
*** Unicode ***
ရင်သွေးငယ်လေးတွေနဲ့ အတူ စာအုပ်စာပေများကို အတူတကွ ဖတ်ရှုခြင်းဖြင့် ပိုမိုနွေးထွေးတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်လိုက်ဖို့ အကြံပေးလိုက်ပါတယ်။
စာကြည့်တိုက်တွေကို ခေါ်သွားခြင်းဖြင့် ကိုယ့်ရဲ့ကလေးတွေကို စာပေနဲ့ မိတ်ဆက်ပေးလိုက်ပါ။
ကလေးတွေ စာဖတ်ခြင်းဖြင့် သူတို့ရဲ့စိတ်ကူးစိတ်သန်းတွေ ပိုမိုကောင်းမွန်လာစေပါတယ်။ ကမ္ဘာပေါ်က ဖြစ်ပျက်ပြောင်းလဲနေတဲ့အရာတွေကို ပိုမို နားလည်လာစေပါတယ်။
ဘာသာစကားကျွမ်းကျင်မှုလည်း တိုးတက်စေပါတယ်။ရင်သွေးငယ်များဖြင့် အတူတကွ စာဖတ်ခြင်းက သူတို့ရဲ့တွေးခေါ်ပုံ၊ သုံးသပ်ပုံ၊ နားလည်သဘောပေါက်ပုံ တို့ကို ကျွန်တော်တို့ သိရှိနိုင်ကာ လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ပါတယ်။
ထို့ပြင် စာဖတ်ခြင်းဖြင့် ကလေးတွေရဲ့ စိတ်ကိုသာမက ဦးနှောက်အသိဉာဏ်ကိုပါ ဖွံ့ဖြိုးတိုးတက်စေပါတယ်။ စာဖတ်ခြင်းဖြင့် နောင်တစ်ချိန်တွင် အသိဉာဏ် ရင့်ကျက်တဲ့ကလေးတစ်ယောက် ဖြစ်လာနိုင်စေပါတယ်။
ဘာကြောင့် ကလေးတွေ စာဖတ်ဖို့လိုတာလဲ။ သာမာန်လူတန်းစားက ကလေးတွေအတွက်တော့ ပြောစရာမရှိပေမယ့် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့မိသားစုက ပေါက်ဖွားလာတဲ့ကလေးတွေ၊ ထမင်းနပ်မှန် မစားရတဲ့ ကလေးတွေအတွက်ရောဆိုတဲ့ မေးခွန်းမေးစရာရှိလိမ့်မယ်ထင်ပါတယ်။
စားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်နေရတဲ့ အချိန်မှာ စာဖတ်ဖို့မဆိုနဲ့ ကျောင်းတက်နိုင်ရင်၊ စာအုပ်ဝယ် နိုင်ရင်တောင် ကံကောင်းပါ။ ဒါက လောကဓံက ပေးတဲ့ သင်ခန်းစာပါ။ ဟုတ်ကဲ့ ကျွန်တော်တို့မှာလည်း အဖြေရှိပါတယ်။
အခုလို ဘဝမျိုးကရုန်းထွက်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက စာတတ်ဖို့ပဲ ဖြစ်ပါတယ်။ ဆင်းဆင်းရဲရဲ မွေးဖွားလာတာ မင်းအပြစ်မဟုတ်ပေမယ့် သေဆုံးတဲ့အထိ ဆင်းရဲရင်တော့ မင်းအပြစ်ဖြစ်သွားပြီလို့ Bill Gate က ပြောခဲ့ဖူးတယ်။
ဆင်းဆင်းရဲရဲ မွေးဖွားလာပြီး အောင်မြင်မှုသရဖူတွေ ဆွတ်ခူးခဲ့တဲ့ လူငယ်တွေ များစွာရှိပါတယ်။
Barack Obame , Nay mar, J.K. Rowling, Nicki Minaj, Oprah Winfrey, Leonardo DiCaprio အစရှိတဲ့ လူတွေကို လေ့လာကြည့်ပါ။
သူတို့ဟာ ဘဝကို ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်လာပြီး အောင်မြင်လာကြသူတွေ ဖြစ်ပါတယ်။
ကလေးတွေဆိုတာ နိုင်ငံ့အနာဂတ်ပါ။ နောင်တစ်ချိန်မှာ နိုင်ငံ့တာဝန်တွေ ထမ်းဆောင်နိုင်မယ့် ခေါင်းဆောင်တွေ ဖြစ်လာမယ့်သူပါ။
ငယ်ရွယ်စဉ်ကတည်းက အလေ့အကျင့်ကောင်းလေးတွေ ပြုစုပျိုးထောင် ပေးတဲ့ အနေနဲ့ ကျွန်တော်တို့အားလုံး ပူးပေါင်းပါဝင်လိုက်ရအောင်။
——————————————————————————————————————————-
ရင်သွေးငယ်လေးတွေနဲ့ အတူ စာအုပ်စာပေများကို အတူတကွ ဖတ်ရှုခြင်းဖြင့် ပိုမိုနွေးထွေးတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်လိုက်ဖို့ အကြံပေးလိုက်ပါတယ်။
စာကြည့်တိုက်တွေကို ခေါ်သွားခြင်းဖြင့် ကိုယ့်ရဲ့ကလေးတွေကို စာပေနဲ့ မိတ်ဆက်ပေးလိုက်ပါ။
ကလေးတွေ စာဖတ်ခြင်းဖြင့် သူတို့ရဲ့စိတ်ကူးစိတ်သန်းတွေ ပိုမိုကောင်းမွန်လာစေပါတယ်။ ကမ္ဘာပေါ်က ဖြစ်ပျက်ပြောင်းလဲနေတဲ့အရာတွေကို ပိုမို နားလည်လာစေပါတယ်။ ဘာသာစကားကျွမ်းကျင်မှုလည်း တိုးတက်စေပါတယ်။
ရင်သွေးငယ်များဖြင့် အတူတကွ စာဖတ်ခြင်းက သူတို့ရဲ့တွေးခေါ်ပုံ၊ သုံးသပ်ပုံ၊ နားလည်သဘောပေါက်ပုံ တို့ကို ကျွန်တော်တို့ သိရှိနိုင်ကာ လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ပါတယ်။
ထို့ပြင် စာဖတ်ခြင်းဖြင့် ကလေးတွေရဲ့ စိတ်ကိုသာမက ဦးနှောက်အသိဉာဏ်ကိုပါ ဖွံ့ဖြိုးတိုးတက်စေပါတယ်။ စာဖတ်ခြင်းဖြင့် နောင်တစ်ချိန်တွင် အသိဉာဏ် ရင့်ကျက်တဲ့ကလေးတစ်ယောက် ဖြစ်လာနိုင်စေပါတယ်။
ဘာကြောင့် ကလေးတွေ စာဖတ်ဖို့လိုတာလဲ။ သာမာန်လူတန်းစားက ကလေးတွေအတွက်တော့ ပြောစရာမရှိပေမယ့် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့မိသားစုက ပေါက်ဖွားလာတဲ့ကလေးတွေ၊ ထမင်းနပ်မှန် မစားရတဲ့ ကလေးတွေအတွက်ရောဆိုတဲ့ မေးခွန်းမေးစရာရှိလိမ့်မယ်ထင်ပါတယ်။
စားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်နေရတဲ့ အချိန်မှာ စာဖတ်ဖို့မဆိုနဲ့ ကျောင်းတက်နိုင်ရင်၊ စာအုပ်ဝယ် နိုင်ရင်တောင် ကံကောင်းပါ။ ဒါက လောကဓံက ပေးတဲ့ သင်ခန်းစာပါ။ ဟုတ်ကဲ့ ကျွန်တော်တို့မှာလည်း အဖြေရှိပါတယ်။ အခုလို ဘဝမျိုးကရုန်းထွက်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက စာတတ်ဖို့ပဲ ဖြစ်ပါတယ်။
ဆင်းဆင်းရဲရဲ မွေးဖွားလာတာ မင်းအပြစ်မဟုတ်ပေမယ့် သေဆုံးတဲ့အထိ ဆင်းရဲရင်တော့ မင်းအပြစ်ဖြစ်သွားပြီလို့ Bill Gate က ပြောခဲ့ဖူးတယ်။ဆင်းဆင်းရဲရဲ မွေးဖွားလာပြီး အောင်မြင်မှုသရဖူတွေ ဆွတ်ခူးခဲ့တဲ့ လူငယ်တွေ များစွာရှိပါတယ်။ Barack Obame , Nay mar, J.K. Rowling, Nicki Minaj, Oprah Winfrey, Leonardo DiCaprio အစရှိတဲ့ လူတွေကို လေ့လာကြည့်ပါ။ သူတို့ဟာ ဘဝကို ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်လာပြီး အောင်မြင်လာကြသူတွေ ဖြစ်ပါတယ်။
ကလေးတွေဆိုတာ နိုင်ငံ့အနာဂတ်ပါ။ နောင်တစ်ချိန်မှာ နိုင်ငံ့တာဝန်တွေ ထမ်းဆောင်နိုင်မယ့် ခေါင်းဆောင်တွေ ဖြစ်လာမယ့်သူပါ။ ငယ်ရွယ်စဉ်ကတည်းက အလေ့အကျင့်ကောင်းလေးတွေ ပြုစုပျိုးထောင် ပေးတဲ့ အနေနဲ့ ကျွန်တော်တို့အားလုံး ပူးပေါင်းပါဝင်လိုက်ရအောင်။