
#POINT #PointYouthYouth
ကြိုတင်အစီအစဉ်ချမှတ်ခြင်း (Scenario Planning) ဆိုတာက နောင်အနာဂါတ်ဟာ ဘယ်လိုပြောင်းလဲသွားလဲဆိုတာနှင့် ထိုပြောင်းလဲသွားတဲ့အခြေအနေတွေမှာ ကိုယ့်ရဲ ့စီးပွားရေးလုပ်ငန်းပတ်ဝန်းကျင် ဘယ်လိုလိုက်ပါ ပြောင်းလဲမလဲဆိုတာကို ထည့်သွင်းစဉ်းစားတတ်ခြင်းကို ဆိုလိုပါတယ်။
တိတိကျကျပြောရရင် နောင်တစ်ချိန်ကိုယ့်စီးပွားရေးလုပ်ငန်းအပေါ် သက်ရောက်လာနိုင်တဲ့ အခြေအနေများစွာကို ရွေးချယ်စီစစ် တွက်ချက်ပြီး ဆုံးဖြတ်ပြင်ဆင်မှု ပြုလုပ်ခြင်းဟာ Scenario Planning ပါပဲ။
ကြားရတာကတော့ လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်းနဲ ့သိပ်အများကြီးအားစိုက်စရာမလိုဘဲ ဆောင်ရွက်နိုင်တဲ့ ကိစ္စတစ်ခုလိုပါပဲ။ ဒါပေမဲ့လည်း ဒီလိုမျိုး ထည့်သွင်းစဉ်းစားမှုတွေဟာ သင့်ရဲ ့စီးပွားရေးလုပ်ငန်း နောင်နှစ်အကြာကြီး တည်တံ့ခိုင်မြဲဖို ့သင်ဆောင်ရွက်နိုင်တဲ့ ဆုံးဖြတ်ချက်တွေထဲက အကောင်းဆုံးတစ်ခုပါပဲ။
ဥပမာပြောရရင် လယ်သမားတွေဟာ ရာသီဥတုအပေါ်မူတည်ပြီး သူတို့ရဲ ့စိုက်ခင်းတွေက အထွက်ကောင်းမှာလား မကောင်းဘူးလားဆိုတဲ့ ခန့်မှန်းမှုကို ဆောင်ရွက်ကြပါတယ်။ အဲ့လို စဉ်းစားမှုတွေဟာ သူတို ့ရဲ ့ရောင်းအားကို ကြိုတင်ခန့်မှန်းနိုင်သလို အနာဂါတ်အတွက်လည်း ကြိုဆင်ပြင်ဆင်မှုတွေပြုလုပ်နိုင်လာစေပါတယ်။
Writer & Translator : Thiha Aung
*** Unicode ***
#POINT #PointYouthYouth
ကြိုတင်အစီအစဉ်ချမှတ်ခြင်း (Scenario Planning) ဆိုတာက နောင်အနာဂါတ်ဟာ ဘယ်လိုပြောင်းလဲသွားလဲဆိုတာနှင့် ထိုပြောင်းလဲသွားတဲ့အခြေအနေတွေမှာ ကိုယ့်ရဲ ့စီးပွားရေးလုပ်ငန်းပတ်ဝန်းကျင် ဘယ်လိုလိုက်ပါ ပြောင်းလဲမလဲဆိုတာကို ထည့်သွင်းစဉ်းစားတတ်ခြင်းကို ဆိုလိုပါတယ်။
တိတိကျကျပြောရရင် နောင်တစ်ချိန်ကိုယ့်စီးပွားရေးလုပ်ငန်းအပေါ် သက်ရောက်လာနိုင်တဲ့ အခြေအနေများစွာကို ရွေးချယ်စီစစ် တွက်ချက်ပြီး ဆုံးဖြတ်ပြင်ဆင်မှု ပြုလုပ်ခြင်းဟာ Scenario Planning ပါပဲ။ကြားရတာကတော့ လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်းနဲ ့သိပ်အများကြီးအားစိုက်စရာမလိုဘဲ ဆောင်ရွက်နိုင်တဲ့ ကိစ္စတစ်ခုလိုပါပဲ။
ဒါပေမဲ့လည်း ဒီလိုမျိုး ထည့်သွင်းစဉ်းစားမှုတွေဟာ သင့်ရဲ ့စီးပွားရေးလုပ်ငန်း နောင်နှစ်အကြာကြီး တည်တံ့ခိုင်မြဲဖို ့သင်ဆောင်ရွက်နိုင်တဲ့ ဆုံးဖြတ်ချက်တွေထဲက အကောင်းဆုံးတစ်ခုပါပဲ။
ဥပမာပြောရရင် လယ်သမားတွေဟာ ရာသီဥတုအပေါ်မူတည်ပြီး သူတို့ရဲ ့စိုက်ခင်းတွေက အထွက်ကောင်းမှာလား မကောင်းဘူးလားဆိုတဲ့ ခန့်မှန်းမှုကို ဆောင်ရွက်ကြပါတယ်။ အဲ့လို စဉ်းစားမှုတွေဟာ သူတိုရဲ့ရောင်းအားကို ကြိုတင်ခန့်မှန်းနိုင်သလို အနာဂါတ်အတွက်လည်း ကြိုဆင်ပြင်ဆင်မှုတွေပြုလုပ်နိုင်လာစေပါတယ်။
Writer & Translator : Thiha Aung