ကုမ္ပဏီအတွက် ခန့်ညားထယ်ဝါတဲ့ နေရာထိုင်ခင်းတစ်ခု ဖန်တီးနိုင်ဖို့ သိသင့်တဲ့ အချက် ( ၄ ) ချက်

*** Unicode ***

စင်ကာပူနိုင်ငံမှာ အလုပ်လုပ်နေတဲ့ အချိန်ပြည့်ဝန်ထမ်းသမားများက လုပ်ငန်းခွင်တွင် တစ်ပတ်မှာ ပျမ်းမျှ ၄၅.၈ နာရီလောက် အလုပ်လုပ်ကြတယ်လို့ သိရပါတယ်။ ဒါကိုကြည့်ချင်းဖြင့် တစ်နေ့မှာ အလုပ်ချိန် ၉ နာရီထက်ပိုတာကို သိနိုင်ပါတယ်။နောက်ပြီး အိမ်မှာနေတဲ့အချိန်ထက် အလုပ်မှာနေတဲ့အချိန်က ပိုများတယ်ဆိုတာကိုလည်း သိနိုင်ပါတယ်။

ဒါကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ ဝန်းထမ်းသမားများအတွက် ရုံးခန်းနေရာထိုင်ခင်းကို စနစ်တကျစီမံပေးဖို့ လိုအပ်ပါတယ်။ ပျော်ရှွင်နေတဲ့ ဝန်ထမ်းသမားတစ်ယောက်ရဲ့ သော့ချက်မှာ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကောင်းမှာ အလုပ်လုပ်ရခြင်းကြောင့်ပဲ ဖြစ်တယ်။ ရိုးရှင်းလှပပြီး သပ်သပ်ရပ်ရပ် နဲ့ နေရာကောင်းတစ်ခုကို ဖန်တီးနိုင်ဖို့အတွက် စိတ်ကူးအကြံဉာဏ်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ တည်နေရာက အဓိကပါပဲ။

ရှေးလူအများစုပြောကြတာကတော့ အရေးကြီးဆုံးအရာသုံးခုကတော့ တည်နေရာ၊တည်နေရာ၊တည်နေရာ ပဲလို့ ပြောကြခြင်းပဲ ဖြစ်တယ်။ ဥက္ကဋ္ဌဌတစ်ယောက်ဖြစ်တဲ့ Jay Huang နှင့် AI ဆော့ဝဲလ်ရဲ့ တွဲဖက်တည်ထောင်သူတွေကလည်း ရုံးခန်းနေရာလွတ်တွေထားဖို့ အဆိုပြုကြပါတယ်။

ကုမ္ပဏီရဲ့ အစောပိုင်းနေ့ရက်များတွင် Huang နဲ့ သူ့တွဲဖက်တည်ထောင်သူတို့က အိမ်ကနေ အလုပ်လုပ်ကြပါတယ်။ ဒါပေမယ့် သူတို့အဖွဲ့အစည်း ကျယ်ပြန့်လာချိန်မှာ ဗဟိုပြုတည်ရှိနိုင်မယ့် ရုံးခန်းတစ်ခုမရှိမဖြစ်လိုလာပြီဆိုတာကို သတိထားမိသလို ရှာလဲရှာဖွေခဲ့ကြတယ်။ကျွန်တော်တို့ အသေအချာဆောင်ရွက်ဖို့လိုတာကိုလည်း သတိထားမိလာခဲ့တယ်။

ရုပ်ပိုင်းဆိုင်ရာအရ အတူတကွပူးပေါင်းဆောင်ရွက်ခြင်းက ထုတ်လုပ်နိုင်မှုစွမ်းရည် ပိုများတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ နောက်ပြီး ဝန်ထမ်းတွေအတွက် သက်သောင့်သက်သာ ရှိဖို့ နေရာလွတ်များစွာပါရှိတဲအခန်းတွေကို ငှားရမ်းကြတယ်။ ဝန်ထမ်းသမားတွေကို အိမ်ကနေထွက်လာချင်အောင် ဆွဲဆောင်နိုင်ဖို့အတွက်က မှန်ကန်တဲ့ အလုပ်တည်နေရာရှိဖို့ပဲဖြစ်တယ်။ ထို့အပြင် သရေစာမုန့်မျိုးစုံ လည်း ထားရှိသင့်ပါတယ်။

၂။ အကျယ်အဝန်းပမာဏပုံမှန်အားဖြင့် ရုံးခန်းနေရာလွတ်တစ်ခု ရွေးချယ်မယ်ဆို အကျယ်အဝန်းကို သိပ်ထည့်မစဉ်းစားပါနဲ့။

အခန်းကျယ်လေ ကောင်းလေလို့လဲ ဆိုလိုခြင်းမဟုတ်ပါ။ မင်းအဖွဲ့အစည်းကို ကြည့်ပြီး ရုံးခန်းအကျယ်အဝန်းကို ရွေးချယ်ပါ။စင်ကာပူနိုင်ငံ လန်ဒန်အခြေစိုက်ကုမ္ပဏီတစ်ခုတွင် ဝန်ထမ်းကိုနံပါတ်တစ်နေရာမှာ ထားသလို Wong ကလည်း သူအစတုန်းက ရုံးခန်းနေရာကို တခြားအဖွဲ့အစည်းနဲ့ မျှသုံးခဲ့တယ်လို့ ဆိုတယ်။

ကျွန်တော်အဖွဲ့နဲ့ ပထမဆုံးစတင်ချိတ်ဆက်တုန်းက JKR လို့ခေါ်တဲ့ အဖွဲ့နဲ့အတူ ထိုင်ခဲ့တယ်လို့ သူကပြောခဲ့တယ်။ ATP ထဲကတစ်ယောက်က JKR ဥက္ကဋ္ဌဌနဲ့ သူငယ်ချင်းဖြစ်ပြီး တစ်ကိုယ်တော်အဖွဲဖြစ်တာကြောင့် သူတို့နဲ့အတူတူ ထိုင်နိုင်တာပဲဖြစ်တယ်။

စင်ကာပူအဖွဲ့ဖြစ်တဲ့ ATP အဖွဲ့အစည်း အောင်မြင်လာချိန်မှာ ဝန်ထမ်းသမားတွေအတွက် အလုပ်လုပ်မယ့် နေရာထိုင်ခင်းတစ်ခု ပြောင်းရွေ့ဖို့ ဆောင်ရွက်ခဲ့တယ်။ ဒါပေမယ့်လည်း ကျွန်မတို့အဖွဲ့ စတင်ကျယ်ပြန့်လာချိန်မှာ နောက်ထပ်ရုံးခန်းတစ်ခုထံသို့ ထပ်မံပြောင်းရွေ့လာခဲ့ရပါတယ်။

ယခုတော့ ATP အဖွဲ့ဟာ ကိုယ်ပိုင်ရုံးခန်းတစ်ခုရှိနေပြီဖြစ်တယ်။ အဖွဲ့အစည်း ကြီးမားကျယ်ပြန့်လာတာနဲ့အမျှ ရုံးခန်းနေရာကလည်း ကြီးမားလာလေပဲဖြစ်တယ်။

၃။ ပတ်ဝန်းကျင်ပေါ်မှာလည်း မူတည်ပါတယ်။

လူမနေထိုင်တဲ့ အိမ်ကို အိမ်လို့သတ်မှတ်လို့မရသလို အတူတကွဝေမျှလုပ်ကိုင်ခြင်းမရှိတဲ့ အလုပ်နေရာကိုလည်း ရုံးခန်းလို့သတ်မှတ်လို့မရပါ။ လူအမျိုးမျိုးနဲ့အတူ ရုံးခန်းကို ဝေမျှသုံးဖို့လိုအပ်ပါတယ်။

ပတ်ဝန်းကျင်ကောင်းမှာ အလုပ်လုပ်ရခြင်းက မင်းရဲ့ တီထွင်ဖန်တီးထုတ်လုပ်မှုစွမ်းရည်ကို မြင့်တင်ပေးပါတယ်။ကျွန်တော်အတွက်ဆို ပင်ပေါင်ကစားတဲ့ စားပွဲရှိဖို့လိုတယ်လို့ Wong ကပြောတယ်။ တစ်နေ့မှာ ဝယ်နေကျဖောက်သည်တစ်ယောက်နဲ့ အမြဲစကားပြောတယ်။ ကျွန်တော့်အတွေးထဲမှာ ဒီလိုလုပ်နေရတာကို အလုပ်လို့မမြင်ဖူးဖြစ်နေတယ်။

ဒါကြောင့် ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ လူမှုဘဝနဲ့လုပ်ငန်းခွင်ဘဝညီမျှခြင်းက ဝန်ထမ်းတွေအတွက်သာမက ဖောက်သည်တွေအတွက်ပါ ကောင်းကျိုးခံစားရတယ်ဆိုတာကို နားလည်ခဲ့တယ်။ပတ်ဝန်းကျင်ကောင်းတစ်ခုမှာ အလုပ်လုပ်ရခြင်းက ကျွန်တော်တို့ကို ထုတ်လုပ်မှုစွမ်းရည်တိုးတက်စေရုံသာမက ကောင်းမွန်တဲ့အချိတ်အဆက် အခွင့်အလမ်းတွေကိုလည်း ရရှိစေပါတယ်။

၄။ ဝယ်ဖို့ ဆုံးဖြတ်ချက်မချမီ လှည့်လည်ကြည့်ပါ။

Wong နဲ့အတူတူ ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်က မြို့ထဲသို့လှည့်လည်ကြည့်ရှုခဲ့တယ်။ ထိုအချိန်မှာ ခုံပုံစံမျိုးစုံရရှိနိုင်တယ်ဆိုတဲ့ ဆိုင်ကို မြင်ခဲ့တယ်။ သူတို့အဲ့ကို သွားရောက်ကြည့်ရှုတဲ့အခါ ဆိုင်မန်ဂျာက သေချာစွာရှင်းပြခဲ့တယ်။

နွေးထွေးပျူငှာစွာ ဆက်ဆံခဲ့တယ်။ဒါက ကျွန်တော်တို့ဆုံးဖြတ်ချက်ချရာမှာ များစွာအထောက်အကူပြုခဲ့တဲ့ အတွေ့အကြုံကောင်းလေးတစ်ခုပဲဖြစ်တယ်။ ဘာကြောင့်ဆို ကျွန်တော်တို့ ဖောက်သည်တွေ အခုလိုတံခါးဖွင့်ပြီးဝင်လာတဲ့အခါ ဒီလိုပြုမှုဖို့ ဆိုတဲ့ အတွေ့အကြုံကောင်းတစ်ခု၊ စိတ်ကူးအကြံဉာဏ်ကောင်း ရခဲ့တယ် ဆိုပြီး Wong က ဝေမျှခဲ့တယ်။

ကုမ္ပဏီတစ်ခုချင်းစီတိုင်းက ကိုယ့်ပိုင်လမ်းကြောင်းအတိုင်း အလုပ်လုပ်ကြတယ်လို့ Vanderpoel ကပြောတယ်။ နောက်ပြီး အရေးကြီးတဲ့အချက်က ရုံးခန်းဝန်းကျင်နဲ့ လိုအပ်တဲ့ ထောက်ပံ့မှုပစ္စည်းတွေလည်း ရှိဖို့လိုအပ်တယ်။အတွေးအခေါ်သမားတွေ၊ အောငြ်မင်သူတွေ၊ စိတ်ကူးသမားတွေက သူတို့ရဲ့ အလုပ်တွေပြီးမြောက်ဖို့ ပတ်ဝန်းကျင်တိတ်ဆိတ်ပြီး နေရာလွတ်တစ်ခုမှာ အလုပ်လုပ်ကြတယ်လို့ဆိုတယ်။

ခေတ်မီဆန်းပြားတဲ့ အနောက်ဥရောပနိုင်ငံတွေရဲ့ ခမ်းနားထည်ဝါတဲ့ ပုံစံဖြစ်တဲ့ Design classics ပုံစံ၊ Inspiring artwork ပုံစံ အပြင် လိုအပ်တဲ့ တွဲဖက်ပစ္စည်းတွေနဲ့ပါ ရုံးခန်းကို အလှဆင်မြန်းဖို့လိုပါတယ်။ အခုခေတ်မှာတော့ ရုံးခန်းတော်တော်များများက အခုလို ပြုလုပ်လာကြတာကို တွေ့ရပါတယ်။

—————————————————————————————————————————–

စင်ကာပူနိုင်ငံမှာ အလုပ်လုပ်နေတဲ့ အချိန်ပြည့်ဝန်ထမ်းသမားများက လုပ်ငန်းခွင်တွင် တစ်ပတ်မှာ ပျမ်းမျှ ၄၅.၈ နာရီလောက် အလုပ်လုပ်ကြတယ်လို့ သိရပါတယ်။ ဒါကိုကြည့်ချင်းဖြင့် တစ်နေ့မှာ အလုပ်ချိန် ၉ နာရီထက်ပိုတာကို သိနိုင်ပါတယ်။

နောက်ပြီး အိမ်မှာနေတဲ့အချိန်ထက် အလုပ်မှာနေတဲ့အချိန်က ပိုများတယ်ဆိုတာကိုလည်း သိနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ ဝန်းထမ်းသမားများအတွက် ရုံးခန်းနေရာထိုင်ခင်းကို စနစ်တကျစီမံပေးဖို့ လိုအပ်ပါတယ်။ ပျော်ရွှင်နေတဲ့ ဝန်ထမ်းသမားတစ်ယောက်ရဲ့ သော့ချက်မှာ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကောင်းမှာ အလုပ်လုပ်ရခြင်းကြောင့်ပဲ ဖြစ်တယ်။ ရိုးရှင်းလှပပြီး သပ်သပ်ရပ်ရပ် နဲ့ နေရာကောင်းတစ်ခုကို ဖန်တီးနိုင်ဖို့အတွက် စိတ်ကူးအကြံဉာဏ်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ တည်နေရာက အဓိကပါပဲ။

ရှေးလူအများစုပြောကြတာကတော့ အရေးကြီးဆုံးအရာသုံးခုကတော့ တည်နေရာ၊တည်နေရာ၊တည်နေရာ ပဲလို့ ပြောကြခြင်းပဲ ဖြစ်တယ်။ ဥက္ကဋ္ဌတစ်ယောက်ဖြစ်တဲ့ Jay Huang နှင့် AI ဆော့ဝဲလ်ရဲ့ တွဲဖက်တည်ထောင်သူတွေကလည်း ရုံးခန်းနေရာလွတ်တွေထားဖို့ အဆိုပြုကြပါတယ်။

ကုမ္ပဏီရဲ့ အစောပိုင်းနေ့ရက်များတွင် Huang နဲ့ သူ့တွဲဖက်တည်ထောင်သူတို့က အိမ်ကနေ အလုပ်လုပ်ကြပါတယ်။ ဒါပေမယ့် သူတို့အဖွဲ့အစည်း ကျယ်ပြန့်လာချိန်မှာ ဗဟိုပြုတည်ရှိနိုင်မယ့် ရုံးခန်းတစ်ခုမရှိမဖြစ်လိုလာပြီဆိုတာကို သတိထားမိသလို ရှာလဲရှာဖွေခဲ့ကြတယ်။

ကျွန်တော်တို့ အသေအချာဆောင်ရွက်ဖို့လိုတာကိုလည်း သတိထားမိလာခဲ့တယ်။ ရုပ်ပိုင်းဆိုင်ရာအရ အတူတကွပူးပေါင်းဆောင်ရွက်ခြင်းက ထုတ်လုပ်နိုင်မှုစွမ်းရည် ပိုများတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ နောက်ပြီး ဝန်ထမ်းတွေအတွက် သက်သောင့်သက်သာ ရှိဖို့ နေရာလွတ်များစွာပါရှိတဲအခန်းတွေကို ငှားရမ်းကြတယ်။ ဝန်ထမ်းသမားတွေကို အိမ်ကနေထွက်လာချင်အောင် ဆွဲဆောင်နိုင်ဖို့အတွက်က မှန်ကန်တဲ့ အလုပ်တည်နေရာရှိဖို့ပဲဖြစ်တယ်။ ထို့အပြင် သရေစာမုန့်မျိုးစုံ လည်း ထားရှိသင့်ပါတယ်။

၂။ အကျယ်အဝန်းပမာဏ

ပုံမှန်အားဖြင့် ရုံးခန်းနေရာလွတ်တစ်ခု ရွေးချယ်မယ်ဆို အကျယ်အဝန်းကို သိပ်ထည့်မစဉ်းစားပါနဲ့။ အခန်းကျယ်လေ ကောင်းလေလို့လဲ ဆိုလိုခြင်းမဟုတ်ပါ။ မင်းအဖွဲ့အစည်းကို ကြည့်ပြီး ရုံးခန်းအကျယ်အဝန်းကို ရွေးချယ်ပါ။

စင်ကာပူနိုင်ငံ လန်ဒန်အခြေစိုက်ကုမ္ပဏီတစ်ခုတွင် ဝန်ထမ်းကိုနံပါတ်တစ်နေရာမှာ ထားသလို Wong ကလည်း သူအစတုန်းက ရုံးခန်းနေရာကို တခြားအဖွဲ့အစည်းနဲ့ မျှသုံးခဲ့တယ်လို့ ဆိုတယ်။

ကျွန်တော်အဖွဲ့နဲ့ ပထမဆုံးစတင်ချိတ်ဆက်တုန်းက JKR လို့ခေါ်တဲ့ အဖွဲ့နဲ့အတူ ထိုင်ခဲ့တယ်လို့ သူကပြောခဲ့တယ်။ ATP ထဲကတစ်ယောက်က JKR ဥက္ကဋ္ဌနဲ့ သူငယ်ချင်းဖြစ်ပြီး တစ်ကိုယ်တော်အဖွဲဖြစ်တာကြောင့် သူတို့နဲ့အတူတူ ထိုင်နိုင်တာပဲဖြစ်တယ်။

စင်ကာပူအဖွဲ့ဖြစ်တဲ့ ATP အဖွဲ့အစည်း အောင်မြင်လာချိန်မှာ ဝန်ထမ်းသမားတွေအတွက် အလုပ်လုပ်မယ့် နေရာထိုင်ခင်းတစ်ခု ပြောင်းရွေ့ဖို့ ဆောင်ရွက်ခဲ့တယ်။ ဒါပေမယ့်လည်း ကျွန်မတို့အဖွဲ့ စတင်ကျယ်ပြန့်လာချိန်မှာ နောက်ထပ်ရုံးခန်းတစ်ခုထံသို့ ထပ်မံပြောင်းရွေ့လာခဲ့ရပါတယ်။ ယခုတော့ ATP အဖွဲ့ဟာ ကိုယ်ပိုင်ရုံးခန်းတစ်ခုရှိနေပြီဖြစ်တယ်။ အဖွဲ့အစည်း ကြီးမားကျယ်ပြန့်လာတာနဲ့အမျှ ရုံးခန်းနေရာကလည်း ကြီးမားလာလေပဲဖြစ်တယ်။

၃။ ပတ်ဝန်းကျင်ပေါ်မှာလည်း မူတည်ပါတယ်။

လူမနေထိုင်တဲ့ အိမ်ကို အိမ်လို့သတ်မှတ်လို့မရသလို အတူတကွဝေမျှလုပ်ကိုင်ခြင်းမရှိတဲ့ အလုပ်နေရာကိုလည်း ရုံးခန်းလို့သတ်မှတ်လို့မရပါ။ လူအမျိုးမျိုးနဲ့အတူ ရုံးခန်းကို ဝေမျှသုံးဖို့လိုအပ်ပါတယ်။ ပတ်ဝန်းကျင်ကောင်းမှာ အလုပ်လုပ်ရခြင်းက မင်းရဲ့ တီထွင်ဖန်တီးထုတ်လုပ်မှုစွမး်ရည်ကို မြင့်တင်ပေးပါတယ်။

ကျွန်တော်အတွက်ဆို ပင်ပေါင်ကစားတဲ့ စားပွဲရှိဖို့လိုတယ်လို့ Wong ကပြောတယ်။ တစ်နေ့မှာ ဝယ်နေကျဖောက်သည်တစ်ယောက်နဲ့ အမြဲစကားပြောတယ်။ ကျွန်တော့်အတွေးထဲမှာ ဒီလိုလုပ်နေရတာကို အလုပ်လို့မမြင်ဖူးဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ လူမှုဘဝနဲ့လုပ်ငန်းခွင်ဘဝညီမျှခြင်းက ဝန်ထမ်းတွေအတွက်သာမက ဖောက်သည်တွေအတွက်ပါ ကောင်းကျိုးခံစားရတယ်ဆိုတာကို နားလည်ခဲ့တယ်။

ပတ်ဝန်းကျင်ကောင်းတစ်ခုမှာ အလုပ်လုပ်ရခြင်းက ကျွန်တော်တို့ကို ထုတ်လုပ်မှုစွမ်းရည်တိုးတက်စေရုံသာမက ကောင်းမွန်တဲ့အချိတ်အဆက် အခွင့်အလမ်းတွေကိုလည်း ရရှိစေပါတယ်။

၄။ ဝယ်ဖို့ ဆုံးဖြတ်ချက်မချမီ လှည့်လည်ကြည့်ပါ။

Wong နဲ့အတူတူ ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်က မြို့ထဲသို့လှည့်လည်ကြည့်ရှုခဲ့တယ်။ ထိုအချိန်မှာ ခုံပုံစံမျိုးစုံရရှိနိုင်တယ်ဆိုတဲ့ ဆိုင်ကို မြင်ခဲ့တယ်။ သူတို့အဲ့ကို သွားရောက်ကြည့်ရှုတဲ့အခါ ဆိုင်မန်ဂျာက သေချာစွာရှင်းပြခဲ့တယ်။ နွေးထွေးပျူငှာစွာ ဆက်ဆံခဲ့တယ်။
ဒါက ကျွန်တော်တို့ဆုံးဖြတ်ချက်ချရာမှာ များစွာအထောက်အကူပြုခဲ့တဲ့ အတွေ့အကြုံကောင်းလေးတစ်ခုပဲဖြစ်တယ်။ ဘာကြောင့်ဆို ကျွန်တော်တို့ ဖောက်သည်တွေ အခုလိုတံခါးဖွင့်ပြီးဝင်လာတဲ့အခါ ဒီလိုပြုမှုဖို့ ဆိုတဲ့ အတွေ့အကြုံကောင်းတစ်ခု၊ စိတ်ကူးအကြံဉာဏ်ကောင်း ရခဲ့တယ်။ ဆိုပြီး Wong က ဝေမျှခဲ့တယ်။

ကုမ္ပဏီတစ်ခုချင်းစီတိုင်းက ကိုယ့်ပိုင်လမ်းကြောင်းအတိုင်း အလုပ်လုပ်ကြတယ်လို့ Vanderpoel ကပြောတယ်။ နောက်ပြီး အရေးကြီးတဲ့အချက်က ရုံးခန်းဝန်းကျင်နဲ့ လိုအပ်တဲ့ ထောက်ပံ့မှုပစ္စည်းတွေလည်း ရှိဖို့လိုအပ်တယ်။

အတွေးအခေါ်သမားတွေ၊ အောငြ်မင်သူတွေ၊ စိတ်ကူးသမားတွေက သူတို့ရဲ့ အလုပ်တွေပြီးမြောက်ဖို့ ပတ်ဝန်းကျင်တိတ်ဆိတ်ပြီး နေရာလွတ်တစ်ခုမှာ အလုပ်လုပ်ကြတယ်လို့ဆိုတယ်။ ခေတ်မီဆန်းပြားတဲ့ အနောက်ဥရောပနိုင်ငံတွေရဲ့ ခမ်းနားထည်ဝါတဲ့ ပုံစံဖြစ်တဲ့ Design classics ပုံစံ၊ Inspiring artwork ပုံစံ အပြင် လိုအပ်တဲ့ တွဲဖက်ပစ္စည်းတွေနဲ့ပါ ရုံးခန်းကို အလှဆင်မြန်းဖို့လိုပါတယ်။ အခုခေတ်မှာတော့ ရုံးခန်းတော်တော်များများက အခုလို ပြုလုပ်လာကြတာကို တွေ့ရပါတယ်။

Lifestyle

Leave a Reply

Your email address will not be published. Required fields are marked *