သင့်စီးပွားရေးလုပ်ငန်း တိုးတက်အောင်မြင်ဖို့ လမ်းညွှန်ချက် (၇) ရပ်

#POINT#PointYouthPlatform

စွန့်ဦးတီထွင်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက တင်းကျပ်တဲ့ စည်းမျဉ်း၊ စည်းကမ်းဘောင်တွေကို လက်ခံကျင့်သုံးလေ့မရှိပါဘူး။ ဝန်ထမ်းတွေ ဖောက်သည်တွေကို ထိန်းသိမ်းထားနိုင်ဖို့ ကိုယ်သာအမိန့်ပေးတဲ့စနစ်နဲ့ နေလို့မရဘူးဆိုတာ သူတို့ လက်ခံကြပါတယ်။ သူတို့က ဈေးကွက်အကြောင်း၊ customerတွေအကြောင်းသိသူတွေဆီက သင်ယူလေ့လာကြပြီး လက်ရှိအချိန်တွေကပဲ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့ အကောင်းဆုံး အချိန်ဖြစ်တယ်ဆိုတာ သိကြပါတယ်။

(၁) Customer များနှင့်ထိတွေ့ဆက်ဆံပါ။

customerတွေနဲ့မကြာခဏထိတွေ့ဆက်ဆံပြီး တောင်းဆိုမှုတွေ၊ မေးခွန်းတွေကို မပျက်မကွက်တုန့်ပြန်ပေးနိုင်ပါစေ။

(၂) ရှုံးနိမ့်မှုများကြောင့်တွေဝေမနေပဲ ဖြေရှင်းနည်းများကိုသာစဉ်းစားပါ။

ကိုယ့်အသင်းအဖွဲ့ရဲ့ရှုံးနိမ့်မှုတွေကို အပြစ်တင်မနေဘဲ ဘယ်လိုဖြေရှင်းသင့်တယ်ဆိုတာစဉ်းစားခိုင်းပါ၊ မစွန့်စားရဲရင်နောက်ကောက်ကျကျန်ခဲ့ပါလိမ့်မယ်။

(၃) ဦးတည်ချက်ပြတ်သားပါစေ။

ကိုယ့်ရဲ့ဦးတည်ချက်ပြတ်သားပါစေ၊ ကုမ္ပဏီတိုးတက်ဖို့ ကိုယ်ဘာလုပ်ရမယ်ဆိုတာသိမှ အဖွဲ့ဝင်တွေအတွက် အဖြေရှာ ပေးနိုင်မှာ ဖြစ်ပါတယ်။ သင့်ဦးတည်ချက်ပြတ်သားရင် အဖွဲ့ဝင်တွေကလည်း တာဝန်ယူစိတ် ရှိလာပါလိမ့်မယ်။

(၄) အဖွဲ့ဝင်တွေရဲ့အကြံပေးချက်တွေကို နားထောင်ပါ။

အဖွဲ့ဝင်တွေရဲ့အကြံပေးချက်ကိုမကြိုက်ရင်တောင် ဆုံးအောင်သေချာနားထောင်ပေးပါ။အကောင်းဆုံးအခြေအနေရောက်အောင်ဦးတည်ဖြေရှင်းပါ၊လွန်ကဲတဲ့ခံစားချက်တွေနဲ ့မေးခွန်းတွေမမေးပါနဲ့။

(၅) ဝန်ထမ်းတွေကိုဆုံးဖြတ်ပိုင်ခွင့်ပေးပါ။

ဝေဖန်ငြင်းခုံတာတွေဟာ အပြိုင်အဆိုင်တိုးတက်နေတဲ့ ဈေးကွက်မှာ ရပ်တည်ဖို့ခက်ခဲစေပါတယ်။ ယနေ့ရပ်တည်နေတဲ့စီးပွားရေးလုပ်ငန်းတွေမှာ ဝန်ထမ်းတွေကိုလည်းဆုံးဖြတ်ပိုင်ခွင့်ပေးမယ်။ အချင်းချင်းfeedbackတွေပေးတဲ့စနစ်နဲ့လုပ်ဆောင်နေကြ အချိန်အနည်းငယ်အတွင်း လုပ်ငန်းတိုးတက်မှာ ဖြစ်ပါတယ်။

(၆) Customer ကို ကူညီလိုစိတ်ထားပါ။

Customer ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်တာက စီးပွားရေးလုပ်ငန်းတစ်ခုရဲ့စံအရည်အသွေးပါ။CEOကအစ ဖုန်းလက်ခံပြောတဲ့သူအဆုံး customerကိုဘယ်လိုကူညီရမလဲဆိုတဲ့စိတ်ထားရှိဖို့ အရေးကြီးပါတယ်။

(၇) အဖွဲ့ဝင်အချင်းချင်း တစ်ဦးစီမှ တစ်ဦးသင်ယူပါ။

အောင်မြင်တဲ့အဖွဲ့အစည်းတစ်ခုဟာ အတွေးအခေါ်မတူပဲ အချင်းချင်းယုံကြည်မှုရှိတဲ့ အဖွဲ့ဝင်တွေနဲ့ ပေါင်းစည်းထားတာဖြစ်ပါတယ်။ အဖွဲ့ဝင်တစ်ဦးဆီမှတစ်ဦးသင်ယူတဲ့အလေ့အထကို လက်ခံကျင့်သုံးသင့်ပါတယ်။

Writer & Translator : Su Myat

Startups

Leave a Reply

Your email address will not be published. Required fields are marked *