အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ (၇)ချက်

လူတိုင်းမှာရှိတဲ့ အိပ်မက်တွေ တကယ်ဖြစ်လာအောင် အထောက်အပံ့ဖြစ်နိုင်မယ့် နည်းလမ်းတွေကို ဝေမျှလိုက်ပါတယ်။

(၁) အိပ်မက်မက်ပါ။

အရာတိုင်းက နှလုံးသားက ပေါက်ဖွားလာတာပါ။ ကြီးမားတဲ့အောင်မြင်မှုတိုင်း စိတ်ကနေ အစပြုပြီး ဖြစ်နိုင်တယ်လို့ ယုံကြည်လို့ အိပ်မက် မက်ရဲကြတာပါ။ ကိုယ်တိုင် ဘာလုပ်မှာလဲဆိုပြီး အချိန်ယူစဉ်းစားပြီး မြင့်မြင့်တွေးပါ။ မကောင်းတဲ့အတွေးတွေကို မတွေးပါနဲ့။

(၂) ယုံကြည်ချက်ရှိပါ။

အမြင့်ကိုမှန်းနိုင်သမျှမှန်းတဲ့ အိပ်မက်ကို မက်ပါ။ ကိုယ်တိုင်လုပ်နိုင်ဖို့သေချာနေပြီး တခြားသူတွေ ကလည်းကူညီမယ်ဆိုရင် ဖြစ်လာပါလိမ့်မယ်။

(၃) ကိုယ့်အိမ်မက်ကို သူများတွေကိုပြောပြပါ။

အိပ်မက်ကိုအကောင်ထည်ဖော်ချင်ရင် သူများတွေကို ပြောပြရပါမယ်။ ဒါမှလည်း တဖြည်းဖြည်း ယုံကြည်လာပြီး ဖြစ်နိုင်တယ်လို့ ထင်လာမှာပါ။ သူများတွေကိုပြောပြတဲ့အခါ မှာလည်း တကယ်လုပ်ချင်တဲ့အတိုင်း ပြောပြပါ။

(၄) အိပ်မက်အတွက် အစီအစဉ်ချပါ။

ကိုယ့်အိပ်မက်အကောင်အထည်ဖော်ဖို့ အစီအစဉ်ချရပါမယ်။ အိပ်မက်ဆိုတာ သူ့အလိုလို ဖြစ်မလာတတ်ပါဘူး။ ဒါကြောင့် ဗျူဟာတွေ ချမှတ်ပါ။ အချက်ကျကျစဉ်းစားပါ။ တစ်ခုချင်းစီ လုပ်ရမယ့်အချိန် သတ်မှတ်ပါ။

(၅) လိုအပ်တဲ့အရည်အချင်းဖြည့်ပါ။

အိပ်မက်အားလုံးအတွက် ဗဟုသုတအသစ်၊ အရည်ချင်းသစ်တွေ မလိုပေမဲ့ တချို့အတွက်တော့ လိုပါတယ်။ ကိုယ့်အိပ်မက်အကောင်အထည်ဖော်ဖို့ အဓိကလိုအပ်တဲ့ အရည်အချင်းကို စဉ်းစားပါ။

(၆) အရေးကြီးဆုံးကနေစလုပ်ပါ။

အိပ်မက်အတွက်လုပ်ရမှာတွေကို အဆင့်သတ်မှတ်ပြီး အလုပ်နိုင်ဆုံး ဘာလဲဆိုတာ စဉ်းစားပါ။ ဒါဆိုရင် အရေးကြီးဆုံးအရာတွေကို တွေ့လာပြီး အကောင်အထည် စဖော်နိုင်မှာပါ။

(၇) အိပ်မက်ရဲ့အကျိုးကိုခံစားပါ။

ပန်းတိုင်ရောက်ရင် အိပ်မက်ရဲ့အကျိုး ခံစားရမှာပါ။ ပန်းတိုင်ကိုသွားနေချိန်မှာလည်း ကိုယ့်ကိုယ်ကို ထောမနာပြုပါ။ တခြားသူတွေကိုလည်း ကူညီပါ။ အများကောင်းကျိုးအတွက် လုပ်ပါ။ ပြီးရင် ပိုကြီးမြတ်တဲ့အိပ်မက်ကို ထပ်ပြီးအကောင်အထည်ဖော် လိုက်ပါ။

 

# Point Shwe Yi

Unicode

လူတိုင်းမှာရှိတဲ့ အိပ်မက်တွေ တကယ်ဖြစ်လာအောင် အထောက်အပံ့ဖြစ်နိုင်မယ့် နည်းလမ်းတွေကို ဝေမျှလိုက်ပါတယ်။

(၁) အိပ်မက်မက်ပါ။

အရာတိုင်းက နှလုံးသားက ပေါက်ဖွားလာတာပါ။ ကြီးမားတဲ့အောင်မြင်မှုတိုင်း စိတ်ကနေ အစပြုပြီး ဖြစ်နိုင်တယ်လို့ ယုံကြည်လို့ အိပ်မက် မက်ရဲကြတာပါ။ ကိုယ်တိုင် ဘာလုပ်မှာလဲဆိုပြီး အချိန်ယူစဉ်းစားပြီး မြင့်မြင့်တွေးပါ။ မကောင်းတဲ့အတွေးတွေကို မတွေးပါနဲ့။

(၂) ယုံကြည်ချက်ရှိပါ။အမြင့်ကိုမှန်းနိုင်သမျှမှန်းတဲ့ အိပ်မက်ကို မက်ပါ။

ကိုယ်တိုင်လုပ်နိုင်ဖို့သေချာနေပြီး တခြားသူတွေ ကလည်းကူညီမယ်ဆိုရင် ဖြစ်လာပါလိမ့်မယ်။

(၃) ကိုယ့်အိမ်မက်ကို သူများတွေကိုပြောပြပါ။

အိပ်မက်ကိုအကောင်ထည်ဖော်ချင်ရင် သူများတွေကို ပြောပြရပါမယ်။ ဒါမှလည်း တဖြည်းဖြည်း ယုံကြည်လာပြီး ဖြစ်နိုင်တယ်လို့ ထင်လာမှာပါ။ သူများတွေကိုပြောပြတဲ့အခါ မှာလည်း တကယ်လုပ်ချင်တဲ့အတိုင်း ပြောပြပါ။

(၄) အိပ်မက်အတွက် အစီအစဉ်ချပါ။

ကိုယ့်အိပ်မက်အကောင်အထည်ဖော်ဖို့ အစီအစဉ်ချရပါမယ်။ အိပ်မက်ဆိုတာ သူ့အလိုလို ဖြစ်မလာတတ်ပါဘူး။ ဒါကြောင့် ဗျူဟာတွေ ချမှတ်ပါ။ အချက်ကျကျစဉ်းစားပါ။ တစ်ခုချင်းစီ လုပ်ရမယ့်အချိန် သတ်မှတ်ပါ။

(၅) လိုအပ်တဲ့အရည်အချင်းဖြည့်ပါ။

အိပ်မက်အားလုံးအတွက် ဗဟုသုတအသစ်၊ အရည်ချင်းသစ်တွေ မလိုပေမဲ့ တချို့အတွက်တော့ လိုပါတယ်။ ကိုယ့်အိပ်မက်အကောင်အထည်ဖော်ဖို့ အဓိကလိုအပ်တဲ့ အရည်အချင်းကို စဉ်းစားပါ။

(၆) အရေးကြီးဆုံးကနေစလုပ်ပါ။

အိပ်မက်အတွက်လုပ်ရမှာတွေကို အဆင့်သတ်မှတ်ပြီး အလုပ်နိုင်ဆုံး ဘာလဲဆိုတာ စဉ်းစားပါ။ ဒါဆိုရင် အရေးကြီးဆုံးအရာတွေကို တွေ့လာပြီး အကောင်အထည် စဖော်နိုင်မှာပါ။

(၇) အိပ်မက်ရဲ့အကျိုးကိုခံစားပါ။

ပန်းတိုင်ရောက်ရင် အိပ်မက်ရဲ့အကျိုး ခံစားရမှာပါ။ ပန်းတိုင်ကိုသွားနေချိန်မှာလည်း ကိုယ့်ကိုယ်ကို ထောမနာပြုပါ။ တခြားသူတွေကိုလည်း ကူညီပါ။ အများကောင်းကျိုးအတွက် လုပ်ပါ။ ပြီးရင် ပိုကြီးမြတ်တဲ့အိပ်မက်ကို ထပ်ပြီးအကောင်အထည်ဖော် လိုက်ပါ။

# Point

Shwe Yi

Startups

Leave a Reply

Your email address will not be published. Required fields are marked *