ပြတ်သားစွာ ငြင်းဆိုလိုက်ပါ။

*** Unicode ***

အမှန်တကယ် အလုပ်ချင်ခဲ့တဲ့အရာ၊ အမှန်တကယ် မဖြစ်နိုင်တဲ့အရာတွေ အတွက် No လို့ ပြောလိုက်စမ်းပါ။ အခုလို ပြတ်သားစွာ ငြင်းဆိုတတ်ခြင်းကလည်း ခေါင်းဆောင်မှုစွမ်းရည်တွေထဲက တစ်ခု အပါအဝင်ဆိုတာကို မမေ့လိုက်ပါနဲ့။

ကိုယ့် စိတ်ဆန္ဒမပါတဲ့ အရာတစ်ခုကို Yes လို့ ပြောလိုက်မယ်ဆို ရုပ်ပိုင်းဆိုင်ရာမှာ ရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ စိတ်ဖိစီးမှု ခံစားရစေပါလိမ့်မယ်။ ထို့အပြင် လူမှုရေး ဆက်နွယ်မှုတွေတောင်မှ ပျက်စီးနိုင်စေပါတယ်။

စိတ်ဖိစီးမှု စတင် ခံစားရလာပြီဆို သွေးတိုးလာစေပြီး ကျန်းမာရေးကိုလည်း ထိခိုက်လာစေတယ်လို့ သတင်းဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ကိုယ့်စိတ်ဆန္ဒမပါတဲ့ အရာတစ်ခုကို Yes လိုပြောတာ မပြင်သေးသ၍ မင်းအတွက် အခြေအနေတွေက ပြင်းထန်လာလေပဲ ဖြစ်နေပါလိမ့်မယ်။

ဒါ့အပြင် Yes or No တစ်ခုခုကို ပြတ်ပြတ်သားသား ပြောဆိုနိုင်ခြင်းကလည်းပဲ မင်းဘဝကို ထိန်းချုပ်ပေးနိုင်တဲ့ ဗဟိုချက် ဖြစ်လာစေပါတယ်။

ဒါ့အပြင် ကိုယ်တာဝန် မယူနိုင်တဲ့ အရာကို ပြတ်သားစွာ ငြင်းဆိုခြင်းက တစ်ဖက်လူကို လေးစားမှု ပြုရာလဲ ရောက်ပါတယ်။စဉ်းစားကြည့်ပါ။ စိတ်ဆန္ဒမပါတဲ့ အရာတစ်ခု၊ ကိုယ်တာဝန်မယူနိုင်တဲ့ အရာတစ်ခုကို Yes လို့ပြောမယ်ဆို ကိုယ့်အတွက်တင်မက ကိုယ့်ကို အားကိုးတဲ့ လူအတွက်ပါ ဒုက္ခဖြစ်စေပါတယ်။

အဆိုးဆုံးကတော့ ကိုယ်ကိုယ်တိုင်ကိုက မပျော်ရွှင်တာပါပဲ။တကယ်လို့ မင်းအတွက် No လို့ ပြောဖို့က အဆက်တွေ့နေမယ်ဆိုရင်၊ စိန်ခေါ်မှုတစ်ရပ်လို ဖြစ်နေမယ်ဆိုရင် အောက်ပါအချက်တွေကို တစ်ချက်လေ့လာကြည့်ပါ။ ထိုအချက်တွေက မင်းပြတ်သားစွာ ငြင်းဆိုနိုင်ဖို့အတွက် ကူညီပေးနိုင်လို့ပါပဲ။

၁။ ဦးစွာ ပြတ်သားစွာ ငြင်းဆိုရမယ့်အရာတွေကို စာရင်းပြုစုလိုက်ပါ။

တစ်ပတ်၊ နှစ်ပတ်အကြာက မင်းအနေနဲ့ No လို့ပြောချင်ပေမယ့်လည်း Yes ဆိုပြီးရွေးချယ်ခဲ့တဲ့ အချိန်အားလုံးကို စာရင်းပြုစုလိုက်ပါ။ဘာကြောင့် ငါခေါင်းညိမ့်ခဲ့ရတာလည်း ဆိုတာကိုပါ မေးခွန်းထုတ်ပါ။ No လို့ပြောဖို့ ဘယ်အခြေအနေတွေက မင်းကို ကြောက်ရွံမှုကို ခံစားရစေလဲ၊ No လိုပြောလိုက်ချိန်မှာ ဘာတွေပြောင်းလဲ သွားခဲ့လဲ စတဲ့ မေးခွန်းတွေကို ထုတ်ပြီး စာရင်းတစ်ခုပြုစုလိုက်ပါ။ထိုစာရင်းက မင်းအမှန်တကယ် ပြတ်သားစွာ ငြင်းဆိုဖို့ ကြောက်နေတဲ့ အရာတွေအပြင် ပြုပြင်သင့်တဲ့ အရာတွေကို ထောက်ပြပေးပါလိမ့်မယ်။

၂။ တာဝန်မကြီးတဲ့ တောင်းဆိုမှုလေးတွေကို No လို့ပြောကြည့်ပါ။

မင်းရဲ့ ဘော်ဒါတစ်ယောက်က မင်းကို ငါ့ကို ဒါလေးကူညီပါဦး သူငယ်ချင်းရာလို့ ပြောလာပါပြီ။ မင်းကလည်း ကိုယ့်အလုပ်နဲ့ကိုယ် တိုင်ပတ်နေချိန်မှာ မင်းဘယ်လို အဖြေပြန်ပေးမလဲ။ သူငယ်ချင်းကို အားနာတာနဲ့ပဲ Yes လို့ပြောလိုက်မလား။

ဒါမှ မဟုတ် ပြတ်သားစွာနဲ့ပဲ No လို့ငြင်းဆိုလိုက်မလား။ကျွန်တော်ဆိုရင်တော့ ငါ လုပ်နိုင်၊မလုပ်နိုင် ခဏစဉ်းစားဦးမယ်။ ဘယ်နေ့ဘယ်အချိန်မှာတော့ မင်းကို ငါ အကြောင်းပြန်လိုက်မယ်ဆိုပြီး ပြောလိုက်ပါမယ်။

နောက်ပြီး တောင်းတဲ့ အကူအညီတစ်ခုကို အချိန်ယူလေ့လာပါ။ ကိုယ်တကယ်လုပ်နိုင်မှ Yes လို့ပြောပါ။ မလုပ်နိုင်ရင်တော့ ငြင်းလိုက်ပါ။ တစ်ခုကတော့ ကိုယ့်အပေါ်မှာ စိတ်ဖိစီးမှု မခံပါနဲ့။

၃။ မင်းရဲ့ ဦးစားပေးအရာကို ရှင်းလင်းနေပါစေ။

မင်းအာရုံစိုက်ရမယ့်အရာတွေအတွက် ဆုံးဖြတ်ချက်မချပြီး ရှင်းရှင်းလင်းလင်းသိထားဖို့လိုပါတယ်။ ထို့အပြင် ဦးစားပေးလုပ်ဆောင်ရမယ့်အရာတွေကို ချိန်ဆပါ။ ဦးစားပေးလုပ်ဆောင်ရမယ့်အရာတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး တိကျတဲ့ ကာလတစ်ခု သတ်မှတ်ထားပါ။

၄။ မင်း ကန့်သတ်ထားရမယ့်အရာများကို သိပါစေ။

မင်းရဲ့ လုပ်နိုင်စွမ်းရည်နဲ့ တာဝန်ယူနိုင်တဲ့ အတိုင်းအတာကို နားလည်သဘောပေါက်ပါစေ။ ဒါမှ ကတိပေးပြီး ကတိတည်တဲ့ လူတစ်ယောက် ဖြစ်လာနိုင်စေမှာပါ။ အချိန်နဲ့တပြေးညီ ဆောင်ရွက်နိုင်တဲ့ လူတစ်ယောက် ဖြစ်လာမှာပါ။ အကောင်းဆုံး အကြံဉာဏ်တစ်ခုကို ပြောပါဆို။ မင်းလုပ်ဆောင်ရမယ့်အရာတွေကို ပြက္ခဒိန်မှာ အမှတ်အသားပြုလုပ်ထားပါ။ ဒါမှ မင်းမှာ အချိန်ဘယ်လောက်ကျန်တယ်။ Deadline အမှီ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

၅။ ကတိမပေးခင် စဉ်းစားပါ။

အောင်မြင်နေတဲ့ ခေါင်းဆောင်တွေကို သင်ကြည့်လိုက်ပါ။ ကတိတည်တဲ့ လူတွေပါပဲ။ ပေးထားတဲ့ ကတိတွေကိုလည်း တာဝန်ယူကြပါတယ်။ ဒါပေမယ့် ကတိတစ်ခုမပေးခင်၊ မကြေညာခင် အချိန်အတော်ကြာ ဆွေးနွေး တိုင်ပင်တာကိုတော့ သင်တို့အနေနဲ့ သတိချပ်စေချင်ပါတယ်။ ပြောချင်တာကတော့ ကတိတစ်ခုမပေးခင် အချိန်ယူစဉ်းစားပါဆိုတာပါပဲ။

၆။ ပြန်လည်ညှိုနှိုင်းတတ်ပါစေ။

ကျွန်တော်တို့ဟာ ပုထုဇဉ်လူသားတွေ ဖြစ်တဲ့ အတွက် အမှားနဲ့တော့ မကင်းနိုင်ကြပါ။ အဆင်မပြေပေမယ့်လည်း လက်ခံလိုက်ရတာတွေရှိသလို၊ အားနာတာနဲ့ တာဝန်ယူလိုက်ရတာတွေလည်းရှိပါတယ်။ ဒီလိုအခြေအနေမျိုးနဲ့ ကြုံလာရပြီဆို ပြန်လည် ဆွေးနွေးပါ။

ထိုအခြေအနေအတွက် ငါကတော့ ဘယ်ကာလမှ အဆင်ပြေမှာ ဖြစ်တဲ့အတွက် မင်းအနေနဲ့ အဆင်ပြေနိုင်မလား တစ်ချက်ဆွေးနွေးကြည့်ပါ။ ဒါကလည်း အရည်အချင်းတစ်ခုပါပဲ။

ဒါကြောင့် Yes လို့မပြောခင် ဒီအချက်လေးတွေစဉ်းစားပြီး ကိုယ့်ကိုဖိအားပေးမယ့်အရာတွေကို ငြင်းလိုက်ပါ။

—————————————————————————————————————————–

အမှန်တကယ် အလုပ်ချင်ခဲ့တဲ့အရာ၊ အမှန်တကယ် မဖြစ်နိုင်တဲ့အရာတွေ အတွက် No လို့ ပြောလိုက်စမ်းပါ။ အခုလို ပြတ်သားစွာ ငြင်းဆိုတတ်ခြင်းကလည်း ခေါင်းဆောင်မှုစွမ်းရည်တွေထဲက တစ်ခု အပါအဝင်ဆိုတာကို မမေ့လိုက်ပါနဲ့။

ကိုယ့် စိတ်ဆန္ဒမပါတဲ့ အရာတစ်ခုကို Yes လို့ ပြောလိုက်မယ်ဆို ရုပ်ပိုင်းဆိုင်ရာမှာ ရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ စိတ်ဖိစီးမှု ခံစားရစေပါလိမ့်မယ်။ ထို့အပြင် လူမှုရေး ဆက်နွယ်မှုတွေတောင်မှ ပျက်စီးနိုင်စေပါတယ်။ စိတ်ဖိစီးမှု စတင် ခံစားရလာပြီဆို သွေးတိုးလာစေပြီး ကျန်းမာရေးကိုလည်း ထိခိုက်လာစေတယ်လို့ သတင်းဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ကိုယ့်စိတ်ဆန္ဒမပါတဲ့ အရာတစ်ခုကို Yes လိုပြောတာ မပြင်သေးသ၍ မင်းအတွက် အခြေအနေတွေက ပြင်းထန်လာလေပဲ ဖြစ်နေပါလိမ့်မယ်။

ဒါ့အပြင် Yes or No တစ်ခုခုကို ပြတ်ပြတ်သားသား ပြောဆိုနိုင်ခြင်းကလည်းပဲ မင်းဘဝကို ထိန်းချုပ်ပေးနိုင်တဲ့ ဗဟိုချက် ဖြစ်လာစေပါတယ်။ ဒါ့အပြင် ကိုယ်တာဝန် မယူနိုင်တဲ့ အရာကို ပြတ်သားစွာ ငြင်းဆိုခြင်းက တစ်ဖက်လူကို လေးစားမှု ပြုရာလဲ ရောက်ပါတယ်။

စဉ်းစားကြည့်ပါ။ စိတ်ဆန္ဒမပါတဲ့ အရာတစ်ခု၊ ကိုယ်တာဝန်မယူနိုင်တဲ့ အရာတစ်ခုကို Yes လို့ပြောမယ်ဆို ကိုယ့်အတွက်တင်မက ကိုယ့်ကို အားကိုးတဲ့ လူအတွက်ပါ ဒုက္ခဖြစ်စေပါတယ်။ အဆိုးဆုံးကတော့ ကိုယ်ကိုယ်တိုင်ကိုက မပျော်ရွှင်တာပါပဲ။

တကယ်လို့ မင်းအတွက် No လို့ ပြောဖို့က အဆက်တွေ့နေမယ်ဆိုရင်၊ စိန်ခေါ်မှုတစ်ရပ်လို ဖြစ်နေမယ်ဆိုရင် အောက်ပါအချက်တွေကို တစ်ချက်လေ့လာကြည့်ပါ။ ထိုအချက်တွေက မင်းပြတ်သားစွာ ငြင်းဆိုနိုင်ဖို့အတွက် ကူညီပေးနိုင်လို့ပါပဲ။

၁။ ဦးစွာ ပြတ်သားစွာ ငြင်းဆိုရမယ့်အရာတွေကို စာရင်းပြုစုလိုက်ပါ။

တစ်ပတ်၊ နှစ်ပတ်အကြာက မင်းအနေနဲ့ No လို့ပြောချင်ပေမယ့်လည်း Yes ဆိုပြီးရွေးချယ်ခဲ့တဲ့ အချိန်အားလုံးကို စာရင်းပြုစုလိုက်ပါ။ဘာကြောင့် ငါခေါင်းညိမ့်ခဲ့ရတာလည်း ဆိုတာကိုပါ မေးခွန်းထုတ်ပါ။ No လို့ပြောဖို့ ဘယ်အခြေအနေတွေက မင်းကို ကြောက်ရွံမှုကို ခံစားရစေလဲ၊ No လိုပြောလိုက်ချိန်မှာ ဘာတွေပြောင်းလဲ သွားခဲ့လဲ စတဲ့ မေးခွန်းတွေကို ထုတ်ပြီး စာရင်းတစ်ခုပြုစုလိုက်ပါ။ထိုစာရင်းက မင်းအမှန်တကယ် ပြတ်သားစွာ ငြင်းဆိုဖို့ ကြောက်နေတဲ့ အရာတွေအပြင် ပြုပြင်သင့်တဲ့ အရာတွေကို ထောက်ပြပေးပါလိမ့်မယ်။

၂။ တာဝန်မကြီးတဲ့ တောင်းဆိုမှုလေးတွေကို No လို့ပြောကြည့်ပါ။

မင်းရဲ့ ဘော်ဒါတစ်ယောက်က မင်းကို ငါ့ကို ဒါလေးကူညီပါဦး သူငယ်ချင်းရာလို့ ပြောလာပါပြီ။ မင်းကလည်း ကိုယ့်အလုပ်နဲ့ကိုယ် တိုင်ပတ်နေချိန်မှာ မင်းဘယ်လို အဖြေပြန်ပေးမလဲ။ သူငယ်ချင်းကို အားနာတာနဲ့ပဲ Yes လို့ပြောလိုက်မလား။ ဒါမှ မဟုတ် ပြတ်သားစွာနဲ့ပဲ No လို့ငြင်းဆိုလိုက်မလား။ကျွန်တော်ဆိုရင်တော့ ငါ လုပ်နိုင်၊မလုပ်နိုင် ခဏစဉ်းစားဦးမယ်။ ဘယ်နေ့ဘယ်အချိန်မှာတော့ မင်းကို ငါ အကြောင်းပြန်လိုက်မယ်ဆိုပြီး ပြောလိုက်ပါမယ်။ နောက်ပြီး တောင်းတဲ့ အကူအညီတစ်ခုကို အချိန်ယူလေ့လာပါ။ ကိုယ်တကယ်လုပ်နိုင်မှ Yes လို့ပြောပါ။ မလုပ်နိုင်ရင်တော့ ငြင်းလိုက်ပါ။ တစ်ခုကတော့ ကိုယ့်အပေါ်မှာ စိတ်ဖိစီးမှု မခံပါနဲ့။

၃။ မင်းရဲ့ ဦးစားပေးအရာကို ရှင်းလင်းနေပါစေ။

မင်းအာရုံစိုက်ရမယ့်အရာတွေအတွက် ဆုံးဖြတ်ချက်မချပြီး ရှင်းရှင်းလင်းလင်းသိထားဖို့လိုပါတယ်။ ထို့အပြင် ဦးစားပေးလုပ်ဆောင်ရမယ့်အရာတွေကို ချိန်ဆပါ။ ဦးစားပေးလုပ်ဆောင်ရမယ့်အရာတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး တိကျတဲ့ ကာလတစ်ခု သတ်မှတ်ထားပါ။

၄။ မင်း ကန့်သတ်ထားရမယ့်အရာများကို သိပါစေ။

မင်းရဲ့ လုပ်နိုင်စွမ်းရည်နဲ့ တာဝန်ယူနိုင်တဲ့ အတိုင်းအတာကို နားလည်သဘောပေါက်ပါစေ။ ဒါမှ ကတိပေးပြီး ကတိတည်တဲ့ လူတစ်ယောက် ဖြစ်လာနိုင်စေမှာပါ။ အချိန်နဲ့တပြေးညီ ဆောင်ရွက်နိုင်တဲ့ လူတစ်ယောက် ဖြစ်လာမှာပါ။ အကောင်းဆုံး အကြံဉာဏ်တစ်ခုကို ပြောပါဆို။ မင်းလုပ်ဆောင်ရမယ့်အရာတွေကို ပြက္ခဒိန်မှာ အမှတ်အသားပြုလုပ်ထားပါ။ ဒါမှ မင်းမှာ အချိန်ဘယ်လောက်ကျန်တယ်။ Deadline အမှီ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

၅။ ကတိမပေးခင် စဉ်းစားပါ။

အောင်မြင်နေတဲ့ ခေါင်းဆောင်တွေကို သင်ကြည့်လိုက်ပါ။ ကတိတည်တဲ့ လူတွေပါပဲ။ ပေးထားတဲ့ ကတိတွေကိုလည်း တာဝန်ယူကြပါတယ်။ ဒါပေမယ့် ကတိတစ်ခုမပေးခင်၊ မကြေညာခင် အချိန်အတော်ကြာ ဆွေးနွေး တိုင်ပင်တာကိုတော့ သင်တို့အနေနဲ့ သတိချပ်စေချင်ပါတယ်။ ပြောချင်တာကတော့ ကတိတစ်ခုမပေးခင် အချိန်ယူစဉ်းစားပါဆိုတာပါပဲ။

၆။ ပြန်လည်ညှိုနှိုင်းတတ်ပါစေ။

ကျွန်တော်တို့ဟာ ပုထုဇဉ်လူသားတွေ ဖြစ်တဲ့ အတွက် အမှားနဲ့တော့ မကင်းနိုင်ကြပါ။ အဆင်မပြေပေမယ့်လည်း လက်ခံလိုက်ရတာတွေရှိသလို၊ အားနာတာနဲ့ တာဝန်ယူလိုက်ရတာတွေလည်းရှိပါတယ်။ ဒီလိုအခြေအနေမျိုးနဲ့ ကြုံလာရပြီဆို ပြန်လည် ဆွေးနွေးပါ။ ထိုအခြေအနေအတွက် ငါကတော့ ဘယ်ကာလမှ အဆင်ပြေမှာ ဖြစ်တဲ့အတွက် မင်းအနေနဲ့ အဆင်ပြေနိုင်မလား တစ်ချက်ဆွေးနွေးကြည့်ပါ။ ဒါကလည်း အရည်အချင်းတစ်ခုပါပဲ။ဒါကြောင့် Yes လို့မပြောခင် ဒီအချက်လေးတွေစဉ်းစားပြီး ကိုယ့်ကိုဖိအားပေးမယ့်အရာတွေကို ငြင်းလိုက်ပါ။

Current, Lifestyle

Leave a Reply

Your email address will not be published. Required fields are marked *