Point

POINT Youth Platform သည် ကိုယ်ပိုင်စီးပွားရေး စတင်လုပ်ကိုင်လိုသူများ၊ တိုးတက်မှုလမ်းစ ရှာဖွေနေသူ လူငယ်များအတွက် အခွင့်အလမ်းများ ဝေမျှရာနှင့် ချိတ်ဆက်ပေးရာ Platform တစ်ခု ဖြစ်သည်။
လက်ရှိအချိန်တွင် လူငယ်လုပ်ငန်းရှင်များ သိသင့်သိထိုက်သော သတင်းအချက် အလက်များနှင့် ဗဟုသုတရဖွယ် အကြောင်းအရာများကို Digital Media အဖြစ် တင်ဆင်ပေးခြင်း၊ စီးပွားရေးဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်ခြင်းများ ပိုမိုပြုလုပ်နိုင်ရန် Networking event များနှင့် အသိအမြင် တိုးတက်စေရန် ဟောပြောဆွေးနွေးပွဲများကိုလည်း ကျင်းပပြုလုပ်ပေးလျက်ရှိသည်။
POINT Digital Media ကို တိုးတက်လိုသော လူငယ်မျာအတွက် သတင်းအချက်အလက်ပေးရန် နှင့် ပညာပေးရန် ရည်ရွယ်ချက်များဖြင့် ထုတ်ဝေခြင်းဖြစ်ပြီး လူငယ်များ ဖတ်ရှုရပိုမိုလွယ်ကူစေရန်နှင့် ငွေကုန်ကြေးကျသက်သာစေရန် ဒီဂျစ်တယ်မီဒီယာအနေဖြင့်သာ ထုတ်ဝေမည်ဖြစ်သည်။
ဒီဂျစ်တယ်မီဒီယာတွင် ကိုယ်ပိုင်စီးပွားရေးစတင်လုပ်ကိုင်လိုသူ လူငယ်များအတွက် သိသင့်သိထိုက်သော စီးပွားရေးဆိုင်ရာ သတင်းများ၊ လုပ်ငန်းခွင်တိုးတက်ရေး နည်းဗျူဟာများ၊ ပညာရေးနှင့် သက်ဆိုင်သော သတင်းများ၊ နိုင်ငံတကာ ပညာသင်ဆုများ၊ မြန်မာ့လူငယ် လုပ်ငန်းရှင်များ၏ ဘဝနှင့် ကြိုးစားရုန်းကန်နေသော လူငယ်များ၏ ဘဝဇာတ်ကြောင်းများကို တင်ဆက်ပေးလျက်ရှိသည်။