စီးပွားရေးလုပ်ငန်းများအတွက် SWOT

*** Unicode ***

#POINT #PointYouthPlatform

SWOT နည်းစနစ်ဆိုတာက ဘာလဲ။

SWOT ဆိုတာက Strengths, Weakness, Opportunities နှင့် Threats ဆိုတာကို ပေါင်းစပ်ဖွဲ့စည်း ထားတဲ့ စကားလုံးပါပဲ။

ကိုယ့်စီးပွားရေးအခြေအနေကို သုံးသပ်တာဖြစ်ဖြစ် ဒါမှမဟုတ်လည်း ကိုယ့်ပြိုင်ဘက်က ဘာတွေလုပ်နေသလည်းဆိုတာကို လေ့လောတာဖြစ်ဖြစ် ကျွန်တော်တို့ SWOT သုံးပြီး လက်ရှိစီးပွားရေးမှာ ဘာတွေဖြစ်နေသလဲ ပြီးတော့ နောက်ထပ် အဆင့်တစ်ခုရောက်ဖို ့ဘာတွေလုပ်ကိုင်ရန်လိုအပ်သလဲ ဆိုတာကို နားလည်နိုင်စေပါလိမ့်မယ်။အဲ့ဒါဆို SWOT ကို ဘယ်လို အသုံးပြုနိုင်မလည်းဆိုတာကို ဆက်လက်လေ့လာကြည့်လိုက်ရအောင်။

Strengths and Weakness (အားသာချက်နှင့် အားနည်းချက်တွေ)

စီးပွားရေးလုပ်ငန်းဖြစ်ဖြစ် တခြားအလုပ်အကိုင်ပဲဖြစ်ဖြစ် အားသာချက်နှင့် အားနည်းချက်တွေဆိုတာက ကိုယ်ပဲသိတဲ့အရာတွေပါ ။ တခြားနည်းနဲ့ပြောရရင် ကိုယ်ကောင်းကောင်းလုပ်ဆောင်နိုင်တာနဲ့ ကိုယ်ကောင်းကောင်း မလုပ်ဆောင်နိုင်တာတွေပါပဲ။

ကိုယ့်စီးပွားရေးရဲ ့အားသာချက်တွေကို သိရှိနားလည်ထားခြင်းက မည်သည့်နယ်ပယ်မှာ အားစိုက်တာက ကိုယ့်အတွက် အကောင်းဆုံးအကျိုး ခံစားရနိုင်တယ်ဆိုတာကို သိနားလည်စေနိုင်သလို ကိုယ့်လုပ်ငန်းရဲ ့အားနည်းချက်တွေကို မှတ်သားသိရှိတာကလည်း သင့်ကို အမြင်ပိုကျယ်လာစေမှာဖြစ်ပြီး သင့်စီးပွားရေးအတွက် လိုအပ်နေတဲ့ ဟာကွက်အားနည်းချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ လူ၊ ပညာရှင်ကိုရှာဖွေရှာမှာလည်း ပိုအထောက်အကူပြုပါလိမ့်မယ်။

ကိုယ့်ရဲ ့အားသာချက်နှင့် အားနည်းချက်တွေကို ချက်စ် (Chess) ကစားနည်းရဲ ့အစိတ်အပိုင်းတွေလိုမြင်ကြည့်ပါ။ အားလုံးကို နေရာတစ်ခုတည်းကို ရှာ ့ဖို့မလိုအပ်ပါဘူး။ အဲ့အစား တစ်ခုချင်းစီရဲ ့အသားချက်အားနည်းချက်အပေါ်လို်က်ပြီး နည်းစနစ်ကျကျရှင်းပေး ့နိုင်ဖို ပဲ လိုပါတယ်။

Opportunities and Threats (အခွင့်အရေးတွေနှင့် ဆုံးရှုံးနိုင်ခြေတွေ)

ကိုယ့်ရဲ့ အားသာချက်နဲ့အားနည်းမှုတွေ (Strengths and Weakness) က သင့်ရဲ ့လုပ်ငန်း၊စီးပွားရေးကို အပေါ်မူတည်ပြီးပေါ်ပေါက်လာတဲ့ အခြေခံတဲ့အရာတွေဖြစ်ပြီး သင့်ကုမ္ပဏီ၊ စီးပွားရေးကို ရေရှည်စွာတည်တံ့ဆောင်ရွက်စေနိုင်မည့် တခြားပြင်ပအကြောင်းအရောတွေဖြစ်သော Opportunities (အခွင့်အရေးတွေ) နှင့် Threats (ဆုံးရှုံးနိုင်ခြေ) တွေကိုလည်း အမြဲမပြတ်စောင့်ကြည့်ရန်လိုအပ်ပါတယ်။

အခွင့်အရေးတွေ ဆုံးရှုံးနိုင်ခြေဆိုတာတွေဟာ ကိုယ့်လုပ်ငန်းရဲ ့ပြင်ပ အခြေအနေတွေဖြစ်သည့်အတွက် ပြင်ပမှာ မည်သည့်ကိစ္စတွေ ဖြစ်ပေါ်နေတယ်ဆိုတာကို စီမံခန့်ခွဲတဲ့ အဖွဲ ့ဖြစ်ဖြစ်ဖွဲ ့စည်းပြီး သတိထားလေ့လာဖို ့လိုအပ်ပါတယ်။အဲ့လိုလေ့လာတဲ့နေရာမှာ အများဆုံးအသုံးပြုကြတဲ့နည်းစနစ်ကတော့ PESTLE ခွဲခြမ်းလေ့လာခြင်းလို့ ထင်ရှားပါတယ်။

PESTLE ဆိုတာက တခြားမဟုတ်ပါဘူး ကိုယ့်စီးပွားရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ ပြင်ပအကြောင်းအရာနယ်ပယ်တွေကို စုစည်းထားခြင်းပါပဲ။Political (နိုင်ငံရေး), Economic (စီးပွားရေး) , Social (လူမှုရေး) , Technological (နည်းပညာ), Legal (ဥပဒေ) နှင့် Environmental (ပတ်ဝန်းကျင်) စသည့် ကိုယ့်စီးပွားရေးကို သိသိသာသာ ပြောင်းလဲစေနိုင်မည့် နယ်ပယ်တွေကိုလည်း အက် ကုမ္ပဏီနှင့် စီးပွမြဲမပြတ်လေ့လာနေသင့်ပါတယ်။

သမိုင်းတစ်လျှောက်မှာလည်း ပြင်ပကဖြစ်စဉ်တွေ ပြောင်းလဲသွားသည့်အတွားရေးလုပ်ငန်းတွေဟာ သူတို့ရဲ ့အရေးပါသော စည်းမျဉ်းတွေကို ပြောင်းလဲလိုက်တဲ့ အဖြစ်အပျက်တွေလည်း ပေါ်ပေါက်ခဲ့ဖူးပါတယ်။ဥပမာပြောရရင် Carbon ထုတ်လုပ်မှုနှင့် ပက်သက်သော ဥပဒေထွက်ပေါ်လာသည့်အခါ ကားကုမ္ပဏီတွေအများအပြား သူတို့ရဲ ့အရေးကြီးတဲ့ မူဝါဒတွေ ပြင်ဆင်ရတာမျိုးလည်း ရှိုပါတယ်။

စီးပွားရေးလုပ်ငန်းတွေအနေနဲ့ များသောအားဖြင့်ကြုံတွေ ့ရတဲ့အချက်ကတော့ လုပ်ငန်းတွေဟာ ကို်ယ့်လုပ်ငန်းအတွင်းပိုင်းအတွက်သာတွေးပြီး ပြင်ပအခြေအနေတွေကို သုံးသပ်မှုပိုင်းအားနည်းချက်ရှိတယ်ဆိုတာပါပဲ။ ဒါကြောင့် ကိုယ့်ရဲ ့စီးပွားရေးလုပ်ငန်းအတွက်ရော ကိုယ့်ပြိုင်ဘက်ရဲ ့စီးပွားရေးကို သုံးသပ်ရင်သော်လည်းကောင်း SWOT (Strengths, Weakness, Opportunities and Threats) နဲ့ အချိန်ယူ စောင့်ကြည့်ခွဲခြမ်းကြည့်သင့်ပါတယ်။

အဲ့လိုသုံးသပ်မှုတွေကသာပဲ သင့်ရဲ ့စွမ်းအင်တွေကို ဘယ်နေရာမှာ အသုံးချမလဲ၊ ကိုယ့်လုပ်ငန်းရဲ ့ဘယ်အပိုင်းတွေကို တခြားလူတွေနဲ့ တိုင်ပင်ညှိနှိုင်းမလဲ ဆိုတာကို အထောက်အကူဖြစ်စေမှာပါ။အဲ့လို သုံးသပ်မှုတွေက သင့်စီးပွားရေးအတွက် အနာဂါတ် အခွင့်အရေးကောင်းတွေကို ဆောင်ကျဉ်းမှုပေးနိုင်ရုံသာမက သင့်ပြိုင်ဘက်တွေ နောက်ထပ်ဘာဆက်လုပ်မလည်းဆိုတာကိုလည်း သင့်ကိုသဘောပေါက်လာစေမှာပါ အသေအချာပါပဲ။

Writer & Translator : Thiha Aung

—————————————————————————————————————————-

#POINT #PointYouthPlatform

SWOT နည်းစနစ်ဆိုတာက ဘာလဲ။

SWOT ဆိုတာက Strengths, Weakness, Opportunities နှင့် Threats ဆိုတာကို ပေါင်းစပ်ဖွဲ ့စည်းထားတဲ့ စကားလုံးပါပဲ။ ကိုယ့်စီးပွားရေးအခြေအနေကို သုံးသပ်တာဖြစ်ဖြစ် ဒါမှမဟုတ်လည်း ကိုယ့်ပြိုင်ဘက်က ဘာတွေလုပ်နေသလည်းဆိုတာကို လေ့လောတာဖြစ်ဖြစ် ကျွန်တော်တို့ SWOT သုံးပြီး လက်ရှိစီးပွားရေးမှာ ဘာတွေဖြစ်နေသလဲ ပြီးတော့ နောက်ထပ် အဆင့်တစ်ခုရောက်ဖို ့ဘာတွေလုပ်ကိုင်ရန်လိုအပ်သလဲ ဆိုတာကို နားလည်နိုင်စေပါလိမ့်မယ်။ အဲ့ဒါဆို SWOT ကို ဘယ်လို အသုံးပြုနိုင်မလည်းဆိုတာကို ဆက်လက်လေ့လာကြည့်လိုက်ရအောင်။

Strengths and Weakness (အားသာချက်နှင့် အားနည်းချက်တွေ)

စီးပွားရေးလုပ်ငန်းဖြစ်ဖြစ် တခြားအလုပ်အကိုင်ပဲဖြစ်ဖြစ် အားသာချက်နှင့် အားနည်းချက်တွေဆိုတာက ကိုယ်ပဲသိတဲ့အရာတွေပါ ။ တခြားနည်းနဲ့ပြောရရင် ကိုယ်ကောင်းကောင်းလုပ်ဆောင်နိုင်တာနဲ့ ကိုယ်ကောင်းကောင်း မလုပ်ဆောင်နိုင်တာတွေပါပဲ။

ကိုယ့်စီးပွားရေးရဲ ့အားသာချက်တွေကို သိရှိနားလည်ထားခြင်းက မည်သည့်နယ်ပယ်မှာ အားစိုက်တာက ကိုယ့်အတွက် အကောင်းဆုံးအကျိုး ခံစားရနိုင်တယ်ဆိုတာကို သိနားလည်စေနိုင်သလို ကိုယ့်လုပ်ငန်းရဲ ့အားနည်းချက်တွေကို မှတ်သားသိရှိတာကလည်း သင့်ကို အမြင်ပိုကျယ်လာစေမှာဖြစ်ပြီး သင့်စီးပွားရေးအတွက် လိုအပ်နေတဲ့ ဟာကွက်အားနည်းချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ လူ၊ ပညာရှင်ကိုရှာဖွေရှာမှာလည်း ပိုအထောက်အကူပြုပါလိမ့်မယ်။

ကိုယ့်ရဲ ့အားသာချက်နှင့် အားနည်းချက်တွေကို ချက်စ် (Chess) ကစားနည်းရဲ ့အစိတ်အပိုင်းတွေလိုမြင်ကြည့်ပါ။ အားလုံးကို နေရာတစ်ခုတည်းကို ရွှေ ့ဖို့မလိုအပ်ပါဘူး။ အဲ့အစား တစ်ခုချင်းစီရဲ ့အသားချက်အားနည်းချက်အပေါ်လိ်ုက်ပြီး နည်းစနစ်ကျကျရွှေ ့နိုင်ဖို ့ပဲလိုပါတယ်။

Opportunities and Threats (အခွင့်အရေးတွေနှင့် ဆုံးရှုံးနိုင်ခြေတွေ)

ကိုယ့်ရဲ့ အားသာချက်နဲ့အားနည်းမှုတွေ (Strengths and Weakness) က သင့်ရဲ ့လုပ်ငန်း၊စီးပွားရေးကို အပေါ်မူတည်ပြီးပေါ်ပေါက်လာတဲ့ အခြေခံတဲ့အရာတွေဖြစ်ပြီး သင့်ကုမ္ပဏီ၊ စီးပွားရေးကို ရေရှည်စွာတည်တံ့ဆောင်ရွက်စေနိုင်မည့် တခြားပြင်ပအကြောင်းအရောတွေဖြစ်သော Opportunities (အခွင့်အရေးတွေ) နှင့် Threats (ဆုံးရှုံးနိုင်ခြေ) တွေကိုလည်း အမြဲမပြတ်စောင့်ကြည့်ရန်လိုအပ်ပါတယ်။

အခွင့်အရေးတွေ ဆုံးရှုံးနိုင်ခြေဆိုတာတွေဟာ ကိုယ့်လုပ်ငန်းရဲ ့ပြင်ပ အခြေအနေတွေဖြစ်သည့်အတွက် ပြင်ပမှာ မည်သည့်ကိစ္စတွေ ဖြစ်ပေါ်နေတယ်ဆိုတာကို စီမံခန့်ခွဲတဲ့ အဖွဲ ့ဖြစ်ဖြစ်ဖွဲ ့စည်းပြီး သတိထားလေ့လာဖို ့လိုအပ်ပါတယ်။

အဲ့လိုလေ့လာတဲ့နေရာမှာ အများဆုံးအသုံးပြုကြတဲ့နည်းစနစ်ကတော့ PESTLE ခွဲခြမ်းလေ့လာခြင်းလို့ ထင်ရှားပါတယ်။ PESTLE ဆိုတာက တခြားမဟုတ်ပါဘူး ကိုယ့်စီးပွားရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ ပြင်ပအကြောင်းအရာနယ်ပယ်တွေကို စုစည်းထားခြင်းပါပဲ။

Political (နိုင်ငံရေး), Economic (စီးပွားရေး) , Social (လူမှုရေး) , Technological (နည်းပညာ), Legal (ဥပဒေ) နှင့် Environmental (ပတ်ဝန်းကျင်) စသည့် ကိုယ့်စီးပွားရေးကို သိသိသာသာ ပြောင်းလဲစေနိုင်မည့် နယ်ပယ်တွေကိုလည်း အမြဲမပြတ်လေ့လာနေသင့်ပါတယ်။

သမိုင်းတစ်လျှောက်မှာလည်း ပြင်ပကဖြစ်စဉ်တွေ ပြောင်းလဲသွားသည့်အတွက် ကုမ္ပဏီနှင့် စီးပွားရေးလုပ်ငန်းတွေဟာ သူတို့ရဲ ့အရေးပါသော စည်းမျဉ်းတွေကို ပြောင်းလဲလိုက်တဲ့ အဖြစ်အပျက်တွေလည်း ပေါ်ပေါက်ခဲ့ဖူးပါတယ်။

ဥပမာပြောရရင် Carbon ထုတ်လုပ်မှုနှင့် ပက်သက်သော ဥပဒေထွက်ပေါ်လာသည့်အခါ ကားကုမ္ပဏီတွေအများအပြား သူတို့ရဲ ့အရေးကြီးတဲ့ မူဝါဒတွေ ပြင်ဆင်ရတာမျိုးလည်း ရှိုပါတယ်။

စီးပွားရေးလုပ်ငန်းတွေအနေနဲ့ များသောအားဖြင့်ကြုံတွေ ့ရတဲ့အချက်ကတော့ လုပ်ငန်းတွေဟာ ကိ်ုယ့်လုပ်ငန်းအတွင်းပိုင်းအတွက်သာတွေးပြီး ပြင်ပအခြေအနေတွေကို သုံးသပ်မှုပိုင်းအားနည်းချက်ရှိတယ်ဆိုတာပါပဲ။ ဒါကြောင့် ကိုယ့်ရဲ ့စီးပွားရေးလုပ်ငန်းအတွက်ရော ကိုယ့်ပြိုင်ဘက်ရဲ ့စီးပွားရေးကို သုံးသပ်ရင်သော်လည်းကောင်း SWOT (Strengths, Weakness, Opportunities and Threats) နဲ့ အချိန်ယူ စောင့်ကြည့်ခွဲခြမ်းကြည့်သင့်ပါတယ်။

အဲ့လိုသုံးသပ်မှုတွေကသာပဲ သင့်ရဲ ့စွမ်းအင်တွေကို ဘယ်နေရာမှာ အသုံးချမလဲ၊ ကိုယ့်လုပ်ငန်းရဲ ့ဘယ်အပိုင်းတွေကို တခြားလူတွေနဲ့ တိုင်ပင်ညှိနှိုင်းမလဲ ဆိုတာကို အထောက်အကူဖြစ်စေမှာပါ။

အဲ့လို သုံးသပ်မှုတွေက သင့်စီးပွားရေးအတွက် အနာဂါတ် အခွင့်အရေးကောင်းတွေကို ဆောင်ကျဉ်းမှုပေးနိုင်ရုံသာမက သင့်ပြိုင်ဘက်တွေ နောက်ထပ်ဘာဆက်လုပ်မလည်းဆိုတာကိုလည်း သင့်ကိုသဘောပေါက်လာစေမှာပါ အသေအချာပါပဲ။

Writer & Translator : Thiha Aung

 

Startups

Leave a Reply

Your email address will not be published. Required fields are marked *