အရောင်းမြှင့်တင်ရန် နည်းလမ်းကောင်း

ကော်ဖီဆိုင်တစ်ဆိုင်တွင် အရောင်းမြှင့်တင်ရန် Stamp card စနစ်ကိုအသုံးပြုသည်။ ထိုသို့ပြုလုပ်ရာတွင် Type-A Stamp card ၏သတ်မှတ်ချက်မှာ ကော်ဖီတစ်ခွက်ဝယ်လျှင် stamp တစ်ခုနှိပ်ပေးပြီး ထို stamp (၁၀)ခုပြည့်လျှင်(ကော်ဖီ(၁၀)ခွက်ဝယ်ပြီးတိုင်း) ကော်ဖီတစ်ခွက်လက်ဆောင်ရမည်ဖြစ်သည်။ Type-B Stamp cardတွင်မူ ကော်ဖီ (၁၂) ခွက်ဝယ်ပြီးတိုင်း ကော်ဖီတစ်ခွက်လက်ဆောင်ရမည်ဖြစ်သည်ဟုဆိုထားသည်။ သို့သော် Type B ၏ထူးခြားချက်မှာ ကဒ်စပေးသည့်အချိန်တွင်မူ stamp နှစ်ခု နှိပ်ထားပြီးသားဖြစ်သည်။

အထက်ဖော်ပြပါကဒ်နှစ်ခုကို အသုံးပြုခြင်း၏ ရလာဒ်နှင့်ပတ်သတ်ပြီး သင်ဘယ်လိုထင်ပါသလဲ။ မည်သည့်ကဒ်သည် customersများကို ပို၍ဆွဲဆောင်နိုင်မည်နည်း။ အဖြေသည် card B ဖြစ်သည်။ ရလာဒ်နှင့်ပတ်သတ်ပြီး ကျွန်ုပ်တို့စဉ်းစားကြည့်ရအောင်။

ကျွန်ုပ်တို့သည်မိမိတို့၏ဦးတည်ချက်ရောက်ရန်မည်မျှနီးနီး ရှိပြီဟုသိရှိပါက ထိုဦးတည်ချက်ပန်းတိုင်သို့ရောင်ရန်ပို၍နီးစပ်သည်။

အလားတူစမ်းသပ်ချက် တစ်ခုကို အမေရိကန်စိတ်ပညာရှင် Clark Leonard Hull ဆိုသူက ကြွက်နှင့်စမ်းသပ်ခဲ့သည်။ ကြွက်တစ်ကောင်ကို ရှုပ်ထွေးသော ပိုက်ကွန်တစ်ခုအတွင်း ထည့်သွင်းကာ အဆုံးတွင်အစာကို ဦးတည်ချက်အဖြစ်ထားလိုက်သည်။ မည့်သို့သောအပြုအမူကို ကြွက်လုပ်ဆောင်မည်နည်း။ ကြွက်သည်ဦးတည်ချက်ဆီသို့ နီးလာသည့်အချိန်တွင် သူ၏အရှိန်သည်ပို၍မြန်လာသည်။

ဦးတည်ချက်ချမှတ်လျှင် လူတို့သည် ဦးတည်ချက်ဆီသို့ရောက်ရှိရန် မည်မျှဝေးသည်ကို အမြဲတမ်းတွေးလေ့ရှိသည်။ ဦးတည်ချက်ဆီသို့ သွားသောအကွာအဝေးသည် တူညီနေသည့်တိုင် လူများသည် အခြေအနေကို မည်သို့ရယူနိုင်မည့်အပေါ်တွင်မူတည်၍ အမျိုးမျိုးပြုမူကြသည်။ Stamp card စမ်းသပ်မှုတွင် Type B ကဒ်ကိုရသောသူများသည် ကဒ်စရသည်အချိန်တွင် သတ်မှတ်ချက်ပြည့်မီရန် ခြောက်ပုံတစ်ပုံရရှိပြီးဖြစ်သည်ဟုတွေးကြသည်။ အခြားတစ်ဖက်တွင် Type A ရသောသူများသည် ကော်ဖီဆိုင်ကိုပင်နောက်တစ်ကြိမ်သွားရန်စိတ်မကူးကြပေ။

Startups

Leave a Reply

Your email address will not be published. Required fields are marked *