အကျပ်အတည်းကာလတွင်း စီးပွားရေးလုပ်ငန်းကို ရှင်သန်ကျော်ဖြတ်မယ်ဆိုရင်

စီးပွားရေးခေတ်ကောင်းချိန်မှာ အမှားအယွင်းကို ကျော်ဖြတ်ရတာ လွယ်ပေမယ့် မကောင်းချိန်မှာတော့ သိပ်အမှားမခံပါဘူး။ စီးပွားရေးလောကအခက်အခဲကြုံလာချိန်မှာ မှန်ကန်တဲ့ဗျူဟာရှိလို့ ရှင်သန်တဲ့လုပ်ငန်းနဲ့ ဗျူဟာမရှိလို့ ရပ်နားလိုက်ရတဲ့လုပ်ငန်းဆိုပြီး နှစ်ခုပဲရှိပါတယ်။ ဒီလိုအခက်အခဲတွေကို ဘယ်လို ရှင်သန်ကျော်ဖြတ် မလဲဆိုတာကို လေ့လာကြည့်ပါ။
ပြီးပြည့်စုံတဲ့ နည်းလမ်းတွေမဟုတ်ပေမယ့် အထောက်အပံ့ ဖြစ်နိုင်ပါတယ်။

(၁) မတုန်လှုပ်ဘဲ ဖြစ်နေကျကိစ္စလို့မှတ်ယူပါ

မဟာဗျူဟာမြောက်တွေဟာ ခေတ်ကောင်းတာ မကောင်းနဲ့ သိပ်မဆိုင်ပါဘူး။ ခေတ်မကောင်းရင် ဘယ်အတိုင်းအတာအထိသက်ရောက်မှုရှိလဲဆိုတာကို သိရပါမယ်။ ဒါကလည်း ဗျူဟာနဲ့သက်ဆိုင်ပါတယ်။ ဒီဗျူဟာထဲကအတိုင်း တည်တည်ငြိမ်ငြိမ်ဖြတ်ကျော်ရမှာပါ။ လုပ်ပုံကိုင်ပုံ နည်းလမ်းသစ်တွေသာ လိုအပ်ပါတယ်။

(၂) ဖြစ်လာနိုင်တဲ့ အကျပ်အတည်းကာလကို ခန့်မှန်းမိရင် ချက်ချင်းပြင်ဆင်ပါ

စီးပွားရေးအကျပ်တည်းကာလအတွက် အကောင်းဆုံးပြင်ဆင်မှုကို တကယ်အချိန်မတိုင်ခင် သုံးနှစ်က တည်းက စလုပ်ပါ။ ဒုတိယအကောင်းဆုံးအချိန်က ယခုပါပဲ။ အခြေအနေစောင့်ကြည့်အုံးမယ် ဆိုရင် နောက်ကျသွားပါပြီ။ ဒါကြောင့် ဈေးကွက်ကို စောင့်ကြည့်လေ့လာပြီး အချက်အလက် စုဆောင်း နည်းလမ်းရှာထားလိုက်ပါ။ ဒါဆိုရင် ပြင်ဆင်ပြီးသားဖြစ်ပါလိမ့်မယ်။

(၃) လမ်းဟောင်းကခွဲထွက်ဖို့ မကြောက်ပါနဲ့

သူများနောက်အမြဲလိုက်နေတာက ကိုယ့်အတွက်လက်လှမ်းမီသလောက် ပဲရမှာပါ။ ဒါကြောင့် လမ်းဟောင်းအတိုင်းမလိုက်ပဲ တည်ထွင်ကြံဆလိုက် ပါ။ ဒါပေမယ့် လမ်းဟောင်းကအတွေ့အကြုံတွေကိုတော့ မမေ့လိုက်ပါနဲ့။ ကိုယ့်ရဲ့နည်းလမ်းသစ်ကိုလည်း အမြဲတမ်းဆန်းစစ်ပေးပါ။ အားသာချက် အားနည်းချက်ကို သိလာပါလိမ့်မယ်။

(၄) ဈေးကွက်တွင်းပြိုင်ဆိုင်မှုကို သေချာစောင့်ကြည့်လေ့လာပါ

သူများတွေ ဘာကြောင့်ဒီလိုလုပ်သလဲဆိုတာကို နားလည်အာင်လုပ်ပါ။ ပြီးရင် သူတို့ရဲ့ အားသာချက် အားနည်းချက်တွေကို ရှာပါ။ နည်းလမ်းကောင်းတွေ တွေ့လာပါလိမ့်မယ်။ ပြီးမှ မတူတဲ့နည်းလမ်းနဲ့ ဈေးကွက် ထဲကို ဝင်လိုက်ပါ။

(၅) ပြီးခဲ့တဲ့အကျပ်အတည်းကာလနဲ့ပတ်သက်တဲ့ ကိုယ့်လုပ်ငန်းနယ်ပယ်ကို အသေအချာလေ့လာပါ

အတိတ်က စီးပွားရေးအကျပ်ကာလက ကိုယ့်လုပ်ငန်းနယ်ပယ်ကို ဘယ်လိုသက်ရောက်ခဲ့ပြီး အခုအကျပ်အ တည်းမှာ ဘယ်အစိတ်အပိုင်းကို အဓိကထိခိုက်နိုင်သလဲဆိုတာကို ခန့်မှန်းပါ။ ဒါကို ဘယ်လိုအခွင့် ကောင်းယူမလဲလို့ ဆုံးဖြတ်ပါ။ ဥပမာ ဈေးလျှော့ချပြီး ဝယ်လက်များများ ရအောင် ရှာမလားဆိုတဲ့ နည်းလမ်းပေါ့။

(၆) လုပ်ငန်းဟန်ချက်မှန်ကန်ပါစေ

အကျပ်အတည်းကာလအတွင်း လုပ်ငန်းပုံမှန်လည်ပတ်ပြီး ဖောက်သည်တွေနဲ့ အထိအတွေ့မပျက်အောင် ကြိုးစားပါ။ ဒါမှလည်း ဝန်ထမ်းတွေနဲ့ ဖောက်သည်တွေ တသားထဲဖြစ်နေမှာဖြစ်ပြီး လုပ်ငန်းလည်း ဟန်မပျက်ရှိနေမှာပါ။ ဒီအချိန်မှာ အရေးမပါတဲ့ အစိတ်ပိုင်းတွေကို ရှင်းလင်းဖယ်ရှားဖို့ လုပ်ပါ။ အကျပ်အတည်းတွေ့နေ ချိန်ဟာ ရှင်သန်ကျန်ရစ်ဖို့ထက် ပြောင်းလဲဖို့အချိန်ကောင်းဆိုတာကိုလည်း မမေ့ပါနဲ့။

(၇) ရှယ်ယာရှင်တွေကို လေ့လာပါ

လုပ်ငန်းပိုင်ရှင်၊ ဝန်ထမ်း၊ ဖောက်သည်၊ ကုန်ကြမ်းတင်သွင်းသူတွေဟာ ရှယ်ယာပိုင်ရှင်တွေပါ။ အကျပ်တည်းကာလရောက်နေချိန်ဟာ သူတို့အကြောင်းကိုလေ့လာခွင့်ရတဲ့ အချိန်ကောင်းဖြစ်ပါတယ်။ ကုန်ကြမ်းတစ်ခုရဖို့ ခက်ခဲနေတာကိုသိရင် အစားထိုး တခြားကုန်ကြမ်းတစ်ခုကိုစဉ်းစားပြီး အစားထိုးနိုင်အောင် ပြင်ဆင်ထားပါ။ ပြီးရင် ဈေးကွက်အပြောင်းအလဲကိုလေ့လာပြီး ကြိုတင်ပြင်ဆင်ထားပါ။

(၈) အခြေအနေပြန်ကောင်းလာမယ့်ကာလအတွက် ကြိုတင်ပြင်ဆင်ပါ

စီးပွားရေးလောက အတက် အကျဆိုတာ အမြဲတမ်းဖြစ်နေတာပါ။ အကျပိုင်းကုန်မှ အသစ်ပြန်ကြိုးစားရင် သူများနောက်ရောက်သွားနိုင်ပြီး ယိုင်နဲ့နဲ့ ပြန်ထနေရပါလိမ့်မယ်။ အရေးကြီးတာက အကျပ်အတည်းကာလပြီးတာနဲ့ ပြင်ပြင်ဆင်ဆင်နဲ့ လုပ်ထားနိုင်အောင် စီမံချက်ချထားရပါတယ်။ တကယ်တော့ အကျပ်အတည်းကာလဆိုတာ လေ့လာသင်ယူစရာတွေအများကြီးပေးတဲ့ အချိန်ကောင်းလို့ မြင်ပေးပါ။

(၉) ဆုံးဖြတ်ချက်အတိုင်းလုပ်ဖို့ တုန့်နှေးမနေပါနဲ့

လုပ်သင့်တာကို ဆုံးဖြတ်ပြီးချိန်မှာ မဆိုင်းမတွအကောင်အထည်ဖော်ပါ။ လုပ်သား ၅၀ ရာခိုင်နှုန်း လျှော့ချလိုက်တာက ကြမ်းတမ်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ပေမယ့် ကိုယ့်လုပ်ငန်းကို ကယ်တင်လိုက်တာပါပဲ။ တဖက်မှာ အနာဂတ်အတွက် အလုပ်အကိုင်များစွာ ထိန်းထားပေး တာလို့လည်း ပြန်မြင်ပေးပါ။

(၁၀) အမှားတစ်ခုကို နှစ်ခါမလုပ်မိပါစေနဲ့

လုပ်ငန်းတစ်ခုကျဆင်းမသွားခင်ကတည်းက သေချာစီစဉ်ထားတဲ့ မဟာဗျူဟာကို အကောင်အထည်ဖော်ရပါမယ်။ အဲဒါကို မလုပ်နိုင်ရင် အမှားတစ်ခုကို နှစ်ကြိမ်ကျူးလွန်မိတာနဲ့ အတူတူပါပဲ။ ဒါကြောင့် စီစဉ်ထားတဲ့ဗျူဟာအတိုင်း ရဲရဲလုပ်ပါ။

 

# Point Shwe Yi

Startups

Leave a Reply

Your email address will not be published. Required fields are marked *