မီလျံနာလုပ်ငန်းရှင်လို ခေါင်းဆောင်နိုင်မယ့် နည်းလမ်းတွေ

ကျွမ်းကျင်တဲ့အရည်အချင်းနဲ့ ပညာတတ်တစ်ယောက်ဖြစ်ပေမယ့် အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ဖို့ မလွယ်ပါဘူး။ အတွေ့အကြုံနဲ့ နည်းလမ်းကောင်းတွေ လိုပါတယ်။

ဒါကြောင့် မီလျံနာလုပ်ငန်းရှင်ဖြစ်ပြီး သူများကိုဦးဆောင်နိုင်တဲ့ နည်းလမ်းတွေကို ကြည့်လိုက်ရအောင်။

၁။ ကိုယ့်လုပ်ငန်းကို ယုံကြည်ပါ

ကိုယ်လုပ်တဲ့အရာတွေကို ကိုယ်တိုင်ဂုဏ်ယူပါ။ ဒါမှလည်း စွန့်စားထားတဲ့အရာတွေကို တန်ဖိုးထားတတ်ပြီး ထိုက်သင့်တဲ့ အကျိုးရဲ့တန်ဖိုးကို အလေးထားတတ်လာမှာပါ။

၂။ ဦးစားပေးအစီအစဉ်ချမှတ်ခြင်းနဲ့ အလုပ်တာဝန်များခွဲဝေပေးခြင်း

အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တချို့က ဦးဆောင်နိုင်မှုအရည်အသွေး ဟာ အဓိကကျတယ်လို့ ပြောကြပါတယ်။ ဒါကြောင့် သင့်တင့်ထိရောက် တဲ့အပိုင်းတွေကို ဦးစားပေးတာဝန်ခွဲဝေပေးဖို့ လိုအပ်ပါတယ်။

၃။ ပေါ့ပေါ့ပါးပါး ပျော်ရွှင်မှုရှာပါ

အလုပ်ချိန်ပြင်ပမှာ လုပ်ငန်းခွင်ထုံးတမ်းအစဉ်အလာတွေကို မေ့ထားပြီး သူငယ်ချင်း၊ မိတ်ဆွေ၊ ရင်းနှီးသူတွေနဲ့ ပျော်ပျော်နေပါ။ ပြီးရင် မိသားစုနဲ့ အချိန်ပေးပြီး စိတ်လွတ်လက်လွတ် နေတဲ့အကျင့်ကို မွေးမြူပါ။

၄။ ဝန်ထမ်းတွေ သစ္စာရှိအောင် ရိုးရိုးသား စည်းရုံးပါ

ကိုယ်တိုင် သစ္စာရှိရှိပြီး ကတိတည်ရင် ကိုယ့်အလုပ်ကသူတွေလည်း ကိုယ့်ကိုလေးစားပါလိမ့်မယ်။ ဒါဟာ အထိရောက်ဆုံး စည်းရုံးနည်းပါ။

၅။ ကိုယ်တိုင်လေ့လာမှုလုပ်သလို ဝန်ထမ်းတွေကိုလည်း တိုက်တွန်းပါ

လေ့လာမှုကို ဘယ်တော့မှမရပ်လိုက်ပါနဲ့။ ဒီလိုလေ့လာနေတာကိုလည်း ဝန်ထမ်းတွေသတိပြုမိအောင် လုပ်ပါ။ ကျရှုံးမှုတွေက သင်ခန်းစာယူပြီး ဒီအလေ့အထကိုလည်း ကျင့်သုံးခိုင်းပါ။ ဒါဆိုရင် ဗဟုသုတတွေ နေ့တိုင်း ရနေပါလိမ့်မယ်။ ဘယ်အချိန်မဆို ပြောဆိုဆွေးနွေးတဲ့အလေ့အကျင့်ကိုရအောင် ပျိုးထောင်ပေးပါ။

 

# Point Cherry

Startups

Leave a Reply

Your email address will not be published. Required fields are marked *