တစ်ကိုယ်တည်းနေလိုစိတ်ရှိသူတွေနဲ့ သင့်တော်မယ့် အသက်မွေးဝမ်းကျောင်းတွေ

#POINTYouthMagazine #POINT

ပင်ကိ်ုယ်စရိုက် အေးဆေးပြီး အရှက်အကြောက်ကြီးတတ်သလို အပေါင်းအသင်းတွေနဲ့ ဒွေးရောယှက်တင် မနေတတ်တဲ့သဘောရှိသူကို Introvert လို့ ခေါ်ပါတယ်။ သူတို့ဟာ အပြောထက် နားထောင်တတ်သူ၊ စကားကိုလည်း ချင့်ချိန်ပြောတတ်သူတွေဖြစ်ပြီး လူအများကြီးတက်တဲ့ ပွဲတွေထက် သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုဝင်တွေလောက်နဲ့သာ ပေါင်းသင်းဆက်ဆံတာကို သဘောတွေ့သူတွေ ဖြစ်ပါတယ်။

ဒါကြောင့် ဒီလို သဘောသဘာဝရှိသူတွေနဲ့ ကိုက်ညီပြီး အိမ်ကနေ ဒါမှမဟုတ် လူအနည်းအကျဉ်းလောက် နဲ့ပဲ အလုပ်လုပ်ပြီး ဝင်ငွေရှာနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ အစားအသောက်နှင့် အဟာရဆိုင်ရာ ကျွမ်းကျင်သူ (Dietitian/Nutritionist)

နေ့စဉ်စားသောက်တဲ့ အစားအစာတွေကို ကျန်းမာရေးနဲ့ညီအောင် ဘယ်လို စားသောက်သင့်ကြောင်း အကြံပေးရတဲ့ ဒီလိုပညာရှင်တွေဟာ အများအားဖြင့် သက်ဆိုင်သူတွေ လိုအပ်ချက်ကို နောက်ကွယ်ကနေ ပံ့ပိုးပေးရပါတယ်။ ဒီအလုပ်ကို အိမ်မှာလုပ်နိုင်တာကြောင့် သင့်တော်တဲ့ အလုပ်ဖြစ်ပါတယ်။

၂။ အာမခံကြေး တွက်ချက်ပေးသူ (Actuary)

တကယ်လို့ အတွက်အချက် ပိုင်နိုင်တယ်ဆိုရင် ဒီအလုပ်က သင့်တော်ပြီး အာမခံကုပ္ပဏီတွေနဲ့ အလုပ်လုပ်နိုင်ပါတယ်။ အာမခံတွက်ချက်သူတွေ ဟာ ဆုံးရှုံးမှုနဲ့ ထိခိုက်မှုတွေကို ချိန်ဆပြီး ကျသင့်တဲ့ အာမခံကြေးကို လိုက်လျောညီထွေဖြစ်အောင် တွက်ချက်ပေးရပါတယ်။ ဒီလိုလုပ်ရာမှာ လည်း ကာယကံ ရှင်နဲ့ တိုက်ရိုက်ထိတွေ့စရာမလိုဘဲ လိုအပ်တဲ့အချက် အလက်တွေကိုမူတည်ပြီး လုပ်ရတာကြောင့် အေးအေးလူလူ လုပ်နိုင်တဲ့ အလုပ်ပါ။

၃။ လုပ်ငန်းကိစ္စ ပြောဆိုဆွေးနွေးမှု အကူအညီပေးသူ (Chat Support)

အခုအလုပ်က လုပ်ငန်းပေါင်းစုံလုပ်ကိုင်နေတဲ့သူတွေ အလုပ်ကိစ္စ ပြောဆိုဆွေးနွေးရာမှာ ထိထိ ရောက်ရောက် ပြောဆိုနိုင်အောင် သင့်လျော်တဲ့ အကြံဉာဏ်တွေ ပေးရတာပါ။ အလုပ်ပေါင်းစုံ ကသူတွေကို အထိုက်သင့်တဲ့ အချက်အလက်တွေ ပံ့ပိုးပေးရတာကြောင့် ကိုယ်တိုင်ကလည်း သူတို့လိုအပ်ချက်နဲ့ အခက်အခဲတွေကို အသေအချာမေးနိုင်တဲ့ အရည်အချင်းရှိဖို့ လိုပါတယ်။ ဒီအတွက် သူများထက်သာတဲ့ ဗဟုသုတလည်း ရှိဖို့လိုပါတယ်။ Chat box ကနေ မြန်မြန်ဆန်ဆန် ဆက်သွယ်ဖို့လိုတာကြောင့် ကွန်ပြူ တာလိုအပ်ပြီး လက်ကွက်လည်း အတန်အသင့်မြန်အောင် ရိုက်နိုင်ရပါမယ်။ ဒီအလုပ်ဟာ မြန်မာနိုုင်ငံမှာ သိပ်မတွင်ကျယ်သေးပေမယ့် အမေရိကားမှာတော့ ကျွမ်းကျင်မှုပေါ်မူတည်ပြီး တစ်နာရီကို ၁၄ ဒေါ်လာကျော်လောက်ရတဲ့ အလုပ်ပါ။

၄။ လျှပ်စစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ (Electrician)

လျှပ်စစ်နဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့သူတစ်ယောက်ဟာ အိမ်၊ ရုံး၊ အဆောက်အအုံနဲ့ စက်ရုံနဲ့ အစရှိတဲ့ နေရာတွေမှာ တစ်ယောက်ထဲ မဟုတ်ရင်တောင် အကူနှစ်ယောက် သုံးယောက်လေက်နဲ့ တစ်နေကုန်အ လုပ်လုပ်ရပါတယ်။ လျှပ်စစ်ပစ္စည်းတွေကို အသစ်တပ်ဆင်တာဖြစ်ဖြစ် ပြုပြင်တာပဲဖြစ်ဖြစ် လုပ်ရတာကြောင့် လူများများစားစားနဲ့ ပတ်သက်စရာမလိုဘဲ လုပ်ရတဲ့အလုပ်ပါ။ မဖြစ်မနေ ဘွဲ့၊ ဒီဂရီတစ်ခုခုရဖို့ မလိုအပ်ဘဲ အမှန်တကယ်ကျွမ်းကျင်မှုနဲ့ အလုပ်ကို စေတနာထားပြီး မှန်မှန်ကန်ကန်လုပ်နိုင်တဲ့ အရည် အချင်းရှိဖို့ပဲ လိုအပ်ပါတယ်။

၅။ မော်ကွန်းတိုက်မှုး (Archivist)

သတင်းပိုင်း ကျွမ်းကျင်သူဖြစ်ရင် ဒီအလုပ်နဲ့ ပိုသင့်တော်ပါတယ်။ စာကြည့်တိုက်၊ အစိုးရအဖွဲ့အစည်း၊ ပြတိုက်နဲ့ ပညာသင်ကြားရေးကျောင်း အစရှိတဲ့ နေရာတွေက အချက်အလက်နဲ့ မှတ်တမ်းတွေကို သိန်းသိမ်းစောင့်ရှောက်ရပါတယ်။ စနစ်တကျ ထိန်းသိမ်းနိုင်ဖို့တော့ လိုပါတယ်။ ဒါကြောင့် ဒီအလုပ်နဲ့လျော်ညီတဲ့ အတတ်ပညာတွေ တတ်ကျွမ်းထားမှ အဆင်ပြေပါမယ်။ အလုပ်သဘောအရ ပြောဆိုဆွေးနွေး ရတာတွေရှိပေမယ့်လည်း အများအားဖြင့် တစ်ယောက်ထဲ လုပ်တဲ့အချိန်များတာကြောင့် တစ်ကိုယ်တည်း နေလိုသူတွေအတွက် သင့်တော်တဲ့ အလုပ်ပါ။

၆။ ဆေးမှတ်တမ်း ထိန်းသိမ်း သိုမှီးသူ (Medical Records Technician)

လူနာတွေနဲ့ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာဆေးကုသမှုအချက်အ လက်တွေကို စာရွက်စာတမ်းတွေ အလိုက်ရော ကွန်ပြူတာထဲမှာပါ ထည့်သွင်း ထိန်းသိမ်းရတဲ့ အလုပ်ပါ။ လူနာ ဒါမှမဟုတ် လူနာရှင်တွေနဲ့ တိုက်ရိုက်ထိတွေ့စရာမလိုဘဲ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေ အတွက် လိုအပ်တဲ့အချက်အလက် တွေ အလွယ်တကူ ရှာဖွေနိုင်အောင် စနစ်တကျ ထိန်းသိမ်းနိုင်ရပါမယ်။ ဒီအလုပ်က မြန်မာနိုင်ငံမှာ သိပ်မတွင်ကျယ်သေးပေမယ့်လည်း ကျန်းမာရေးကိစ္စဖြစ်လို့ နောက်ပိုင်း လိုအပ်လာမှာပါ။ တစ်ယောက်ထဲအလုပ်လုပ်ချင်သူတွေအတွက်တော့ သင့်လျော်ပါတယ်။

၇။ ဓာတ်ခွဲခန်း ပညာရှင် (Lab Technician)

ဓာတ်ခွဲခန်းပညာရှင်အလုပ်ဟာ လူနာတွေရဲ့ သွေး၊ ဝမ်း၊ ဆီး၊ သလိပ်နဲ့ အသားစတွေကို ကိုယ်တတ်ကျွမ်း တဲ့ပညာရပ်နဲ့ ခွဲခြမ်းစိတ်ဖြာပြီး သက်ဆိုင်တဲ့ ရောဂါအဖြေကို ထုတ်ပေးရတာကြောင့် ရွံ့ရှာတတ်သူတွေ နဲ့တော့ မသင့်တော်ပါဘူး။ ဒါပေမယ့် တစ်ယောက်ထဲ အာရုံစိုက်ပြီး သိပ္ပွံနည်းကျကျ စမ်းသပ်ရှာဖွေတဲ့ အလုပ်ဖြစ်လို့ သီးသန့်နေပြီး အလုပ်လုပ်လိုသူတွေနဲ့ အင်မတန်ကိုက်ညီတဲ့အလုပ်ပါ။

၈။ ကုန်ကားမောင်းသူ (Truck Driver)

အမေရိကားမှာတော့ ဒီအလုပ်က ရေဒီယိုတစ်လုံးနဲ့ အဖော်ပြုပြီး ခရီးဝေး နေရာအနှံ့သွားရတဲ့အလုပ်ဖြစ်လိို့ တစ်ယောက်ထဲ နေချင်သူ တွေနဲ့ ကိုက်ညီတဲ့ အလုပ်ပါ။ အချိန်အကြာကြီး ကားမောင်းရတာကြောင့် အေးေ အးလူလူ နေချင်စိတ်ရှိသူတွေနဲ့လည်း ပိုပြီး ကိုက်ညီပါတယ်။ မြန်မာနိုင်ငံမှာတော့ ဘေးကအကူတစ်ယာက်လောက်နဲ့ အဖော်ပြုပြီး ကားမောင်းရတာကြောင့် လူအများကြီးနဲ့မနေချင်တဲ့သူတွေနဲ့တော့ သင့်တော်ပါတယ်။

၉။ ဘာသာပြန်နဲ့ စကားပြန် အလုပ် (Translator/Interpreter)

မြန်မာနိုင်ငံမှာတော့ အင်္ဂလိပ်စာကျွမ်းကျင်ပြီး ကိုယ့်ဘာသာစကားကို နိုင်နိုင်နင်းနင်း တတ်ကျွမ်းရင်တော့ ဘာသာပြန်အလုပ်ဟာ တစ်ကိုယ်တည်း အလုပ်လုပ်ချင်သူတွေအတွက် အသင်တော်ဆုံး အလုပ်ပါ။ စကားပြန်အလုပ်ကတော့ ဘာသာပြန်အလုပ်လောက် သီးခြားမဆန်ဘဲ လိုအပ်ချက်အရ သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံ ရပါတယ်။ ဒါပေမယ့် အချိန်တော်တော်များများမှာတော့ အလုပ်နဲ့ကိုက်ညီ တဲ့ အကြောင်းအရာတွေကို တစ်ယောက်ထဲ ဖတ်ရှုလေ့လာရ တာကြောင့် တခြားအလုပ်တွေလောက်တော့ လူတွေနဲ့ ပြောဆိုဆက်ဆံ ရတာ မရှိပါဘူး။ ဒီအလုပ်နှစ်ခုမှာ ဘာသာပြန်အလုပ်က တစ်ယောက်ထဲ အေးအေးဆေးဆေးလုပ်ရတာဖြစ်လို့ တစ်ကိုယ်တည်းနေလို စိတ်ရှိသူတွေနဲ့ ပိုသင့်တော်ပါတယ်။

၁၀။ နည်းပညာဆိုင်ရာ စာရေးဆရာ (Technical Writer)

နက်နက်နဲနဲတွေးတတ်ပြီး သီးသန့်နေလိုသူတွေအတွက် နည်းပညာစာရေးဆရာအလုပ်က သင့်လျော်ပါတယ်။ ဒီအလုပ်က တစ်ယောက်ထဲ အေးအေးလူလူ တွေးခေါ်တတ်ဖို့လိုတာကြောင့် ဒီသဘာဝ ရှိသူတွေကိ်ုညီတဲ့ အသက်မွေးဝမ်းကျောင်းပါ။ နည်းပညာပိုင်းဆိုင်ရာဖြစ်လို့ လေ့လာမှုတွေ ပိုလိုအပ်ပြီး အကူအညီလိုနေသူတွေကိုလည်း online မှာ အကြံဉာဏ်ပေးနိုင် တာကြောင့် တစ်ယောက်ထဲ စိတ်ကြိုက် လုပ်လို့ရတဲ့ အလုပ်ပါ။

Writer & Translator : Thiha Aung

Startups

Leave a Reply

Your email address will not be published. Required fields are marked *