Branding ဆိုတာ ဘာလဲ

*** Unicode ***

#POINT #PointYouthPlatform

Branding ဆိုသည်မှာ မိမိကုမ္ပဏီ၏ လုပ်ဆောင်ချက်၊ မူဝါဒများနှင့် ဈေးကွက်တွင်ရှိသော ကုမ္ပဏီ၏ ရည်မှန်းချက်များကို စုပေါင်းကာ သုံးစွဲသူများ၏ အမြင်မှာ ကောင်းမွန်သော၊ ခိုင်မာသော ပုံရိပ်ကောင်းတစ်ခုကို ဖန်တီးတည်ဆောက်ခြင်းပင်ဖြစ်ပါသည်။ထိရောက်သော Branding တစ်ခု၏ဟာ ကုမ္ပဏီလုပ်ငန်းတွေကို ကိုယ့်ရဲ ့ပြိုင်ဘက်တွေကနေ ထိထိရောက်ရောက် ခွဲခြားမြင်တွေ ့စေသလို အမြဲတန်းအသုံးပြုနေသည့် ဖောက်သည်တွေကိုလည်း ရရှိစေပါတယ်။

Branding က ဘာလို့ အရေးပါတာလဲ ။

ပထမဆုံးနှင့် အရေးပါဆုံးကတော့ ကောင်းမွန်ခိုင်မာသော Brand တစ်ခုဟာ ဈေးကွက်ယှဉ်ပြိုင်ထိုးဖောက်ရာမှာ ထိရောက်တဲ့ ဈေးကွက်ယှဉ်ပြိုင်မှုကို ရရှိစေသလို ကိုယ့်ရဲ ့ပုံမှန်ဖောက်သည် သုံးစွဲသူတွေကို အဖိုးအခနည်းစွာဖြင့် ထိန်းထားနိုင်ခြင်းဖြစ်ပါတယ်။

Brand တစ်ခုကို တည်ဆောက်ရာမှာတော့ ခိုင်မာသောအကြောင်းအရာတွေ၊ ဈေးကွက်ထိုးဖောက်မှုစနစ်တွေနှင့် ကိုယ့်လုပ်ငန်းရဲ ့လက်ရှိအခြေအနေတွေနှင့် ဆက်စပ်ပြီး သေသေချာချာဂရုတစိုက် တည်ဆောက်ရန် လိုအပ်ပါတယ်။

ကိုယ့်ရဲ ့စီးပွားရေးအပေါ်မှာ အသုံးပြုသူ၊ သုံးစွဲသူတွေ၏ ယုံကြည်စိတ်ချမှု၊ အားထားမျှော်လင့်မှုကို ပိုမိုရှိလာစေသလို ရောင်းခြင်း၊ ဝယ်ခြင်းကိစ္စထက်ပိုပြီး သုံးစွဲသူ ဖောက်သည်တွေနှင့် ပိုမို ခိုင်မာသော ဆက်ဆံရေးကို ရရှိလာစေမှာဖြစ်ပါတယ်။

သုံးစွဲသူဖောက်သည်တွေလက်ခံပြီး ကောင်းမွန်ထူးခြားသော ကြာရှည်စွာခိုင်မာသော Brand တစ်ခုဖြစ်စေရန်အတွက်တော့ အံ့သြဖွယ်ကောင်းမှု (Mystery) ၊ကိုယ့်ရဲ ့ကုန်ပစ္စည်းဟာ သုံးစွဲသူအပေါ်အကျိုးဖြစ်ထွန်းစေမှု (Sensuality) နှင့် သုံးစွဲသူနှင့် ခိုင်မာဆက်ဆံရေးရှိမှု (Intimacy) စသည့် အချက် (၃) ချက်ပါဝင်ရန်လိုအပ်ပါတယ်။

ကောင်းမွန်သော Brand တစ်ခုကို တည်ဆောက်ခြင်းဟာ အချိန်ကြာရှည်စွာ လုပ်ကိုင်ရသော အလုပ်ဖြစ်သလို နည်းစနစ်ကျကျဆောင်ရွက်ရမည့် အလုပ်လည်းဖြစ်ပါတယ်။

ဒါပေမဲ့ ကိုယ့်ရဲ ့ကုန်ပစ္စည်း၊ အမှတ်တံဆိပ်ကို သုံးစွဲသူတွေ ပိုပြီး လက်ခံလာလေလေ၊ ပိုပြီး ယုံကြည်စိတ်ချလာသည်နှင့်အမျှ ခိုင်မာသော ဈေးကွက်ကို ပိုင်ဆိုင်လာကာ ပိုမိုအောင်မြင်သော စီးပွားရေးတစ်ခုကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

Writer & Translator : Thiha Aung

—————————————————————————————————————————–

#POINT #PointYouthPlatform

Branding ဆိုသည်မှာ မိမိကုမ္ပဏီ၏ လုပ်ဆောင်ချက်၊ မူဝါဒများနှင့် ဈေးကွက်တွင်ရှိသော ကုမ္ပဏီ၏ ရည်မှန်းချက်များကို စုပေါင်းကာ သုံးစွဲသူများ၏ အမြင်မှာ ကောင်းမွန်သော၊ ခိုင်မာသော ပုံရိပ်ကောင်းတစ်ခုကို ဖန်တီးတည်ဆောက်ခြင်းပင်ဖြစ်ပါသည်။
ထိရောက်သော Branding တစ်ခု၏ဟာ ကုမ္ပဏီလုပ်ငန်းတွေကို ကိုယ့်ရဲ ့ပြိုင်ဘက်တွေကနေ ထိထိရောက်ရောက် ခွဲခြားမြင်တွေ ့စေသလို အမြဲတန်းအသုံးပြုနေသည့် ဖောက်သည်တွေကိုလည်း ရရှိစေပါတယ်။

Branding က ဘာလို့ အရေးပါတာလဲ ။
ပထမဆုံးနှင့် အရေးပါဆုံးကတော့ ကောင်းမွန်ခိုင်မာသော Brand တစ်ခုဟာ ဈေးကွက်ယှဉ်ပြိုင်ထိုးဖောက်ရာမှာ ထိရောက်တဲ့ ဈေးကွက်ယှဉ်ပြိုင်မှုကို ရရှိစေသလို ကိုယ့်ရဲ ့ပုံမှန်ဖောက်သည် သုံးစွဲသူတွေကို အဖိုးအခနည်းစွာဖြင့် ထိန်းထားနိုင်ခြင်းဖြစ်ပါတယ်။
Brand တစ်ခုကို တည်ဆောက်ရာမှာတော့ ခိုင်မာသောအကြောင်းအရာတွေ၊ ဈေးကွက်ထိုးဖောက်မှုစနစ်တွေနှင့် ကိုယ့်လုပ်ငန်းရဲ ့လက်ရှိအခြေအနေတွေနှင့် ဆက်စပ်ပြီး သေသေချာချာဂရုတစိုက် တည်ဆောက်ရန် လိုအပ်ပါတယ်။ ကိုယ့်ရဲ ့စီးပွားရေးအပေါ်မှာ အသုံးပြုသူ၊ သုံးစွဲသူတွေ၏ ယုံကြည်စိတ်ချမှု၊ အားထားမျှော်လင့်မှုကို ပိုမိုရှိလာစေသလို ရောင်းခြင်း၊ ဝယ်ခြင်းကိစ္စထက်ပိုပြီး သုံးစွဲသူ ဖောက်သည်တွေနှင့် ပိုမို ခိုင်မာသော ဆက်ဆံရေးကို ရရှိလာစေမှာဖြစ်ပါတယ်။
သုံးစွဲသူဖောက်သည်တွေလက်ခံပြီး ကောင်းမွန်ထူးခြားသော ကြာရှည်စွာခိုင်မာသော Brand တစ်ခုဖြစ်စေရန်အတွက်တော့ အံ့သြဖွယ်ကောင်းမှု (Mystery) ၊ကိုယ့်ရဲ ့ကုန်ပစ္စည်းဟာ သုံးစွဲသူအပေါ်အကျိုးဖြစ်ထွန်းစေမှု (Sensuality) နှင့် သုံးစွဲသူနှင့် ခိုင်မာဆက်ဆံရေးရှိမှု (Intimacy) စသည့် အချက် (၃) ချက်ပါဝင်ရန်လိုအပ်ပါတယ်။
ကောင်းမွန်သော Brand တစ်ခုကို တည်ဆောက်ခြင်းဟာ အချိန်ကြာရှည်စွာ လုပ်ကိုင်ရသော အလုပ်ဖြစ်သလို နည်းစနစ်ကျကျဆောင်ရွက်ရမည့် အလုပ်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ ့ကုန်ပစ္စည်း၊ အမှတ်တံဆိပ်ကို သုံးစွဲသူတွေ ပိုပြီး လက်ခံလာလေလေ၊ ပိုပြီး ယုံကြည်စိတ်ချလာသည်နှင့်အမျှ ခိုင်မာသော ဈေးကွက်ကို ပိုင်ဆိုင်လာကာ ပိုမိုအောင်မြင်သော စီးပွားရေးတစ်ခုကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

Writer & Translator : Thiha Aung

 

Startups

Leave a Reply

Your email address will not be published. Required fields are marked *