B2B Marketing ၏ အားသာချက်နှင့် အားနည်းချက်များ

*** Unicode ***

#POINT#Point Youth Platform

စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာမှာ သုံးစွဲသူတွေဆီကိုတိုက်ရိုက်မရောင်းဘဲ ကုမ္ပဏီဖြစ်စေ၊ တခြားသောစီးပွားရေးလုပ်ငန်းတွေဆီကို ပြန်လည်ရောင်းချခြင်းကိုပဲ Business to Business (B2B) Marketing ဟု ခေါ်ပါတယ်။ B2B Marketing ရဲ့ ကောင်းကျိုးနှင့် ဆိုးကျိုးများကို လေ့လာကြည့်ကြရအောင်ခင်ဗျာ။

B2B Marketing ၏ အားသားချက်များ

၁။ B2B Marketing ရဲ့အဓိက အားသာချက်ကတော့ ကုမ္ပဏီတွေဟာ သုံးစွဲသူ ဖောက်သည်တွေနဲ့မဟုတ်ဘဲ ကုမ္ပဏီအချင်းချင်း တိုက်ရိုက်ထိတွေ့ အလုပ်လုပ်ကိုင် ရခြင်းပဲ ဖြစ်ပါတယ်။ ကုမ္ပဏီအများအပြားနှင့် အလုပ်အတူလုပ်ကိုင်ရသည့် အတွက်ကြောင့် Group အနေနဲ့ဖြစ်စေ၊ ကုမ္ပဏီအချင်းချင်း စုပေါင်းလုပ်ကိုင်နိုင်ပြီး ဈေးကွက်၏ အားသာချက်ကိုလည်း ပိုမိုရရှိစေနိုင်မှာပါ။

၂။ နောက်ထပ်အားသာချက်ကတော့ အရောင်းအဝယ်ပြုလုပ်ရာမှာ သုံးစွဲသူဆိီကို တိုက်ရိုက်မဟုတ်ပဲ မိတ်ဖက်ကုမ္ပဏီဆီကို ရောင်းချခြင်းဖြစ်သည့်အတွက်ကြောင့် အရောင်းအဝယ် တစ်ခုတည်းမှာပင် ကိုယ့်ထုတ်ကုန် အတော်များများကို ရောင်းချနိုင်ခြင်းပါ။

သုံးစွဲသူ ဖောက်သည်တွေဆီသာ ရောင်းချမယ်ဆိုရင် နာရီ အလုံး ၁ဝဝဝ အတွက် လူ အယောက် ၁ဝဝဝ လောက်ကို ရောင်းချရမှာ ဖြစ်ပေမယ့် ကုမ္ပဏီ ဒါမှမဟုတ်လည်း စီးပွားရေးလုပ်ငန်း အချင်းချင်း ရောင်းချရာမှာ စီးပွားရေးလုပ်ငန်း တစ်ခုတည်းအတွက်ကိုတောင်မှ နာရီအလုံး ၁ဝဝဝ ရောင်းချနိုင်ပါတယ်။

၃။ နောက်ဆုံး အားသာချက်တစ်ခုကတော့ ကိုယ့်ကုမ္ပဏီရဲ့ ထုတ်ကုန် ဝန်ဆောင်မှုက ကောင်းမွန်တယ်ဆိုရင် မိတ်ဖက်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေနှင့် အချိ်န်အကြာကြီး လက်တွဲအလုပ်လုပ်ကိုင်နိုင်ခြင်း ပါပဲ။

စကားလုံးတစ်လုံးတည်းနဲ့ ပြောရမယ်ဆိုရင်တော့ Brand Loyalty ပေါ့။ စီးပွားရေးလုပ်ငန်းတွေ၊ ကုမ္ပဏီတွေဟာ သာမာန်သုံးစွဲသူ ဖောက်သည်တွေထက် ဝန်ဆောင်မှုနှင့် ကုန်ပစ္စည်းအရည်အသွေးကို ပိုမိုသတိထား စောင့်ကြည့်တတ်သလို ကိုယ့်ဝန်ဆောင်မှုက ကောင်းမွန်ရင်လည်း ရေရှည်လက်တွဲတတ်တာဖြစ်လို့ ဒါဟာ ကိုယ့်စီးပွားရေးကို ပိုမိုကောင်းမွန်တဲ့ အနာဂါတ်ဆီကို ဆောင်ယူပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါဆိုရင် B2B Marketing ရဲ့အားနည်းချက်တွေကရော ဘာတွေဖြစ်မလဲ။

၁။ B2B Marketing မှာ အဓိကနဲ့ အကြီးမားဆုံး တွေ့ရတဲ့ပြသနာကတော့ ဈေးကွက်အခြေအနေပါပဲ။ သုံးစွဲသူတွေဆီကို တိုက်ရိုက်ရောင်းချတဲ့ B2C (Business to Consumer) Marketing လိုမျိုး များစွာသော ဖောက်သည် အသုံးပြုသူတွေဆီ ရောင်းချရတာမဟုတ်ပဲ အရေအတွက် တစ်ခုအတွင်းသာရှိသော ကုမ္ပဏီအချင်းချင်းဆီကို ရောင်းချရတာဖြစ်လို့ ဈေးကွက်မှာ အကန့်အသတ်ရှိပါတယ်။

၂။ နောက်ထပ် အားနည်းချက်တစ်ခုကတော့ ဈေးလျော့ရောင်းချရခြင်းပါ။ သုံးစွဲသူတွေဆီကို တိုက်ရိုက်ရောင်းချတဲ့အခါ ကိုယ့်စီးပွားရေးနဲ့ အဆင်ပြေတဲ့ ဈေးနှုန်းနဲ့ ရောင်းချနိုင်ပေမယ့် ကုမ္ပဏီတစ်ခုကို ရောင်းချတဲ့အခါ ထိုကုမ္ပဏီက တစ်ဆင့် ထပ်မံရောင်းချမယ့် အခြေအနေအတွက် ပုံမှန်ဈေးထက်ကို လျော့ရောင်းချတာမျိုး ဖြစ်နိုင်ပါတယ်။

ဒါကြောင့် B2B Marketing မှာ ရောင်းချတဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေဟာ သုံးစွဲသူတွေဆီကို ရောင်းချတဲ့ ဈေးတွေထက် ပိုနည်းလေ့ရှိပါတယ်။ တနည်းအားဖြင့် ပြောရရင် အမြတ်ရရှိမှု ပိုနည်းပါတယ်။

၃။ နောက်ဆုံး အားနည်းချက်တစ်ခုကတော့ ကုမ္ပဏီအချင်းချင်း ၊ စီးပွားရေး အချင်းချင်း ရောင်းဝယ်မှု ကိစ္စတွေဟာ သာမာန်သုံးစွဲသူကို ရောင်းချတာထက် အများကြီးရှုပ်ထွေးတာပါပဲ။ စာချုပ်တွေ၊ သဘောတူညီမှုတွေနဲ့ တခြားသော အဆင့် များစွာ ဖြတ်သန်းရသလို တစ်ခါတစ်လေမှာ စာချုပ်တစ်ခု ချုပ်ဆိုဖို့ အတွက်လည်း အချိန်အများကြီး ကြာသွားနိုင်ပါတယ်။

ပြီးတော့ ကုမ္ပဏီတွေဟာ သာမာန် ဖောက်သည်တွေလို မဟုတ်ဘဲ သေချာစဉ်းစား တွက်ချက်ပြှီးမှ စာချုပ်ချုပ်ဆိုပြီး မိမိကုန်ပစ္စည်းကို ဝယ်ယူတာဖြစ်လို့ အချိန်အကြာကြီး စောင့်သည့်တိုင်အောင် အရောင်းအဝယ် လုံးဝ မဖြစ်တော့တာလည်း ဖြစ်နိုင်ပါတယ်။Marketing Strategies တွေကတော့ များစွာရှိသလို အသစ်အသစ်သော နည်းလမ်းတွေလည်း ပေါ်ပေါက်လျက်ရှိပါတယ်။

တစ်ခုချင်းစီမှာလည်း အားနည်းချက် အားသာချက် အမြဲဒွန်တွဲနေလ့ ရှိပါတယ်။ အခုလည်း B2B Marketing ရဲ့ ကောင်းကျိုးတွေနဲ့ ပြသနာတွေကို သိရှိရပြီဖြစ်လို့ ကိုယ့်စီးပွားရေး ကုန်ပစ္စည်းနဲ့ လိုက်ဖက်တယ်၊ မလိုက်ဖက်ဘူး ဆိုတာကိုသိပြီး အချိန်ယူ စဉ်းစားသင့်ပါတယ်။

Writer & Translator : Thiha Aung

—————————————————————————————————————————-

#POINT#Point Youth Platform

စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာမှာ သုံးစွဲသူတွေဆီကိုတိုက်ရိုက်မရောင်းဘဲ ကုမ္ပဏီဖြစ်စေ၊ တခြားသောစီးပွားရေးလုပ်ငန်းတွေဆီကို ပြန်လည်ရောင်းချခြင်းကိုပဲ Business to Business (B2B) Marketing ဟု ခေါ်ပါတယ်။ B2B Marketing ရဲ့ ကောင်းကျိုးနှင့် ဆိုးကျိုးများကို လေ့လာကြည့်ကြရအောင်ခင်ဗျာ။

B2B Marketing ၏ အားသားချက်များ

၁။ B2B Marketing ရဲ့အဓိက အားသာချက်ကတော့ ကုမ္ပဏီတွေဟာ သုံးစွဲသူ ဖောက်သည်တွေနဲ့မဟုတ်ဘဲ ကုမ္ပဏီအချင်းချင်း တိုက်ရိုက်ထိတွေ့ အလုပ်လုပ်ကိုင် ရခြင်းပဲ ဖြစ်ပါတယ်။ ကုမ္ပဏီအများအပြားနှင့် အလုပ်အတူလုပ်ကိုင်ရသည့် အတွက်ကြောင့် Group အနေနဲ့ဖြစ်စေ၊ ကုမ္ပဏီအချင်းချင်း စုပေါင်းလုပ်ကိုင်နိုင်ပြီး ဈေးကွက်၏ အားသာချက်ကိုလည်း ပိုမိုရရှိစေနိုင်မှာပါ။

၂။ နောက်ထပ်အားသာချက်ကတော့ အရောင်းအဝယ်ပြုလုပ်ရာမှာ သုံးစွဲသူဆိီကို တိုက်ရိုက်မဟုတ်ပဲ မိတ်ဖက်ကုမ္ပဏီဆီကို ရောင်းချခြင်းဖြစ်သည့်အတွက်ကြောင့် အရောင်းအဝယ် တစ်ခုတည်းမှာပင် ကိုယ့်ထုတ်ကုန် အတော်များများကို ရောင်းချနိုင်ခြင်းပါ။ သုံးစွဲသူ ဖောက်သည်တွေဆီသာ ရောင်းချမယ်ဆိုရင် နာရီ အလုံး ၁၀ဝ၀ အတွက် လူ အယောက် ၁၀ဝ၀ လောက်ကို ရောင်းချရမှာ ဖြစ်ပေမယ့် ကုမ္ပဏီ ဒါမှမဟုတ်လည်း စီးပွားရေးလုပ်ငန်း အချင်းချင်း ရောင်းချရာမှာ စီးပွားရေးလုပ်ငန်း တစ်ခုတည်းအတွက်ကိုတောင်မှ နာရီအလုံး ၁၀ဝ၀ ရောင်းချနိုင်ပါတယ်။

၃။ နောက်ဆုံး အားသာချက်တစ်ခုကတော့ ကိုယ့်ကုမ္ပဏီရဲ့ ထုတ်ကုန် ဝန်ဆောင်မှုက ကောင်းမွန်တယ်ဆိုရင် မိတ်ဖက်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေနှင့် အချိ်န်အကြာကြီး လက်တွဲအလုပ်လုပ်ကိုင်နိုင်ခြင်း ပါပဲ။ စကားလုံးတစ်လုံးတည်းနဲ့ ပြောရမယ်ဆိုရင်တော့ Brand Loyalty ပေါ့။ စီးပွားရေးလုပ်ငန်းတွေ၊ ကုမ္ပဏီတွေဟာ သာမာန်သုံးစွဲသူ ဖောက်သည်တွေထက် ဝန်ဆောင်မှုနှင့် ကုန်ပစ္စည်းအရည်အသွေးကို ပိုမိုသတိထား စောင့်ကြည့်တတ်သလို ကိုယ့်ဝန်ဆောင်မှုက ကောင်းမွန်ရင်လည်း ရေရှည်လက်တွဲတတ်တာဖြစ်လို့ ဒါဟာ ကိုယ့်စီးပွားရေးကို ပိုမိုကောင်းမွန်တဲ့ အနာဂါတ်ဆီကို ဆောင်ယူပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါဆိုရင် B2B Marketing ရဲ့အားနည်းချက်တွေကရော ဘာတွေဖြစ်မလဲ။

၁။ B2B Marketing မှာ အဓိကနဲ့ အကြီးမားဆုံး တွေ့ရတဲ့ပြသနာကတော့ ဈေးကွက်အခြေအနေပါပဲ။ သုံးစွဲသူတွေဆီကို တိုက်ရိုက်ရောင်းချတဲ့ B2C (Business to Consumer) Marketing လိုမျိုး များစွာသော ဖောက်သည် အသုံးပြုသူတွေဆီ ရောင်းချရတာမဟုတ်ပဲ အရေအတွက် တစ်ခုအတွင်းသာရှိသော ကုမ္ပဏီအချင်းချင်းဆီကို ရောင်းချရတာဖြစ်လို့ ဈေးကွက်မှာ အကန့်အသတ်ရှိပါတယ်။

၂။ နောက်ထပ် အားနည်းချက်တစ်ခုကတော့ ဈေးလျော့ရောင်းချရခြင်းပါ။ သုံးစွဲသူတွေဆီကို တိုက်ရိုက်ရောင်းချတဲ့အခါ ကိုယ့်စီးပွားရေးနဲ့ အဆင်ပြေတဲ့ ဈေးနှုန်းနဲ့ ရောင်းချနိုင်ပေမယ့် ကုမ္ပဏီတစ်ခုကို ရောင်းချတဲ့အခါ ထိုကုမ္ပဏီက တစ်ဆင့် ထပ်မံရောင်းချမယ့် အခြေအနေအတွက် ပုံမှန်ဈေးထက်ကို လျော့ရောင်းချတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် B2B Marketing မှာ ရောင်းချတဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေဟာ သုံးစွဲသူတွေဆီကို ရောင်းချတဲ့ ဈေးတွေထက် ပိုနည်းလေ့ရှိပါတယ်။ တနည်းအားဖြင့် ပြောရရင် အမြတ်ရရှိမှု ပိုနည်းပါတယ်။

၃။ နောက်ဆုံး အားနည်းချက်တစ်ခုကတော့ ကုမ္ပဏီအချင်းချင်း ၊ စီးပွားရေး အချင်းချင်း ရောင်းဝယ်မှု ကိစ္စတွေဟာ သာမာန်သုံးစွဲသူကို ရောင်းချတာထက် အများကြီးရှုပ်ထွေးတာပါပဲ။ စာချုပ်တွေ၊ သဘောတူညီမှုတွေနဲ့ တခြားသော အဆင့် များစွာ ဖြတ်သန်းရသလို တစ်ခါတစ်လေမှာ စာချုပ်တစ်ခု ချုပ်ဆိုဖို့ အတွက်လည်း အချိန်အများကြီး ကြာသွားနိုင်ပါတယ်။ ပြီးတော့ ကုမ္ပဏီတွေဟာ သာမာန် ဖောက်သည်တွေလို မဟုတ်ဘဲ သေချာစဉ်းစား တွက်ချက်ပြီးှမှ စာချုပ်ချုပ်ဆိုပြီး မိမိကုန်ပစ္စည်းကို ဝယ်ယူတာဖြစ်လို့ အချိန်အကြာကြီး စောင့်သည့်တိုင်အောင် အရောင်းအဝယ် လုံးဝ မဖြစ်တော့တာလည်း ဖြစ်နိုင်ပါတယ်။

Marketing Strategies တွေကတော့ များစွာရှိသလို အသစ်အသစ်သော နည်းလမ်းတွေလည်း ပေါ်ပေါက်လျက်ရှိပါတယ်။ တစ်ခုချင်းစီမှာလည်း အားနည်းချက် အားသာချက် အမြဲဒွန်တွဲနေလ့ ရှိပါတယ်။ အခုလည်း B2B Marketing ရဲ့ ကောင်းကျိုးတွေနဲ့ ပြသနာတွေကို သိရှိရပြီဖြစ်လို့ ကိုယ့်စီးပွားရေး ကုန်ပစ္စည်းနဲ့ လိုက်ဖက်တယ်၊ မလိုက်ဖက်ဘူး ဆိုတာကိုသိပြီး အချိန်ယူ စဉ်းစားသင့်ပါတယ်။

Writer & Translator : Thiha Aung

 

Startups

Leave a Reply

Your email address will not be published. Required fields are marked *