လျှောက်လည်သင့်တဲ့ နေရာ

အခုတလော တစ်နေ့ထက်တစ်နေ့ကို အပူချိန်ကလည်း မြင့်မြင့်လာနေတယ်။ ပူချက်ဆိုတာ ပန်ကာလည်းမခံနိုင် Aircon လည်းအနားမနေရ လူတွေဆိုတာ နည်းနည်းလေး ကိုယ်လက်လှုပ်တာနဲ့ကို မောနေတော့တာပါပဲ။

ဒါကြောင့် အပြင်ကလည်းထွက်လည်ချင် နေပူမှာလည်းကြောက်၊ အသားမည်းမှာလည်း စိုးရိမ် တဲ့သူတွေအတွက် လည်ပတ်သင့်တဲ့နေရာလေးတွေ ပြောပြလိုက်မယ်နော်ု။ ရန်ကုန်မြို့တွင်းမှာပဲ ရေစိမ်လို့ကောင်းမယ့် နေရာလေးတွေ ညွှန်းလိုက်ပါမယ်။

သာကေတမြို့နယ် ရှုခင်းသာမှာရှိတဲ့ Waterboom ပဲ ဖြစ်ပါတယ်။ လူတော်တော်များများလည်း သိပြီးဖြစ်မှာပါ။ ယခုလို ခေတ်ကာလနဲ့ဆို အသင့်တော်ဆုံး သွားရောက်လည်ပတ်သင့်တဲ့နေရာတစ်ခုဖြစ်ပါတယ်။

တိုးဂိတ်အကျော်မှာဖောင်ကြီးသွားတဲ့ လမ်းပေါ်မှာရှိတဲ့ Sunny Cove Private Getaway Resort ပဲဖြစ်ပါတယ်။ကဲလို့ကောင်းတဲ့ ရေကူးကန်ရှိတဲ့အပြင် အခြား Table Tennis ၊ ဘိလိယပ်ခုံ တွေလည်း ရှိပါတယ်။ Air Balloon တွေလည်း ထားပေးပါတယ်။ရေကန်ထဲ ခဏခဏတွန်းချပြီး ပြန်ပြန်စိုအောင် ခုန်ချကြပါစို့။၏။

ရွှေတိဂုံဘုရား ရှုခင်းအပါအဝင် ရန်ကုန်မြို့ရဲ့ အလှဂုဏ်တစ်ခုဖြစ်တဲ့ ကန်တော်ကြီး ကရဝိတ်ကိုပါမြင်ရမယ့် အမိုက်စားဟိုတယ်အသစ်ကြီးပါ။ နာမည်ကတော့ Wyndham Grand Yangon Hotel ပဲဖြစ်ပါတယ်။ Lake View လိုချင်ရင် Superior , Deluxe နဲ့ Club အမျိုးအစားတွေကို ယူပါ။ ထိုထဲမှာဆို Lobby Bar ရှိပါတယ်။ ရန်ကုန်မြို့ထဲက Lobby Bar တွေထဲမှာ တော်တော် မိုက်တယ်ပြောရမယ်။ နောက်တစ်ခုက Swimming Pool, Gym and Spa ပေါ့။ ရေကူးကန်က တော်တော်ကျယ်ပါတယ်။ Gym က pool နဲ့ ကပ်လျက်မှာရှိပြီး Spa ကလည်း တော်တော်လေး ဇိမ်ရှိပါတယ်။ သွားလည်သင့်တဲ့ နေရာလေးတစ်ခုပါပဲ။

အခုနောက်ပိုင်းဆို ခရီးထွက်ရင်ထွက် မထွက်ဖြစ်ရင် အားလပ်ရက်တွေမှာ သူငယ်ချင်းတွေနဲ့ Bar ထိုင်ကြသူတွေ များလာတာကို တွေ့ရပါတယ်။အားလပ်ရက်အနေနဲ့ ရေကူးရင်း သူငယ်ချင်းတွေနဲ့ Drink လေးတစ်ခုခုသောက်မယ်။ Chilling လုပ်မယ်ဆိုတဲ့သူတွေအတွက် နေရာကောင်းလေးပါ။ နေရာလေးကတော့ ရန်ကုန်မြို့ ပြည်လမ်းမကြီးပေါ် ဟံသာဝတီအဝိုင်းနားက Jasmine Palace Hotel ရဲ့ ၅ လွှာမှာ ရှိတဲ့ Bar လေးပါ။ သွားလည်ဖို့ တိုက်တွန်းလိုက်ပါတယ်။

အပူရှောင်လို့ရမယ့် ပြည်တွင်းကနေရာလေးတစ်ခုကို ပြောပြပါမယ်။တစ်နေ့တစ်နေ့ ပူလွန်းလို့ ဘယ်ပြေးရမလဲ မသိသူတွေအတွက် ရေပြာရေတံခွန် နန့်မွန်ကြီး သို့သွားလည်ကြရအောင်။နေပြည်တော်ကနေ သုံးနာရီကြာအောင် မောင်းရပြီး တစ်ညအိပ်ခရီးလောက်ပဲ အချိန်ပေးနိုင်တဲ့သူတွေအတွက် အဆင်ပြေတဲ့နေရာလေးတစ်ခုပါ။ထိုနေရာလေးဟာ Travel Blogger တော်တော်များများ ညွှန်းဆိုထားတဲ့နေရာလေးဖြစ်ပြီး တကယ့် တောတောင်ရေမြေ သဘာဝအလှကို ခံစားရမယ့် စိတ်လှုပ်ရှားစရာ အတိပြည့်နေတဲ့ နေရာလေးဖြစ်ပါတယ်။ သွားလည်ပါလို့ ပြောလိုက်ပါရစေ။

Lifestyle

Leave a Reply

Your email address will not be published. Required fields are marked *