
*** Unicode ***
ဒီတစ်ပတ်မှာ Point ပရိတ်သတ်တွေအတွက်ရော ရုပ်ရှင်ချစ်သူတွေအတွက်ပါ ဝင်ငွေအများဆုံး ရရှိခဲ့တဲ့ ရုပ်ရှင်ကားလေးတွေနဲ့ မိတ်ဆက်ပေးပါရစေ။
( ၁ ) The Man in the Gray Flannel Suit (1956)
ပထမဆုံးမိတ်ဆက်ပေးမယ့် ကားလေးကတော့ The Man in the Grey Flannel Suit ဆိုတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ဆုပေါင်း ( ၂၉ ) ဆိုကို ရရှိထားခဲ့တဲ့ ရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ ဒါရိုက်တာကတော့ Nunnally Johnson ဖြစ်ပြီး Solan Wilson ရဲ့ ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားခြင်းပဲ ဖြစ်တယ်။ Gregory Peck က Tom Rath နေရာမှာ သရုပ်ဆောင်ထားပါတယ်။ ထိုလူက ဒုတိယကမ္ဘာစစ်က ပုံရိပ်တွေကို ကြောက်ရွံနေတဲ့ သူတစ်ဦး၊ ဓလေ့ထုံးတမ်းစဉ်လာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရသူတစ်ဦးလည်းဖြစ်ပါတယ်။ထို့အပြင် သူ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းနဲ့ မိသားစုဘဝထဲ ပြန်လည်ရောက်ရှိဖို့ကို ဘယ်လို အခက်အခဲတွေကိုရင်ဆိုင်ပြီး ဖြတ်သန်းလာခဲ့တာဖြစ်မလဲ။ စစ်ပွဲအတွင်းကနေ အသက်ရှင်ရက် ဘယ်လိုပြန်ရောက်လာခဲ့တာဖြစ်မလဲ။ Ralph Hopkins ရဲ့အောင်မြင်မှုတွေကို ကြည့်ပြီး တစ်ခုခုကတော့ သူ့အတွက် ဖြစ်လာတော့မယ်လို့လဲ ထင်ခဲ့တာတွေအပြင် စီးပွားရေးမှာ ထိပ်ဆုံးတစ်ယောက်မဖြစ်လာတာကလွဲရင် အေးချမ်းသာယာတဲ့မိသားစုတစ်ခုကို ဘယ်လိုဖန်တီးရယူသလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။
( ၂ ) The Wolf of Wall Street (2013)
ဒါရိုက်တာ Matin Scorsese ရဲ့အကောင်းဆုံးဖန်တီးရိုက်ကူးခဲ့တဲ့ကားလေးပဲ ဖြစ်ပါတယ်။ နောက်ပြီး ပါဝင်သရုပ်ဆောင်သူကတော့ အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ Leonardo Dicaprio နဲ့အတူ Jonah Hill တို့ပဲ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၄ဝဝ မီလီယံနီးပါး ဝင်ငွေရရှိခဲ့တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ လူတွေကို ရိုက်စားလုပ်ပြီးချမ်းသာလာတဲ့ ရှယ်ယာပွဲစား Jordan Belfort ရဲ့ တကယ့်ဘဝအကြောင်းကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ကားလေးပဲ ဖြစ်ပါတယ်။ ထိုဇာတ်ကားတွေ Belfort ရဲ့ အရောင်းစွမ်းရည်၊ ရှယ်ယာတွေကို ဘယ်လိုကစားသွားမလဲ ဆိုတာတွေကို တွေ့မြင်ခံစားရမှာပါ။ ၈၆ ကြိမ်မြောက် ကျင်းပတဲ့ အကယ်ဒမီဆုပေးပွဲတွင် စကာတင် ၅ ကားမြောက်နေရာတွေ ပါဝင်ခဲ့တယ်။
( ၃ ) Boiler Room
အမေရိကန်နိုင်ငံရဲ့ အိမ်မက်အသစ်တွေကို ကြိုဆိုလိုက်ရအောင်။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Bolier Room ကနေကြိုဆိုပါတယ်။ နေ့ချင်းညတွင်းချင်း မီလီယံတစ်ယောက်အဖြစ် ကျွန်တော်တို့ ဖန်တီးလိုက်ရအောင်ဆိုကာ ဖုန်းပေါ်ကနေ စတော့ရှယ်ယာတွေ ရောင်းချနေတဲ့ လူငယ်အဖွဲ့အစည်း ၊ မင်းလိုချင်တဲ့ အရာကို လက်ဖြောက်တစ်ချက်တီးလိုက်တာနဲ့ မင်းရှေ့ရောက်ရှိလာမယ်ဆိုပြီး အပြောတွေနဲ့ ချုပ်နေတဲ့ ကျွမ်းကျင် ပွဲစားတွေ စတဲ့ လူလည်ကျပုံတွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမည့်အပြင် Gen Xers က ဥပဒေထက်ခြေတစ်လှမ်းကျော်ကာ လိမ်လည်ခဲ့ပုံတွေကို ခံစားရမှာ ဖြစ်ပါတယ်။
( ၄ ) Glengarry Glen Ross (1992)
ထိုကားလေးကို ၁၉၉၂ ခုနှစ် အောက်တိုဘာ ( ၂ ) ရက်နေ့တွေ စတင်ထုတ်လှွင့်ခဲ့ပါတယ်။ ရိုက်ကူးပုံဖော်သူကတော့ James Foley ပဲ ဖြစ်ပါတယ်။ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ထိုကားထဲမှ Volpi Cup က ရရှိခဲ့ပါတယ်။ ချီကာဂိုတွင်ရှိသော အကျိုးဆောင်ရုံးခန်းထဲတွင် အရောင်းကိုယ်စားလှယ်အဖွဲ့အစည်းတစ်ခုအကြောင်း ကို အစချီကာ David Marnet ရဲ့ အလွန်လေးနက်ပြီး ရိုင်းစိုင်းတဲ့ စကားတွေနဲ့အတူ ပြောင်မြောက်လှတဲ့ စကားတွေက သူတို့အဖွဲ့ရဲ့ အကြောက်တရားတွေကို အထိနာစေခဲ့သလို အရောင်းဗျူဟာတွေ၊ အဖွဲ့အစည်းတစ်ခုကို အောင်မြင်အောင် ဆောင်ရွက်ပုံတွေ ၊ သဘောကျစရာကောင်းတဲ့ အပြောစွမ်းရည် အချို့ကိုပါ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
အခု ကျွန်တော် ဖော်ပြလိုက်တဲ့ ရုပ်ရှင်ကား ( ၄ ) ကားဟာဆိုရင် ရောင်းအားအကောင်းဆုံး ဇာတ်ကားလေးတွေပဲ ဖြစ်ပါတယ်။ တစ်ကားနဲ့ တစ်ကား မတူတဲ့ ရသတွေ၊ အသိတွေ ရရှိခံစားရမှာ ဖြစ်ပါတယ်။
——————————————————————————————————————————
ဒီတစ်ပတ်မှာ Point ပရိတ်သတ်တွေအတွက်ရော ရုပ်ရှင်ချစ်သူတွေအတွက်ပါ ဝင်ငွေအများဆုံး ရရှိခဲ့တဲ့ ရုပ်ရှင်ကားလေးတွေနဲ့ မိတ်ဆက်ပေးပါရစေ။
( ၁ ) The Man in the Gray Flannel Suit (1956)
ပထမဆုံးမိတ်ဆက်ပေးမယ့် ကားလေးကတော့ The Man in the Grey Flannel Suit ဆိုတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ဆုပေါင်း ( ၂၉ ) ဆိုကို ရရှိထားခဲ့တဲ့ ရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ ဒါရိုက်တာကတော့ Nunnally Johnson ဖြစ်ပြီး Solan Wilson ရဲ့ ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားခြင်းပဲ ဖြစ်တယ်။ Gregory Peck က Tom Rath နေရာမှာ သရုပ်ဆောင်ထားပါတယ်။ ထိုလူက ဒုတိယကမ္ဘာစစ်က ပုံရိပ်တွေကို ကြောက်ရွံနေတဲ့ သူတစ်ဦး၊ ဓလေ့ထုံးတမ်းစဉ်လာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရသူတစ်ဦးလည်းဖြစ်ပါတယ်။
ထို့အပြင် သူ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းနဲ့ မိသားစုဘဝထဲ ပြန်လည်ရောက်ရှိဖို့ကို ဘယ်လို အခက်အခဲတွေကိုရင်ဆိုင်ပြီး ဖြတ်သန်းလာခဲ့တာဖြစ်မလဲ။ စစ်ပွဲအတွင်းကနေ အသက်ရှင်ရက် ဘယ်လိုပြန်ရောက်လာခဲ့တာဖြစ်မလဲ။ Ralph Hopkins ရဲ့အောင်မြင်မှုတွေကို ကြည့်ပြီး တစ်ခုခုကတော့ သူ့အတွက် ဖြစ်လာတော့မယ်လို့လဲ ထင်ခဲ့တာတွေအပြင် စီးပွားရေးမှာ ထိပ်ဆုံးတစ်ယောက်မဖြစ်လာတာကလွဲရင် အေးချမ်းသာယာတဲ့မိသားစုတစ်ခုကို ဘယ်လိုဖန်တီးရယူသလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။
( ၂ ) The Wolf of Wall Street (2013)
ဒါရိုက်တာ Matin Scorsese ရဲ့အကောင်းဆုံးဖန်တီးရိုက်ကူးခဲ့တဲ့ကားလေးပဲ ဖြစ်ပါတယ်။ နောက်ပြီး ပါဝင်သရုပ်ဆောင်သူကတော့ အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ Leonardo Dicaprio နဲ့အတူ Jonah Hill တို့ပဲ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၄၀ဝ မီလီယံနီးပါး ဝင်ငွေရရှိခဲ့တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။
ဒီဇာတ်ကားလေးဟာ လူတွေကို ရိုက်စားလုပ်ပြီးချမ်းသာလာတဲ့ ရှယ်ယာပွဲစား Jordan Belfort ရဲ့ တကယ့်ဘဝအကြောင်းကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ကားလေးပဲ ဖြစ်ပါတယ်။ ထိုဇာတ်ကားတွေ Belfort ရဲ့ အရောင်းစွမ်းရည်၊ ရှယ်ယာတွေကို ဘယ်လိုကစားသွားမလဲ ဆိုတာတွေကို တွေ့မြင်ခံစားရမှာပါ။ ၈၆ ကြိမ်မြောက် ကျင်းပတဲ့ အကယ်ဒမီဆုပေးပွဲတွင် စကာတင် ၅ ကားမြောက်နေရာတွေ ပါဝင်ခဲ့တယ်။
( ၃ ) Boiler Room
အမေရိကန်နိုင်ငံရဲ့ အိမ်မက်အသစ်တွေကို ကြိုဆိုလိုက်ရအောင်။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Bolier Room ကနေကြိုဆိုပါတယ်။ နေ့ချင်းညတွင်းချင်း မီလီယံတစ်ယောက်အဖြစ် ကျွန်တော်တို့ ဖန်တီးလိုက်ရအောင်ဆိုကာ ဖုန်းပေါ်ကနေ စတော့ရှယ်ယာတွေ ရောင်းချနေတဲ့ လူငယ်အဖွဲ့အစည်း ၊ မင်းလိုချင်တဲ့ အရာကို လက်ဖြောက်တစ်ချက်တီးလိုက်တာနဲ့ မင်းရှေ့ရောက်ရှိလာမယ်ဆိုပြီး အပြောတွေနဲ့ ချုပ်နေတဲ့ ကျွမ်းကျင် ပွဲစားတွေ စတဲ့ လူလည်ကျပုံတွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမည့်အပြင် Gen Xers က ဥပဒေထက်ခြေတစ်လှမ်းကျော်ကာ လိမ်လည်ခဲ့ပုံတွေကို ခံစားရမှာ ဖြစ်ပါတယ်။
( ၄ ) Glengarry Glen Ross (1992)
ထိုကားလေးကို ၁၉၉၂ ခုနှစ် အောက်တိုဘာ ( ၂ ) ရက်နေ့တွေ စတင်ထုတ်လွှင့်ခဲ့ပါတယ်။ ရိုက်ကူးပုံဖော်သူကတော့ James Foley ပဲ ဖြစ်ပါတယ်။ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ထိုကားထဲမှ Volpi Cup က ရရှိခဲ့ပါတယ်။
ချီကာဂိုတွင်ရှိသော အကျိုးဆောင်ရုံးခန်းထဲတွင် အရောင်းကိုယ်စားလှယ်အဖွဲ့အစည်းတစ်ခုအကြောင်း ကို အစချီကာ David Marnet ရဲ့ အလွန်လေးနက်ပြီး ရိုင်းစိုင်းတဲ့ စကားတွေနဲ့အတူ ပြောင်မြောက်လှတဲ့ စကားတွေက သူတို့အဖွဲ့ရဲ့ အကြောက်တရားတွေကို အထိနာစေခဲ့သလို အရောင်းဗျူဟာတွေ၊ အဖွဲ့အစည်းတစ်ခုကို အောင်မြင်အောင် ဆောင်ရွက်ပုံတွေ ၊ သဘောကျစရာကောင်းတဲ့ အပြောစွမ်းရည် အချို့ကိုပါ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
အခု ကျွန်တော် ဖော်ပြလိုက်တဲ့ ရုပ်ရှင်ကား ( ၄ ) ကားဟာဆိုရင် ရောင်းအားအကောင်းဆုံး ဇာတ်ကားလေးတွေပဲ ဖြစ်ပါတယ်။ တစ်ကားနဲ့ တစ်ကား မတူတဲ့ ရသတွေ၊ အသိတွေ ရရှိခံစားရမှာ ဖြစ်ပါတယ်။