
*** Unicode ***
ပညာရေးအသက်အာမခံကို ကျောင်းသား၊ ကျောင်းသူများအတွက် ယခုလမှ စတင်ကာ ထားရှိနိုင်ပြီ ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။
ငွေစုဆောင်းသည့် အာမခံ အမျိုးအစားဖြစ်သော ပညာရေး အသက် အာမခံကို မိဘများနှင့် ဆွေမျိုးတော်စပ်သူများက ဆွေမျိုးတော်စပ်ကြောင်း အထောက်အထားများ ပြသကာ အနည်းဆုံး ကျပ်သိန်း(၅၀)မှ အများဆုံး ကျပ်သိန်း(၁ဝဝဝ)အထိ ထားပေးနိုင်သည်။
ပညာရေးအသက်အာမခံသည် မိဘများ အကြောင်းအမျိုးမျိုး ကြောင့် သေဆုံးသွားခဲ့လျှင် သို့မဟုတ် ထာဝစဉ်မသန်စွမ်းဖြစ်ခဲ့လျှင် မိမိတို့၏ သားသမီးများ ပညာရေးဆုံးခန်းတိုင်အောင် တက္ကသိုလ်ပညာရေးတွင် ဘွဲ့ရသည်အထိ ပညာသင်ကြားနိုင်ရန် ရည်ရွယ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အာမခံသက်တမ်းကို ၉နှစ် မှ ၁၄နှစ် အထိ သတ်မှတ်ထားပြီး ပရီမီယံနှုန်းပေးသွင်းရာတွင် အာမခံထားသူ၏ အသက်၊ အာမခံသက်တမ်း၊ အာမခံထားရှိငွေ အပေါ်မူတည်၍ ပရီမီယံနှုန်းကို တွက်ချက်မည် ဖြစ်သည်။
ပရီမီယံကြေးအား လစဉ်မှ နှစ်စဉ်အထိ အရစ်ကျ ပေးသွင်းနိုင်ပြီး အာမခံထားစဉ် အကြောင်းတစ်စုံတစ်ရာ မဖြစ်ပေါ်ခဲ့ပါက နှစ်ပြည့်သည့် အချိန်တွင် အာမခံငွေကို ပြန်လည်ထုတ်ယူနိုင်မည်ဖြစ်သည်။
—————————————————————————————————————————-
ပညာရေးအသက်အာမခံကို ကျောင်းသား၊ ကျောင်းသူများအတွက် ယခုလမှ စတင်ကာ ထားရှိနိုင်ပြီ ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။
ငွေစုဆောင်းသည့် အာမခံ အမျိုးအစားဖြစ်သော ပညာရေး အသက် အာမခံကို မိဘများနှင့် ဆွေမျိုးတော်စပ်သူများက ဆွေမျိုးတော်စပ်ကြောင်း အထောက်အထားများ ပြသကာ အနည်းဆုံး ကျပ်သိန်း(၅၀)မှ အများဆုံး ကျပ်သိန်း(၁၀ဝဝ)အထိ ထားပေးနိုင်သည်။
ပညာရေးအသက်အာမခံသည် မိဘများ အကြောင်းအမျိုးမျိုး ကြောင့် သေဆုံးသွားခဲ့လျှင် သို့မဟုတ် ထာဝစဉ်မသန်စွမ်းဖြစ်ခဲ့လျှင် မိမိတို့၏ သားသမီးများ ပညာရေးဆုံးခန်းတိုင်အောင် တက္ကသိုလ်ပညာရေးတွင် ဘွဲ့ရသည်အထိ ပညာသင်ကြားနိုင်ရန် ရည်ရွယ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အာမခံသက်တမ်းကို ၉နှစ် မှ ၁၄နှစ် အထိ သတ်မှတ်ထားပြီး ပရီမီယံနှုုန်းပေးသွင်းရာတွင် အာမခံထားသူ၏ အသက်၊ အာမခံသက်တမ်း၊ အာမခံထားရှိငွေ အပေါ်မူတည်၍ ပရီမီယံနှုန်းကို တွက်ချက်မည် ဖြစ်သည်။
ပရီမီယံကြေးအား လစဉ်မှ နှစ်စဉ်အထိ အရစ်ကျ ပေးသွင်းနိုင်ပြီး အာမခံထားစဉ် အကြောင်းတစ်စုံတစ်ရာ မဖြစ်ပေါ်ခဲ့ပါက နှစ်ပြည့်သည့် အချိန်တွင် အာမခံငွေကို ပြန်လည်ထုတ်ယူနိုင်မည်ဖြစ်သည်။