ပိုက်ဆံမရှိဘဲ လုပ်ငန်းတစ်ခု စတင်တည်ထောင်နည်း

#POINTYouthPlatform #POINT

သင့်ရဲ့ကိုယ်ပိုင်စီမံကိန်းကို စတင်ဆောင်ရွက်ဖို့စိတ်ကူးရှိရင် သင့်ရဲ့အခုလက်ရှိအလုပ်ကနေ ထွက်တာပဲဖြစ်ဖြစ် စွန့်စားရပါလိမ့်မယ်။ သင့်မှာပိုက်ဆံမရှိခြင်းဟာ အဓိကပြသာနာကြီးတစ်ခုလို့ ထင်ရပါလိမ့်မယ်။ ဒါပေမဲ့ သင့်ရဲ့အိမ်မက်တွေကိုတော့ မရပ်တန့်သင့်ပါဘူး။ ကိုယ့်ကိုယ်ကို ဘာလုပ်ရမယ် ဆိုတာသိရင် ဒီပြသာနာလောက်ကိုတော့ ကျော်ဖြတ်နိုင်မှာပါ။

ကုမ္မဏီတစ်ခုကိုစတင်ဖို့ အစီအစဉ်ရှိရင် ဝန်ထမ်းတစ်ယောက်လောက်နဲ့ပဲ စတင်လုပ်ဆောင်ပါ။ ရုံးခန်းမလိုအပ်ရင်လည်း အိမ်မှာပဲလုပ်ပါ။ ဈေးသက်သာတဲ့ထုတ်ကုန်ပစ္စည်းတွေပဲ သုံးပါ။ လိုင်စင်နဲ့ ဥပဒေရေးရာဆိုင်ရာ ကုန်ကျစရိတ်ကတော့ မဖြစ်မနေကုန်ကျခံရမှာ ဖြစ်ပါတယ်။

သင့်လုပ်ငန်းကို အောက်ခြေကစ လုပ်ပါ။ လုပ်ငန်းကို ကိုယ့်ဘာသာကိုယ် ရပ်တည်မယ်ဆိုရင် ကုန်ကျစရိတ် သက်သက်သာသာနဲ့ စတင်ပါ။ ဝင်ငွေနည်းနညး်ရပြီဆိုတာနဲ့ သင့်လုပ်ငန်းမှာ သင်ပုံဖော်ချင်တဲ့ အတိုင်း နည်းနည်းစီ ရင်းနှီးမြှပ်နှံပါ။

အရင်းအနှီးရယူနိုင်ဖို့ နည်းလမ်းပေါင်းများစွာထဲက တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁)သင့်လုပ်ငန်းအတွက်ရင်းနှီးငွေလိုအပ်ခဲ့ရင်လည်း သင့်သူငယ်ချင်းနဲ့ မိသားစုတွေဆီက လုံးဝအကူအညီ မတောင်းပါနဲ့။

(၂)သင့်လုပ်ငန်းမှာ ရင်းနှီးမြှပ်နှံလိုသူရှိနေရင်လည်း သူ့တို့ရဲ့ စွန့်လွှတ်မှုအတွက် ညှာတာထောက်ထားရပါမယ်။

(၃)သင့်လုပ်ငန်းက အဖွဲ့အစည်း(သို့မဟုတ်)အစုစပ် စီးပွားရေးပုံစံမျိုးဆိုရင် စွန့်စွန့်စားစားရင်းနှီးမြှပ်နှံရပါမယ်။

(၄)ရည်ရွယ်ချက်ကောင်းကောင်းရှိတဲ့ လုပ်ငန်းတစ်ခုဆိုရင် ရန်ပုံငွေရဖို့ စိတ်ဝင်စားအောင် လုပ်ရပါတယ်။

(၅)အစိုးရဆီက ထောက်ပံ့ကြေးနဲ့ အကြွေးရယူပြီး အသေးစားလုပ်ငန်းတွေကို စတင်နိုင်ပါတယ်။

(၆)သင့်မှာ အကြွေးဝယ်ကဒ်ကောင်းကောင်းရှိရင်လည်း ဘဏ်ကနေ ချေးယူနိုင်ပါတယ်။

Writer & Translator : Shwe Yi

*** Unicode ***

#POINTYouthPlatform #POINT

သင့်ရဲ့ကိုယ်ပိုင်စီမံကိန်းကို စတင်ဆောင်ရွက်ဖို့စိတ်ကူးရှိရင် သင့်ရဲ့အခုလက်ရှိအလုပ်ကနေ ထွက်တာပဲဖြစ်ဖြစ် စွန့်စားရပါလိမ့်မယ်။ သင့်မှာပိုက်ဆံမရှိခြင်းဟာ အဓိကပြသာနာကြီးတစ်ခုလို့ ထင်ရပါလိမ့်မယ်။ ဒါပေမဲ့ သင့်ရဲ့အိမ်မက်တွေကိုတော့ မရပ်တန့်သင့်ပါဘူး။ ကိုယ့်ကိုယ်ကို ဘာလုပ်ရမယ် ဆိုတာသိရင် ဒီပြသာနာလောက်ကိုတော့ ကျော်ဖြတ်နိုင်မှာပါ။

ကုမ္မဏီတစ်ခုကိုစတင်ဖို့ အစီအစဉ်ရှိရင် ဝန်ထမ်းတစ်ယောက်လောက်နဲ့ပဲ စတင်လုပ်ဆောင်ပါ။ ရုံးခန်းမလိုအပ်ရင်လည်း အိမ်မှာပဲလုပ်ပါ။ ဈေးသက်သာတဲ့ထုတ်ကုန်ပစ္စည်းတွေပဲ သုံးပါ။ လိုင်စင်နဲ့ ဥပဒေရေးရာဆိုင်ရာ ကုန်ကျစရိတ်ကတော့ မဖြစ်မနေကုန်ကျခံရမှာ ဖြစ်ပါတယ်။

သင့်လုပ်ငန်းကို အောက်ခြေကစ လုပ်ပါ။ လုပ်ငန်းကို ကိုယ့်ဘာသာကိုယ် ရပ်တည်မယ်ဆိုရင် ကုန်ကျစရိတ် သက်သက်သာသာနဲ့ စတင်ပါ။ ဝင်ငွေနည်းနည်းရပြီဆိုတာနဲ့ သင့်လုပ်ငန်းမှာ သင်ပုံဖော်ချင်တဲ့ အတိုင်း နည်းနည်းစီ ရင်းနှီးမြှပ်နှံပါ။

အရင်းအနှီးရယူနိုင်ဖို့ နည်းလမ်းပေါင်းများစွာထဲက တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁)သင့်လုပ်ငန်းအတွက်ရင်းနှီးငွေလိုအပ်ခဲ့ရင်လည်း သင့်သူငယ်ချင်းနဲ့ မိသားစုတွေဆီက လုံးဝအကူအညီ မတောင်းပါနဲ့။

(၂)သင့်လုပ်ငန်းမှာ ရင်းနှီးမြှပ်နှံလိုသူရှိနေရင်လည်း သူ့တို့ရဲ့ စွန့်လှွတ်မှုအတွက် ညှာတာထောက်ထားရပါမယ်။

(၃)သင့်လုပ်ငန်းက အဖွဲ့အစည်း(သို့မဟုတ်)အစုစပ် စီးပွားရေးပုံစံမျိုးဆိုရင် စွန့်စွန့်စားစားရင်းနှီးမြှပ်နှံရပါမယ်။

(၄)ရည်ရွယ်ချက်ကောင်းကောင်းရှိတဲ့ လုပ်ငန်းတစ်ခုဆိုရင် ရန်ပုံငွေရဖို့ စိတ်ဝင်စားအောင် လုပ်ရပါတယ်။

(၅)အစိုးရဆီက ထောက်ပံ့ကြေးနဲ့ အကြွေးရယူပြီး အသေးစားလုပ်ငန်းတွေကို စတင်နိုင်ပါတယ်။

(၆)သင့်မှာ အကြွေးဝယ်ကဒ်ကောင်းကောင်းရှိရင်လည်း ဘဏ်ကနေ ချေးယူနိုင်ပါတယ်။

Writer & Translator : Shwe Yi

Startups

Leave a Reply

Your email address will not be published. Required fields are marked *