မိုးရာသီမှာ ရုံးဝန်ထမ်းသမားတွေ ကြိုပြင်ထားသင့်တဲ့ အရာများ

*** Unicode ***

ကျွန်တော် ဟိုတစ်လောက “ မိုးရာသီနဲ့ ရုံးဝန်ထမ်းသမားတွေရဲ့ ဒုက္ခ” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးတယ်။ သိတဲ့အတိုင်းပါပဲ မိုးတွင်းက အိမ်မှာနေတဲ့လူတွေသာ စိတ်ကူးယဉ်ဆန်လို့ ကောင်းတာပါ။

အပြင်မှာ သွားလာလှုပ်ရှားနေရတဲ့ သူတွေအတွက်တော့ လွယ်လွန်းလှတာ မဟုတ်ပါ။ ဒါကြောင့် ကျွန်တော်တို့လို ရုံးဝန်ထမ်းသမားတွေအနေနဲ့ မိုးတွင်းမှာ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အရာလေးတွေအပြင် ရှောင်ရန် ဆောင်ရန်လေးတွေကိုပါ ဖော်ပြပေးလိုက်ပါမယ်။

( ၁ ) အဝတ်အစားတစ်စုံ အပိုထည့်လာပါ။

အဝတ်အစားတစ်စုံကို ရုံးမှာထားတာဖြစ်ဖြစ်၊ အပိုထည့်လာတာ ဖြစ်ဖြစ် ကြိုတင်ပြင်ဆင်ပါ။ အဝတ်ရေစိုနဲ့ ရုံးကလှွတ်ထားတဲ့ Air-con နဲ့ စဉ်းစားကြည့်ပါ။ ရေခဲတောင်ထိပ်ရောက်နေသလို ခံစားရမှာစိုးရိမ်မိတယ်ကွယ်။ အအေးမိပြီဆိုရင် ဘာဖြစ်မလဲ စဉ်းစားကြည့်ပါ။

အအေးမိပြီဆိုတော့ မင်းဖျားမယ်။ ဖျားတဲ့အခါ ရုံးပျက်မယ်။ ရုံးပျက်တဲ့အခါ လစာကလည်း အငြိမ်နေတာ မဟုတ်ပါ။ သူပါ လိုက်ပျက်ပါလိမ့်မယ်။ ဖွတ်မရ ဓားမလည်းဆုံး ဆိုတဲ့ စကားပုံလို ဆေးဖိုးလည်းကုန် လစာလည်းအဖြတ်ခံရ ဖြစ်မှာစိုးတဲ့ စေတနာကြောင့် သတိပေးလိုက်ပါတယ်။

( ၂) ထီးအမြဲ ဆောင်ထားပါ။

မိုးရေထဲမှာ ပြေးလှွားဆော့ကစားနေတာကို သင်စိတ်ကူးယဉ်တယ်မလား။ ရုပ်ရှင်တွေထဲမှာလို မိုးရာသီထဲ သင်ကပြေး အဲ့မှာ မင်းသားက ထီးလာဆောင်းပေးပေါ့။ အဲ့မှာ ဇာတ်လမ်းစဖြစ် စိတ်ကူးလေးယဉ်ပေါ့။ အယ်လယ့် ပျော်စရာကောင်းလိုက်တာနော်။

အိမ်မက်က နိုးထဖို့ သင့်ပါပြီနော်။ တကယ့်လက်တွေ့ဘဝ ထီးလာဆောင်းပေးဖို့ မပြောနဲ့၊ ကိုယ့်ဟာနဲ့ကိုယ်တောင် မနည်းလုံအောင် ဆောင်းနေရတာပါ။ စိတ်ကူးမယဉ်ပါနဲ့။ ယထာဘူတ ကျကျ စဉ်းစားတွေးခေါ်တတ်ပါစေ။

( ၃ ) သန့်ရှင်းမှုကို အထူးဂရုစိုက်ပါ။

ကျွန်တော် အဓိက ပြောချင်တာကတော့ တစ်ကိုယ်ရေ သန့်ရှင်းရေးပေါ့။ မိုးတွင်းဆိုတော့ နွေရာသီထက်ကို မင်းအနေနဲ့ အဝတ်အစားပိုကုန်လိမ့်မယ်။ အဲ့လိုအချိန် နေကလည်းမပူ အဝတ်တွေကလည်း မခြောက် စတဲ့ အခက်အခဲနဲ့ မင်းကြုံရနိုင်တယ်။

ဒါကြောင့် ခဏတာ နေပူတဲ့အချိန်မှာ ဝီရိယထားပြီး အဝတ်အစားတွေ လှန်းပါ။ အဝတ်အစားတွေကို မီးပူတိုက်ပြီးမှ ဝတ်ပါလို့ အကြံပြုချင်ပါတယ်။ ဒါက မိုးတွင်းဘက်မှာ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။

—————————————————————————————————————————–

ကျွန်တော် ဟိုတစ်လောက “ မိုးရာသီနဲ့ ရုံးဝန်ထမ်းသမားတွေရဲ့ ဒုက္ခ” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးတယ်။ သိတဲ့အတိုင်းပါပဲ မိုးတွင်းက အိမ်မှာနေတဲ့လူတွေသာ စိတ်ကူးယဉ်ဆန်လို့ ကောင်းတာပါ။ အပြင်မှာ သွားလာလှုပ်ရှားနေရတဲ့ သူတွေအတွက်တော့ လွယ်လွန်းလှတာ မဟုတ်ပါ။
ဒါကြောင့် ကျွန်တော်တို့လို ရုံးဝန်ထမ်းသမားတွေအနေနဲ့ မိုးတွင်းမှာ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အရာလေးတွေအပြင် ရှောင်ရန် ဆောင်ရန်လေးတွေကိုပါ ဖော်ပြပေးလိုက်ပါမယ်။

( ၁ ) အဝတ်အစားတစ်စုံ အပိုထည့်လာပါ။

အဝတ်အစားတစ်စုံကို ရုံးမှာထားတာဖြစ်ဖြစ်၊ အပိုထည့်လာတာ ဖြစ်ဖြစ် ကြိုတင်ပြင်ဆင်ပါ။ အဝတ်ရေစိုနဲ့ ရုံးကလွှတ်ထားတဲ့ Air-con နဲ့ စဉ်းစားကြည့်ပါ။ ရေခဲတောင်ထိပ်ရောက်နေသလို ခံစားရမှာစိုးရိမ်မိတယ်ကွယ်။
အအေးမိပြီဆိုရင် ဘာဖြစ်မလဲ စဉ်းစားကြည့်ပါ။ အအေးမိပြီဆိုတော့ မင်းဖျားမယ်။ ဖျားတဲ့အခါ ရုံးပျက်မယ်။ ရုံးပျက်တဲ့အခါ လစာကလည်း အငြိမ်နေတာ မဟုတ်ပါ။ သူပါ လိုက်ပျက်ပါလိမ့်မယ်။ ဖွတ်မရ ဓားမလည်းဆုံး ဆိုတဲ့ စကားပုံလို ဆေးဖိုးလည်းကုန် လစာလည်းအဖြတ်ခံရ ဖြစ်မှာစိုးတဲ့ စေတနာကြောင့် သတိပေးလိုက်ပါတယ်။

( ၂) ထီးအမြဲ ဆောင်ထားပါ။

မိုးရေထဲမှာ ပြေးလွှားဆော့ကစားနေတာကို သင်စိတ်ကူးယဉ်တယ်မလား။ ရုပ်ရှင်တွေထဲမှာလို မိုးရာသီထဲ သင်ကပြေး အဲ့မှာ မင်းသားက ထီးလာဆောင်းပေးပေါ့။ အဲ့မှာ ဇာတ်လမ်းစဖြစ် စိတ်ကူးလေးယဉ်ပေါ့။
အယ်လယ့် ပျော်စရာကောင်းလိုက်တာနော်။ အိမ်မက်က နိုးထဖို့ သင့်ပါပြီနော်။ တကယ့်လက်တွေ့ဘဝ ထီးလာဆောင်းပေးဖို့ မပြောနဲ့၊ ကိုယ့်ဟာနဲ့ကိုယ်တောင် မနည်းလုံအောင် ဆောင်းနေရတာပါ။ စိတ်ကူးမယဉ်ပါနဲ့။ ယထာဘူတ ကျကျ စဉ်းစားတွေးခေါ်တတ်ပါစေ။

( ၃ ) သန့်ရှင်းမှုကို အထူးဂရုစိုက်ပါ။

ကျွန်တော် အဓိက ပြောချင်တာကတော့ တစ်ကိုယ်ရေ သန့်ရှင်းရေးပေါ့။ မိုးတွင်းဆိုတော့ နွေရာသီထက်ကို မင်းအနေနဲ့ အဝတ်အစားပိုကုန်လိမ့်မယ်။ အဲ့လိုအချိန် နေကလည်းမပူ အဝတ်တွေကလည်း မခြောက် စတဲ့ အခက်အခဲနဲ့ မင်းကြုံရနိုင်တယ်။ ဒါကြောင့် ခဏတာ နေပူတဲ့အချိန်မှာ ဝိီရိယထားပြီး အဝတ်အစားတွေ လှန်းပါ။ အဝတ်အစားတွေကို မီးပူတိုက်ပြီးမှ ဝတ်ပါလို့ အကြံပြုချင်ပါတယ်။
ဒါက မိုးတွင်းဘက်မှာ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။

 

Current, Lifestyle

Leave a Reply

Your email address will not be published. Required fields are marked *