စိတ်ရှုပ်စရာကောင်းတဲ့ကြော်ငြာတွေမထည့်ဘဲ သင့်Appကနေ ဘယ်လိုငွေရှာမလဲ

#POINT#PointYouthPlatform

Application ရေးဆွဲသူတွေကလည်း သူတို့ကြိုးစားပန်းစားရေးထားတဲ့ ရလာဒ်အနေနဲ့ အမြတ်အစွန်းရယူလိုကြပေမယ့် Application သုံးစွဲသူတွေက ငွေကြေးတစ်စုံတစ်ရာ ပေးစရာမလိုတဲ့ Application တွေကိုပဲ သုံးစွဲလိုကြတဲ့အတွက် Application ကနေငွေရှာဖို့ဆိုတာ လှည့်စားမှုဆန်တဲ့ စီးပွားရေးတစ်ခုပါပဲ။ အဲ့ဒါကြောင့် Application ရေးဆွဲသူတွေက အမြတ်အစွန်းရရှိစေဖို့ သူတို့Application တွေမှာ ကြော်ငြာတွေ ထည့်သွင်းတတ်ကြပါတယ်။ ကြော်ငြာတွေအမြောက်အမြားဝင်ရောက်လာခြင်းဟာ သုံးစွဲသူတွေကို စိတ်အနှောက်အယှက် ဖြစ်စေပြီး ကြော်ငြာနှင့်တကွ appကိုပါ ဖျက်မိစေတဲ့ထိ ဖြစ်စေနိုင်ပါတယ်။ ပြီးတော့ ကြော်ငြာတွေဟာ appတစ်ခုအတွက် လုံလောက်တဲ့အမြတ်အစွန်းလည်း ထုတ်မပေးနိုင်ဘူးဆိုတာ ရှင်းပါတယ်။ Application ကနေငွေရှာဖို့ အင်တာနက်သုံးနေရင်း စိတ်ရှုပ်စရာကောင်းအောင် ပေါ်ပေါ်လာတတ်တဲ့ in-app ကြော်ငြာတွေပဲ လိုအပ်တာ မဟုတ်ပါဘူး။ ကံကောင်းစွာနဲ့ တခြားနည်းလမ်းတွေကိုတွေ့ရှိထားပါတယ်။

(၁)Application တွေမှတစ်ဆင့် ငွေပေးချေမှုနိုင်အောင် ဖန်တီးပါ။

App ရေးဆွဲသူတွေ ငွေရှာဖို့အကောင်းဆုံးနည်းလမ်း ကတော့ ’ freemium apps’ လို့ခေါ်တဲ့ application တွေမှတဆင့် ငွေပေးချေတာပဲ ဖြစ်ပါတယ်။ ထိုapp တွေကနေတဆင့် အရောင်းအဝယ်ပြုလုပ်ခြင်းဟာ app ရေးဆွဲသူအတွက်သိသာတဲ့အကျိုးအမြတ်တွေရရှိနိုင်ပါတယ်။

(၂) သုံးစွဲရကျိုးနပ်တဲ့ App တစ်ခုဖြစ်အောင် ဖန်တီးပါ။

ငွေပေးသုံးတဲ့သူတွေအတွက်ဖြစ်စေ၊ အခမဲ့သုံးစွဲသူတွေအတွက်ဖြစ်စေ သင့်ရဲ့ App က သုံးစွဲရကျိုးနပ်ရပါမယ်။ အစပိုင်း အခမဲ့သုံးစွဲချိန်မှာလည်း သုံးစွဲဖို့ထိုက်တန်ကြောင်း တန်ဖိုးတစ်ခု ပေးနိုင်ရပါမယ်။ သုံးစွဲသူက ဝယ်ယူသုံးစွဲသူဖြစ်မလာသည့်တိုင် သင့်App က သုံးစွဲရကျိုးနပ်ကြောင်း သူသိပါစေ။ ငွေကြေးပေးကာ ဝယ်ယူသုံးစွဲသူများအတွက်လည်း ကောင်းမွန်တဲ့အတွေ့အကြုံတွေ ပေးစွမ်းနိုင်ရပါမယ်။ထိုနည်းနဲ့ ကိုယ့်appကို လူတွေရေရှည်သုံးစွဲအောင် ဆွဲဆောင်ပြီးအကျိုးအမြတ်များများရအောင်မြှင့်တင်သင့်ပါတယ်။

(၃) Appမှတစ်ဆင့် အရောင်းအဝယ်လုပ်ငန်းတွေကို ပိုမိုလွယ်ကူမြန်ဆန်စေပါ။

Games တွေ၊ apps တွေဟာ နိုင်ငံရပ်ခြား နေရာမရွေး ထိုးဖောက်နိုင်ရပါမယ်။ ကမ္ဘာအဝှမ်းကနေ ငွေပေးချေနိင်အောင် လွယ်ကူမြန်ဆန်တဲ့နည်းလမ်းတွေကို appတီထွင်သူတွေဟာ စဉ်းစားရပါမယ်။ သုံးစွဲသူတွေဝယ်ရလွယ်ကူအောင်လုပ်ပေးလေလေ သင့်ရဲ့appကနေ အမြတ်ရနိုင်ဖို့ အလားအလာ ပိုများလေလေ ပါပဲ။

(၄) တစ်သမတ်တည်းမသွားပါနဲ့။

App တစ်ခုကိုစတီထွင်ပြီး မျှော်မှန်းထားတဲ့ဝင်ငွေရရှိဖို့ဆို ပြုပြင်ပြောင်းလဲနေမှရပါမယ်။ သင့်appက ဘာတွေပေးစွမ်းနိုင်လဲဆိုတာ စဉ်းစားပြီးလိုအပ်တာတွေပြင်ဆင်ပြီး အသုံးပြုသူတွေကို ဆက်လက်သုံးစွဲအောင် စွမ်းဆောင်ဖို့ လိုအပ်ပါတယ်။ အသစ်အဆန်းတွေကို အသုံးပြုသူတွေ ရိုးမသွားရအောင်ဖန်တီးပေးနေရမှာဖြစ်ပါတယ်။

Writer & Translator : Su Myat

*** Unicode ***

#POINT#PointYouthPlatform

Application ရေးဆွဲသူတွေကလည်း သူတို့ကြိုးစားပန်းစားရေးထားတဲ့ ရလာဒ်အနေနဲ့ အမြတ်အစွန်းရယူလိုကြပေမယ့် Application သုံးစွဲသူတွေက ငွေကြေးတစ်စုံတစ်ရာ ပေးစရာမလိုတဲ့ Application တွေကိုပဲ သုံးစွဲလိုကြတဲ့အတွက် Application ကနေငွေရှာဖို့ဆိုတာ လှည့်စားမှုဆန်တဲ့ စီးပွားရေးတစ်ခုပါပဲ။

အဲ့ဒါကြောင့် Application ရေးဆွဲသူတွေက အမြတ်အစွန်းရရှိစေဖို့ သူတို့Application တွေမှာ ကြော်ငြာတွေ ထည့်သွင်းတတ်ကြပါတယ်။ ကြော်ငြာတွေအမြောက်အမြားဝင်ရောက်လာခြင်းဟာ သုံးစွဲသူတွေကို စိတ်အနှောက်အယှက် ဖြစ်စေပြီး ကြော်ငြာနှင့်တကွ appကိုပါ ဖျက်မိစေတဲ့ထိ ဖြစ်စေနိုင်ပါတယ်။

ပြီးတော့ ကြော်ငြာတွေဟာ appတစ်ခုအတွက် လုံလောက်တဲ့အမြတ်အစွန်းလည်း ထုတ်မပေးနိုင်ဘူးဆိုတာ ရှင်းပါတယ်။ Application ကနေငွေရှာဖို့ အင်တာနက်သုံးနေရင်း စိတ်ရှုပ်စရာကောင်းအောင် ပေါ်ပေါ်လာတတ်တဲ့ in-app ကြော်ငြာတွေပဲ လိုအပ်တာ မဟုတ်ပါဘူး။ ကံကောင်းစွာနဲ့ တခြားနည်းလမ်းတွေကိုတွေ့ရှိထားပါတယ်။

(၁)Application တွေမှတစ်ဆင့် ငွေပေးချေမှုနိုင်အောင် ဖန်တီးပါ။

App ရေးဆွဲသူတွေ ငွေရှာဖို့အကောင်းဆုံးနည်းလမ်း ကတော့ ’ freemium apps’ လို့ခေါ်တဲ့ application တွေမှတဆင့် ငွေပေးချေတာပဲ ဖြစ်ပါတယ်။ ထိုapp တွေကနေတဆင့် အရောင်းအဝယ်ပြုလုပ်ခြင်းဟာ app ရေးဆွဲသူအတွက်သိသာတဲ့အကျိုးအမြတ်တွေရရှိနိုင်ပါတယ်။

(၂) သုံးစွဲရကျိုးနပ်တဲ့ App တစ်ခုဖြစ်အောင် ဖန်တီးပါ။

ငွေပေးသုံးတဲ့သူတွေအတွက်ဖြစ်စေ၊ အခမဲ့သုံးစွဲသူတွေအတွက်ဖြစ်စေ သင့်ရဲ့ App က သုံးစွဲရကျိုးနပ်ရပါမယ်။ အစပိုင်း အခမဲ့သုံးစွဲချိန်မှာလည်း သုံးစွဲဖို့ထိုက်တန်ကြောင်း တန်ဖိုးတစ်ခု ပေးနိုင်ရပါမယ်။ သုံးစွဲသူက ဝယ်ယူသုံးစွဲသူဖြစ်မလာသည့်တိုင် သင့်App က သုံးစွဲရကျိုးနပ်ကြောင်း သူသိပါစေ။ ငွေကြေးပေးကာ ဝယ်ယူသုံးစွဲသူများအတွက်လည်း ကောင်းမွန်တဲ့အတွေ့အကြုံတွေ ပေးစွမ်းနိုင်ရပါမယ်။ထိုနည်းနဲ့ ကိုယ့်appကို လူတွေရေရှည်သုံးစွဲအောင် ဆွဲဆောင်ပြီးအကျိုးအမြတ်များများရအောင်မြှင့်တင်သင့်ပါတယ်။

(၃) Appမှတစ်ဆင့် အရောင်းအဝယ်လုပ်ငန်းတွေကို ပိုမိုလွယ်ကူမြန်ဆန်စေပါ။

Games တွေ၊ apps တွေဟာ နိုင်ငံရပ်ခြား နေရာမရွေး ထိုးဖောက်နိုင်ရပါမယ်။ ကမ္ဘာအဝှမ်းကနေ ငွေပေးချေနိင်အောင် လွယ်ကူမြန်ဆန်တဲ့နည်းလမ်းတွေကို appတီထွင်သူတွေဟာ စဉ်းစားရပါမယ်။ သုံးစွဲသူတွေဝယ်ရလွယ်ကူအောင်လုပ်ပေးလေလေ သင့်ရဲ့appကနေ အမြတ်ရနိုင်ဖို့ အလားအလာ ပိုများလေလေ ပါပဲ။

(၄) တစ်သမတ်တည်းမသွားပါနဲ့။

App တစ်ခုကိုစတီထွင်ပြီး မျှော်မှန်းထားတဲ့ဝင်ငွေရရှိဖို့ဆို ပြုပြင်ပြောင်းလဲနေမှရပါမယ်။ သင့်appက ဘာတွေပေးစွမ်းနိုင်လဲဆိုတာ စဉ်းစားပြီးလိုအပ်တာတွေပြင်ဆင်ပြီး အသုံးပြုသူတွေကို ဆက်လက်သုံးစွဲအောင် စွမ်းဆောင်ဖို့ လိုအပ်ပါတယ်။ အသစ်အဆန်းတွေကို အသုံးပြုသူတွေ ရိုးမသွားရအောင်ဖန်တီးပေးနေရမှာဖြစ်ပါတယ်။

Writer & Translator : Su Myat

Startups

Leave a Reply

Your email address will not be published. Required fields are marked *