ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေမယ့် လမ်းညွှန် (၁၀) ချက်

#POINT #PointYouthPlatform

မင်းရဲ့ခံစားချက်ကို ဖြေရှင်းရင်းနဲ့ အတားအဆီးတွေကို ကျော်လွှားလိုက်ပါ။
ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းပါးခြင်းက ဘဝမှာ ဘရိတ်နင်းထားရင်းနဲ့ ကားမောင်းနေရသလိုပါပဲ။ Maxwell Maltz
ဘယ်သူမှတော့ ယုံကြည်မှုကန့်သတ်ချက်တွေနဲ့ မွေးဖွားလာတာမဟုတ်ပါဘူး။ တစ်ယောက်ယောက်ကတော့ မယုံနိုင်စရာယုံကြည်မှုတွေ ရှိလာနေတယ်ဆိုရင် သူကနှစ်ပေါင်းများစွာ ဒါကိုရဖို့ ကြိုးစားလုပ်ခဲ့ရတာပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုကတော့ တဖြည်းဖြည်းနဲ့တည်ဆောက်ယူရတဲ့ အရာတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ စိန်ခေါ်မှုတွေများတဲ့ကမ္ဘာကြီးကတော့ စိတ်ပျက်အားငယ်စေနိုင်တယ်လေ။
ဖောက်သည်တစ်ယောက်ဆီကနေ ငွေပြန်းအမ်းမှုတွေ ရင်းနှီးမြှုပ်နှံသူဆီက ငြင်းပယ်ခံလိုက်ရတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုက တဖြည်းဖြည်းနဲ့လျော့ပါးလာပါတယ်။ အဓိပ္ပာယ်ရှိလိုက်တဲ့စကားတစ်ခွန်းပါပဲ။ ဒါပေမဲ့ တစ်ခါတလေမှာ ကျွန်တော်တို့နဲ့အရင်းနှီးဆုံးသူတွေဆီကနေ ဒီလိုရက်စက်တဲ့စကားလုံးတွေကို ကြားရတဲ့အချိန်မှာ အတော်လေးအထိနာပါတယ်။
ကိုယ့်ကိုယ်ကိုမတော်ဘူးဆိုပြီးတော့ အမြဲတမ်းပြောနေတဲ့ အတွင်းသံသယစိတ်တွေကိုလဲ ဖျောက်ဖျက်ပစ်ရပါမယ်။ ကျွန်တော်တို့ရဲ့ယုံကြည်မှုကို ခြိမ်းခြောက်နေတဲ့အရာအများစုရဲ့ တရစပ်ထိုးနှက်မှုတွေကို ခံလိုက်ရတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုအတွက် ဒါကိုတည်ဆောက်ဖို့ လုပ်ဆောင်ဖို့လိုအပ်ပါတယ်။
Skill Incubator မှာ ကျွန်တော်တို့သင်ရတဲ့အချိန်မှာ အောင်မြင်တဲ့လုပ်ငန်းတစ်ခုကို တည်ထောင်ဖို့ဆိုတာက အတားအဆီးတွေကို ကျော်ဖြတ်နိုင်ဖို့ မင်းရဲ့စွမ်းရည်အပေါ်မှာ မတုန်လှုပ်တဲ့အရေထူတဲ့ယုံကြည်မှုတွေ ရှိနေဖို့လိုအပ်ပါတယ်။
၁။ မင်းဖြစ်ချင်နေတဲ့ပုံစံအတိုင်း ကိုယ့်ကိုယ်ကို မြင်ကြည့်လိုက်ပါ။
မင်းစိတ်ထဲမှာ ယုံကြည်နေတဲ့အရာတွေက အောင်မြင်နိုင်ပါတယ်။ Napoleon Hill
ကိုယ့်ကိုယ်ကို မြင်ယောင်ကြည့်ခြင်းဆိုတာက ကိုယ့်စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုဂုဏ်ယူနေရတဲ့ပုံရိပ်မျိုးကို မြင်ယောင်ကြည့်ခိုင်းတဲ့နည်းလမ်းကို ပြောတာပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းပါးလာတဲ့အခါမှာ ကိုယ့်ရဲ့အသိစိတ်တွေက မကြာခဏဆိုသလို မမှန်ကန်ဖြစ်လာပါမယ်။ ပန်းတိုင်ကိုအောင်မြင်စွာရောက်ရှိနေတဲ့ ကိုယ့်ရဲ့ပုံရိပ်ကို မြင်ယောင်တတ်အောင် လေ့ကျင့်ထားပါ။
၂။ ကိုယ့်ကိုယ်ကို အခိုင်အမာပြောဆိုပါ။
ခံယူချက်ဆိုတာက ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ မှန်မှန်ကန်ကန်တည်ဆောက်နိုင်ဖို့ အင်အားပြင်းတဲ့လက်နက်တစ်ခုပါပဲ။ Nikki Carnevale
ကျွန်တော်တို့ကတော့ ကိုယ့်ရဲ့ကိုယ်ပိုင်ပုံရိပ်နဲ့အတူ ပြုမူနေထိုင်ချင်ကြပါတယ်။ တာရှည်ခံတဲ့ပြောင်းလဲမှုတွေကို ပြုလုပ်ဖို့ လှည့်စားမှုကတော့ မင်းကိုယ်မင်းဘယ်လိုမြင်ယောင်ကြည့်ရမလဲဆိုတာကို ပြောင်းလဲလိုက်ဖို့ပါပဲ။
ခံယူချက်ဆိုတာက ကျွန်တော်တို့ကို ကျွန်တော်တို့စိတ်ဓာတ်ခွန်အားမြင့်တင်ပေးမှုပါပဲ။ မင်းကိုယ်မင်းပြန်ကြားနိုင်အောင် ကျယ်ကျယ်လောင်လောင်ပြောပေးမယ်ဆိုရင် သာမန်ထက်ပိုပြီးတော့တောင် ထိရောက်ပါသေးတယ်။ ကိုယ့်ကိုယ်ကိုအမြဲတမ်းပြောနေတဲ့ အရာတွေကိုပဲ ယုံကြည်ချင်ကြပါတယ်။ ဥပမာဆိုရင် မင်းရဲ့ရုပ်ရည်ကို မင်းကမုန်းတီးနေမယ်ဆိုရင် နောက်တစ်ခါ မှန်ကြည့်တဲ့အခါမှာ မင်းကိုယ်မင်းသဘောကျကြောင်းတစ်ခုခုကို စမ်းပြီးတော့ပြောကြည့်လိုက်ပါ။
ကိုယ့်ရဲ့ကောင်းကြောင်းတွေကို ဦးနှောက်ကနေပြီးတော့ မြန်မြန်လက်ခံလာနိုင်စေဖို့ မေးခွန်းတွေလို ခံယူချက်တွေကိုပြောပေးပါ။ ဥပမာအားဖြင့် ငါကတော်လိုက်တာလို့ပြောမဲ့အစား ငါကဘာလို့အဲ့လောက်တော်နေရတာလဲလို့ ပြောလိုက်ပါ။ ကျွန်တော်တို့ရဲ့ဦးနှောက်တွေက မေးခွန်းကအခြေအမြစ်ရှိလား မရှိလားဆိုတာကို မခွဲခြားပဲ မေးခွန်းရဲ့အဖြေကိုပဲ ဖြေချင်နေပါတယ်။
၃။ မင်းကိုခြောက်လှန့်နေတဲ့အရာတစ်ခုကို နေ့တိုင်းလုပ်ဆောင်ပါ။
မင်းကိုယ်မင်းမရေမရာဖြစ်နေတယ်ဆိုရင် ကျန်တဲ့လူတွေလဲ အဲ့လိုဖြစ်နေမှာပါပဲ။ ပြိုင်ဘက်တွေကို အရမ်းအထင်မကြီးပါနဲ့။ ကိုယ့်ကိုယ်ကိုလဲ အထင်မသေးပါနဲ့။ မင်းထင်ထားတာထက်ပို ပြီးတော့ မင်းကတော်ပါတယ်။ T.Harv Eker
အကြောက်တရားကိုကျော်လွှားဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဒါကိုရင်ဆိုင်လိုက်ဖို့ပါပဲ။ မင်းကိုခြောက်လှန့်နေတဲ့အရာတစ်ခုခုကို နေ့တိုင်းလုပ်လိုက်ခြင်းဖြင့် အဲ့ဒီအတွေ့အကြုံတွေကနေ ယုံကြည်မှုတွေရလာပါလိမ့်မယ်။ မင်းရဲ့ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေကို တွေ့မြင်လာရပါတော့မယ်။ ဒါကြောင့် စိတ်သက်တောင့်သက်သာဖြစ်မဲ့ပုံစံမလုပ်ပဲ အကြောက်တရားတွေနဲ့ ရင်ဆိုင်လိုက်ပါ။


၄။ မင်းရဲ့ဝေဖန်တတ်တဲ့အတွင်းစိတ်ကို မေးမြန်းကြည့်ပါ။
မင်းကိုယ်မင်း နှစ်ပေါင်းများစွာ ဝေဖန်ခဲ့ပြီးပြီ။ ဒါကအလုပ်မဖြစ်ပါဘူး။ မင်းကိုယ်မင်း ကြိုးစားကြည့်ရင်းနဲ့ ဘာတွေဖြစ်လာမလဲစောင့်ကြည့်လိုက်ပါ။ Louise L.Hay
ကိုယ့်ကိုယ်ကိုပြောတဲ့ အဆိုးဝါးဆုံး comment တွေက အတွင်းဝေဖန်စိတ်ကနေ လာတာပါ။ မင်းကိုယ်မင်းယုံကြည်မှုနည်းပါးနေတယ်ဆိုရင် မင်းရဲ့အတွင်းဝေဖန်စိတ်ကတော့ ပိုတက်ကြွလာပြီးတော့ မမှန်မကန်ဖြစ်လာနိုင်တဲ့ ဖြစ်နိုင်ချေရှိနေပါတယ်။
သိသာမြင်သာတဲ့အပြုအမူကုထုံးတွေလို နည်းဗျူဟာတွေက မင်းရဲ့အတွင်းဝေဖန်စိတ်ကို မေးမြန်းဖို့ အကူအညီဖြစ်ပါလိမ့်မယ်။ မင်းရဲ့အတွင်းစိတ်ကမင်းကိုပြောပြနေတဲ့ အရာတွေကို ငြင်းဆန်နိုင်ဖို့ သက်သေအထောက်အထားတွေကို ရှာဖွေရာမှာ အထောက်အကူဖြစ်ပါတယ်။ ဥပမာပြောရရင် မင်းကအရှုံးသမားတစ်ယောက်လို့ ကိုယ့်ကိုယ်ကို ထင်နေမယ်ဆိုရင် မင်းကိုယ်မင်းပြန်မေးကြည့်ပါ။ ဘာသက်သေအထောက်အထားတွေကြောင့် ငါကအရှုံးသမားတစ်ယောက်ဖြစ်နေတယ်လို့ ထင်နေရတာလဲ။ ပြီးတော့ ငါကအရှုံးသမားတစ်ယောက်လို့ထင်နေတဲ့အတွေးတွေကို မထောက်ပံ့မဲ့ သက်သေအထောက်အထားတွေကဘာလဲ။
အသေးငယ်ဆုံးသောအောင်မြင်မှုတွေအတွက်တောင်မှ ကိုယ့်ကိုယ်ကို ဂုဏ်ယူချီးမွန်းဖို့အခွင့်အရေးတွေကို ရှာဖွေပါ။ လူတစ်ယောက်က ကိုယ်ပိုင်အသိအမှတ်ပြုမှုမရှိဘူးဆိုရင် စိတ်မချမ်းသာနိုင်ပါဘူးလို့ Mark Twain ကပြောခဲ့ပါတယ်။
၅။ ရက်တစ်ရာတိတိ အငြင်းပယ်ခံတဲ့စိန်ခေါ်မှုကိုလုပ်ဆောင်ပါ။
မင်းရဲ့သဘောတူညီမှုမရှိပဲ မင်းကိုဘယ်သူမှ သိမ်ငယ်အောင်မလုပ်နိုင်ပါဘူး။ Eleanor Roosevelt
Jia Jiang ကတော့ ရက်တစ်ရာကျော် ငြင်းဆန်ဖို့ လူတွေကို တမင်သက်သက် တောင်းဆိုခဲ့တဲ့ ကြောက်စိတ်ရင်ဆိုင်မှုအတွေ့အကြုံတွေကြောင့် နာမည်ကျော်လာခဲ့တာပါ။ သူကအလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတစ်ယောက်ဆီကနေ ငြင်းပယ်ခံရဖို့မျှော်လင့်ထားတာကို ဒေါသထွက်လာပြီးတဲ့နောက်မှာ သူ့ရဲ့ရည်ရွယ်ချက်ကတော့ အငြင်းခံရတဲ့အခါမှာ အရေထူသွားအောင်လုပ်ဖို့ပါပဲ။ အကြောက်တရားကိုရင်ဆိုင်ဖို့က လုပ်ဖို့လွယ်ကူတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတည်ဆောက်ဖို့ လုပ်နေချိန်မှာ ပျော်ပျော်လုပ်ချင်တယ်ဆိုရင်တော့ ဒါကလုပ်ဖို့ အားအပြင်းဆုံးနည်းလမ်းတစ်ခုပါပဲ။
၆။ အောင်မြင်မှုဆီလျှောက်လှမ်းပါ။
ကိုယ့်ကိုယ်ကိုယုံကြည်မှုတည်ဆောက်နိုင်ဖို့ ကျွန်တော်တို့က အောင်မြင်မှုတွေအပေါ်မှာ အာရုံစူးစိုက်ထားရပါမယ်။ ပြီးတော့ ကျွန်တော်တို့ဘဝရဲ့ အဆိုးမြင်ဝါဒီတွေနဲ့ ကျရှုံးမှုတွေကို မေ့ထားရပါမယ်။
အောင်မြင်မှုရဖို့ ခက်ခဲတဲ့ပန်းတိုင်တွေ ချမှတ်ထားတဲ့အတွက်ကြောင့် လူအများစုကတော့ သူတို့ရဲ့အရည်အချင်းတွေကို စိတ်ပျက်အားငယ်နေတတ်ကြပါတယ်။ မင်းအလွယ်တကူ အောင်မြင်နိုင်မဲ့ ပန်းတိုင်လေးတွေကို ချမှတ်ခြင်းဖြင့် စတင်လိုက်ပါ။
မင်းကိုယ်မင်း တော်တယ်လို့ခံစားရစေမဲ့ အောင်မြင်မှုတွေကို တည်ဆောက်ပြီးသွားတာနဲ့ ပိုခက်ခဲတဲ့ပန်းတိုင်တွေဆီကို လျှောက်လှမ်းနိုင်ပါပြီ။ မင်းကောင်းကောင်းလုပ်နိုင်ခဲ့တဲ့ အချိန်တွေကို ပြန်အမှတ်ရစေဖို့ အောင်မြင်မှုသေးသေးကြီးကြီးအားလုံးကို စာရင်းမှတ်ထားပါ။
လုပ်ရမဲ့စာရင်းတွေကိုပဲ အာရုံစိုက်နေမဲ့အစား လုပ်ခဲ့တဲ့စာရင်းတွေကို ပြန်လည်သုံးသပ်ရင်း အချိန်ကုန်ဆုံးရတာကိုလဲ ကျွန်တော်သဘောကျပါတယ်။ မင်းအောင်မြင်ခဲ့တဲ့အဓိကပန်းတိုင်တွေကို ပြန်လည်သုံးသပ်ခြင်းက မင်းရဲ့အရည်အချင်းတွေအပေါ်မှာ ယုံကြည်မှုရယူနိုင်ဖို့ ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
၇။ တစ်ယောက်ယောက်ကို ကူညီပါ။
တစ်ယောက်ယောက်ကို ကူညီလိုက်တာက ကိုယ့်အကြောင်းကိုမေ့ထားပြီးတော့ ကိုယ့်မှာရှိနေတဲ့အရာကို ကျေနပ်နေတတ်ကြပါတယ်။ မင်းကတစ်ယောက်ယောက်အတွက် ကွဲပြားမှုတစ်ခုဖြစ်အောင် လုပ်ပေးနိုင်တယ်ဆိုရင် အဲ့ဒီခံစားချက်က ကောင်းမွန်ပါတယ်။
ကိုယ့်ရဲ့အားနည်းချက်ကို အာရုံစိုက်နေမဲ့အစား တခြားတစ်ယောက်ယောက်ကို ကူညီသင်ကြားပေးလိုက်ပါ။ အဲ့ဒီလိုလုပ်နေချိန်မှာ မင်းရဲ့ကိုယ်ကိုယ့်ကိုယုံကြည်မှုက တဖြည်းဖြည်းနဲ့ မြင့်တက်လာတာကို တွေ့လာရပါမယ်။
၈။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။
ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းကတော့ တစ်ကိုယ်ကောင်းဆန်တာမဟုတ်ပါဘူး။ ဒါက ကျွန်တော့်မှာ ရှိတဲ့တစ်ခုထဲသောကောင်းမွန်တဲ့လက်ဆောင်တစ်ခုပါပဲ။ ဒါကတခြားသူတွေကို ကျွန်တော်ပေးကမ်းချင်တဲ့ လက်ဆောင်တစ်ခုပေါ့။ Parker Palmer
ကိုယ့်ကိုယ်ကိုယုံကြည်မှုဆိုတာက ကျန်းမာရေးတွေ စိတ်ကျန်းမာရေးတွေရယ်နဲ့ လှုမှုရေးပြသနာတွေ အားလုံးရဲ့ပေါင်းစပ်မှုအပေါ်မှာ မူတည်နေပါတယ်။ မင်းကမင်းရဲ့ကိုယ်ကို ဒါမှမဟုတ် မင်းရဲ့အားနည်းချက်တွေကို မုန်းနေမယ်ဆိုရင် ကိုယ့်အကြောင်းကို ကောင်းကောင်းတွေးထားဖို့က ခက်ခဲပါတယ်။
လေ့ကျင့်ခန်းတွေ အစားအသောက်တွေ အိပ်တဲ့အလေ့အကျင့်တွေကို လုပ်ဖို့ အချိန်ယူပါ။ ဒါ့အပြင် မင်းစိတ်ထဲမှာ သက်တောင့်သက်သာဖြစ်မဲ့ အဝတ်အစားကိုဝတ်ဆင်ပါ။ အဝတ်အစားတွေက လူကိုသတ်မှတ်တယ်လိုု့ ပြောကြတာကိုမင်းကြားဖူးမှာပါ။ မင်းလိုအပ်တဲ့အရာတွေကို လုပ်လိုက်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရအောင် တည်ဆောက်ပါ။


၉။ ကိုယ်ပိုင်စည်းမျဉ်းတွေကို ဖန်တီးပါ။
ဘယ်တော့မှ အနိုင်ကျင့်မခံပါနှင်။ မင်းကိုယ်မင်း ဘယ်တော့မှ သားကောင်ဖြစ်ခွင့်မပေးနဲ့။ မင်းရဲ့ဘဝမှာ ဘယ်သူ့ရဲ့သတ်မှတ်ချက်တွေကိုမှ အဝင်မခံပဲနဲ့ ကိုယ့်ကိုယ်ကို သတ်မှတ်ပါ။ Harvey Fierstein
ငြင်းပယ်တတ်အောင် ကြိုးစားထားပါ။ မင်းရဲ့စည်းမျဉ်းတွေကို တခြားသူတွေလေးစားတတ်အောင် သင်ယူထားပါ။ လိုအပ်ရင်တော့ မင်းလိုအပ်တဲ့အရာကို တောင်းဆိုတတ်ဖို့နဲ့ ပိုပြီးတော့ ယုံကြည်မှုရှိလာစေဖို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့သင်တန်းတွေကို တက်ရောက်ပါ။ မင်းရဲ့ကိုယ်ပိုင်ဘဝကို မင်းကိုယ်တိုင်လွှမ်းမိုးနိုင်တယ်ဆိုတာကို ပြောနိုင်လေလေ မင်ရဲ့ယုံကြည်မှုကတော့ ပိုပြီးတော့ ကောင်းမွန်လာလေလေပါပဲ။
၁၀။ တန်းတူညီမျှစိတ်အခြေအနေကိုပြောင်းလဲပါ။
တစ်ယောက်ယောက်ဖြစ်ချင်လိုက်တာဆိုတာက မင်းကအလကားလူတစ်ယောက်ဖြစ်နေတာပါပဲ။ Marilyn Monroe
ယုံကြည်မှုနည်းပါးတဲ့လူတွေက တခြားသူတွေကို သူတို့ထက်ပိုပြီးတော့ တော်တဲ့သူတွေအဖြစ်နဲ့ မြင်ကြတယ်။ ဒီသဘောထားကို မှတ်ယူနေမဲ့အစား မင်းကိုယ်မင်းအားလုံးနဲ့ တန်းတူညီမျှအဖြစ်နဲ့ မြင်ယောင်ကြည့်လိုက်ပါ။ မင်းထက်ပိုပြီးတော့ တော်နေတဲ့သူဆိုတာ မရှိပါဘူး။ မင်းကိုယ်မင်း အားလုံးနဲ့တန်းတူညီမျှအဖြစ်နဲ့ မြင်တတ်အောင် လေ့ကျင့်ထားပါ။ ဒါမှ မင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးတက်လာတာကို မြင်ယောင်လာနိုင်ပါမယ်။

Writer & Translator : Su Mon

Uncategories

Leave a Reply

Your email address will not be published. Required fields are marked *