စက်ဘီးကလေး ကလင်ကလင်

ဆောင်ပါးခေါင်းစဉ်လေးကို မြင်လိုက်ရတဲ့အခါမှာ ကျွန်တော်တို့ ကလေးဘဝတုန်းက စက်ဘီးစီးခဲ့တဲ့ အချိန်တွေကို မျက်စိထဲပြန်လည်မြင်ယောင်လာမိတယ်။ အရင်ကဆို မန္တလေးမြို့ကို စက်ဘီးမြို့တော်လို့တောင် တင်စားခေါ်ဝေါ်ခဲ့တဲ့ အချိန်တွေရှိပါတယ်။

အခုဆို ခေတ်မီဖွံဖြိုးတိုးတက်လာတာနဲ့အညီ ကားတွေပေါ်ပေါက်လာပြီး လေထုညစ်ညမ်းမှုများလာတာကြောင့် ကမ္ဘာကြီးပူနွေးလာမှုတွေ အိုဇုန်းလွှာပေါက်တာတွေ ဖြစ်ပေါ်လာပါတယ်။

ကျွန်တော်တို့ ဒါကို ကာကွယ်ရာလည်းရောက် ၊ ငယ်ငယ်ကပျော်စရာအချိန်တွေကိုလည်း ပြန်အမှတ်ရစေဖို့ စက်ဘီးစီးကြရအောင်။ စက်ဘီးစီပြီး ကျောင်းတက်ခဲ့တဲ့အချိန်တွေ၊ စက်ဘီးစီးပြီး မြို့ပတ်ခဲ့တဲ့အချိန်တွေ၊ စက်ဘီးစီပြီး ချစ်သူနဲ့ လျှောက်လည်ခဲ့တဲ့ အချိန်တွေကို တစ်ကျော့ပြန်သွားလိုက်ရအောင်။

စက်ဘီးစီးတဲ့အချိန်ဆို လတ်ဆတ်တဲ့လေနုအေးလေးတွေကို ရှုရှိုက်မိယုံသာမက ပန်းရနံ့လေးတွေကိုပါ ရှုရှိုက်နိုင်ပါတယ်။ ထို့အပြင် တောင်ပေါ်ကနေ နှင်းထုကိုဖြိုခွင်းကွာ ပေါ်ထွက်လာတဲ့ နေမင်းကြီးကို ငေးမောကြည့်ရတဲ့ အခိုက်အတန့်တွေကို သင်ခံစားရစေနိုင်မှာပါ။ နောက်ပြီး စက်ဘီးစီးချိန်ဆို ဆံနွယ်လေးတွေက လေမှာလွှင့်နေပြီး လေတဖြူးဖြူးနဲ့ ဖြစ်နေတဲ့ပုံရိပ်ကို တွေးကြည့်လိုက်စမ်း။ သိပ်လှတဲ့ပန်းချိီကားချပ်လေး တစ်ချပ်လိုဖြစ်နေမှာ အမှန်ပါပဲ။

နောက်ပြီး စက်ဘီးစီးခြင်းကနေ ရလာနိုင်တဲ့ အတွေ့အကြုံတွေ၊ ကောင်းကျိုးတွေကို ကြည့်လိုက်ရအောင်။

ပျော်ရွင်စရာအချိန်ကောင်းကို ပုံဖော်နိုင်တာတွေ၊ ကျန်းမာကြံခိုင်မှုတွေ မှတ်ဉာဏ်ကောင်းစေတာတွေ ပိုက်ဆံချွေတာရာရောက်တာတွေ လေကောင်းလေသန့်ရတာတွေ သက်တောင့်သက်သာရှိတာတွေ၊ လှုံခြုံမှု ရှိတာတွေ လွတ်လပ်မှုကိုခံစားရတာတွေ စတဲ့အကျိုးတွေ ခံစားရမှာပါ။

ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကမ္ဘာကြီးပူနွေးလာမှုကိုလည်း ကာကွယ်ရာရောက်၊ ကျန်းမာရေးထိန်းသိမ်းရာလည်းရောက်၊ ကားလမ်းပိတ်ခြင်းမှ ကင်းဝေးရာလည်းရောက် အောင် စက်ဘီးစီးလိုက်ကြပါစို့။

Current, Lifestyle

Leave a Reply

Your email address will not be published. Required fields are marked *