၀န်ထမ်းတွေ ဘာကြောင့် မကြာခဏ အလုပ်ထွက်ကြတာလဲ

#POINT#PointYouthPlatform

Shwe Yi အလုပ်တွေ ဟိုပြောင်းဒီပြောင်းလုပ်ခြင်းဟာ အလုပ်ရှင်တွေအတွက် အချိန်ပိုကုန်ပြီး စရိတ်စက ကြီးတာကြောင့် အနေထား မှန်မှန်ထိန်းထားနိုင်တဲ့ အရည်အသွေးက အရေးပါပါတယ်။ အလုပ်ရှင်တွေက သူတို့အလုပ်သမားတွေနဲ့ ထိတွေ့ဆက်ဆံသင့်ပြီး အလုပ်ဆက်လုပ်နေတဲ့ သူတွေ ဘာလို့ဆက်လုပ်တယ်၊ ထွက်တဲ့သူကလည်း ဘာလို့ထွက်တယ်ဆိုတာ နားလည်ထားရပါမယ်။ အလုပ်သမားတွေ ဘာကြောင့်ထွက်လဲ ဆိုတဲ့အကြောငး်ရင်း တော်တော်များများနဲ့ အလုပ်ရှင်တွေက ဒီလိုအနေထားမျိုးက ရှောင်ကြဉ်နည်းတွေကို တစုတစည်းတည်း တင်ပြထားရပါမယ်။

(၁) လစာနည်းခြင်း

လူတိုင်းက သူတို့နဲ့ ထိုက်တန်တာကို လိုချင်ကြပြီး အလုပ်သမားတွေ ဈေးကွက်မှာရှိတဲ့ တန်ဖိုးထက် လစာနည်းတယ်ဆိုတာ သိသွားခဲ့ရင် အဲဒီလူဟာ တန်ဖိုးကျလာတယ်လို့ ခံစားလာရပြီး အလုပ်ထွက်ချင်မှာပါပဲ။

အလုပ်ရှင်တစ်ယောက်အနေနဲ့ ပုံမှန်ထက်နည်းတဲ့လစာနဲ့ ခန့်ထားတဲ့အလုပ်သမားတစ်ယောက်ကို ဆက်ခန့်ချင်တယ်ဆိုရင် ကောင်းမွန်တဲ့ ကုမ္ပဏီထုံးတမ်းဓလေ့ ဒါမှမဟုတ် လူအများအသိမှတ်ပြုထားတဲ့ ကျော်ကြားတဲ့ ကုန်အမှတ်တံဆိပ်တစ်ခု ဖြစ်ဖို့ လိုပါတယ်။

အဲလိုမှမဟုတ်ဘူးဆိုရင် အလုပ်သမားတွေက လစာများများရနိုင်တဲ့ တခြားအလုပ်ကို တွေ့တွေ့ချင်းထွက်သွားပါလိမ့်မယ်။

(၂) အလုပ်အကိုင်တက်လမ်းမရှိခြင်း

အလုပ်သမားတွေက သူတို့အရည်ချင်းတိုးမြှင့်ဖို့ အခွင့်လမ်းသစ်တွေ အမြဲရှာဖွေနေပါတယ်။

Generation Y and Z မှအလုပ်သမားတွေက အလုပ်သဘောအရမဟုတ်တဲ့ ရွေးချယ်စရာ လေ့ကျင့်မှုတွေ၊ အလှည့်ကျပရိုဂရမ်တွေနဲ့ သူတို့အလုပ်ရှင်တွေက သူတို့ကို မြှင့်တင်ပေးတာကို လိုချင်ကြပါတယ်။

ဒါကြောင့်အလုပ်သမားတစ်ယောက်က သမားရိုးကျကြီး အလုပ်လုပ်နေရတာတွေ၊ သူတို့ရဲ့ပါဝင်မှုကို အရေးတယူမရှိတာတွေ ခံစားလာရရင် သူတို့ ထွက်ခွာသွားပါလိမ့်မယ်

(၃) ဝန်ထမ်းနှင့် မန်နေဂျာ ဆက်ဆံရေးအဆင်မပြေခြင်း

အလုပ်သမားတွေက ကုမ္ပဏီက မထွက်ချင်ပေမဲ့ သူတို့က သူတို့မန်နေဂျာနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေလို့ အလုပ်ထွက်သွားကြတာတွေလည်း ရှိပါတယ်။

အလုပ်သမားတစ်ယောက်က မန်နေဂျာနဲ့ပြသာနာရှိနေပြီဆိုရင် ဒီအလုပ်သမားက မကြာခင်မှာ အလုပ်ထွက်တော့မှာပါပဲ။

အကယ်၍ အဲ့ဒိဝန်ထမ်းက အလုပ်မှာ နေ့လည်စာ အတူတူစားမယ့် သူငယ်ချင်းမရှိဘူးဆိုရင် အလုပ်မှာမပျော်တော့ဘဲ မကြာခင်မှာ ကုမ္ပဏီက ထွက်ခွာသွားပါလိမ့်မယ်။

(၄) လုံခြုံမှုမရှိခြင်း

အနာဂတ်မှာ မရေရာတဲ့ ကုမ္ပဏီမျိုးမှာ ဘယ်သူမှ အလုပ်မလုပ်ချင်ကြပါဘူး။

အလုပ်ရှင်တွေက တည်တည်ငြိမ်ငြိမ်နဲ့ သူတို့အလုပ်သမားတွေ တိုးပွားလာရေးအတွက် လက်တွေ့လုပ်ဆောင်သင့်ပါတယ်။

သူတို့လုပ်နိုင်တာတစ်ခုကတော့ သုံးလတစ်ကြိမ် ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာတွေကို မျှဝေတာတွေ၊ လစဉ်ထုတ် သတင်းတွေကတဆင့် အချက်လက်ပေးတာတွေပဲ ဖြစ်ပါတယ်။

အရေးကြီးဆုံးအချက်က ဝန်ထမ်းတွေကို ပွင့်ပွင့်လင်းလင်းဆက်ဆံခြင်းက သူတို့အလုပ်မှာ လုံခြုံတယ်လို့ ခံစားရစေပါတယ်။

 

 

Startups

Leave a Reply

Your email address will not be published. Required fields are marked *