရမှာဖြစ်ပြီး ဘယ်အရာက ကိုယ့်အတွက်တကယ့်ကို အရေးပါသလဲဆိုတာကို သိမြင်ရမှာဖြစ်ပါတယ်။

နေ့တိုင်းနေ့တိုင်းမှာတော့ ကိုယ့်အတွက် ဒါမှမဟုတ်လည်း အလုပ်အတွက် တာဝန်တွေက လုပ်ဆောင်စရာတွေအများကြီးရှိနေမှာဖြစ်ပါတယ်။ အဲ့တာဝန်တွေကို သေချာခွဲခြားကာ အရေးအကြီးဆုံးအရာကို လုပ်ကိုင်ခြင်းက အဓိကကျပါတယ်။

ကိုယ့်ကိုယ်ကို တိုးတက်ရန် လမ်းညွှန်ချက်များ

၁။ ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ဖို့ အစီအစဉ်တစ်ခု ရေးဆွဲပါ။

၂။ ကိုယ့်ရဲ့အကျုင့်တွေကို ပြန်လည်သုံးသပ်ပါ။

၃။ ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို ရှာဖွေပါ။

၄။ နေ့စဉ် စာဖတ်ပါ။

၅။ ကြောက်စိတ်တွေကို အနိုင်ယူ ကျော်လွှားပါ။

၆။ ကိုယ့်အနာဂတ်အတွက် စာတစ်စောင် ရေးသားပါ။

Current, Lifestyle, Uncategories

Leave a Reply

Your email address will not be published. Required fields are marked *