ရုံးဝန်ထမ်းသမားတွေရဲ့ ကားစီးရတဲ့ဒုက္ခ

*** Unicode ***

ဝေဟင်မှာလေယာဉ်စီးရတဲ့ ဒုက္ခ၊ရေပြင်မှာ သင်္ဘာစီးရတဲ့ ဒုက္ခ၊ မြေပြန့်မှာ ကားစီးရတဲ့ ဒုက္ခတွေကို မြင်လှည့်စမ်းချင်ပါဘိကွာ။

လူတိုင်း နိစ္စဓူဝ ရင်ဆိုင်ကျော်လှွားနေရတဲ့ ကားစီးရတဲ့ ဒုက္ခကို ရင်ဖွင့်ပါရစေ။ကျွန်တော်တို့တွေ  မနက်ခင်းလင်းရောင်ခြည် ရောင်နီသန်းလာပြီဆိုတာနဲ့ အိမ်တိုင်းမှာရှိတဲ့ လူအားလုံးက အလုပ်ကိုယ်စီ တာဝန်ကိုယ်စီနဲ့ စက်ယန္တားရားတစ်ခုလို စတင်သက်ဝင်လှုပ်ရှားကြရပါတော့တယ်။

ရုံးဝန်ထမ်းသမားတွေကလည်း ရုံးချိန်မှီသွားဖို့ပြင်ရဆင်ရ ကျောင်းသားတွေကလည်း ကျောင်းချိန်မှီရောက်ဖို့ အသည်းအသန်ပြေးရလှွားရ။ အမေတွေကလည်း မနက်စာစားဖို့ပြင်ရသလို ထမင်းချိုင့်မှီအောင်လည်း ချက်ရပြုတ်ရ။အိမ်တိုင်းမှာ ဆူညံသံတွေညံလို့။အိမ်ကနေစထွက်လိုက်ပြီဆိုတာနဲ့  ဒုက္ခကအဲ့မှာ စတွေ့တော့တာပါပဲ။

ကားမှတ်တိုင်မှာ ခြေချလိုက်ပြီဆိုတာနဲ့ သစ်ကုလားအုတ်လို လည်ပင်းရှည်ရှည်နဲ့ ကားစောင့်ရတာကလည်း ရင်ခုန်စရာကောင်းသား။ ကားဆိုသည်မှာလည်းလေ ကိုယ်ကမှတ်တိုင်မှာရပ်ရင် သူကဟိုးတစ်မျှော်တစ်ခေါ်မှာ ရပ်လို့ မာရသွန်သမားထက်အပြးမြန်ရသလို်။

ကိုယ်ကအဲ့အထာတွေနပ်လို့ တစ်မျှော်တစ်ခေါ်မှာရပ်ပြန်တော့လည်း စည်းကမ်းလိုက်နာတဲ့ ယာဉ်မောင်းသမားနဲ့တွေ့လို့ မှတ်တိုင်ပြန်ပြေးရတာကတစ်မျိုး။ ကားလွတ်သွားမှာစိုးလို့ မျက်လုံးရှင်ရှင်ထားရတာကတစ်မှောင့်။ လူလည်း တာတိုပြေးမလား ၊ တာရှည်ပြေးမလား။

အနီးအဝေးမရွေးတော့ဘူးနော်။YBS  ကားပေါ်ရောက်ပြန်တော့လည်း  အကြွပြေဿနာက ဆီးကြိုဆိုနေပါပြီ။ အခုက ကမ္ဘာနဲ့ရင်ဘောင်တန်းနေပြီဆိုတော့လေ ကတ်နဲ့ပဲပေးရတော့မလိုလို၊ ငွေသားနဲ့ပဲရှင်းရတော့မလိုလိုနဲ့ နောက်ဆုံးအကြွပေဲထုတ်ထည့်လိုက်ရတော့တာပဲ အဖတ်တင်တယ်။

အဲ့အချိန်မှာတော့ အကြွကေ ကိုယ့်အသက်ထက်တန်ဖိုးရှိတယ်လို့တောင်ထင်မိတယ်။ အကြွမျေားမပါလာလို့ကတော့ သေပြီသာမှတ်။ ၅ဝဝတန်ပါလား ၁ဝဝဝတန်ပါလား အကုန်ထည့်ခဲ့လို့ရတယ်ဆိုပြီး ဒရိုင်ဘာရဲ့ ရယ်ကျဲကျဲပီတိအပြည့်နဲ့အသံကို ကြားလိုက်ရပြီး လှူလိုက်ရတဲ့ရက်တွေကလည်းမနည်း။

ဒရိုင်ဘာရဲ့ စေတနာဗရပွနဲ့ မကျေနပ်ရင် နောက်လူစောင့်ဆိုတဲ့ အသံကလည်း ရင်မှာခံစားရအောင်လုပ်နေသလိုပဲ။ ထည့်လိုက်ရတဲ့ ပိုက်ဆံလေးအတွက် မျိုးကြီးရဲ့ မလာပါနဲ့တော့ သီချင်းပဲဟစ်အော်လိုက်ချင်တော့တယ်။

ကားပေါ်ကလည်းရောက်ပြီ အကြွကေလည်းရှင်းပြီးပြီဆိုတော့ ရုံးမှာအိပ်မငိုက်ဖို့အတွက် စိတ်၏အလိုရမက်ကြောင့် နေရာလေးတစ်ခုတော့ တောင်းတမိနေလေပြီ။ နေရာကို လူတိုင်းကြိုက်ကြတယ် မက်မောကြတယ်မလား။

နေရာမလိုချင်သူဘယ်သူရှိပါ့မလဲ။ ကြီးကြီးငယ်ငယ် လိုချင်နေကြသူတွေချည်းပဲလေ။ ကိုယ်ပြောတာ ဘတ်စ်ကားပေါ်က ထိုင်ခုံနေရာပြောတာနော်။နောက်ပြီး  ခါးပိုက်နှိုက်ရန် ကတစ်မျိုး၊ နှာဘူးကောင်တွေရန်လဲ ရှောင်ရသေး။

ဒါကြောင့် 007 ကားထဲက မင်းသားဇာတ်နာခန်းလို ရန်သူတွေလက်ကလွတ်အောင်ပြေးပြီး ရန်ဆွယ်အပေါင်းကို ရှောင်တိမ်းနေရသလိုပဲ။

နောက်ထပ်တစ်ခုအနေနဲ့ ဘတ်စ်ကားတွေက နိုင်ငံတကာအဆင့်မီနေတယ်ဆိုတော့လေ ကိုယ်တွေလို အရပ်ပုတဲ့သူတွေအတွက် အကြီးအကျယ်ဒုက္ခရောက်စေတာပေါ့။  ထမင်းချိုင့်ကတစ်ဖက် တန်းမှီဖို့ ကြိုးစားရတာက အာရုံတစ်ခု၊ တန်းလေးတစ်ခု ကိုင်ရဖို့အရေး တိုးလိုက်ရတဲ့လူအုပ်ကြီးက မနည်းမနောနဲ့ စဉ်းစားသာကြည့်ကြပါတော့ကွာ။

နေရာလေးများရလိုက်လို့ကတော့ အိမ်ဖြူတော်ထိုင်ခုံမှာ ထိုင်လိုက်ရသလို မြောက်ကြွမြောက်ကြွကိုဖြစ်လို့။ ကိုယ့်ထိုင်ခုံအတွက်လည်း အရိုးကျေကျေ အရေခမ်းခမ်း အသက်လုကာကွယ်လိုက်ရတာလည်း ပြောမနေပါနဲ့တော့။

နောက်ဆုံး ကားပေါ်ကဆင်းတော့မှပဲ ရန်သူတွေလက်ကလွတ်ပြီး ငပလီကမ်းခြေမှာ ခြေချလိုက်ရသလို ခံစားမိတယ်။ လူလည်း လန်းဆန်းတက်ကြွလို့။ဒါ့အပြင် ကျွန်တော်တို့ ရုံးဝန်ထမ်းတွေကြားမှာ ရေပန်းစားနေတဲ့စကားကလေ  အလုပ်လုပ်ရတာထက် ကားစီးရတာပင်ပန်းတယ်ကွာပြောတဲ့လူတွေကြီးပဲ။

နောက်ပြီး ဖယ်ရီလေးများရှိလို့ကတော့ လစာထဲက ဖြတ်ပေးရလည်း ကိစ္စမရှိပါဘူးကွာလို့ ငိုသံနဲ့ရင်ဖွင့်သူကလည်း ဒုနဲ့ဒေး။ဇာတ်လမ်းက မပြီးသေးဘူးနော် ရုံးဆင်းချိန်ကျန်သေးတယ်။ အိမ်ပြန်ချိန်ပေါ့။

ကိုယ်စီးမယ့်ကားကို အရိပ်အယောင်လေးတွေ့ရပြီဆိုတာနဲ့ မိန်းကလေးလည်းမမြင်နိုင် ၊ ယောကျာ်းကလေးလည်း မမြင်နိုင် ပြေးတက်လိုက်ရတာများ သကြားလုံးချလိုက်လို့ ပုရွက်ဆိတ်တွေအုံလိုက်ကျင်းလိုက် ဝိုင်းအုံလိုက်သလို ကားတစ်စီးလုံးကို ပျောက်သွားတာပဲ။

ကားပေါ်ရောက်မှ လူလည်း စိတ်ဒုန်းဒုန်းချနိုင်ပြီး အိမ်ကိုလွမ်းနိုင်တော့တယ်။ ကိုယ်တွေလို မျက်လုံးမွဲသူတွေအနေနဲ့ မှတ်တိုင်ကျော်မှာ ကြောက်ရ၊ မှတ်တိုင်မကျော်ခင် ဆင်းလို့ လမ်းလျှောက်ရတဲ့ ရက်ပေါင်းလည်းမနည်းပါ။

လှည်းတန်းမီးပွိုင့်လေးများမိလို့ကတော့ အိမ်ပြန်ချိန်ဆိုတာ ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်ထဲ လက်ပစ်ကူး နေရသလိုပဲ။ဒါ့အပြင် လိပ်က အဖေခေါ်ရအောင် ကားရွေ့နှုန်းက မြန်ချက်ပဲလေနော်။ ကားပိတ်လို့ ဒရိုင်ဘာတွေရဲ့ တွေ့ရာမှတ်တိုင်ချထားခြင်းကိုခံရတာလည်း မနည်းတော့ပေါင်။

အာရှက အခြားမြို့ကြီးအတော်များများကလည်း မြွလေိမ်မြွကောက်ယာဉ်တန်းရှည်ကြီးတွေ ပိတ်ဆို့နေတယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားပါတယ်နော်။

ဖိလစ်ပိုင်နိုင်ငံက ပြည်သူတစ်ယောက်ကဆို ကားစီးရတာ ငရဲ ပဲလို့ ပြောခဲ့တယ်။ အင်ဒိုနီးရှားကဆို စိတ်ပျက်ဒေါသထွက်စရာလို့ ပြောခဲ့တယ်။

အိန္ဒိယနိုင်ငံကလည်း ယာဉ်ကြောကျပ်တာက ရူးချင်စရာကောင်းပြီး လက်မဝက်အကွာအဝေး တန်းစီသွားနေရတာဟာ အကြီးအကျယ် စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်လို့ သူတို့နိုင်ငံတွေရဲ့ ကားစီးရတဲ့ ဒုက္ခတွေကို ပြောထားတဲ့ ဗီဒီယိုတွေ တွေ့တော့လည်း ကိုယ့်လိုဘတ်စ်ကားစီးရင်း ဒုက္ခရောက်နေရှာတဲ့ အာရှသားတွေကိုပါ သတိရမိသား။

ကိုယ်တွေကလည်း ဂုဏ်ယူဝင့်ကြွားစွာနဲ့ မင်းတို့မြို့တွေထက် ငါတို့မြို့က ပိုပိတ်တယ်လို့ပြောပါလိုက်ချင်နေတာ။ ဒီဒုက္ခတွေ ကင်းဝေးဖို့ မိုးပေါ်တံတားတွေ၊ မိုးပျံယာဉ်တွေ မြန်မြန်တည်ဆောက်ပါတော့လို့ တိုက်တွန်းရင်း ကိုယ်ချင်းစာနာနိုင်ပါစေလို့ မေတ္တာပို့သလိုက်ပါတယ်။

——————————————————————————————————————————

ဝေဟင်မှာလေယာဉ်စီးရတဲ့ ဒုက္ခ၊ရေပြင်မှာ သင်္ဘောစီးရတဲ့ ဒုက္ခ၊ မြေပြန့်မှာ ကားစီးရတဲ့ ဒုက္ခတွေကို မြင်လှည့်စမ်းချင်ပါဘိကွာ။ လူတိုင်း နိစ္စဓူဝ ရင်ဆိုင်ကျော်လွှားနေရတဲ့ ကားစီးရတဲ့ ဒုက္ခကို ရင်ဖွင့်ပါရစေ။

ကျွန်တော်တို့တွေ  မနက်ခင်းလင်းရောင်ခြည် ရောင်နီသန်းလာပြီဆိုတာနဲ့ အိမ်တိုင်းမှာရှိတဲ့ လူအားလုံးက အလုပ်ကိုယ်စီ တာဝန်ကိုယ်စီနဲ့ စက်ယန္တားရားတစ်ခုလို စတင်သက်ဝင်လှုပ်ရှားကြရပါတော့တယ်။ ရုံးဝန်ထမ်းသမားတွေကလည်း ရုံးချိန်မှီသွားဖို့ပြင်ရဆင်ရ ကျောင်းသားတွေကလည်း ကျောင်းချိန်မှီရောက်ဖို့ အသည်းအသန်ပြေးရလွှားရ။ အမေတွေကလည်း မနက်စာစားဖို့ပြင်ရသလို ထမင်းချိုင့်မှီအောင်လည်း ချက်ရပြုတ်ရ။အိမ်တိုင်းမှာ ဆူညံသံတွေညံလို့။

အိမ်ကနေစထွက်လိုက်ပြီဆိုတာနဲ့  ဒုက္ခကအဲ့မှာ စတွေ့တော့တာပါပဲ။ ကားမှတ်တိုင်မှာ ခြေချလိုက်ပြီဆိုတာနဲ့ သစ်ကုလားအုတ်လို လည်ပင်းရှည်ရှည်နဲ့ ကားစောင့်ရတာကလည်း ရင်ခုန်စရာကောင်းသား။ ကားဆိုသည်မှာလည်းလေ ကိုယ်ကမှတ်တိုင်မှာရပ်ရင် သူကဟိုးတစ်မျှော်တစ်ခေါ်မှာ ရပ်လို့ မာရသွန်သမားထက်အပြးမြန်ရသလိ်ု။ ကိုယ်ကအဲ့အထာတွေနပ်လို့ တစ်မျှော်တစ်ခေါ်မှာရပ်ပြန်တော့လည်း စည်းကမ်းလိုက်နာတဲ့ ယာဉ်မောင်းသမားနဲ့တွေ့လို့ မှတ်တိုင်ပြန်ပြေးရတာကတစ်မျိုး။ ကားလွတ်သွားမှာစိုးလို့ မျက်လုံးရှင်ရှင်ထားရတာကတစ်မှောင့်။ လူလည်း တာတိုပြေးမလား ၊ တာရှည်ပြေးမလား။ အနီးအဝေးမရွေးတော့ဘူးနော်။

YBS  ကားပေါ်ရောက်ပြန်တော့လည်း  အကြွေပြဿနာက ဆီးကြိုဆိုနေပါပြီ။ အခုက ကမ္ဘာနဲ့ရင်ဘောင်တန်းနေပြီဆိုတော့လေ ကတ်နဲ့ပဲပေးရတော့မလိုလို၊ ငွေသားနဲ့ပဲရှင်းရတော့မလိုလိုနဲ့ နောက်ဆုံးအကြွေပဲထုတ်ထည့်လိုက်ရတော့တာပဲ အဖတ်တင်တယ်။အဲ့အချိန်မှာတော့ အကြွေက ကိုယ့်အသက်ထက်တန်ဖိုးရှိတယ်လို့တောင်ထင်မိတယ်။ အကြွေများမပါလာလို့ကတော့ သေပြီသာမှတ်။ ၅၀ဝတန်ပါလား ၁၀ဝ၀တန်ပါလား အကုန်ထည့်ခဲ့လို့ရတယ်ဆိုပြီး ဒရိုင်ဘာရဲ့ ရယ်ကျဲကျဲပီတိအပြည့်နဲ့အသံကို ကြားလိုက်ရပြီး လှူလိုက်ရတဲ့ရက်တွေကလည်းမနည်း။ ဒရိုင်ဘာရဲ့ စေတနာဗရပွနဲ့ မကျေနပ်ရင် နောက်လူစောင့်ဆိုတဲ့ အသံကလည်း ရင်မှာခံစားရအောင်လုပ်နေသလိုပဲ။ ထည့်လိုက်ရတဲ့ ပိုက်ဆံလေးအတွက် မျိုးကြီးရဲ့ မလာပါနဲ့တော့ သီချင်းပဲဟစ်အော်လိုက်ချင်တော့တယ်။

ကားပေါ်ကလည်းရောက်ပြီ အကြွေကလည်းရှင်းပြီးပြီဆိုတော့ ရုံးမှာအိပ်မငိုက်ဖို့အတွက် စိတ်၏အလိုရမက်ကြောင့် နေရာလေးတစ်ခုတော့ တောင်းတမိနေလေပြီ။ နေရာကို လူတိုင်းကြိုက်ကြတယ် မက်မောကြတယ်မလား။နေရာမလိုချင်သူဘယ်သူရှိပါ့မလဲ။ ကြီးကြီးငယ်ငယ် လိုချင်နေကြသူတွေချည်းပဲလေ။ ကိုယ်ပြောတာ ဘတ်စ်ကားပေါ်က ထိုင်ခုံနေရာပြောတာနော်။နောက်ပြီး  ခါးပိုက်နှိုက်ရန် ကတစ်မျိုး၊ နှာဘူးကောင်တွေရန်လဲ ရှောင်ရသေး။ ဒါကြောင့် 007 ကားထဲက မင်းသားဇာတ်နာခန်းလို ရန်သူတွေလက်ကလွှတ်အောင်ပြေးပြီး ရန်ဆွယ်အပေါင်းကို ရှောင်တိမ်းနေရသလိုပဲ။

နောက်ထပ်တစ်ခုအနေနဲ့ ဘတ်စ်ကားတွေက နိုင်ငံတကာအဆင့်မီနေတယ်ဆိုတော့လေ ကိုယ်တွေလို အရပ်ပုတဲ့သူတွေအတွက် အကြီးအကျယ်ဒုက္ခရောက်စေတာပေါ့။  ထမင်းချိုင့်ကတစ်ဖက် တန်းမှီဖို့ ကြိုးစားရတာက အာရုံတစ်ခု၊ တန်းလေးတစ်ခု ကိုင်ရဖို့အရေး တိုးလိုက်ရတဲ့လူအုပ်ကြီးက မနည်းမနောနဲ့ စဉ်းစားသာကြည့်ကြပါတော့ကွာ။နေရာလေးများရလိုက်လို့ကတော့ အိမ်ဖြူတော်ထိုင်ခုံမှာ ထိုင်လိုက်ရသလို မြောက်ကြွမြောက်ကြွကိုဖြစ်လို့။ ကိုယ့်ထိုင်ခုံအတွက်လည်း အရိုးကျေကျေ အရေခမ်းခမ်း အသက်လုကာကွယ်လိုက်ရတာလည်း ပြောမနေပါနဲ့တော့။နောက်ဆုံး ကားပေါ်ကဆင်းတော့မှပဲ ရန်သူတွေလက်ကလွတ်ပြီး ငပလီကမ်းခြေမှာ ခြေချလိုက်ရသလို ခံစားမိတယ်။ လူလည်း လန်းဆန်းတက်ကြွလို့။ဒါ့အပြင် ကျွန်တော်တို့ ရုံးဝန်ထမ်းတွေကြားမှာ ရေပန်းစားနေတဲ့စကားကလေ  အလုပ်လုပ်ရတာထက် ကားစီးရတာပင်ပန်းတယ်ကွာပြောတဲ့လူတွေကြီးပဲ။ နောက်ပြီး ဖယ်ရီလေးများရှိလို့ကတော့ လစာထဲက ဖြတ်ပေးရလည်း ကိစ္စမရှိပါဘူးကွာလို့ ငိုသံနဲ့ရင်ဖွင့်သူကလည်း ဒုနဲ့ဒေး။

ဇာတ်လမ်းက မပြီးသေးဘူးနော် ရုံးဆင်းချိန်ကျန်သေးတယ်။ အိမ်ပြန်ချိန်ပေါ့။ ကိုယ်စီးမယ့်ကားကို အရိပ်အယောင်လေးတွေ့ရပြီဆိုတာနဲ့ မိန်းကလေးလည်းမမြင်နိုင် ၊ ယောကျာ်းကလေးလည်း မမြင်နိုင် ပြေးတက်လိုက်ရတာများ သကြားလုံးချလိုက်လို့ ပုရွက်ဆိတ်တွေအုံလိုက်ကျင်းလိုက် ဝိုင်းအုံလိုက်သလို ကားတစ်စီးလုံးကို ပျောက်သွားတာပဲ။ ကားပေါ်ရောက်မှ လူလည်း စိတ်ဒုန်းဒုန်းချနိုင်ပြီး အိမ်ကိုလွမ်းနိုင်တော့တယ်။ ကိုယ်တွေလို မျက်လုံးမွဲသူတွေအနေနဲ့ မှတ်တိုင်ကျော်မှာ ကြောက်ရ၊ မှတ်တိုင်မကျော်ခင် ဆင်းလို့ လမ်းလျှောက်ရတဲ့ ရက်ပေါင်းလည်းမနည်းပါ။

လှည်းတန်းမီးပွိုင့်လေးများမိလို့ကတော့ အိမ်ပြန်ချိန်ဆိုတာ ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်ထဲ လက်ပစ်ကူး နေရသလိုပဲ။ဒါ့အပြင် လိပ်က အဖေခေါ်ရအောင် ကားရွေ့နှုန်းက မြန်ချက်ပဲလေနော်။ ကားပိတ်လို့ ဒရိုင်ဘာတွေရဲ့ တွေ့ရာမှတ်တိုင်ချထားခြင်းကိုခံရတာလည်း မနည်းတော့ပေါင်။

အာရှက အခြားမြို့ကြီးအတော်များများကလည်း မြွေလိမ်မြွေကောက်ယာဉ်တန်းရှည်ကြီးတွေ ပိတ်ဆို့နေတယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားပါတယ်နော်။ ဖိလစ်ပိုင်နိုင်ငံက ပြည်သူတစ်ယောက်ကဆို ကားစီးရတာ ငရဲ ပဲလို့ ပြောခဲ့တယ်။ အင်ဒိုနိီးရှားကဆို စိတ်ပျက်ဒေါသထွက်စရာလို့ ပြောခဲ့တယ်။ အိန္ဒိယနိုင်ငံကလည်း ယာဉ်ကြောကျပ်တာက ရူးချင်စရာကောင်းပြီး လက်မဝက်အကွာအဝေး တန်းစီသွားနေရတာဟာ အကြီးအကျယ် စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်လို့ သူတို့နိုင်ငံတွေရဲ့ ကားစီးရတဲ့ ဒုက္ခတွေကို ပြောထားတဲ့ ဗီဒီယိုတွေ တွေ့တော့လည်း ကိုယ့်လိုဘတ်စ်ကားစီးရင်း ဒုက္ခရောက်နေရှာတဲ့ အာရှသားတွေကိုပါ သတိရမိသား။ ကိုယ်တွေကလည်း ဂုဏ်ယူဝင့်ကြွားစွာနဲ့ မင်းတို့မြို့တွေထက် ငါတို့မြို့က ပိုပိတ်တယ်လို့ပြောပါလိုက်ချင်နေတာ။ ဒီဒုက္ခတွေ ကင်းဝေးဖို့ မိုးပေါ်တံတားတွေ၊ မိုးပျံယာဉ်တွေ မြန်မြန်တည်ဆောက်ပါတော့လို့ တိုက်တွန်းရင်း ကိုယ်ချင်းစာနာနိုင်ပါစေလို့ မေတ္တာပို့သလိုက်ပါတယ်။

Career, Lifestyle, Uncategories

Leave a Reply

Your email address will not be published. Required fields are marked *