ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေရဲ့ ဝိသေသလက္ခဏာ ( ၉ ) ရပ်

ကျွန်တော်တို့ ဒီလို အမျိုးသမီးများနဲ့ ဆုံတွေ့ခဲ့ဖူးကြပါတယ်။ သူတို့တွေဟာ ဘယ်အချိန်ကြည့်ကြည့် နှစ်သက်စရာကောင်းပြီး သူတို့အာရုံစူးစိုက်မှုရဖို့အတွက် ယောကျာ်းလေးအများစုက ကြိုးစားခဲ့ကြတာတွေလည်း တွေ့ခဲ့ဖူးတယ်။

ရုပ်ပိုင်းဆိုင်ရာ အလှအပက ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်၏ စံချိန်စံနှုန်းပဲဖြစ်ပါတယ်။ ဒီထက်ပိုရင်လည်း ပိုမှာပေါ့လေ။
ငါဆွဲဆောင်မှုရှိရဲ့လားလို့ မေးခဲ့ဖူးမယ်ဆို ဒီမှာ သင့်အတွက် ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေရဲ့ ဝိသေသလက္ခဏာ ( ၉ ) ရပ်ကို ဖော်ပြပေးလိုက်ပါတယ်။ အဖြေကို သင်မြင်မယ်ဆို အံသြသွားရလိမ့်မယ်ထင်တယ်။

( ၁ ) ရယ်မောခြင်းရဲ့ စွမ်းအင်တစ်ခုကို သူတို့တွေက ယုံကြည်ကြတယ်။

နွေးထွေးတဲ့ နှလုံးသားရှိတာထက် လူတစ်ယောက်ဟာ ပိုပြီးဆွဲဆောင်နိုင်တဲ့ အရာတွေရှိပါတယ်။ အဲ့ဒါကတော့ လွတ်လပ်စွာရယ်မောခြင်းပဲဖြစ်တယ်။ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေက သူတို့ဘဝထဲကို စိတ်ပျက်စိတ်ရှုပ်စရာတွေ မယူဆောင်ကြပါဘူး။ စိတ်ပျက်စရာအကြောင်းအရာတွေ ဒါမှမဟုတ် ဒရမ်မာကားထဲကလို စိတ်ညစ်စရာတွေ အစား ပျော်ရွင်စရာ အဖြစ်အပျက်တွေကိုပဲ ရှာဖွေကြပါတယ်။

( ၂) သူတို့တွေက အာရုံစူးစိုက်မှုရဖို့အတွက် လုပ်ကြံဖန်တီးမှုတွေ မပြုလုပ်ကြပါ။

သူတို့ကို အာရုံစိုက်နေတဲ့ပုံပေါ်နေပေမယ့်လည်း ဘာကြောင့်လည်းဆိုတာကိုတော့ မမေးကြပါ။ ဒီလိုအမျိုးသမီးတွေဟာ ထူးခြားတဲ့ စွမ်းအင်တစ်ခုကို ပိုင်ဆိုင်ကြတယ်လို့ လူတွေ ထင်မှတ်ခြင်းခံရပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ ဆုံးရှုံးမှုတွေကိုတော့ ဘယ်သူမှ မြင်နိုင်လိမ့်မယ် မဟုတ်ပါ။

( ၃) သူတို့ဘဝအတွက် ခွန်အားအပြည့်ဖြည့်သွင်းပါတယ်။

ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေဟာ သူတို့လျှောက်လမ်းရမယ့် ဘဝခရီးကို ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဖြတ်သန်းကြပါတယ်။ ဘယ်သူအကူအညီမှလည်း မလိုပါဘူး။ သူတို့လိုခြင်တာကို သူတို့ဆုံးဖြတ်ပြီးရင် ထိုအရာကို ရဖို့အတွက် ရှေ့ဆက်လုပ်ဆောင်ကြပါတယ်။ သူတို့ဆုံးဖြတ်ချက်မှားယွင်းသွားရင်လည်း ထိုအမှာုးကို ကျေကျေနပ်နပ်လက်ခံကြပါတယ်။ အမှားတွေကိုပြင်ပြီး ရင့်ကျက်မှုတွေနဲ့အတူ ရှေ့ဆက်သွားကြပါတယ်။

( ၄) သူတို့က စိတ်ခံစားချက်နှင့် ထူးခြားတဲ့ အသိဉာဏ် နှစ်ခုလုံးကို ပိုင်ဆိုင်ထားကြပါတယ်။

စာအုပ်တွေထဲက ထက်မြက်တာထက် အသိဉာဏ်များစွာပိုရှိကြပါတယ်။ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေက သူတို့ဘဝကို သူတို့ကောင်းစွာ ကိုင်တွယ်နိုင်ပါတယ်။ သူတို့ဟာ ကြွယ်ဝတဲ့ အသိဉာဏ်တွေကို ပိုင်ဆိုင်ရုံသာမက သူတို့ရဲ့စိတ်ခံစားချက်အားလုံးကိုလည်း ကောင်းစွာ ထိန်းချုပ်နိုင်ကြပါတယ်။

( ၅) ပြောဆိုဆက်ဆံတဲ့နေရာမှာလည်း ထက်မြက်ကြပါတယ်။

ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေက စကားဝိုင်းတွေမှာလည်း အသိဉာဏ် ဗဟုသုတကြွယ်ကြွယ်နဲ့ ပြောဆိုနိုင်ကြပါတယ်။ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေက စကားပြောစွမ်းရည် ကျွမ်းကျင်ရုံသာမက အငြင်းပွားမှုတွေရဲ့ ပြဿနာများစွာကိုလည်း ဖြေရှင်းနိုင်ပါတယ်။

( ၆) သူတို့ စိတ်အားထက်သန်မှုကို ရှာဖွေပြီး မြဲမြဲဆုပ်ကိုင်ထားကြပါတယ်။

စိတ်အားထက်သန်မှုက မယုံနိုင်စရာကောင်းတဲ့ ဆွဲဆောင်မှုတစ်ခုပဲဖြစ်တယ်။ ဒီလိုအမျိုးသမီးတွေကို မြဲမြဲဆုပ်ကိုင်ထားပါလို့ပြောလိုက်ပါရစေ။ သူတို့ အသက်မွေးလမ်းကြောင်းဖြစ်ဖြစ်၊ သူယုံကြည်တဲ့အရာ၊ ဝါသနာပဲဖြစ်ဖြစ် သူတတ်နိုင်တဲ့ အရာမှန်သမျှကို လုပ်ဆောင်ပါလိမ့်မယ်။ သူရဲ့ စိတ်အားထက်သန်မှုနဲ့ ရှေ့ဆက်သွားကြပါလိမ့်မယ်။

( ၇) သူတို့က အခြားသူတွေအပေါ်မှာလည်း ကိုယ်ချင်းစာနာတတ်ကြပါတယ်။

ကိုယ်ချင်းစာနာခြင်းက အလွန်ဆွဲဆောင်မှုရှိတဲ့ ဝိသေသလက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။ ဒီလို အမျိုးသမီးတွေက သူတို့ရဲ့ပင်ကိုယ်သဘာဝကိုက ကိုယ်ချင်းစာနာတတ်ခြင်းက ပေါက်ဖွားလာတာပဲဖြစ်တယ်။ တကယ်လို့ မင်းငိုချင်တဲ့အခါ ပုခုံးငှားဖို့ လိုတာပဲဖြစ်ဖြစ်၊ နားထောင်စေချင်တာပဲဖြစ်ဖြစ် သူတို့က မင်းဘေးနားမှာ ရှိနေပါလိမ့်မယ်။ မင်းကို အကြံဉာဏ်တွေ၊ အင်အားတွေ ပေးပါလိမ့်မယ်။

( ၈) သူတို့က စိတ်ဓာတ်ကြံခိုင်သူများ ဖြစ်ကြတယ်။

သူတို့ဘဝက အဆင်ပြေပြေနဲ့ ဖြတ်သန်းခဲ့ရသည်ဖြစ်စေ၊ ခက်ခဲကြမ်းတမ်းခဲ့တဲ့ဘဝက ဖြတ်သန်းလာခဲ့ရသည်ဖြစ်စေ ဒီအမျိုးသမီးတွေက အတိတ်ကအတွေ့အကြုံတွေကို ကောင်းကောင်းအသုံးချပြီး လက်ရှိပစ္စုပန်ကာလမှာ ကြံခိုင်သန်မာသူတစ်ယောက်အဖြစ်နေထိုင်ကြပါတယ်။ အတိတ်ကိုပြန်လည်ဆုပ်ကိုင်ထားမယ့်အစား ပစ္စုပန်ကာလမှာ နေထိုင်ကြတယ်။ စိန်ခေါ်မှုအသစ်တွေကို လက်ခံကြပါတယ်။

( ၉) ကိုယ့်ကိုယ်ကိုယုံကြည်ကြသူများပဲဖြစ်တယ်။

ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေရဲ့ ဝိသေသလက္ခဏာကို ဖော်ပြရမယ်ဆို ကိုယ့်ကိုယ်ကို ယုံကြည်မှုက နံပါတ်တစ်နေရာမှာ နေရာယူထားမယ်ထင်ပါတယ်။ တစ်ကမ္ဘာလုံးကနေ လေးစားရတဲ့ တန်ဖိုးရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ်ဆိုတာကို သိတဲ့အမျိုးသမီးတစ်ယောက်ထက် ပိုပြီး ဆွဲဆောင်မှုရှိတဲ့ အရာမရှိတော့ပါ။

Lifestyle

Leave a Reply

Your email address will not be published. Required fields are marked *