ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်အောင် ကိုယ့်ကိုယ်ကို ဘယ်လို ရင်းနှီးမြှုပ်နှံကြမလဲ။

မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုက မင်းဘဝရဲ့ကဏ္ဍအမျိုးမျိုးကို အကျိုးသက်ရောက်စေပါတယ်။

ကျန်းမာရေးကောင်းမွန်ခြင်းက မယုံကြည်နိုင်လောက်တဲ့ အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ စိတ်ဖိစီးမှုတွေကို လျော့ချစေနိုင်ပြီး ဘဝသက်တမ်းကို တိုးတက်ကောင်းမွန်စေပါတယ်။ မင်းရဲ့ ကျန်းမာရေးကို ဂရုစိုက်မယ်ဆို ကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ခံစားစေရမှာပါ။
မင်းရဲ့ကျန်းမာရေးကို ဂရုစိုက်ဖို့အတွက် အဓိကအာရုံစိုက်ပြုပြင်ရမယ့် ကဏ္ဍ ( ၃ ) ခုရှိပါတယ်။

၁။လေ့ကျင့်ခန်းပြုလုပ်ပေးခြင်း

၂။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစာအာဟာရများ စားသုံးပေးခြင်း

၃။ မှန်ကန်တဲ့ အိပ်စက်မှုပုံစံ မွေးမြူပေးခြင်း

အထက်ဖော်ပြပါ အခန်းကဏ္ဍတစ်ခုချင်းစီမှာ ရင်းနှီးမြှုပ်နှံမယ်ဆို အလွန်ကြီးမားတဲ့ အကျိုးရလဒ်တွေ မင်းပြန်ခံစားရမှာပါ။

မင်းအတွက် စတင်လုပ်ဆောင်ပြုပြင်သင့်တဲ့ အကြံဉာဏ်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

( ၁ ) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများကို ချက်ပြုတ်တတ်အောင် သင်ယူပါ။

ထိုသို့ပြုလုပ်မယ်ဆို မင်းရဲ့ချက်ပြုတ်မှုစွမ်းရည်တိုးတက်စေမှာဖြစ်ပြီး အချိန်ကုန်သက်သာစေပါတယ်။ ထို့အပြင် ငွေကုန်လည်း သက်သာစေပါတယ်။ မင်းကိုယ်တိုင်ချက်ပြုတ်ထားတဲ့အစားအစာတွေကို စားသောက်ရတဲ့အခါ ပျော်ရွှင်မှုကို ခံစားရသလို သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

( ၂ ) မင်းနှစ်ခြိုက်တဲ့ အားကစားတွေကို နေ့စဉ်ပုံမှန်လုပ်ဆောင်ပါ။

ကျွန်တော် အားကစား လုပ်ရတာ ကြိုက်တယ်။ ဒါကြောင့် အားလပ်ချိန်တိုင်းမှာလည်း လေ့ကျင့်ခန်း လုပ်ဖြစ်တယ်။ ကျွန်တော်အတွက် အားကစားလုပ်တယ်ဆိုတာက လမ်းအကြာကြီးလျှောက်တာမျိုး၊ ဘတ်စကတ်ဘော ကစားတာမျိုးကို ပြောတာပဲ ဖြစ်တယ်။
အဲ့လို လေ့ကျင့်လိုက်ခြင်းက မင်းရဲ့ခွန်အားတွေကို အသစ်တစ်ဖန်ပြန်လည် လန်းဆန်းစေပြီး အကြောအချဉ်တွေကို ပြေလျော့ပေးပါတယ်။

( ၃ ) ညဘက် ကောင်းမွန်စွာအိပ်စက်ဖို့အတွက် အထောက်အကူပြုတဲ့ အစားအစာများ ၊ ချက်နည်းပြုတ်နည်းများကို သင်ယူပါ။

မင်းဘဝရဲ့သုံးပုံတစ်ပုံကို ဘယ်လိုလုပ်ဆောင်မှုမျိုးတွေနဲ့ ကုန်ဆုံးမလဲဆိုတာ အရေးကြီးပါတယ်။
အောက်ပါနည်းလမ်းတွေနဲ့ မင်းစတင်နိုင်ပါပြီ။

( က )အချိန်ပြောင်းပြီး အိပ်စက်ကြည့်ပါ။

( ခ ) အိပ်စက်ဖို့အတွက် အသုံးပြုတဲ့ app တွေ သုံးကြည့်ပါ။

( ဂ ) အိပ်စက်မှုပုံစံ စနစ်ကို လေ့လာပါ။

( ဃ ) မတူညီတဲ့ဓာတ်စာအမျိုးမျိုးကို စားသုံးကြည့်ပါ။

မတူညီတဲ့ဓာတ်စာ အမျိုးမျိုးရှိပါတယ်။

ဘယ်လိုဓာတ်စာမျိုးက မင်းအတွက် သင့်တော်မယ်ဆိုတာမျိုးတော့ ကျွန်တော်မပြောတတ်ပါ။

ကျန်းမာရေးနှင့်စားသောက်မှုပုံစံစနစ် စတဲ့အကြောင်းအရာများ ဖော်ပြထားတဲ့ စာအုပ်မျိုးဖတ်ရှု လေ့လာပါ။

Current, Startups

Leave a Reply

Your email address will not be published. Required fields are marked *