ရုံးခန်းရှာဖွေသူများ စဉ်းစားသင့်တဲ့ အချက်(၁၀)ချက်

#POINTYouthPlatform #POINT

(၁) သင့်လုပ်ငန်းနဲ့ ကိုက်ညီမယ့်နေရာကို သေချာရွေးပါ။

သင်ဖွင့်လှစ်မယ့် ကုမ္ပဏီ ရုံးခန်း၊ ပေးချင်တဲ့ ဝန်ဆောင်မှုနဲ့ ကိုက်ညီတဲ့နေရာကို သေချာရွေးချယ်ပါ။

(၂) သင့်ဆိုင်နေရာကို ဖောက်သည်တွေနဲ့ နီးတဲ့နေရာကို ဦးစားပေးပါ။

သင့်ရဲဖောက်သည်တွေကဘယ်သူတွေဖြစ်မလဲဆိုတာ စတင်စဉ်းစာပါ။ သင့်ရဲ့လုပ်ငန်းတည်နေရာက သူတို့နဲ့နီးဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာ စဉ်းစားပါ။ လက်လီအရောင်းဆိုင်ဆိုရင် ဒေသခံတွေအပေါ်မူတည်ဖို့ ပဓာနကျပေမယ့် တခြားလုပ်ငန်းဆိုရင်တော့ ဒါတွေက အရေးမကြီးပါဘူး။

(၃) လူသွားလူလာများတဲ့နေရာဖြစ်ပါစေ။

သင့်ဆိုင်ထဲကို လူဝင်စေချင်ရင် သင့်ဆိုင်ကိ်ု အလွယ်တကူရှာတွေနိုင်အောင်လုပ်ဖို့ လိုအပ်ပါတယ်။

(၄) အဝင်အထွက်နဲ့ကားပါကင်ထိုးဖို့ အဆင်ပြေပါစေ။

သင့်ရဲအဆောက်အဦးကိုလာတဲ့အခါ အလွယ်တကူ ရောက်နိုင်ရဲ့လား၊ ဝယ်သူက ဘယ်နေရာမှာ ပါကင်ထိုးရမလဲဆိုတာမသိလို့ တစ်ခြားတစ်နေရာရာကို ထပ်မသွားရပါစေနဲ့။

(၅) ယှဉ်ပြိုင်မှုရှိတဲ့နေရာဖြစ်ပါစေ။

ပြိုင်ဘက်တွေအနီးအနားမှာရှိတာဟာ မကောင်းပေမယ့် တစ်ခါတစ်ရံမှာတော့ ကောင်းပါတယ်။ သူတို့ဆီလာတဲ့ဖောက်သည်တွေနဲ့ သငြ့့်ပိုင်ဖက်တွေရဲ့ အခြေအနေကို အလွယ်တကူ သိနိုင်ပြီး ပိုကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးဖို့ ကြိုးစားနိုင်မှာ ဖြစ်ပါတယ်။

(၆) တခြားစီးပွာရေးလုပ်ငန်းများ အနီးအနားမှာရှိပါစေ။

ဒါဟာလူသွားလူလာများတဲ့နေရာမှာ ရှိနေဖို့ထက် ပိုအရေးကြီးပါတယ်။သင့်စီးပွားရေးလုပ်ငန်းနှင်တူညီပြီး အောင်မြင်နေတဲ့စီပွာရေးလုပ်ငန်းတွေ ဘယ်လောက်များများရှိသလဲဆိုတာကို ရှာဖွေပါ။

(၇) အဆိုပါနေရာရှိ ယခင်လုပ်ငန်းတူများရဲ့ သမိုင်းကြောင်းပုံရိပ်ကို သိအောင်လုပ်ပါ။

သင့်ကုမ္ပဏီဖွင့်မယ့်နေရာက သင်ပေးချင်တဲ့ ဝန်ဆောင်မှုတွေကို လိုအပ်နေသူတွေ ရှိမယ့်နေရာလား၊ သင့်ဖောက်သည်တွေ အဲ့ဒိနေရာနီးအနားမှာ ရှိနေပြီးသားလား၊ ဒါမှမဟုတ် သူတို့လာရောက်ဖို့ အဆင်ပြေမလား။ အရင်သင်ဖွင့်လှစ်မယ့် ကုမ္ပဏီ၊ သင်ပေးမယ့် ဝန်ဆောင်မှုတွေနဲ့တူတဲ့ လုပ်ငန်းတူသူတွေ အရှုံးပေါ်ခဲ့တဲ့ နေရာလားဆိုတာ သိအောင် အရင်စုံစမ်းပါ။

(၈) လုပ်ငန်းနှင့်ဆိုင်သော စည်းမျဉ်း၊ ဥပဒေ၊ အသိပေးကြေညာချက်များကို သိအောင်လုပ်ပါ။

မင်းရဲ့စီးပွားရေးလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ စည်းမျဉ်း ဥပဒေတွေ၊ အသိပေးကြေညာချက်တွေကို သိအောင်ဖတ်ရှုလေ့လာပါ။ ဥပမာ သင်က နေ့ကလေးထိန်းကျောင်းတစ်ခု ဖွင့်ချင်တယ်ဆိုရင် အနီးအနားမှာ ယမကာဆိုင်မဖွင့်ရဆိုတဲ့ ဖော်ပြထုတ်ပြန်ချက်ထားမယ်ဆိုရင် သင့်လုပ်ငန်းအတွက် လုံခြုံစိတ်ချရပါတယ်။ သင်က ယမကာဆိုင်ဖွင့်ချင်သူတစ်ဦး မဖြစ်ဖို့တော့ သေချာပါစေ။

(၉) အဆောက်အအုံရဲ့ ဖွဲ့စည်းပုံကို သိအောင်လုပ်ပါ။

လုပ်ငန်းတစ်ခုစတင်ရန် သင်က အဆောက်အအုံဟောင်းတစ်ခု ရှာဖွေနေတယ်ဆိုရင် ခေတ်မီနည်းပညာတွေအတွက် လိုအပ်တဲ့ အခြေခံထောက်ပံ့မှုတွေ ပေးနိုင်တဲ့အဆောက်အအုံဖြစ်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ သင်က အဲ့ဒိအဆောက်အအုံကို ငှားဖို့၊ ဒါမှမဟုတ် ဝယ်မယ်ဆိုရင် အဆောက်အအုံရဲ့ တန်ဖိုးနဲ့ အခြေအနေကို အတိအကျ စစ်ဆေးပေးနိုင်မယ့် အင်ဂျင်နီယာတစ်ယောက်ကို စစ်ဆေးစေဖို့ လိုအပ်ပါတယ်။

(၁၀) အဆောက်အအုံရဲ့ လစဉ်အထွေထွေ ကုန်ကျစရိတ်ကို တွက်ချက်ပါ။

အဆောက်အအုံ ငှားရမ်းခက ကုန်ကျစရိတ် အများဆုံးဖြစ်ပေမယ့် အနည်းဆုံးကုန်ကျစရိတ်ထဲမှာ ပါဝင်နေတဲ့ ရေလိုင်း၊ မီးလိုင်းတွေအတွက် လစဉ်ထွက်ငွေတွေကိုလည်း ကြိုတင်တွက်ချက်ပါ။ တန်ဖိုးတစ်ခုနဲ့ စတင်မတွက်ချက်ခဲ့လျှင် နောက်ပိုင်းမှ တွက်ချက်ဖို့ ပိုခက်ပါလိမ့်မယ်။

Writer & Translator : Thuzar

Startups

Leave a Reply

Your email address will not be published. Required fields are marked *